ရည်မှန်းချက်တွေ အထမြောက်ဖို့ အဆင့်(၅)ခု
ေအာင္ျမင္ေနတဲ့ စြန္႔ဦးလုပ္ငန္းရွင္တိုင္းမွာ အျခားသူေတြထက္ သာလြန္ထူးျခားေနတာမ်ိဳးမရွိပါဘူး။ ဒါေပမယ့္ သူတို႔ေတြဟာ အလုပ္ၿပီးေျမာက္ေအာင္ျမင္ဖို႔အတြက္ တြန္းအားရွိၿပီး ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္ေတြကို ေဖာ္ထုတ္ႏိုင္သူေတြျဖစ္ပါတယ္။ သင့္အေနနဲ႔လည္း ရည္မွန္းခ်က္တစ္ခုေအာင္ျမင္ဖို႔ မွန္ကန္တဲ့နည္းလမ္းနဲ႔ ခ်ဥ္းကပ္တတ္မယ္ဆိုရင္ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာမွာ ေသခ်ာပါတယ္။ ဒါ့ေၾကာင့္ စြန္႔ဦးလုပ္ငန္းရွင္တိုင္းအတြက္ ရည္မွန္းခ်က္ေတြ အထေျမာက္ေအာင္ျမင္ေစဖို႔ လိုက္နာလုပ္ေဆာင္သင့္တဲ့ အဆင့္(၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ရည္မွန္းခ်က္ကို ေသးငယ္ေအာင္ လုပ္ေဆာင္ပါ။
အစပိုင္းမွာ ရည္မွန္းခ်က္ႀကီးႀကီးထားသင့္ေပမယ့္ အလြယ္တကူအေကာင္အထည္ေဖာ္လုပ္ေဆာင္ႏိုင္တဲ့ ရည္မွန္းခ်က္အေသးေလးေတြအျဖစ္ ခြဲျခမ္းစိတ္ျဖာလိုက္ရမွာ ျဖစ္ပါတယ္။ ဥပမာ ေျပာရရင္ စားေသာက္ပံုနည္းစနစ္မွန္ကန္ၿပီး ခႏၶာကိုယ္လက္လႈပ္ရွားမႈ ပိုလုပ္ခ်င္တယ္ဆိုပါစို႔။ ခ်က္ခ်င္းဆိုသလို အစားအေသာက္ေတြကို ေျပာင္းလဲစားေသာက္ၿပီး ေန႔တိုင္း အားကစားသြားလုပ္ဖို႔ မလိုပါဘူး။ တစ္လအတြင္း ဘယ္အစားအစာေတြ ျဖတ္မယ္၊ လာမယ့္သီတင္းပတ္ေတြမွာ ဘယ္လိုကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ လုပ္မယ္ စသျဖင့္ ရည္မွန္းခ်က္အေသးေလးေတြကို အရင္ခ်မွတ္လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ ဒီလို ရည္မွန္းခ်က္အေသးေလးေတြ ခ်မွတ္လုပ္ေဆာင္ရင္း တကယ့္ရည္မွန္းခ်က္ႀကီးကို ေရာက္ရွိႏိုင္ဖို႔ လြယ္ကူသြားပါလိမ့္မယ္။
၂။ က်ိဳးေၾကာင္းညီညြတ္မႈရွိပါေစ။
ရည္မွန္းခ်က္ပန္းတိုင္တစ္ခုဟာ comfort zone ရဲ႕ အျပင္ဖက္မွာပဲ ရွိတတ္ပါတယ္။ ဘယ္ေတာ့မွာ သာသာယာယာ ေရာက္ရွိႏိုင္တာမ်ိဳး မဟုတ္ပါဘူး။ လူတိုင္းက တစ္ႏွစ္ကို ေဒၚလာတစ္သန္းေလာက္ ရခ်င္ၾကေပမယ့္ ဒီကိန္းဂဏန္းက သင့္လုပ္ေဆာင္ႏိုင္စြမ္းထက္ေက်ာ္ေနမယ္ဆိုရင္ သင္စြမ္းေဆာင္ႏိုင္သေလာက္ အေရအတြက္နဲ႔ပဲ စတင္ရမွာ ျဖစ္ပါတယ္။
၃။ ရည္မွန္းခ်က္ကို လူသိပါေစ။
ဘယ္ရည္မွန္းခ်က္မဆို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ နည္းလမ္းက မွန္ကန္တဲ့ေထာက္ပံ့ကူညီမႈရရွိတာပဲ ျဖစ္ပါတယ္။ သင့္အေနနဲ႔ သင့္လုပ္ငန္းကို ကူညီေထာက္ပံ့ေပးႏိုင္ၿပီး ေအာင္ျမင္မႈကို ေ၀မွ်ခံစားခ်င္ၾကသူေတြနဲ႔ စကားေျပာၾကည့္ဖို႔ လိုပါတယ္။ ဒီလိုလူေတြဆီက ကူညီမႈကိုရရွိမယ္ဆိုရင္ စိန္ေခၚမႈေတြၾကံဳလာတိုင္ အားေပးမယ့္သူေတြေတြရွိေနမွာျဖစ္သလို ရည္မွန္းခ်က္ကိုလည္း ပိုေကာင္းလာေအာင္ အေကာင္အထည္ေဖာ္ႏိုင္လာမွာျဖစ္ပါတယ္။
၄။ ေျခရာေကာက္ႏိုင္ဖို႔ လိုပါတယ္။
