မိန္းမတိုင္း လိုခ်င္တဲ့ အရာ တစ္ခု

မိန်းမတိုင်း လိုချင်တဲ့ အရာ တစ်ခု

ကြၽန္ေတာ္ Baseball ေဆာ့ရတာ မႀကိဳက္ပါဘူး။ ဒါေပမယ့္ Baseball မွာ ေအာင္ျမင္တဲ့ ခ်စ္ဇာတ္လမ္းတစ္ခု တည္ေဆာက္ဖို႔ အေရးႀကီးတဲ့ သေဘာတရားတစ္ခု ပါ႐ွိေနပါတယ္။ အဲဒါကလဲ ႐ိုး႐ုိးစင္းစင္းေလးပါပဲ။

Baseball Player တစ္ေယာက္ဟာ Baseball ႐ိုက္တဲ့ ေနရာ အကြက္ေလးကို ဝင္ၿပီးရင္ လာတဲ့ ေဘာလံုးကို ႐ိုက္ရတာပါပဲ။ အဲဒီ ေဘာလံုးဟာ Foul သြားမွာလား၊ အမွတ္ ရမွာလား၊ ကြင္းျပင္ထြက္သြားမွာလား၊ သူမသိပါဘူး။ ဒါေပမယ့္ ႀကိဳးစားၿပီး ႐ိုက္ရတာပါပဲ။

ေယာက္်ားေတြဟာ မေသခ်ာရင္၊ ေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္း နည္းရင္ မႀကိဳးစားခ်င္ၾကပါဘူး။ ဒါေပမယ့္ သူတို႔ေအာင္ျမင္မယ္မွန္း ေသခ်ာရင္ေတာ့ သဘာဝ အေလ်ာက္ကို ခ်က္ျခင္း ထလုပ္ၾကတာပါ။ Baseball ဥပမာနဲ႔ ေျပာရရင္ ေယာက္်ားေတြဟာ မေသခ်ာတဲ့ ေဘာလံုးကို ႐ိုက္မယ့္အစား Baseball ႐ိုက္တဲ့ အကြက္ေလးကိုေတာင္ မဝင္ပဲ ထြက္သြားၾကမွာပါ။

မိန္းမေတြကက်ေတာ့ ႀကိဳးစားတာႀကိဳက္ပါတယ္။ သင္ အဲဒီ အကြက္ေလးထဲ ဝင္ၿပီး ႐ိုက္လိုက္ရင္ပဲ ေက်နပ္ပါၿပီ။ ေဘာလံုးကို ထိတာမထိတာ က သင္ ႀကိဳးစား မႀကိဳးစားေလာက္ အေရးမႀကီးပါဘူး။

ေယာက္်ားေတြကို ဒီ Baseball ဥပမာ အေၾကာင္း ေျပာလိုက္တဲ့အခါ သူတို႔မွာ မေအာင္ျမင္မွာကို ေၾကာက္တဲ့ စိတ္ ႐ွိေၾကာင္း ဝန္ခံၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားက မယံုမရဲဲနဲ႔ ႀကိဳးစားရံုနဲ႔ အဆင္ေျပရဲ႕လား၊ အေကာင္းဆံုးျဖစ္ေအာင္ ေစာင့္ေနဖို႔ မလိုဘူးလားဆိုတာ ေမးၾကပါတယ္။

ဟုတ္ပါတယ္။ သင္ ႀကိဳးစားေနတယ္ဆိုတဲ့အသိဟာ ထြက္လာတဲ့ အေျဖထက္ မိန္းမေတြအတြက္ ပိုအေရးႀကီးပါတယ္။

ေယာက္်ားေတြဟာ Baseball ကြင္းမွာေရာ၊ ဘဝထဲမွာပါ ကိုယ္လုပ္လိုက္တဲ့အလုပ္ဟာ မွန္ေနေစခ်င္ပါတယ္။ ခ်စ္ဇာတ္လမ္းေတြမွာဆိုရင္ သူမက ငိုေနတဲ့အခါ၊ သင့္ကို စိတ္ေကာက္တဲ့ အခါ၊ ကေလးေတြကိစၥနဲ႔ စိတ္႐ႈပ္တဲ့အခါ အဲဒီ အခါေတြမွာ သင္က သူမကို မွန္ကန္တဲ့ စကားနဲ႔ ေခ်ာ့ခ်င္ပါလိမ့္မယ္။

မိန္းမေတြရဲ႕ စိတ္ခံစားခ်က္ဆိုတာ မိုင္းကြင္းထဲ မ်က္လံုးစည္းၿပီး လမ္းေလ်ွာက္ေနရသလို ျဖစ္ၿပီး ေနာက္ဆုတ္ရတာ ပိုလြယ္တယ္လို႔ သင္ ထင္မိပါလိမ့္မယ္။ ဒီလို အခ်ိန္မ်ိဳးမွာ သူမကို ႏွစ္သိမ့္ေခ်ာ့ေမာ့ရတာဟာ စြန္႔စားခန္းပါပဲ။ ဒါေပမယ့္ သင္ လုပ္ႏိုင္တဲ့ တစ္ခုထဲေသာအရာပါ။ Baseball သမားလိုပါပဲ။ ေဘာလံုးဟာ ဘယ္လိုျဖစ္ေနေန သင္လုပ္ႏိုင္တာက ႐ိုက္ဖို႔ ႀကိဳးစားဖို႔ပါပဲ။

