အကြောက်တရားကို မိတ်ဆွေဖွဲ့ခြင်း (သို့) လုပ်ငန်းခွင်အတွက် တွန်းအားတစ်ရပ်
အေၾကာက္တရားကို မိတ္ေဆြဖြဲ႔ျခင္း (သို႔) လုပ္ငန္းခြင္အတြက္ တြန္းအားတစ္ရပ္
အေၾကာက္တရားဆိုတာ ရံုးတိုင္းမွာ အႀကီးမားဆံုး ခံစားမႈ တစ္ခုပါ။ ပိုင္႐ွင္၊ CEO၊ ဝန္ထမ္း အားလံုး ခံစားရပါတယ္။ က်ရံုးမွာကို ေၾကာက္ၾကတယ္၊ နာမည္ပ်က္မွာ ေၾကာက္ရတယ္၊ ေအာင္ျမင္မႈ မရမွာကို ေၾကာက္ၾကပါတယ္။ ဒါေပမယ့္ အဲ့ဒီ အေၾကာက္တရားေတြအေၾကာင္း ဖြင့္ေျပာရဲသူ ႐ွားပါတယ္။
အေၾကာက္တရားဟာ အဆိုးခ်ည္း မဟုတ္ပါဘူး။ အဲဒါဟာ သင့္ကို အေနာက္က တြန္းအားေပးတဲ့ ေကာင္းတဲ့ အရာတစ္ခုေတာင္ ျဖစ္လာႏိုင္ပါေသးတယ္။ ၿပိဳင္ဆိုင္မႈ ျပင္းျပတဲ့ ေလာကမွာ က်႐ွံုးမွာ ေၾကာက္တဲ့ စိတ္ဟာ သင့္ရဲ႕ မိတ္ေဆြေကာင္းေတာင္ ျဖစ္လာႏိုင္ပါေသးတယ္။
သင္ အေၾကာက္တရားနဲ႔ မိတ္ဖြဲ႔ႏိုင္မယ့္ နည္းလမ္း ၅ ရပ္ကေတာ့
၁. ဖက္တြယ္ထားပါ
သင္ဟာ စက္႐ုပ္မဟုတ္သလို စူပါလူသားလဲ မဟုတ္ပါဘူး။ ဆံုးျဖတ္ခ်က္ေတြ၊ တာဝန္ယူရမႈေတြ၊ ဆံုး႐ွံုးႏိုင္မႈေတြၾကားမွာ အေၾကာက္တရားဟာ ပံုမွန္ ျဖစ္လာပါၿပီ။ အဲဒါေၾကာင့္ သူ႔ကို ဖက္တြယ္လိုက္ပါ။ သင္ အေၾကာက္တရားကို အေကာင္းဘက္က စဥ္းစားႏိုင္ရင္ အဲဒါဟာ အားနည္းခ်က္ မဟုတ္ေတာ့ပဲ တြန္းအား ျဖစ္လာပါတယ္။ အေၾကာက္တရားဟာ ေကာင္းေကာင္း ထိန္းညႇိေပးႏိုင္ရင္ ကိုယ့္ဘာသာ ထိန္းသိမ္းႏိုင္မႈ ပုိမိုျဖစ္ေစၿပီး အေလာသံုးဆယ္ ဆံုးျဖတ္ခ်က္ေတြ ခ်မိျခင္းမွ ကာကြယ္ေပးပါတယ္။
၂. ေလ့လာပါ။ မတုန္လႈပ္ပါနဲ႔။
အေၾကာက္တရားဟာ သင့္ကို တုန္လႈပ္ေစၿပီး ျပသနာေတြအေၾကာင္း ေကာင္းေကာင္း မစဥ္းစားမိႏိုင္ေအာင္ ေဆာင္ရြက္ႏိုင္ပါတယ္။ အေၾကာက္တရားကို ႀကီးထြားခြင့္ မေပးပါနဲ႔။ ဆန္းစစ္ေလ့လာပါ။ ” ငါ့ကို ေပးထားတဲ့ အခ်ိန္တိုလြန္းလို႔ ငါေၾကာက္ေနတာလား ” ဆိုတဲ့ ေမးခြန္းမ်ိဳး ကိုယ့္ဘာသာ ျပန္ေမးပါ။ ျပသနာေတြကုိ တစ္ပိုင္းခ်င္းစီ ခြဲ ေဆာင္ရြက္လိုက္ရင္ အေၾကာက္တရားကို ေတာ္လွန္ႏိုင္ပါလိမ့္မယ္။
