ေယာက္်ားေကာင္းေတြ လံုးဝ မလုပ္သင့္တဲ့ အရာ ၁၀ ခု
ယောက်ျားကောင်းတွေ လုံးဝ မလုပ်သင့်တဲ့ အရာ ၁၀ ခု
ကြၽန္ေတာ္ အရင္က ေယာက္်ားေတြ ခ်စ္သူမေပၚမွာ လုပ္ေပးသင့္တဲ့ အရာေတြအေၾကာင္း ေဆာင္းပါးေတြ ေရးတုန္းက ခုေခတ္မွာ ဒီလိုေတြ မလုပ္ၾကေတာ့ဘူးဆိုၿပီး ျပန္လွန္ေျပာတဲ့ လူေတြ ႐ွိၾကပါတယ္။
ေျပာရရင္ ” ေယာက္်ားေကာင္း” ေတြပဲ အဲဒီလို ျပဳမူဆက္ဆံတာပါ။ တကယ္လို႔ သင့္မွာ အဲဒီ အမူအက်င့္ေတြ မ႐ွိရင္ေတာ့ ေယာက္်ားေကာင္း ျဖစ္ဖို႔ ႀကိဳးစားဖို႔ လိုေသးလို႔ပါပဲ။ တျခားဘက္ကၾကည့္ၿပီး လံုးဝ မလုပ္သင့္တဲ့ အရာေတြကေတာ့
၁. သူမရဲ႕ ႐ုပ္ရည္သြင္ျပင္ကို ဘယ္ေတာ့မွ အျပစ္မေျပာပါနဲ႔
” ဆံပင္ေလး နည္းနည္းသာ ႐ွည္လိုက္ရင္” ” ေပါင္ေလး နည္းနည္းသာ က်သြားရင္” ေယာက္်ားေကာင္းဆိုတာ သင့္႐ုပ္ရည္နဲ႔ ပါတ္သတ္ၿပီး သင့္ကုိ နာက်င္ေအာင္ ေျပာမွာ မဟုတ္ပါဘူး။ အဲဒီလိုေျပာတတ္လုပ္တတ္သူေတြဟာ သင့္ရဲ႕ ကိုယ္ပုိင္ ယံုၾကည္စိတ္ကို ေလ်ာ့နည္းသြားေစၿပီး သူ႔ကို မွီခိုေစလိုသူေတြပါ။
၂. သူမရဲ႕ ကိုယ္ေရးကိုယ္တာေတြကို မေႏွာင့္ယွက္ပါနဲ႔
ခ်စ္ဇာတ္လမ္းေကာင္းတစ္ခုမွာ ဘာကိုမွ ဖံုးကြယ္ထားစရာ မ႐ွိပါဘူး။ ဒါေပမယ့္ အဲဒါဟာ သင့္ရဲ႕ပါတနာ ဖုန္းကို ခဏထားခဲ့တိုင္း ခိုးၾကည့္စပ္စုလို႔ ရတယ္ မဆိုလိုပါဘူး။ အဲဒီလို ခိုးၾကည့္သူေတြဟာ သူတို႔ဘာသာ လံုျခံဳမႈ မ႐ွိပဲ သူတို႔ျပသနာေတြကို သင့္အေပၚ ထိုးခ်ခ်င္သူေတြပါ။
မိုုးနတ္မင္း အြန္လိုုင္းေစ်းမွ အမ်ိဳးသား၀တ္နာရီမ်ား ၾကည့္ရန္ ႏွိပ္ပါ >>>>>
၃. သူမကို ဘယ္ေတာ့မွ စိတ္ဓာတ္ မက်ပါေစနဲ႔
လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ယံုၾကည္မႈဟာ သူ တျခားသူေတြရဲ႕ရည္မွန္းခ်က္ေတြကို ဘယ္ေလာက္ အားေပးလဲဆိုတာနဲ႔ တိုင္းတာလို႔ရပါတယ္။ ေယာက္်ားေကာင္းတစ္ေယာက္ဟာ သူ႔ေဘးက လူအားလံုးကို ကူၫီအားေပးဖို႔ အသင့္႐ွိေနၿပီး ဘယ္ေတာ့မွ စိတ္ဓာတ္ မက်ေစပါဘူး။
