လက်ထပ်ဖို့အတွက် အဆိုးရွားဆုံး အကြောင်းပြချက် ၁၀ မျိုး
လက္ထပ္တာဟာ ခ်စ္သူစံုတြဲေတြအတြက္ အဆံုးစြန္ ခ်စ္ၾကင္နာမႈ ျပျခင္းပါ။ ဒါေပမယ့္ အဲ့ဒိ ေနာက္ဆံုးအဆင့္ကို မတက္လွမ္းမီ သင္ ဘာလုပ္ေနလဲဆိုတာ သင္ သိဖို႔ လိုအပ္ပါတယ္။ လက္ထပ္တာဟာ ကေလးကစားစရာ မဟုတ္ပါဘူး။ စံုတြဲေတြဟာ လက္ထပ္ျခင္းနဲ႔ ဆိုင္တဲ့ သေဘာတရားေတြကို မေလ့လာပဲ သူတို႔ကိုယ္သူတို႔ အဆင္ေျပၿပီ ထင္ၿပီး လက္ထပ္ၾကပါတယ္။ ၿပီးေတာ့ အိမ္ေထာင္ေရးအဆင္မေျပတာ၊ ေနာက္ဆံုး ကြဲၾကကြာၾကအထိ ျဖစ္ၾကပါေရာ။ လက္ထပ္ဖို႔အတြက္ မွားယြင္းယူဆတတ္တဲ့ အေၾကာင္းျပခ်က္ေတြ ႐ွိပါေသးတယ္။ အဲဒါေတြကေတာ့
၁. သူမက ခ်ိဳခ်ိဳသာသာ မိန္းကေလးျဖစ္လို႔ပါ
ခ်ိဳသာ ယဥ္ေက်းတဲ့ မိန္းကေလးကို လိုက္႐ွာရတာ ခက္ခဲပင္ပန္းပါတယ္။ အဲဒိ ႐ွားပါးမ်ိဳးစိတ္ထဲကတစ္ေယာက္ကို သင္ကံေကာင္းၿပီး ရည္းစားအျဖစ္ရခဲ့ရင္ေတာ့ ခ်က္ျခင္း အိမ္ေခၚၿပီး လက္ထပ္ခ်င္မွာ မလြဲ ဧကန္ပါ။ ဒါေပမယ့္ ကိုယ္က်င့္အမူအရာဆိုတာ ဒုတိယေနရာက စဥ္းစားရမွာျဖစ္ၿပီး ထာဝရ လက္တြဲသြားမယ့္သူေတြမွာ အႀကိဳက္ျခင္း၊ ဝါသနာျခင္း တူဖို႔ကို ထိပ္ဆံုးထား စဥ္းစားရမွာပါ။
၂. သင္တို႔ ရည္းစားျဖစ္ေနတာ ၾကာပါၿပီ
အခ်ိန္ၾကာၾကာ တည္တံ့ႏိုင္ခဲ့တဲ့ ခ်စ္ေမတၱာကို ကြၽန္ေတာ္ ေလးစားပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ Crush ကေန အရြယ္ေရာက္တဲ့ ခ်စ္ေမတၱာ ျဖစ္လာခဲ့တာ ေကာင္းပါတယ္။ ဒါေပမယ့္ သင္သာ သူမနဲ႔ တစ္ဘဝလံုး ကုန္ဆံုးခ်င္မယ္ဆို ခုခ်ိန္ေလာက္ဆို (အခမ္းအနားနဲ႔ မဟုတ္ပဲ ႏွစ္ဦးထဲ) ေစ့စပ္ၿပီး ျဖစ္ရမွာပါ။ အဲလိုမွ မဟုတ္ခဲ့ရင္ သင့္မသိစိတ္ထဲမွာ သူမနဲ႔ ပါတ္သတ္ၿပီး တခ်ိဳ႕ ျပသနာေလးေတြ ႐ွိေနပါေသးတယ္။
၃. သူငယ္ခ်င္းေတြေတာင္ လက္ထပ္ေနၿပီ
ခုလတ္တေလာ ကိစၥေတြကို Popping လုပ္ခ်င္တာ ပံုမွန္ပါ။ ဒါေပမယ့္ လက္ထပ္တာဟာ အဝတ္အစားဒီဇိုင္းအသစ္ ဝယ္တာမဟုတ္ပါဘူး။ Popping လုပ္ရမွာ မဟုတ္ပါဘူး။ အုုပ္စုထဲမွာ တစ္ေယာက္ထဲေသာ လူပ်ိဳျဖစ္ရတာ နည္းနည္းေတာ့ ေၾကာင္ေနမွာပါ။ ဒါေပမယ့္ အဲဒါက အဆင္မေျပတဲ့ အိမ္ေထာင္ေရးထက္ေတာ့ သာပါေသးတယ္။