၃. ဖိအားကို ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ကိုင္တြယ္ပါ
စိန္ေခၚခံရတာ ေကာင္းပါတယ္။ ျပသနာေတြ ေတြ႕ရမွာ၊ ရက္ပိုင္းအတြင္း အၿပီးလုပ္ရမွာ ဆိုတဲ့ အလုပ္ေတြဟာ ကိုယ့္ဘာသာ မယံုၾကည္တဲ့ လူေတြအဖို႔ ရင္ဆိုင္ေျဖ႐ွင္းလို႔ ေအာင္ျမင္သြားရင္ အားျဖစ္ေစပါတယ္။ ေၾကာက္ရြံျခင္းဟာ ကြၽန္ေတာ္တို႔ကို ဖိအားကို ကိုင္တြယ္ေျဖ႐ွင္းခြင့္ ေပးပါတယ္။ စိန္ေခၚမႈ အတိုင္း လိုက္လုပ္ရင္လုပ္၊ မလုပ္ရင္ ဝါးမ်ိဳခံရမွာပဲဆိုတဲ့ ေၾကာက္စိတ္ဟာ ကြၽန္ေတာ္တို႔ကို အားေပးပါတယ္။
ကြၽန္ေတာ္ကေတာ့ ေအးေအးေဆးေဆး ရင္ဆိုင္ေျဖ႐ွင္းနည္းကို သံုးပါတယ္။ လက္႐ွိၾကံဳေနရတဲ့ ျပသနာကို စာရြက္ေပၚမွာ အၾကမ္းေရးခ်လိုက္ပါတယ္။ ၿပီးေတာ့ ေၾကာက္ရြံ႔ျခင္းရဲ႕ အရင္းအျမစ္ေတြကို ႐ွာပါတယ္။ အႀကိမ္မ်ားစြာ ကြၽန္ေတာ္ထင္ေနတဲ့ ျပသနာဟာ ထင္သေလာက္ မႀကီးတာကို ေတြ႕ရပါတယ္။ သင္ အေၾကာက္တရားကေန အျမတ္မ႐ွာခင္ ဖိအားကုိ ကိုင္တြယ္ဖို႔ ဗ်ဴဟာတစ္ရပ္ လိုပါလိမ့္မယ္။
၄. သင့္ပါတ္ဝန္းက်င္မွာ အားေပးမည့္သူ ႐ွာပါ
သင့္ေဘးမွာ သူငယ္ခ်င္းေတြ ႐ွိရင္ ေၾကာက္စိတ္ ေလ်ာ့သြားပါတယ္။ ေ႐ွ႕ဆက္ရမယ့္လမ္း ၾကမ္းေနတာျမင္ရင္ သင့္ကိုယ္သင္ စိတ္ခ်ရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပညာ႐ွင္ အၾကံေပးေတြနဲ႔ ဝန္းရံထားပါ။ သင္သူငယ္ခ်င္းေတြက သင့္ကို ဖိအား အရမ္းမ်ားေနတယ္၊ အပန္းေျဖ ထြက္သင့္တယ္ အၾကံေပးရင္ သူတို႔ကို ယံုလိုက္ပါ။ သင္ တစ္ေယာက္ထဲ မဟုတ္ဘူးလို႔ သိထားတဲ့ အသိက အရမ္းအားရဖို႔ ေကာင္းပါတယ္။
၅. ျပသနာရဲ႕ အရင္းအျမစ္ကို သိပါ
စီးပြားေရးလုပ္ငန္း႐ွင္ ေတာ္ေတာ္မ်ားမ်ား ဖိအားေတြ အေၾကာက္တရားေတြနဲ႔ ႐ုန္းကန္ေနရတာကေတာ့ သူတို႔က ျပသနာရဲ႕ အရင္းအျမစ္ကို မ႐ွာတတ္လို႔ပါပဲ။ အေတြ႕အၾကံဳ႐ွိသူေတြကေတာ့ ျပသနာဟာ လူေတြ၊ ထုတ္ကုန္ေတြ၊ လုပ္ငန္းစဥ္ေတြ ဆိုတဲ့ အရင္းအျမစ္ေနရာသံုးခုရဲ႕ တစ္ေနရာရာမွာ ျပသနာ႐ွိမယ္ဆိုတာ သိၾကပါတယ္။