၄. သူမရဲ႕ တန္ဖိုးကို သိထားပါ
သင့္ရဲ႕ တန္ဖိုးကို သင့္ရဲ႕ ပါတနာအေပၚ သက္ေသျပဖို႔ လိုၿပီလို႔ သိလိုက္တဲ့ ခဏဟာ လမ္းခြဲဖို႔ အခ်ိန္ပါပဲ။ ခ်စ္သူတစ္ေယာက္ဟာ သင့္ရဲ႕ တန္ဖိုးနဲ႔ သင့္ကုိ အ႐ွိအတိုင္း လက္ခံလို႔ သင့္အနားမွာ ေနတာပဲ ျဖစ္သင့္ပါတယ္။ သင္ ဘာလုပ္လို႔၊ သူတို႔ကို ဘာေပးလို႔ ႐ွိေနတာ မျဖစ္သင့္ပါဘူး။
၅. သူမကို ေနာက္ပိုင္း ပို႔မထားပါနဲ႔
ခ်စ္ဇာတ္လမ္းတစ္ခုဆိုတာ လူႏွစ္ေယာက္ရဲ႕ ဘဝေတြ ေပါင္းစည္းသြားတာပါ။ ေယာက်္ားတစ္ေယာက္မွာ တစ္ကိုယ္ရည္ အပန္းေျဖခ်ိန္ ႐ွိေပမယ့္ သင့္ခ်စ္သူကိုလဲ သင့္ အခ်ိန္ဇယားရဲ႕ ထိပ္ပိုင္းမွာ ေနရာေပးထားသင့္ပါတယ္။ သင့္အိမ္အျပန္ကို သူေစာင့္ေနရတဲ့အခ်ိန္က တူတူ႐ွိတဲ့ အခ်ိန္ထက္ မ်ားတာ မျဖစ္သင့္ပါဘူး။
၆. သူမကို အထီးမက်န္ပါေစနဲ႔
ခ်စ္ဇာတ္လမ္းဆိုတာ ႏွစ္လမ္းသြားေတြ ျဖစ္ရမွာပါ။ လူသားေတြအတြက္ စိတ္ဓာတ္က်တတ္တာ သဘာဝပါ။ သူမ စိတ္ဓာတ္က်ခ်ိန္ေတြမွာ သင္ဟာ သူမအတြက္ ႐ွိေနေပးရပါမယ္။ မနက္တိုင္း သူမေဘးမွာ ႏိုးထေပးႏိုင္ရပါမယ္။
၇. သူမအေပၚ ဘယ္ေတာ့မွ မေဖာက္ျပန္ပါနဲ႔
ေယာက္်ားေကာင္း တစ္ေယာက္ဟာ ဘယ္ေတာ့မွ ေဖာက္ျပန္မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဖာက္ျပန္ျခင္းဟာ သူ႔ရဲ႕ ခ်စ္သူအေပၚ ေပးထားခဲ့တဲ့ ကတိစကားကို ခ်ိဳးေဖာက္တာ ျဖစ္ေနလို႔ပါ။
မိုုးနတ္မင္း အြန္လိုုင္းေစ်းမွ ညၾကည့္မ်က္မွန္မ်ား ၾကည့္ရန္ ႏွိပ္ပါ >>>>>
၈. သူမကို ဘယ္ေတာ့မွ မေလးမစား မျပဳပါနဲ႔
လြယ္ကူ ႐ိုး႐ွင္းေပမယ့္ ေက်ာ္ၿပီး အၾကည့္ခံရတဲ့ အရည္အခ်င္းေလးပါ။ ေယာက်္ားေကာင္းတစ္ေယာက္ဟာ သူ႔ပါတ္ဝန္းက်င္က လူအားလံုးကို ေလးစားတတ္ၿပီး ဘယ္ေတာ့မွ အဆင့္အတန္း မခြဲျခားတတ္ပါဘူး။ အရည္အခ်င္း႐ွိသူဟာ တန္းတူညီမ်ွျခင္းကုိ မေၾကာက္ပါဘူး။
