အခ်ိန္ဆြဲျခင္း ရပ္တန္႔ေစဖို႔ နည္းလမ္း ၇ ခု

အချိန်ဆွဲခြင်း ရပ်တန့်စေဖို့ နည်းလမ်း ၇ ခု

သင္ အခ်ိန္ဆြဲတတ္ပါသလား??

႐ူပေဗဒပညာရဲ႕ Inertia သေဘာ ႏွစ္ခုစလံုးဟာ အခ်ိန္ဆြဲတတ္သူေတြအဖို႔ အက်ံဳးဝင္ပါတယ္။ ရပ္ေနတဲ့ အရာဟာ ဆက္လက္ရပ္ေနလိုၿပီး ေရြ႕လ်ားေနတဲ့ အရာဟာ ဆက္လက္ ေရြ႕လ်ားေနလိုတာပါ။

ဘယ္တစ္ခုက သင့္အတြက္ ပိုမွန္ပါသလဲ?? ရပ္ေနရာကေန ေရြ႕လ်ားသြားႏိုင္ေအာင္ ဘာလုပ္ရမလဲ??

သည္နည္းဗ်ဴသာေတြကို အခ်ိန္မဆြဲျဖစ္ေတာ့ေအာင္ သံုးၾကည့္လိုက္ပါ။

http://www.facebook.com/SLN.Myanmar

. မနက္ျဖန္ လုပ္ရမယ့္ အရာေတြအတြက္ အခ်ိန္ ငါးမိနစ္ေပးၿပီး ဇယားဆြဲထားလိုက္ပါ။

စာရြက္အလြတ္တစ္ခုေပၚမွာ သင္ ေလးဖင့္ေနတဲ့ အေရးႀကီးတာဝန္ေတြ၊ မလုပ္ခ်င္တာေတြကို ေရးခ်လိုက္ပါ။

. စာရင္းကို ၾကည့္ၿပီး အဲဒီထဲက တစ္ခုကို အခု ခ်က္ျခင္း လုပ္လိုက္ပါ

သင္ ဆင္ေျခေပးေနရာမွာ သံုးတဲ့ စြမ္းအင္ေတြကို သင္ ေ႐ွာင္တိမ္းေနတဲ့ တာဝန္အေပၚ သံုးလိုက္ပါ။ အလုပ္လုပ္တာဟာ အပ်င္းေပ်ာက္ေစပါတယ္။

. အလုပ္လုပ္ဖို႔ အခ်ိန္ တစ္ခု ေရြးထားပါ

အလုပ္စလုပ္ရမွာ ေလးဖင့္တတ္သူဆိုရင္ေတာ့ သင္ ေ႐ွာင္တိမ္းေနတဲ့ လုပ္ငန္း တစ္ခုခုအတြက္ နာရီဝက္ပဲ ျဖစ္ျဖစ္ ေသခ်ာ အခ်ိန္ဇယား ဆြဲထားပါ။ လုပ္ျဖစ္ေအာင္ လုပ္ပါ။

. Perfect ျဖစ္ေနစရာ မလိုပါဘူး

သင့္ ႀကိဳးစားအားထုတ္မႈရဲ႕ အရည္အေသြးက အဓိက အက်ဆံုးပါ။ လံုးဝ ၿပီးျပည့္စံုေနစရာ မလိုပါဘူး။ ၿပီးျပည့္စံုေအာင္ ႀကိဳးစားရင္း အလုပ္မၿပီး ျဖစ္တာေတြ ထပ္မျဖစ္ပါေစနဲ႔ေတာ့။

. အျခားသူေတြ မၿပီးေသးဘူးဆိုၿပီး အခ်ိန္ဆြဲမိေနတာဆိုရင္ သူတို႔နဲ႔ စကားေျပာပါ

သင္ အခ်ိန္ဆြဲေနတဲ့ ရည္ရြယ္ခ်က္ဟာ စိတ္ကူးယဥ္ထားတာ ျဖစ္ႏိုင္ပါတယ္။ စကားဆက္သြယ္မႈ မ႐ွိတာဟာ လိပ္ကို ၾကမ္းပိုး ျဖစ္ေစပါတယ္။

. သင္ ဒီေန႔ ဒါလုပ္လိုက္ရင္ အဆိုးဆံုး ဘာျဖစ္လာႏိုင္မလဲဆိုတာ ကိုယ့္ဘာသာ ေမးပါ

သင္ အခ်ိန္ဆြဲေနရတဲ့ အလုပ္ရဲ႕ အက်ိဳးဆက္ေတြကို ေ႐ွာင္လႊဲခ်င္ေနသးပါသလား?? အဆိုးဆံုး အေျခအေနဟာ သာမန္ အဆင္မေျပတာေလာက္ပဲ ျဖစ္ႏုိင္ပါတယ္။

. သင္ အခ်ိန္ဆြဲေနတဲ့ အလုပ္ ၿပီးသြားရင္ ဘယ္လို ခံစားရမလဲ စဥ္းစားၾကည့္ပါ

စိတ္ဖိအားကေန လြတ္လပ္ပါမယ္။ ကိုယ့္ဘာသာ သံသယ ျဖစ္တာကေန လြတ္လပ္ပါမယ္။ အခ်ိန္ဆြဲထားတဲ့ အလုပ္ေတြ ၿပီးဆံုးျခင္းဟာ သင့္ကို ကိုယ့္ဘာသာ ယံုၾကည္မႈေရာ သင့္ရဲ႕ အလုပ္လုပ္ႏိုင္ စြမ္းအားပါ တိုးေစပါတယ္။


အချိန်ဆွဲခြင်း ရပ်တန့်စေဖို့ နည်းလမ်း ၇ ခု

သင် အချိန်ဆွဲတတ်ပါသလား??