ပထမ ေျခလွမ္းက မေၾကာက္ပါနဲ႔။ လက္ထဲမွာ ႐ွိေနတဲ့ ျပသနာကို ရဲရဲၾကည့္ပါ။ သင္ ထင္ထားသေလာက္ ေၾကာက္ဖို႔ မေကာင္းပါဘူး။ ၿပီးရင္ ျပသနာေသးေသးေလးအတြက္ လုပ္ငန္းႀကီး တစ္ခုလံုးကို ျပန္မစီစဥ္ပါနဲ႔။ သင့္ ဝန္ထမ္းေတြရဲ႕ ပူးတြဲလုပ္ေဆာင္မႈ အေျခအေနကို ၾကည့္ပါ။ သင့္ ထုတ္ကုန္ရဲ႕ လုပ္ေဆာင္ႏိုင္မႈကို ၾကည့္ပါ။ ထုတ္ကုန္ စီးဆင္းမႈကို ၾကည့္ပါ။ ျပသနာရဲ႕ အရင္းအျမစ္ကို ႐ွာေတြ႕ရင္ ဆံုးျဖတ္ခ်က္ ျပတ္ျပတ္သားသား တစ္ခု ခ်ႏိုင္ပါလိမ့္မယ္။
လူတိုင္း အေၾကာက္တရား ခံစားရပါတယ္။ ဒါေပမယ့္ အဲဒီ အေၾကာက္တရားကို အရင္းအျမစ္႐ွာၿပီး တြန္းအားအျဖစ္ သံုးႏုိင္ရင္ သင္ သာမန္လူထဲက ကြဲထြက္ၿပီး အေကာင္းဆံုး လုပ္ႏိုင္ပါလိမ့္မယ္။ သင္ ေစာေစာ အေၾကာက္တရားကို အသိအမွတ္ျပဳၿပီး ေလးစားေလေလ၊ သင္ အေၾကာက္တရားကို သင့္လုပ္ငန္း တိုးတက္ေအာင္ တြန္းအားအျဖစ္ ေစာေစာ သံုးႏိုင္ေလေလပါပဲ။
အကြောက်တရားကို မိတ်ဆွေဖွဲ့ခြင်း (သို့) လုပ်ငန်းခွင်အတွက် တွန်းအားတစ်ရပ်
အကြောက်တရားဆိုတာ ရုံးတိုင်းမှာ အကြီးမားဆုံး ခံစားမှု တစ်ခုပါ။ ပိုင်ရှင်၊ CEO၊ ဝန်ထမ်း အားလုံး ခံစားရပါတယ်။ ကျရုံးမှာကို ကြောက်ကြတယ်၊ နာမည်ပျက်မှာ ကြောက်ရတယ်၊ အောင်မြင်မှု မရမှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ အကြောက်တရားတွေအကြောင်း ဖွင့်ပြောရဲသူ ရှားပါတယ်။
အကြောက်တရားဟာ အဆိုးချည်း မဟုတ်ပါဘူး။ အဲဒါဟာ သင့်ကို အနောက်က တွန်းအားပေးတဲ့ ကောင်းတဲ့ အရာတစ်ခုတောင် ဖြစ်လာနိုင်ပါသေးတယ်။ ပြိုင်ဆိုင်မှု ပြင်းပြတဲ့ လောကမှာ ကျရှုံးမှာ ကြောက်တဲ့ စိတ်ဟာ သင့်ရဲ့ မိတ်ဆွေကောင်းတောင် ဖြစ်လာနိုင်ပါသေးတယ်။
သင် အကြောက်တရားနဲ့ မိတ်ဖွဲ့နိုင်မယ့် နည်းလမ်း ၅ ရပ်ကတော့
၁. ဖက်တွယ်ထားပါ