၄. မိဘေတြကို ႏွစ္သိမ့္ဖို႔
သင့္ သတို႔သမီးကို မိဘေတြ သေဘာတူေအာင္ လုပ္တာ ေကာင္းပါတယ္။ ေနာက္က်ျဖစ္မယ့္ ထိပ္တိုက္ရင္ဆိုင္မႈေတြကို ေ႐ွာင္ၿပီး ျဖစ္သြားတာေပါ့။ ဒါေပမယ့္ မိဘစီစဥ္သူကိုပဲ လက္ထပ္တာကေတာ့ မဟုတ္ေသးပါဘူး။ လက္ထပ္ျခင္းမွာ သင့္ရဲ႕ ခံစားခ်က္ေတြက မိဘေတြရဲ႕ ဆႏၵထက္ ဦးစားေပးရမွာပါ။ မိဘေတြ သေဘာတူပါေစပဲ ဆုေတာင္းပါေတာ့။
၅. ဘဝရဲ႕ ေျခလွမ္း ေနာက္တလွမ္း မို႔လို႔
ေယာက္်ားေတာ္ေတာ္မ်ားမ်ားဟာ လက္ထပ္ျခင္းကို ဘဝရဲ႕ ေျခလွမ္းတစ္ခုအျဖစ္ ျမင္ထားၾကပါတယ္။ သင့္မွာ အလုပ္နဲ႔ ကား႐ွိတိုင္း မိန္းမကို ေနာက္တစ္ဆင့္လို႔ ျမင္မထားသင့္ပါဘူး။ လက္ထပ္ျခင္းမွာ ပံုေသကားက် သတ္မွတ္ထားတာ မ႐ွိပဲ လူတိုင္းဟာ ဘဝမွာ လမ္းအမိ်ဳးမ်ိဳးကို ေရြးခ်ယ္ၾကတာပါ။
၆. သူမကို အေႂကြးတင္သလို ခံစားေနရလို႔
သူမက သင္ ဘားေတြမွာ မူးေနတဲ့ ညေတြ၊ ဂိမ္းဆိုင္မွာ အိပ္ခဲ့တဲ့ ညေတြ၊ ပစ္စလတ္ခတ္ ေနတတ္တာေတြကို သည္းခံခဲ့ ၿပီးပါၿပီ။ ဒါေပမယ့္ အဲ့ဒါက သင္ သူမကို လက္ထပ္လက္စြပ္တစ္ကြင္းနဲ႔ အေႂကြးဆပ္သင့္တယ္လို႔ ယူဆစရာ မဟုတ္ပါဘူး။ သင့္စိတ္ထဲမွာ၊ ႏွလံုးသားထဲမွာ မပါပဲ လက္ထပ္လိုက္ရင္အဲဒိ အေႂကြး မေၾကပါဘူး။
၇. သူမက သင့္ကို ဖိအားေပးေနလို႔
သူမက သင့္ကို ပိုေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ေအာင္ ေျပာင္းလဲဖို႔ သူမဘဝကို ေပးေနရင္ေတာ့ သင္စဥ္းစားရမွာက သင္ဟာ ေျပာင္းလဲခ်င္ပါသလား ဆိုတာပါပဲ။ ေဆးလိပ္ျဖတ္တာ၊ ေက်ာင္းျပန္တက္တယေတြဟာ သင္ စိတ္ထဲက မပါရင္ မျဖစ္ႏိုင္ပါဘူး။ အဲဒါဆိုရင္ေတာ့ သူမ အေႏွာင့္အယွက္ျဖစ္တဲ့ အဆင္မေျပဲ့ အိမ္ေထာင္ေရးတစ္ခုပဲ အဖတ္တင္ပါလိမ့္မယ္။
၈. အမွတ္တမဲ့ ေျပာထြက္သြားတာ
ဘဝဆိုတာ ခန္႔မွန္းမရတဲ့ အခ်ိဳးအေကြ႕ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ကံၾကမၼာ အထူအဆန္းတစ္ခုေၾကာင့္ သူမက သင့္ကို Propose လုပ္မယ္။ သင္ကလဲ အမွတ္တမဲ့နဲ႔ လက္ခံလိုက္မယ္။ ဒါေပမယ့္ သင့္မွာ သံသယ တစ္စံုတစ္ရာ႐ွိရင္ အမွတ္တမဲ့ကို အမွတ္တမဲ့ပဲ ထားလိုက္ပါ။ လက္ေတြ႕ ယူမလာပါနဲ႔။