ရူပဗေဒပညာရဲ့ Inertia သဘော နှစ်ခုစလုံးဟာ အချိန်ဆွဲတတ်သူတွေအဖို့ အကျုံးဝင်ပါတယ်။ ရပ်နေတဲ့ အရာဟာ ဆက်လက်ရပ်နေလိုပြီး ရွေ့လျားနေတဲ့ အရာဟာ ဆက်လက် ရွေ့လျားနေလိုတာပါ။

ဘယ်တစ်ခုက သင့်အတွက် ပိုမှန်ပါသလဲ?? ရပ်နေရာကနေ ရွေ့လျားသွားနိုင်အောင် ဘာလုပ်ရမလဲ??

သည်နည်းဗျူသာတွေကို အချိန်မဆွဲဖြစ်တော့အောင် သုံးကြည့်လိုက်ပါ။

၁. မနက်ဖြန် လုပ်ရမယ့် အရာတွေအတွက် အချိန် ငါးမိနစ်ပေးပြီး ဇယားဆွဲထားလိုက်ပါ။

စာရွက်အလွတ်တစ်ခုပေါ်မှာ သင် လေးဖင့်နေတဲ့ အရေးကြီးတာဝန်တွေ၊ မလုပ်ချင်တာတွေကို ရေးချလိုက်ပါ။

၂. စာရင်းကို ကြည့်ပြီး အဲဒီထဲက တစ်ခုကို အခု ချက်ခြင်း လုပ်လိုက်ပါ

သင် ဆင်ခြေပေးနေရာမှာ သုံးတဲ့ စွမ်းအင်တွေကို သင် ရှောင်တိမ်းနေတဲ့ တာဝန်အပေါ် သုံးလိုက်ပါ။ အလုပ်လုပ်တာဟာ အပျင်းပျောက်စေပါတယ်။

၃. အလုပ်လုပ်ဖို့ အချိန် တစ်ခု ရွေးထားပါ

အလုပ်စလုပ်ရမှာ လေးဖင့်တတ်သူဆိုရင်တော့ သင် ရှောင်တိမ်းနေတဲ့ လုပ်ငန်း တစ်ခုခုအတွက် နာရီဝက်ပဲ ဖြစ်ဖြစ် သေချာ အချိန်ဇယား ဆွဲထားပါ။ လုပ်ဖြစ်အောင် လုပ်ပါ။

၄. Perfect ဖြစ်နေစရာ မလိုပါဘူး

သင့် ကြိုးစားအားထုတ်မှုရဲ့ အရည်အသွေးက အဓိက အကျဆုံးပါ။ လုံးဝ ပြီးပြည့်စုံနေစရာ မလိုပါဘူး။ ပြီးပြည့်စုံအောင် ကြိုးစားရင်း အလုပ်မပြီး ဖြစ်တာတွေ ထပ်မဖြစ်ပါစေနဲ့တော့။

၅. အခြားသူတွေ မပြီးသေးဘူးဆိုပြီး အချိန်ဆွဲမိနေတာဆိုရင် သူတို့နဲ့ စကားပြောပါ

သင် အချိန်ဆွဲနေတဲ့ ရည်ရွယ်ချက်ဟာ စိတ်ကူးယဉ်ထားတာ ဖြစ်နိုင်ပါတယ်။ စကားဆက်သွယ်မှု မရှိတာဟာ လိပ်ကို ကြမ်းပိုး ဖြစ်စေပါတယ်။

၆. သင် ဒီနေ့ ဒါလုပ်လိုက်ရင် အဆိုးဆုံး ဘာဖြစ်လာနိုင်မလဲဆိုတာ ကိုယ့်ဘာသာ မေးပါ

သင် အချိန်ဆွဲနေရတဲ့ အလုပ်ရဲ့ အကျိုးဆက်တွေကို ရှောင်လွှဲချင်နေသးပါသလား?? အဆိုးဆုံး အခြေအနေဟာ သာမန် အဆင်မပြေတာလောက်ပဲ ဖြစ်နိုင်ပါတယ်။

၇. သင် အချိန်ဆွဲနေတဲ့ အလုပ် ပြီးသွားရင် ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ

စိတ်ဖိအားကနေ လွတ်လပ်ပါမယ်။ ကိုယ့်ဘာသာ သံသယ ဖြစ်တာကနေ လွတ်လပ်ပါမယ်။ အချိန်ဆွဲထားတဲ့ အလုပ်တွေ ပြီးဆုံးခြင်းဟာ သင့်ကို ကိုယ့်ဘာသာ ယုံကြည်မှုရော သင့်ရဲ့ အလုပ်လုပ်နိုင် စွမ်းအားပါ တိုးစေပါတယ်။

Related Posts

%%footer%%