သင်ဟာ စက်ရုပ်မဟုတ်သလို စူပါလူသားလဲ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ တာဝန်ယူရမှုတွေ၊ ဆုံးရှုံးနိုင်မှုတွေကြားမှာ အကြောက်တရားဟာ ပုံမှန် ဖြစ်လာပါပြီ။ အဲဒါကြောင့် သူ့ကို ဖက်တွယ်လိုက်ပါ။ သင် အကြောက်တရားကို အကောင်းဘက်က စဉ်းစားနိုင်ရင် အဲဒါဟာ အားနည်းချက် မဟုတ်တော့ပဲ တွန်းအား ဖြစ်လာပါတယ်။ အကြောက်တရားဟာ ကောင်းကောင်း ထိန်းညှိပေးနိုင်ရင် ကိုယ့်ဘာသာ ထိန်းသိမ်းနိုင်မှု ပိုမိုဖြစ်စေပြီး အလောသုံးဆယ် ဆုံးဖြတ်ချက်တွေ ချမိခြင်းမှ ကာကွယ်ပေးပါတယ်။
၂. လေ့လာပါ။ မတုန်လှုပ်ပါနဲ့။
အကြောက်တရားဟာ သင့်ကို တုန်လှုပ်စေပြီး ပြသနာတွေအကြောင်း ကောင်းကောင်း မစဉ်းစားမိနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။ အကြောက်တရားကို ကြီးထွားခွင့် မပေးပါနဲ့။ ဆန်းစစ်လေ့လာပါ။ ” ငါ့ကို ပေးထားတဲ့ အချိန်တိုလွန်းလို့ ငါကြောက်နေတာလား ” ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ဘာသာ ပြန်မေးပါ။ ပြသနာတွေကို တစ်ပိုင်းချင်းစီ ခွဲ ဆောင်ရွက်လိုက်ရင် အကြောက်တရားကို တော်လှန်နိုင်ပါလိမ့်မယ်။
၃. ဖိအားကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုင်တွယ်ပါ
စိန်ခေါ်ခံရတာ ကောင်းပါတယ်။ ပြသနာတွေ တွေ့ရမှာ၊ ရက်ပိုင်းအတွင်း အပြီးလုပ်ရမှာ ဆိုတဲ့ အလုပ်တွေဟာ ကိုယ့်ဘာသာ မယုံကြည်တဲ့ လူတွေအဖို့ ရင်ဆိုင်ဖြေရှင်းလို့ အောင်မြင်သွားရင် အားဖြစ်စေပါတယ်။ ကြောက်ရွံခြင်းဟာ ကျွန်တော်တို့ကို ဖိအားကို ကိုင်တွယ်ဖြေရှင်းခွင့် ပေးပါတယ်။ စိန်ခေါ်မှု အတိုင်း လိုက်လုပ်ရင်လုပ်၊ မလုပ်ရင် ဝါးမျိုခံရမှာပဲဆိုတဲ့ ကြောက်စိတ်ဟာ ကျွန်တော်တို့ကို အားပေးပါတယ်။
ကျွန်တော်ကတော့ အေးအေးဆေးဆေး ရင်ဆိုင်ဖြေရှင်းနည်းကို သုံးပါတယ်။ လက်ရှိကြုံနေရတဲ့ ပြသနာကို စာရွက်ပေါ်မှာ အကြမ်းရေးချလိုက်ပါတယ်။ ပြီးတော့ ကြောက်ရွံ့ခြင်းရဲ့ အရင်းအမြစ်တွေကို ရှာပါတယ်။ အကြိမ်များစွာ ကျွန်တော်ထင်နေတဲ့ ပြသနာဟာ ထင်သလောက် မကြီးတာကို တွေ့ရပါတယ်။ သင် အကြောက်တရားကနေ အမြတ်မရှာခင် ဖိအားကို ကိုင်တွယ်ဖို့ ဗျူဟာတစ်ရပ် လိုပါလိမ့်မယ်။