၉. သူမမိသားစုနဲ႔ ရင္းႏွီးလို႔
သင္ဟာ သူမအေမခ်က္တဲ့ ဟင္းကို ႀကိဳက္ပါတယ္။ သူမအေဖက သင့္ကို သြန္သင္ဆံုးမေပးၿပီး သူမအစ္ကိုက သင္ရဲ႕ သူငယ္ခ်င္းပါ။ ဒါေပမယ့္ သင့္ဘဝတစ္ေလ်ွာက္လံုး အိပ္ရာေပၚမွာ တူတူကုန္ဆံုးရမွာက သူမမိသားစု မဟုတ္ပါဘူး။ မိသားစုကို အာရံုမစိုက္ပဲ သူမကိုပဲ အာရံုစုိက္ေရြးပါ။ သင္ သူမနဲ႔ အဆင္ေျပဖို႔ ရာႏႈန္း ပိုမ်ားပါတယ္။
၁၀. သူမမွာ သင္နဲ႔ရတဲ့ ကိုယ္ဝန္ ရွိေနလို႔
ကေလးေတြဟာ အိမ္ေထာင္ေရးကို ပိုေကာင္းေစတာ မဟုတ္ပါဘူး။ ဘယ္ကေလးမွ သူ႔ေၾကာင့္ မိဘႏွစ္ပါး လက္ထပ္လိုက္ရတယ္ဆိုတာကို မျဖစ္ေစခ်င္ပါဘူး။ ပိုၿပီးေကာင္းတဲ့ အေျဖတစ္ခုရေအာင္ ႏွစ္ေယာက္လေသခ်ာ ေဆြးေႏြးပါ။ တျခား တစ္ေယာက္ပါ ဇာတ္လမ္းထဲ ပါလာရင္ေတာ့ သင့္ကေလးဟာ အခံစားရဆံုး ျဖစ္မယ္ဆိုတာ ဂ႐ုျပဳပါ။
လက်ထပ်ဖို့အတွက် အဆိုးရွားဆုံး အကြောင်းပြချက် ၁၀ မျိုး
လက်ထပ်တာဟာ ချစ်သူစုံတွဲတွေအတွက် အဆုံးစွန် ချစ်ကြင်နာမှု ပြခြင်းပါ။ ဒါပေမယ့် အဲ့ဒိ နောက်ဆုံးအဆင့်ကို မတက်လှမ်းမီ သင် ဘာလုပ်နေလဲဆိုတာ သင် သိဖို့ လိုအပ်ပါတယ်။ လက်ထပ်တာဟာ ကလေးကစားစရာ မဟုတ်ပါဘူး။ စုံတွဲတွေဟာ လက်ထပ်ခြင်းနဲ့ ဆိုင်တဲ့ သဘောတရားတွေကို မလေ့လာပဲ သူတို့ကိုယ်သူတို့ အဆင်ပြေပြီ ထင်ပြီး လက်ထပ်ကြပါတယ်။ ပြီးတော့ အိမ်ထောင်ရေးအဆင်မပြေတာ၊ နောက်ဆုံး ကွဲကြကွာကြအထိ ဖြစ်ကြပါရော။ လက်ထပ်ဖို့အတွက် မှားယွင်းယူဆတတ်တဲ့ အကြောင်းပြချက်တွေ ရှိပါသေးတယ်။ အဲဒါတွေကတော့
၁. သူမက ချိုချိုသာသာ မိန်းကလေးဖြစ်လို့ပါ
ချိုသာ ယဉ်ကျေးတဲ့ မိန်းကလေးကို လိုက်ရှာရတာ ခက်ခဲပင်ပန်းပါတယ်။ အဲဒိ ရှားပါးမျိုးစိတ်ထဲကတစ်ယောက်ကို သင်ကံကောင်းပြီး ရည်းစားအဖြစ်ရခဲ့ရင်တော့ ချက်ခြင်း အိမ်ခေါ်ပြီး လက်ထပ်ချင်မှာ မလွဲ ဧကန်ပါ။ ဒါပေမယ့် ကိုယ်ကျင့်အမူအရာဆိုတာ ဒုတိယနေရာက စဉ်းစားရမှာဖြစ်ပြီး ထာဝရ လက်တွဲသွားမယ့်သူတွေမှာ အကြိုက်ခြင်း၊ ဝါသနာခြင်း တူဖို့ကို ထိပ်ဆုံးထား စဉ်းစားရမှာပါ။
