လုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္ဖို႔ အေရးပါသည့္ ေနထိုင္မႈပံုစံ

လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ဖို့ အရေးပါသည့် နေထိုင်မှုပုံစံ

သင့္ရဲ႕ ေနပံုထုိင္ပံုက ထင္ထားတာထက္ ပိုၿပီးၿပီးအေရးႀကီးပါတယ္။ အလုပ္လုပ္တဲ့အခါမွာ ေျဖာင့္မတ္စြာထိုင္တာနဲ႔ ခါးကိုင္းၿပီးထိုင္တာက အလုပ္ရဲ႕အရည္အေသြးအေပၚမွာ သက္ေရာက္မႈရွိေနပါတယ္။ သင့္ရဲ႕ ေနထိုင္ပံုေပၚမွာ မူတည္ၿပီး ခႏၶာကိုယ္ရဲ႕လုပ္ငန္းလုပ္ေဆာင္ပံု ကြဲျပားျခားနားသြားတတ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္သမား၊ ၀န္ထမ္းေတြအတြက္ လုပ္ငန္းခြင္အတြင္းမွာ အလုပ္ၿပီးေျမာက္မႈ တိုးတက္လာေစမယ့္ နည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

အေသးစိပ္ၾကည့္ရႈ႕ရန္

 

အစားစားၿပီး ခႏၶာကိုယ္ေလးလံျခင္းမရွိေစဖို႔ တည့္တည့္မတ္မတ္ထိုင္ပါ။

သင့္အေနနဲ႔ မတ္တပ္ရပ္တဲ့အခါမွာ ဒါမွမဟုတ္ ထိုင္တဲ့အခါမွာ ခႏၶာကိုယ္ကို တည့္မတ္စြာ ထားမယ္ဆိုရင္ ႏွလံုးခုန္ႏႈန္းက တစ္မိနစ္ကို (၁၀)ႀကိမ္ခန္႔အထိ ျမင့္တက္လာႏိုင္ၿပီး အလုပ္ေတြကို တုံ႔ျပန္ခ်ိန္နဲ႔ အာ႐ုံစူးစိုက္မႈကို တိုးတက္ေကာင္းမြန္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အထူးအေလးထား အာ႐ုံစိုက္ရမယ့္ အလုပ္ေတြလုပ္ေတာ့မယ္ဆိုရင္ ခႏၶာကိုယ္ကို တည့္တည့္ထားဖို႔ လိုပါတယ္။

အတုယူစရာ သန္းၾကြယ္သူေဌးတို႔၏ အမူအက်င့္(၅)ခု

ခက္ခဲတဲ့အလုပ္ရွိရင္ သက္ေတာင့္သက္သာမျဖစ္ေအာင္ ေနပါ။

ကၽြန္ေတာ္တို႔ အမ်ားစုက ေနထိုင္ရတာ သက္ေတာင့္သက္သာရွိေနရင္ စိတ္ဓာတ္က်ဖို႔၊ အာ႐ုံပ်က္ဖို႔နဲ႔ အိပ္ငိုက္ဖို႔ ပိုလြယ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သက္ေတာင့္သက္သာရွိတဲ့ ဆိုဖာခုံေပၚမွာ ထိုင္တာတက္ အမာခံအသားနဲ႔ ခံုတစ္လံုးမွာ ထိုင္တာက ပိုၿပီးေတာ့ တက္ၾကြႏိုးၾကားေနေစပါတယ္။ သင့္အေနနဲ႔ ခက္ခဲ႐ႈပ္ေထြးတဲ့အလုပ္ေတြကို သက္ေတာင့္သက္သာမရွိတဲ့ ေနထိုင္ပံုမ်ိဳးနဲ႔ လုပ္ေဆာင္မယ္ဆိုရင္ အလုပ္ၿပီးေျမာက္မႈ ျမန္ဆန္လာမွာပါ။

အေသးစိပ္ၾကည့္ရႈ႕ရန္

 

လက္ျပင္ကုန္းျခင္းက သင့္ကို ၀မ္းနည္းေစပါတယ္။

ကၽြန္ေတာ္တို႔အေနနဲ႔ စိတ္ဓာတ္က်တာ၊ ႐ႈံးနိမ့္တာေတြကို ခံစားရတဲ့အခါမွ ခႏၶာကိုယ္က ေကြးညႊတ္သြားတတ္ပါတယ္။ ေလ့လာမႈေတြအရ ခါးကိုင္း၊ လက္ျပင္ကုန္းၿပီး ထုိင္သူေတြက ေကာင္းမြန္တဲ့ အေတြးစိတ္ကူးေတြကို ေတြးႏိုင္ဖို႔ ခက္ခဲတယ္လို႔လည္း သိရပါတယ္။ ခါးကိုင္း၊ လက္ျပင္ကုန္းတဲ့သူေတြမွာ တက္စ္တိုစတီ႐ုန္း ပမာဏက်ဆင္းၿပီး ေကာ္တီဆိုးလ္ ပမာဏ ျမင့္တက္လာပါတယ္။ ဒါ့ေၾကာင့္ အကူအညီမဲ့၊ ေမွ်ာ္လင့္ခ်က္မဲ့တဲ့အေတြးေတြ ပိုေတြမိေစၿပီး ေကာင္းတာေတြ ေတြးမိဖို႔ ဦးေႏွာက္က အလုပ္ပိုလုပ္ရတဲ့ အတြက္ ျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းလည္း ရွိပါတယ္။ ခါးကိုင္းလက္ျပင္ကုန္းတာရဲ႕ ဆန္႔က်င္ဖက္အျဖစ္ ခႏၶာကိုယ္ကို တည့္တည့္မတ္မတ္ထိုင္မယ္ဆိုရင္ အျပဳသေဘာေဆာင္ၿပီး ေကာင္းတဲ့ အေတြးစိတ္ကူးေတြကို ပိုေတြးႏိုင္မွာပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က အလုပ္လုပ္ရာေနရာကေန စကၠန္႔(၃၀)ေလာက္ ထထြက္သြားတာကလည္း စိတ္ခံစားမႈနဲ႔ စြမ္းအားကို သိသိသာသာ တိုးလာေစတာပဲျဖစ္ပါတယ္။