၄. သင့်ပါတ်ဝန်းကျင်မှာ အားပေးမည့်သူ ရှာပါ
သင့်ဘေးမှာ သူငယ်ချင်းတွေ ရှိရင် ကြောက်စိတ် လျော့သွားပါတယ်။ ရှေ့ဆက်ရမယ့်လမ်း ကြမ်းနေတာမြင်ရင် သင့်ကိုယ်သင် စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပညာရှင် အကြံပေးတွေနဲ့ ဝန်းရံထားပါ။ သင်သူငယ်ချင်းတွေက သင့်ကို ဖိအား အရမ်းများနေတယ်၊ အပန်းဖြေ ထွက်သင့်တယ် အကြံပေးရင် သူတို့ကို ယုံလိုက်ပါ။ သင် တစ်ယောက်ထဲ မဟုတ်ဘူးလို့ သိထားတဲ့ အသိက အရမ်းအားရဖို့ ကောင်းပါတယ်။
၅. ပြသနာရဲ့ အရင်းအမြစ်ကို သိပါ
စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ ဖိအားတွေ အကြောက်တရားတွေနဲ့ ရုန်းကန်နေရတာကတော့ သူတို့က ပြသနာရဲ့ အရင်းအမြစ်ကို မရှာတတ်လို့ပါပဲ။ အတွေ့အကြုံရှိသူတွေကတော့ ပြသနာဟာ လူတွေ၊ ထုတ်ကုန်တွေ၊ လုပ်ငန်းစဉ်တွေ ဆိုတဲ့ အရင်းအမြစ်နေရာသုံးခုရဲ့ တစ်နေရာရာမှာ ပြသနာရှိမယ်ဆိုတာ သိကြပါတယ်။
ပထမ ခြေလှမ်းက မကြောက်ပါနဲ့။ လက်ထဲမှာ ရှိနေတဲ့ ပြသနာကို ရဲရဲကြည့်ပါ။ သင် ထင်ထားသလောက် ကြောက်ဖို့ မကောင်းပါဘူး။ ပြီးရင် ပြသနာသေးသေးလေးအတွက် လုပ်ငန်းကြီး တစ်ခုလုံးကို ပြန်မစီစဉ်ပါနဲ့။ သင့် ဝန်ထမ်းတွေရဲ့ ပူးတွဲလုပ်ဆောင်မှု အခြေအနေကို ကြည့်ပါ။ သင့် ထုတ်ကုန်ရဲ့ လုပ်ဆောင်နိုင်မှုကို ကြည့်ပါ။ ထုတ်ကုန် စီးဆင်းမှုကို ကြည့်ပါ။ ပြသနာရဲ့ အရင်းအမြစ်ကို ရှာတွေ့ရင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား တစ်ခု ချနိုင်ပါလိမ့်မယ်။
လူတိုင်း အကြောက်တရား ခံစားရပါတယ်။ ဒါပေမယ့် အဲဒီ အကြောက်တရားကို အရင်းအမြစ်ရှာပြီး တွန်းအားအဖြစ် သုံးနိုင်ရင် သင် သာမန်လူထဲက ကွဲထွက်ပြီး အကောင်းဆုံး လုပ်နိုင်ပါလိမ့်မယ်။ သင် စောစော အကြောက်တရားကို အသိအမှတ်ပြုပြီး လေးစားလေလေ၊ သင် အကြောက်တရားကို သင့်လုပ်ငန်း တိုးတက်အောင် တွန်းအားအဖြစ် စောစော သုံးနိုင်လေလေပါပဲ။