အဲဒါက လန္႔ဖို႔ေကာင္းပါတယ္။ သင္ Baseball တုတ္ကို ကိုင္ထားတဲ့ အေနအထား၊ ႐ိုက္တဲ့ အ႐ွိန္၊ ကိုယ္ခႏၶာတိမ္းၫြတ္မႈေတြက ပြဲကို အဆံုး အျဖတ္ေပးမွာပါ။ ေတာ္ေတာ္မ်ားမ်ားက ဒီလို အေျခအေနမွာ မ႐ိုက္ခ်င္ၾကေတာ့ပဲ ထြက္သြားခ်င္ၾကပါတယ္။ ေတာင့္ထားပါ။ သင့္ရဲ႕ အေတြးေတြကို သူမကို ေျပာျပၿပီး သင္ ႀကိဳးစားေနတယ္ဆိုတာ သူမ သိပါေစ။ အခ်ိန္ ၾကာလာတာနဲ႔အမ်ွ သူမ သင္နဲ႔ သင့္ရဲ႕ ႀကိဳးစားမႈေတြကို အသိအမွတ္ ျပဳပါလိမ့္မယ္။

ထိမွန္း မထိမွန္း မေသခ်ာတဲ့ ေဘာလံုးကို သင္ ႐ုိက္ခ်င္မွာ မဟုတ္ပါဘူး။ အရန္ခံုမွာ ထိုင္ေနခ်င္ပါလိမ့္မယ္။ သင့္ရဲ႕ ဇနီး အထီးက်န္ေနရင္ သူမက သင့္ကိုႀကိဳးစားေစခ်င္တာပါ။ ေဘာလံုးကို ႐ိုက္ေစခ်င္တာပါ။ အဲဒီႀကိဳးစားမႈကပဲ မေရမတြက္ႏိုင္တဲ့ ထိမ္းျမားမႈေတြကို ေပ်ာ္စရာ ပိုေကာင္းေစခဲ့တာပါ။

ဘယ္ေနရာမွာမဆို ႀကိဳးစားလို႔ ရပါတယ္။ ဒီ Baseball ဥပမာဟာ ေယာက္်ားနဲ႔ မိန္းမအၾကားက ျပသနာ အခက္အခဲေတြကို ႐ွင္းလင္းေပးႏိုင္ပါတယ္။ ေယာက်္ားတစ္ေယာက္ ႀကိဳးစားေနရံုနဲ႔ သင့္မိန္းမက သင္ သူမကိုခ်စ္လို႔၊ အထီးမက်န္ေစလိုလို႔ ႀကိဳးစားေနတာလို႔ ထင္ပါလိမ့္မယ္။


မိန်းမတိုင်း လိုချင်တဲ့ အရာ တစ်ခု

ကျွန်တော် Baseball ဆော့ရတာ မကြိုက်ပါဘူး။ ဒါပေမယ့် Baseball မှာ အောင်မြင်တဲ့ ချစ်ဇာတ်လမ်းတစ်ခု တည်ဆောက်ဖို့ အရေးကြီးတဲ့ သဘောတရားတစ်ခု ပါရှိနေပါတယ်။ အဲဒါကလဲ ရိုးရိုးစင်းစင်းလေးပါပဲ။

Baseball Player တစ်ယောက်ဟာ Baseball ရိုက်တဲ့ နေရာ အကွက်လေးကို ဝင်ပြီးရင် လာတဲ့ ဘောလုံးကို ရိုက်ရတာပါပဲ။ အဲဒီ ဘောလုံးဟာ Foul သွားမှာလား၊ အမှတ် ၂ ဆ ရမှာလား၊ ကွင်းပြင်ထွက်သွားမှာလား၊ သူမသိပါဘူး။ ဒါပေမယ့် ကြိုးစားပြီး ရိုက်ရတာပါပဲ။

ယောက်ျားတွေဟာ မသေချာရင်၊ အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းရင် မကြိုးစားချင်ကြပါဘူး။ ဒါပေမယ့် သူတို့အောင်မြင်မယ်မှန်း သေချာရင်တော့ သဘာဝ အလျောက်ကို ချက်ခြင်း ထလုပ်ကြတာပါ။ Baseball ဥပမာနဲ့ ပြောရရင် ယောက်ျားတွေဟာ မသေချာတဲ့ ဘောလုံးကို ရိုက်မယ့်အစား Baseball ရိုက်တဲ့ အကွက်လေးကိုတောင် မဝင်ပဲ ထွက်သွားကြမှာပါ။

မိန်းမတွေကကျတော့ ကြိုးစားတာကြိုက်ပါတယ်။ သင် အဲဒီ အကွက်လေးထဲ ဝင်ပြီး ရိုက်လိုက်ရင်ပဲ ကျေနပ်ပါပြီ။ ဘောလုံးကို ထိတာမထိတာ က သင် ကြိုးစား မကြိုးစားလောက် အရေးမကြီးပါဘူး။