၂. သင်တို့ ရည်းစားဖြစ်နေတာ ကြာပါပြီ
အချိန်ကြာကြာ တည်တံ့နိုင်ခဲ့တဲ့ ချစ်မေတ္တာကို ကျွန်တော် လေးစားပါတယ်။ ဆယ်ကျော်သက်အရွယ် Crush ကနေ အရွယ်ရောက်တဲ့ ချစ်မေတ္တာ ဖြစ်လာခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် သင်သာ သူမနဲ့ တစ်ဘဝလုံး ကုန်ဆုံးချင်မယ်ဆို ခုချိန်လောက်ဆို (အခမ်းအနားနဲ့ မဟုတ်ပဲ နှစ်ဦးထဲ) စေ့စပ်ပြီး ဖြစ်ရမှာပါ။ အဲလိုမှ မဟုတ်ခဲ့ရင် သင့်မသိစိတ်ထဲမှာ သူမနဲ့ ပါတ်သတ်ပြီး တချို့ ပြသနာလေးတွေ ရှိနေပါသေးတယ်။
၃. သူငယ်ချင်းတွေတောင် လက်ထပ်နေပြီ
ခုလတ်တလော ကိစ္စတွေကို Popping လုပ်ချင်တာ ပုံမှန်ပါ။ ဒါပေမယ့် လက်ထပ်တာဟာ အဝတ်အစားဒီဇိုင်းအသစ် ဝယ်တာမဟုတ်ပါဘူး။ Popping လုပ်ရမှာ မဟုတ်ပါဘူး။ အုပ်စုထဲမှာ တစ်ယောက်ထဲသော လူပျိုဖြစ်ရတာ နည်းနည်းတော့ ကြောင်နေမှာပါ။ ဒါပေမယ့် အဲဒါက အဆင်မပြေတဲ့ အိမ်ထောင်ရေးထက်တော့ သာပါသေးတယ်။
၄. မိဘတွေကို နှစ်သိမ့်ဖို့
သင့် သတို့သမီးကို မိဘတွေ သဘောတူအောင် လုပ်တာ ကောင်းပါတယ်။ နောက်ကျဖြစ်မယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ပြီး ဖြစ်သွားတာပေါ့။ ဒါပေမယ့် မိဘစီစဉ်သူကိုပဲ လက်ထပ်တာကတော့ မဟုတ်သေးပါဘူး။ လက်ထပ်ခြင်းမှာ သင့်ရဲ့ ခံစားချက်တွေက မိဘတွေရဲ့ ဆန္ဒထက် ဦးစားပေးရမှာပါ။ မိဘတွေ သဘောတူပါစေပဲ ဆုတောင်းပါတော့။
၅. ဘဝရဲ့ ခြေလှမ်း နောက်တလှမ်း မို့လို့
ယောက်ျားတော်တော်များများဟာ လက်ထပ်ခြင်းကို ဘဝရဲ့ ခြေလှမ်းတစ်ခုအဖြစ် မြင်ထားကြပါတယ်။ သင့်မှာ အလုပ်နဲ့ ကားရှိတိုင်း မိန်းမကို နောက်တစ်ဆင့်လို့ မြင်မထားသင့်ပါဘူး။ လက်ထပ်ခြင်းမှာ ပုံသေကားကျ သတ်မှတ်ထားတာ မရှိပဲ လူတိုင်းဟာ ဘဝမှာ လမ်းအမျိုးမျိုးကို ရွေးချယ်ကြတာပါ။
၆. သူမကို အကြွေးတင်သလို ခံစားနေရလို့
