အတုယူစရာ သန်းကြွယ်သူဌေးတို့၏ အမူအကျင့်(၅)ခု
သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ခ်င္ပါသလား? သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ လက္ရွိ သန္းေပါင္းမ်ားစြာ ခ်မ္းသာၾကြယ္၀ေနသူေတြကို ေလ့လာၾကည့္ဖို႔လိုပါတယ္။ အခုအခိ်န္မွာ ဘ႑ာေရးအေျခအေန ဘယ္လိုပဲျဖစ္ေနပါေစ သန္းၾကြယ္သူေဌးတစ္ေယာက္ရဲ႕ အမူအက်င့္ေတြအတုိင္း က်င့္ၾကံေနထိုင္ႏိုင္မယ္ဆိုရင္ သင္လည္းပဲ ဂဏန္းခုႏွစ္လံုးပိုင္ဆိုင္မႈကို ရရွိလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လူအမ်ားစု လုပ္ေဆာင္ေလ့မရွိပဲ သန္းၾကြယ္သူေဌးေတြပဲလုပ္ေဆာင္ေလ့ရွိတဲ့ အမူအက်င့္(၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အလုပ္ႀကိဳးစားၾကတယ္
လူအမ်ားစုက ေအာင္ျမင္ခ်မ္းသာမႈကို ထီေပါက္သလိုအလြယ္ကေလးနဲ႔ ရရွိမယ္လို႔ ထင္ေနတတ္ၾကပါတယ္။ တကယ္တမ္း ထီေပါက္ၿပီးခ်မ္းသာလာတဲ့ လူေတြရဲ႕ (၉၀)ရာခိုင္ႏႈန္းဟာ အခ်ိန္(၅)ႏွစ္အတြင္းမွာ ဒံုရင္းဘ၀ကို ျပန္ေရာက္သြားတတ္ပါတယ္။ သန္းၾကြယ္သူေဌးေတြကေတာ့ ေအာင္ျမင္မႈမွာ ျဖတ္လမ္းမရွိဘူးဆိုတာကို သိထားၾကပါတယ္။ ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔အတြက္ အလုပ္ႀကိဳးစား႐ုံကလြဲၿပီး တျခားမရွိပါဘူး။ အလုပ္ကို ေရွ႕တန္းတင္ထားတာက ထိုက္တန္တဲ့ရလဒ္ေတြကို ရရွိမွာ ေသခ်ာပါတယ္။
၂။ အာ႐ုံစူးစိုက္တတ္ၾကတယ္။
အလုပ္ႀကိဳးစား႐ုံနဲ႔အဆင္ေျပမွာေတာ့ မဟုတ္ပါဘူး။ မွန္ကန္တဲ့အေရးကိစၥေပၚမွာ ႀကိဳးႀကိဳးစားစားေဆာင္ရြက္တတ္ဖို႔ လိုပါေသးတယ္။ လူတိုင္းက ခ်မ္းသာခ်င္ၾကပါတယ္။ ဒါေပမယ့္ လမ္းေၾကာင္းတစ္ခုတည္းကိုပဲ အာ႐ုံမစိုက္ႏိုင္ဘူးဆိုရင္ ေအာင္ျမင္မႈရရွိမွာမဟုတ္ပါဘူး။ ဘယ္နယ္ပယ္မွာပဲျဖစ္ျဖစ္ တစ္ခုတည္းကိုပဲ အာ႐ုံစိုက္ႏိုင္သူေတြသာ ထိပ္ဆံုးကိုေရာက္လာၾကတာျဖစ္ပါတယ္။
၃။ စြန္႔လႊတ္စြန္႔စားဖို႔ ကိစၥေတြနဲ႔ပတ္သက္ၿပီး ဂ႐ုစိုက္တတ္ၾကတယ္။
ခ်မ္းသာၾကြယ္၀မႈကို တည္ေဆာက္ႏိုင္ဖို႔ လမ္းေၾကာင္းတစ္ခုကို ခ်ဥ္းကပ္ၿပီဆိုတာနဲ႔ စြန္႔စားရမယ့္ ကိစၥေတြကို ေခါင္းထဲထည့္ စဥ္းစားရမွာျဖစ္ပါတယ္။ မစြန္႔စားသင့္ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ ေသခ်ာတြက္ခ်က္ၿပီးမွ စြန္႔စားရမွာ ျဖစ္ပါတယ္။ စြန္႔စားရမယ့္ ပမာဏနဲ႔ ျပန္ရမယ့္ ရလဒ္ အခ်ိဳးက်မႈရွိမရွိကို ေသခ်ာဆန္းစစ္ႏိုင္ဖို႔ လိုပါတယ္။ အက်ိဳးရလဒ္ထဲ ေပးဆပ္ရမယ့္ ပမာဏမ်ားေနရင္ ေနာက္ဆုတ္ေနလိုက္ပါ။ ဆံုး႐ႈံးႏိုင္ေခ် ပမာဏထက္ အက်ိဳးရလဒ္ ရႏိုင္ေခ်ပိုမ်ားေနမယ္ဆိုရင္ေတာ့ အခြင့္အလမ္းလို႔ ျမင္တတ္ဖို႔ လိုပါတယ္။