ယောက်ျားတွေကို ဒီ Baseball ဥပမာ အကြောင်း ပြောလိုက်တဲ့အခါ သူတို့မှာ မအောင်မြင်မှာကို ကြောက်တဲ့ စိတ် ရှိကြောင်း ဝန်ခံကြပါတယ်။ တော်တော်များများက မယုံမရဲနဲ့ ကြိုးစားရုံနဲ့ အဆင်ပြေရဲ့လား၊ အကောင်းဆုံးဖြစ်အောင် စောင့်နေဖို့ မလိုဘူးလားဆိုတာ မေးကြပါတယ်။

ဟုတ်ပါတယ်။ သင် ကြိုးစားနေတယ်ဆိုတဲ့အသိဟာ ထွက်လာတဲ့ အဖြေထက် မိန်းမတွေအတွက် ပိုအရေးကြီးပါတယ်။

ယောက်ျားတွေဟာ Baseball ကွင်းမှာရော၊ ဘဝထဲမှာပါ ကိုယ်လုပ်လိုက်တဲ့အလုပ်ဟာ မှန်နေစေချင်ပါတယ်။ ချစ်ဇာတ်လမ်းတွေမှာဆိုရင် သူမက ငိုနေတဲ့အခါ၊ သင့်ကို စိတ်ကောက်တဲ့ အခါ၊ ကလေးတွေကိစ္စနဲ့ စိတ်ရှုပ်တဲ့အခါ အဲဒီ အခါတွေမှာ သင်က သူမကို မှန်ကန်တဲ့ စကားနဲ့ ချော့ချင်ပါလိမ့်မယ်။

မိန်းမတွေရဲ့ စိတ်ခံစားချက်ဆိုတာ မိုင်းကွင်းထဲ မျက်လုံးစည်းပြီး လမ်းလျှောက်နေရသလို ဖြစ်ပြီး နောက်ဆုတ်ရတာ ပိုလွယ်တယ်လို့ သင် ထင်မိပါလိမ့်မယ်။ ဒီလို အချိန်မျိုးမှာ သူမကို နှစ်သိမ့်ချော့မော့ရတာဟာ စွန့်စားခန်းပါပဲ။ ဒါပေမယ့် သင် လုပ်နိုင်တဲ့ တစ်ခုထဲသောအရာပါ။ Baseball သမားလိုပါပဲ။ ဘောလုံးဟာ ဘယ်လိုဖြစ်နေနေ သင်လုပ်နိုင်တာက ရိုက်ဖို့ ကြိုးစားဖို့ပါပဲ။

အဲဒါက လန့်ဖို့ကောင်းပါတယ်။ သင် Baseball တုတ်ကို ကိုင်ထားတဲ့ အနေအထား၊ ရိုက်တဲ့ အရှိန်၊ ကိုယ်ခန္ဓာတိမ်းညွတ်မှုတွေက ပွဲကို အဆုံး အဖြတ်ပေးမှာပါ။ တော်တော်များများက ဒီလို အခြေအနေမှာ မရိုက်ချင်ကြတော့ပဲ ထွက်သွားချင်ကြပါတယ်။ တောင့်ထားပါ။ သင့်ရဲ့ အတွေးတွေကို သူမကို ပြောပြပြီး သင် ကြိုးစားနေတယ်ဆိုတာ သူမ သိပါစေ။ အချိန် ကြာလာတာနဲ့အမျှ သူမ သင်နဲ့ သင့်ရဲ့ ကြိုးစားမှုတွေကို အသိအမှတ် ပြုပါလိမ့်မယ်။

ထိမှန်း မထိမှန်း မသေချာတဲ့ ဘောလုံးကို သင် ရိုက်ချင်မှာ မဟုတ်ပါဘူး။ အရန်ခုံမှာ ထိုင်နေချင်ပါလိမ့်မယ်။ သင့်ရဲ့ ဇနီး အထီးကျန်နေရင် သူမက သင့်ကိုကြိုးစားစေချင်တာပါ။ ဘောလုံးကို ရိုက်စေချင်တာပါ။ အဲဒီကြိုးစားမှုကပဲ မရေမတွက်နိုင်တဲ့ ထိမ်းမြားမှုတွေကို ပျော်စရာ ပိုကောင်းစေခဲ့တာပါ။

ဘယ်နေရာမှာမဆို ကြိုးစားလို့ ရပါတယ်။ ဒီ Baseball ဥပမာဟာ ယောက်ျားနဲ့ မိန်းမအကြားက ပြသနာ အခက်အခဲတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ယောက်ျားတစ်ယောက် ကြိုးစားနေရုံနဲ့ သင့်မိန်းမက သင် သူမကိုချစ်လို့၊ အထီးမကျန်စေလိုလို့ ကြိုးစားနေတာလို့ ထင်ပါလိမ့်မယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Cyan Calyx
http://goodmenproject.com/featured-content/the-one-thing-every-woman-wants-from-her-man-kcon/

Related Posts

%%footer%%