———————————————————————–

လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ဖို့ အရေးပါသည့် နေထိုင်မှုပုံစံ

သင့်ရဲ့ နေပုံထိုင်ပုံက ထင်ထားတာထက် ပိုပြီးပြီးအရေးကြီးပါတယ်။ အလုပ်လုပ်တဲ့အခါမှာ ဖြောင့်မတ်စွာထိုင်တာနဲ့ ခါးကိုင်းပြီးထိုင်တာက အလုပ်ရဲ့အရည်အသွေးအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ သင့်ရဲ့ နေထိုင်ပုံပေါ်မှာ မူတည်ပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းလုပ်ဆောင်ပုံ ကွဲပြားခြားနားသွားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်သမား၊ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ပြီးမြောက်မှု တိုးတက်လာစေမယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

အစားစားပြီး ခန္ဓာကိုယ်လေးလံခြင်းမရှိစေဖို့ တည့်တည့်မတ်မတ်ထိုင်ပါ။

သင့်အနေနဲ့ မတ်တပ်ရပ်တဲ့အခါမှာ ဒါမှမဟုတ် ထိုင်တဲ့အခါမှာ ခန္ဓာကိုယ်ကို တည့်မတ်စွာ ထားမယ်ဆိုရင် နှလုံးခုန်နှုန်းက တစ်မိနစ်ကို (၁၀)ကြိမ်ခန့်အထိ မြင့်တက်လာနိုင်ပြီး အလုပ်တွေကို တုံ့ပြန်ချိန်နဲ့ အာရုံစူးစိုက်မှုကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အထူးအလေးထား အာရုံစိုက်ရမယ့် အလုပ်တွေလုပ်တော့မယ်ဆိုရင် ခန္ဓာကိုယ်ကို တည့်တည့်ထားဖို့ လိုပါတယ်။

ခက်ခဲတဲ့အလုပ်ရှိရင် သက်တောင့်သက်သာမဖြစ်အောင် နေပါ။

ကျွန်တော်တို့ အများစုက နေထိုင်ရတာ သက်တောင့်သက်သာရှိနေရင် စိတ်ဓာတ်ကျဖို့၊ အာရုံပျက်ဖို့နဲ့ အိပ်ငိုက်ဖို့ ပိုလွယ်တတ်ကြပါတယ်။ ဒါ့ကြောင့် သက်တောင့်သက်သာရှိတဲ့ ဆိုဖာခုံပေါ်မှာ ထိုင်တာတက် အမာခံအသားနဲ့ ခုံတစ်လုံးမှာ ထိုင်တာက ပိုပြီးတော့ တက်ကြွနိုးကြားနေစေပါတယ်။ သင့်အနေနဲ့ ခက်ခဲရှုပ်ထွေးတဲ့အလုပ်တွေကို သက်တောင့်သက်သာမရှိတဲ့ နေထိုင်ပုံမျိုးနဲ့ လုပ်ဆောင်မယ်ဆိုရင် အလုပ်ပြီးမြောက်မှု မြန်ဆန်လာမှာပါ။

acer
http://www.facebook.com/SLM.Myanmar

လက်ပြင်ကုန်းခြင်းက သင့်ကို ဝမ်းနည်းစေပါတယ်။

ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်ကျတာ၊ ရှုံးနိမ့်တာတွေကို ခံစားရတဲ့အခါမှ ခန္ဓာကိုယ်က ကွေးညွှတ်သွားတတ်ပါတယ်။ လေ့လာမှုတွေအရ ခါးကိုင်း၊ လက်ပြင်ကုန်းပြီး ထိုင်သူတွေက ကောင်းမွန်တဲ့ အတွေးစိတ်ကူးတွေကို တွေးနိုင်ဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။ ခါးကိုင်း၊ လက်ပြင်ကုန်းတဲ့သူတွေမှာ တက်စ်တိုစတီရုန်း ပမာဏကျဆင်းပြီး ကော်တီဆိုးလ် ပမာဏ မြင့်တက်လာပါတယ်။ ဒါ့ကြောင့် အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့တဲ့အတွေးတွေ ပိုတွေမိစေပြီး ကောင်းတာတွေ တွေးမိဖို့ ဦးနှောက်က အလုပ်ပိုလုပ်ရတဲ့ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းလည်း ရှိပါတယ်။ ခါးကိုင်းလက်ပြင်ကုန်းတာရဲ့ ဆန့်ကျင်ဖက်အဖြစ် ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ထိုင်မယ်ဆိုရင် အပြုသဘောဆောင်ပြီး ကောင်းတဲ့ အတွေးစိတ်ကူးတွေကို ပိုတွေးနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က အလုပ်လုပ်ရာနေရာကနေ စက္ကန့်(၃၀)လောက် ထထွက်သွားတာကလည်း စိတ်ခံစားမှုနဲ့ စွမ်းအားကို သိသိသာသာ တိုးလာစေတာပဲဖြစ်ပါတယ်။

Related Posts

%%footer%%