၄။ ရက္ေရာတတ္ၾကတယ္
Bill Gates, Warren Buffett, Carl Icahn နဲ႔ Ken Langore တို႔လို အေပးအကမ္းရက္ေရာတဲ့ ဘီလ်ံနာေတြဆီက ပညာယူတတ္မယ္ဆိုရင္ ေပးဆပ္ျခင္းဟာ ရယူျခင္းထက္ ပိုေကာင္းတယ္ဆိုတာကို သိလာပါလိမ့္မယ္။
၅။ ေလ့လာသင္ယူမႈကို ဘယ္ေတာ့မွ မရပ္တန္႔လိုက္ၾကဘူး။
သန္းၾကြယ္သူေဌးေတြအားလံုးက သူတို႔ရဲ႕ အရည္အခ်င္းေတြ တိုးတက္ေနဖို႔နဲ႔ သက္ဆိုင္ရာနယ္ပယ္အတြင္းမွာ ေရွ႕ဆံုးက ဦးေဆာင္ေနႏိုင္ဖို႔အတြက္ စဥ္ဆက္မျပတ္ေလ့လာသင္ယူေနတတ္သူေတြ ျဖစ္ပါတယ္။ သူတို႔က စာအုပ္ေတြဖတ္၊ မွတ္တမ္းေတြၾကည့္၊ ပညာရပ္ဆိုင္ရာ အေၾကာင္းအရာေတြကို ေလ့လာၿပီး သတင္းအခ်က္အလက္ ရႏိုင္မယ့္သူေတြနဲ႔ ေဆြးေႏြးတိုင္ပင္တာေတြ လုပ္တတ္ၾကပါတယ္။ အသိပညာဟာ စြမ္းအားတစ္ခုျဖစ္တယ္ဆိုတာကို လက္ခံထားၾကၿပီး စြမ္းအားရႏိုင္သမွ် စုေဆာင္းေနတတ္ၾကသူေတြျဖစ္ပါတယ္။
အခုလက္ရွိ သင့္ဘ၀ အေျခအေနက ဘယ္လိုပဲျဖစ္ေနပါေစ။ တစ္ခ်ိန္မွာ သန္းၾကြယ္သူေဌးတစ္ေယာက္ ျဖစ္လာဖို႔အတြက္ အေျပာငး္အလဲတစ္ခုကို ဒီေန႔ပဲ စလုပ္ၾကည့္လုိက္ပါ။
အတုယူစရာ သန်းကြွယ်သူဌေးတို့၏ အမူအကျင့်(၅)ခု
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ပါသလား? သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လက်ရှိ သန်းပေါင်းများစွာ ချမ်းသာကြွယ်၀နေသူတွေကို လေ့လာကြည့်ဖို့လိုပါတယ်။ အခုအချိန်မှာ ဘဏ္ဍာရေးအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ အမူအကျင့်တွေအတိုင်း ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင် သင်လည်းပဲ ဂဏန်းခုနှစ်လုံးပိုင်ဆိုင်မှုကို ရရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် လူအများစု လုပ်ဆောင်လေ့မရှိပဲ သန်းကြွယ်သူဌေးတွေပဲလုပ်ဆောင်လေ့ရှိတဲ့ အမူအကျင့်(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အလုပ်ကြိုးစားကြတယ်
လူအများစုက အောင်မြင်ချမ်းသာမှုကို ထီပေါက်သလိုအလွယ်ကလေးနဲ့ ရရှိမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တမ်း ထီပေါက်ပြီးချမ်းသာလာတဲ့ လူတွေရဲ့ (၉၀)ရာခိုင်နှုန်းဟာ အချိန်(၅)နှစ်အတွင်းမှာ ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။ သန်းကြွယ်သူဌေးတွေကတော့ အောင်မြင်မှုမှာ ဖြတ်လမ်းမရှိဘူးဆိုတာကို သိထားကြပါတယ်။ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အလုပ်ကြိုးစားရုံကလွဲပြီး တခြားမရှိပါဘူး။ အလုပ်ကို ရှေ့တန်းတင်ထားတာက ထိုက်တန်တဲ့ရလဒ်တွေကို ရရှိမှာ သေချာပါတယ်။