ရည္မွန္းခ်က္ေတြကို ပိုမိုေသးငယ္ေအာင္ ခြဲျခမ္းစိတ္ျဖားလိုက္ျခင္းျဖင့္ လုပ္ေဆာင္ရမယ့္ကိစၥငယ္ေလးေတြကို ဖန္တီးႏိုင္ၿပီး ရည္မွန္းခ်က္ႀကီးတစ္ခုလံုး အေကာင္အထည္ေပၚလာဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ဒီနည္းလမ္းဟာ လုပ္ေဆာင္မႈပိုင္းအတြက္ နည္းစနစ္ေကာင္းတစ္ခုျဖစ္သလို လုပ္ငန္းေဆာင္တာေတြကို တိုင္းတာႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ သင့္ရဲ႕ရည္မွန္းခ်က္က ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔ဆိုရင္ သတ္မွတ္ထားတဲ့ရည္မွန္းခ်က္အေသးအတြင္းမွာ ဘယ္ေလာက္ေလ်ာ့က်သြားလဲဆိုတာကို သိႏိုင္ပါတယ္။ ဒါ့အျပင္ အဓိကရည္မွန္းခ်က္ႀကီးကို မေရာက္ခင္မွာ တိုးတက္မႈအလံုးစံုကိုလည္း ေျခရာေကာက္ႏိုင္သြားမွာ ျဖစ္ပါတယ္။
၅။ ေပ်ာ္စရာေကာင္းေနဖို႔ လိုပါတယ္။
ရည္မွန္းခ်က္တစ္ခု ျဖစ္ေျမာက္သြားတိုင္းမွာ ေအာင္ျမင္မႈအတြက္ ေပ်ာ္ရႊင္ခံစားတတ္ဖို႔ လိုပါတယ္။ တိုးတက္မႈကို ေျခရာခံထားၿပီး ေပ်ာ္ရႊင္ေနတတ္ရမွာျဖစ္ပါတယ္။ သင့္ရည္မွန္းခ်က္ပန္းတိုင္းဆီကို သြားတဲ့လမ္းတစ္ေလွ်ာက္မွာ သင္ေပ်ာ္ေနေလေလ၊ ေအာင္ျမင္မႈေတြ ပိုၿပီးရရွိေလေလျဖစ္ပါတယ္။
ရည္မွန္းခ်က္ေတြရဲ႕ သေဘာက အေကာင္အထည္ေဖာ္ႏိုင္ဖို႔တစ္ခုတည္းမဟုတ္ပါဘူး။ သင့္ရဲ႕ေန႔စဥ္ ဘ၀ေနထိုင္မႈအတြင္းကို ေပါင္းစည္းသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ရည္မွန္းခ်က္ကို ခ်မွတ္ထား႐ုံမဟုတ္ပဲ ေရာက္ေအာင္သြားဖို႔ လုပ္ငန္းစဥ္ကိုလည္း ေဆာင္ရြက္တတ္ဖို႔ လိုအပ္ပါတယ္။
ရည်မှန်းချက်တွေ အထမြောက်ဖို့ အဆင့်(၅)ခု
အောင်မြင်နေတဲ့ စွန့်ဦးလုပ်ငန်းရှင်တိုင်းမှာ အခြားသူတွေထက် သာလွန်ထူးခြားနေတာမျိုးမရှိပါဘူး။ ဒါပေမယ့် သူတို့တွေဟာ အလုပ်ပြီးမြောက်အောင်မြင်ဖို့အတွက် တွန်းအားရှိပြီး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်သူတွေဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်တတ်မယ်ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။ ဒါ့ကြောင့် စွန့်ဦးလုပ်ငန်းရှင်တိုင်းအတွက် ရည်မှန်းချက်တွေ အထမြောက်အောင်မြင်စေဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အဆင့်(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရည်မှန်းချက်ကို သေးငယ်အောင် လုပ်ဆောင်ပါ။
အစပိုင်းမှာ ရည်မှန်းချက်ကြီးကြီးထားသင့်ပေမယ့် အလွယ်တကူအကောင်အထည်ဖော်လုပ်ဆောင်နိုင်တဲ့ ရည်မှန်းချက်အသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ရမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် စားသောက်ပုံနည်းစနစ်မှန်ကန်ပြီး ခန္ဓာကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ချင်တယ်ဆိုပါစို့။ ချက်ချင်းဆိုသလို အစားအသောက်တွေကို ပြောင်းလဲစားသောက်ပြီး နေ့တိုင်း အားကစားသွားလုပ်ဖို့ မလိုပါဘူး။ တစ်လအတွင်း ဘယ်အစားအစာတွေ ဖြတ်မယ်၊ လာမယ့်သီတင်းပတ်တွေမှာ ဘယ်လိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်မယ် စသဖြင့် ရည်မှန်းချက်အသေးလေးတွေကို အရင်ချမှတ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်အသေးလေးတွေ ချမှတ်လုပ်ဆောင်ရင်း တကယ့်ရည်မှန်းချက်ကြီးကို ရောက်ရှိနိုင်ဖို့ လွယ်ကူသွားပါလိမ့်မယ်။