သူမက သင် ဘားတွေမှာ မူးနေတဲ့ ညတွေ၊ ဂိမ်းဆိုင်မှာ အိပ်ခဲ့တဲ့ ညတွေ၊ ပစ်စလတ်ခတ် နေတတ်တာတွေကို သည်းခံခဲ့ ပြီးပါပြီ။ ဒါပေမယ့် အဲ့ဒါက သင် သူမကို လက်ထပ်လက်စွပ်တစ်ကွင်းနဲ့ အကြွေးဆပ်သင့်တယ်လို့ ယူဆစရာ မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ၊ နှလုံးသားထဲမှာ မပါပဲ လက်ထပ်လိုက်ရင်အဲဒိ အကြွေး မကြေပါဘူး။
၇. သူမက သင့်ကို ဖိအားပေးနေလို့
သူမက သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ပြောင်းလဲဖို့ သူမဘဝကို ပေးနေရင်တော့ သင်စဉ်းစားရမှာက သင်ဟာ ပြောင်းလဲချင်ပါသလား ဆိုတာပါပဲ။ ဆေးလိပ်ဖြတ်တာ၊ ကျောင်းပြန်တက်တယတွေဟာ သင် စိတ်ထဲက မပါရင် မဖြစ်နိုင်ပါဘူး။ အဲဒါဆိုရင်တော့ သူမ အနှောင့်အယှက်ဖြစ်တဲ့ အဆင်မပြေဲ့ အိမ်ထောင်ရေးတစ်ခုပဲ အဖတ်တင်ပါလိမ့်မယ်။
၈. အမှတ်တမဲ့ ပြောထွက်သွားတာ
ဘဝဆိုတာ ခန့်မှန်းမရတဲ့ အချိုးအကွေ့တွေနဲ့ ပြည့်နှက်နေပါတယ်။ ကံကြမ္မာ အထူအဆန်းတစ်ခုကြောင့် သူမက သင့်ကို Propose လုပ်မယ်။ သင်ကလဲ အမှတ်တမဲ့နဲ့ လက်ခံလိုက်မယ်။ ဒါပေမယ့် သင့်မှာ သံသယ တစ်စုံတစ်ရာရှိရင် အမှတ်တမဲ့ကို အမှတ်တမဲ့ပဲ ထားလိုက်ပါ။ လက်တွေ့ ယူမလာပါနဲ့။
၉. သူမမိသားစုနဲ့ ရင်းနှီးလို့
သင်ဟာ သူမအမေချက်တဲ့ ဟင်းကို ကြိုက်ပါတယ်။ သူမအဖေက သင့်ကို သွန်သင်ဆုံးမပေးပြီး သူမအစ်ကိုက သင်ရဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သင့်ဘဝတစ်လျှောက်လုံး အိပ်ရာပေါ်မှာ တူတူကုန်ဆုံးရမှာက သူမမိသားစု မဟုတ်ပါဘူး။ မိသားစုကို အာရုံမစိုက်ပဲ သူမကိုပဲ အာရုံစိုက်ရွေးပါ။ သင် သူမနဲ့ အဆင်ပြေဖို့ ရာနှုန်း ပိုများပါတယ်။
၁၀. သူမမှာ သင်နဲ့ရတဲ့ ကိုယ်ဝန် ရှိနေလို့
ကလေးတွေဟာ အိမ်ထောင်ရေးကို ပိုကောင်းစေတာ မဟုတ်ပါဘူး။ ဘယ်ကလေးမှ သူ့ကြောင့် မိဘနှစ်ပါး လက်ထပ်လိုက်ရတယ်ဆိုတာကို မဖြစ်စေချင်ပါဘူး။ ပိုပြီးကောင်းတဲ့ အဖြေတစ်ခုရအောင် နှစ်ယောက်လသေချာ ဆွေးနွေးပါ။ တခြား တစ်ယောက်ပါ ဇာတ်လမ်းထဲ ပါလာရင်တော့ သင့်ကလေးဟာ အခံစားရဆုံး ဖြစ်မယ်ဆိုတာ ဂရုပြုပါ။