၂။ အာရုံစူးစိုက်တတ်ကြတယ်။
အလုပ်ကြိုးစားရုံနဲ့အဆင်ပြေမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့အရေးကိစ္စပေါ်မှာ ကြိုးကြိုးစားစားဆောင်ရွက်တတ်ဖို့ လိုပါသေးတယ်။ လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဒါပေမယ့် လမ်းကြောင်းတစ်ခုတည်းကိုပဲ အာရုံမစိုက်နိုင်ဘူးဆိုရင် အောင်မြင်မှုရရှိမှာမဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်သူတွေသာ ထိပ်ဆုံးကိုရောက်လာကြတာဖြစ်ပါတယ်။
၃။ စွန့်လွှတ်စွန့်စားဖို့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဂရုစိုက်တတ်ကြတယ်။
ချမ်းသာကြွယ်ဝမှုကို တည်ဆောက်နိုင်ဖို့ လမ်းကြောင်းတစ်ခုကို ချဉ်းကပ်ပြီဆိုတာနဲ့ စွန့်စားရမယ့် ကိစ္စတွေကို ခေါင်းထဲထည့် စဉ်းစားရမှာဖြစ်ပါတယ်။ မစွန့်စားသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သေချာတွက်ချက်ပြီးမှ စွန့်စားရမှာ ဖြစ်ပါတယ်။ စွန့်စားရမယ့် ပမာဏနဲ့ ပြန်ရမယ့် ရလဒ် အချိုးကျမှုရှိမရှိကို သေချာဆန်းစစ်နိုင်ဖို့ လိုပါတယ်။ အကျိုးရလဒ်ထဲ ပေးဆပ်ရမယ့် ပမာဏများနေရင် နောက်ဆုတ်နေလိုက်ပါ။ ဆုံးရှုံးနိုင်ချေ ပမာဏထက် အကျိုးရလဒ် ရနိုင်ချေပိုများနေမယ်ဆိုရင်တော့ အခွင့်အလမ်းလို့ မြင်တတ်ဖို့ လိုပါတယ်။
၄။ ရက်ရောတတ်ကြတယ်
Bill Gates, Warren Buffett, Carl Icahn နဲ့ Ken Langore တို့လို အပေးအကမ်းရက်ရောတဲ့ ဘီလျံနာတွေဆီက ပညာယူတတ်မယ်ဆိုရင် ပေးဆပ်ခြင်းဟာ ရယူခြင်းထက် ပိုကောင်းတယ်ဆိုတာကို သိလာပါလိမ့်မယ်။
၅။ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ကြဘူး။
သန်းကြွယ်သူဌေးတွေအားလုံးက သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်နေဖို့နဲ့ သက်ဆိုင်ရာနယ်ပယ်အတွင်းမှာ ရှေ့ဆုံးက ဦးဆောင်နေနိုင်ဖို့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနေတတ်သူတွေ ဖြစ်ပါတယ်။ သူတို့က စာအုပ်တွေဖတ်၊ မှတ်တမ်းတွေကြည့်၊ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာပြီး သတင်းအချက်အလက် ရနိုင်မယ့်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်တတ်ကြပါတယ်။ အသိပညာဟာ စွမ်းအားတစ်ခုဖြစ်တယ်ဆိုတာကို လက်ခံထားကြပြီး စွမ်းအားရနိုင်သမျှ စုဆောင်းနေတတ်ကြသူတွေဖြစ်ပါတယ်။
အခုလက်ရှိ သင့်ဘ၀ အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ။ တစ်ချိန်မှာ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာဖို့အတွက် အပြောင်းအလဲတစ်ခုကို ဒီနေ့ပဲ စလုပ်ကြည့်လိုက်ပါ။