၂။ ကျိုးကြောင်းညီညွတ်မှုရှိပါစေ။
ရည်မှန်းချက်ပန်းတိုင်တစ်ခုဟာ comfort zone ရဲ့ အပြင်ဖက်မှာပဲ ရှိတတ်ပါတယ်။ ဘယ်တော့မှာ သာသာယာယာ ရောက်ရှိနိုင်တာမျိုး မဟုတ်ပါဘူး။ လူတိုင်းက တစ်နှစ်ကို ဒေါ်လာတစ်သန်းလောက် ရချင်ကြပေမယ့် ဒီကိန်းဂဏန်းက သင့်လုပ်ဆောင်နိုင်စွမ်းထက်ကျော်နေမယ်ဆိုရင် သင်စွမ်းဆောင်နိုင်သလောက် အရေအတွက်နဲ့ပဲ စတင်ရမှာ ဖြစ်ပါတယ်။
၃။ ရည်မှန်းချက်ကို လူသိပါစေ။
ဘယ်ရည်မှန်းချက်မဆို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းက မှန်ကန်တဲ့ထောက်ပံ့ကူညီမှုရရှိတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်လုပ်ငန်းကို ကူညီထောက်ပံ့ပေးနိုင်ပြီး အောင်မြင်မှုကို ဝေမျှခံစားချင်ကြသူတွေနဲ့ စကားပြောကြည့်ဖို့ လိုပါတယ်။ ဒီလိုလူတွေဆီက ကူညီမှုကိုရရှိမယ်ဆိုရင် စိန်ခေါ်မှုတွေကြုံလာတိုင် အားပေးမယ့်သူတွေတွေရှိနေမှာဖြစ်သလို ရည်မှန်းချက်ကိုလည်း ပိုကောင်းလာအောင် အကောင်အထည်ဖော်နိုင်လာမှာဖြစ်ပါတယ်။
၄။ ခြေရာကောက်နိုင်ဖို့ လိုပါတယ်။
ရည်မှန်းချက်တွေကို ပိုမိုသေးငယ်အောင် ခွဲခြမ်းစိတ်ဖြားလိုက်ခြင်းဖြင့် လုပ်ဆောင်ရမယ့်ကိစ္စငယ်လေးတွေကို ဖန်တီးနိုင်ပြီး ရည်မှန်းချက်ကြီးတစ်ခုလုံး အကောင်အထည်ပေါ်လာဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီနည်းလမ်းဟာ လုပ်ဆောင်မှုပိုင်းအတွက် နည်းစနစ်ကောင်းတစ်ခုဖြစ်သလို လုပ်ငန်းဆောင်တာတွေကို တိုင်းတာနိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်က ကိုယ်အလေးချိန် လျှော့ဖို့ဆိုရင် သတ်မှတ်ထားတဲ့ရည်မှန်းချက်အသေးအတွင်းမှာ ဘယ်လောက်လျော့ကျသွားလဲဆိုတာကို သိနိုင်ပါတယ်။ ဒါ့အပြင် အဓိကရည်မှန်းချက်ကြီးကို မရောက်ခင်မှာ တိုးတက်မှုအလုံးစုံကိုလည်း ခြေရာကောက်နိုင်သွားမှာ ဖြစ်ပါတယ်။
၅။ ပျော်စရာကောင်းနေဖို့ လိုပါတယ်။
ရည်မှန်းချက်တစ်ခု ဖြစ်မြောက်သွားတိုင်းမှာ အောင်မြင်မှုအတွက် ပျော်ရွှင်ခံစားတတ်ဖို့ လိုပါတယ်။ တိုးတက်မှုကို ခြေရာခံထားပြီး ပျော်ရွှင်နေတတ်ရမှာဖြစ်ပါတယ်။ သင့်ရည်မှန်းချက်ပန်းတိုင်းဆီကို သွားတဲ့လမ်းတစ်လျှောက်မှာ သင်ပျော်နေလေလေ၊ အောင်မြင်မှုတွေ ပိုပြီးရရှိလေလေဖြစ်ပါတယ်။
ရည်မှန်းချက်တွေရဲ့ သဘောက အကောင်အထည်ဖော်နိုင်ဖို့တစ်ခုတည်းမဟုတ်ပါဘူး။ သင့်ရဲ့နေ့စဉ် ဘ၀နေထိုင်မှုအတွင်းကို ပေါင်းစည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက်ကို ချမှတ်ထားရုံမဟုတ်ပဲ ရောက်အောင်သွားဖို့ လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။