၉. သူမနဲ႔ေျပာရမယ့္ အေရးႀကီးစကားဝုိင္းေတြကို မေ႐ွာင္ပါနဲ႔
မိသားစုၾကားမွာျဖစ္ျဖစ္၊ ခ်စ္သူၾကားမွာ ျဖစ္ျဖစ္ ျပသနာဆိုတာ မ်က္ႏွာခ်င္းဆိုင္ ႐ွင္းမွ ၿပီးမယ္ဆိုတာ ေယာက္်ားေကာင္းေတြ နားလည္ပါတယ္။ ျပသနာဆိုတာ ဒီတိုင္း ၾကာၾကာထားေလ ပိုဆိုးေလပါ။ ဘယ္အခ်ိန္မွာ ထိန္းထားၿပီး ဘယ္အခ်ိန္မွာ ဖြင့္ထုတ္ရမလဲဆိုတာ သိဖို႔ အေရးႀကီးပါတယ္။
၁၀. သူမကို ဘယ္ေတာ့မွ အႏိုင္မက်င့္ပါနဲ႔
အႏိုင္က်င့္တယ္ဆိုတာ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပုိင္းဆိုင္ရာပါ အမ်ိဳးမ်ိဳး ႐ွိပါတယ္။ အႏိုင္က်င့္တာဟာ တျခားသူတစ္ေယာက္ရဲ႕ စိတ္ဓာတ္ကို ပ်က္စီးသြားေစပါတယ္။ ေယာက္်ားေကာင္းတစ္ေယာက္ဟာ သူ႔ထက္ ဘယ္သူ႔ကိုမွ ႏွိမ့္ခ်လိုစိတ္ မ႐ွိပါဘူး။
ယောက်ျားကောင်းတွေ လုံးဝ မလုပ်သင့်တဲ့ အရာ ၁၀ ခု
ကျွန်တော် အရင်က ယောက်ျားတွေ ချစ်သူမပေါ်မှာ လုပ်ပေးသင့်တဲ့ အရာတွေအကြောင်း ဆောင်းပါးတွေ ရေးတုန်းက ခုခေတ်မှာ ဒီလိုတွေ မလုပ်ကြတော့ဘူးဆိုပြီး ပြန်လှန်ပြောတဲ့ လူတွေ ရှိကြပါတယ်။
ပြောရရင် ” ယောက်ျားကောင်း” တွေပဲ အဲဒီလို ပြုမူဆက်ဆံတာပါ။ တကယ်လို့ သင့်မှာ အဲဒီ အမူအကျင့်တွေ မရှိရင်တော့ ယောက်ျားကောင်း ဖြစ်ဖို့ ကြိုးစားဖို့ လိုသေးလို့ပါပဲ။ တခြားဘက်ကကြည့်ပြီး လုံးဝ မလုပ်သင့်တဲ့ အရာတွေကတော့
၁. သူမရဲ့ ရုပ်ရည်သွင်ပြင်ကို ဘယ်တော့မှ အပြစ်မပြောပါနဲ့
” ဆံပင်လေး နည်းနည်းသာ ရှည်လိုက်ရင်” ” ပေါင်လေး နည်းနည်းသာ ကျသွားရင်” ယောက်ျားကောင်းဆိုတာ သင့်ရုပ်ရည်နဲ့ ပါတ်သတ်ပြီး သင့်ကို နာကျင်အောင် ပြောမှာ မဟုတ်ပါဘူး။ အဲဒီလိုပြောတတ်လုပ်တတ်သူတွေဟာ သင့်ရဲ့ ကိုယ်ပိုင် ယုံကြည်စိတ်ကို လျော့နည်းသွားစေပြီး သူ့ကို မှီခိုစေလိုသူတွေပါ။
၂. သူမရဲ့ ကိုယ်ရေးကိုယ်တာတွေကို မနှောင့်ယှက်ပါနဲ့
ချစ်ဇာတ်လမ်းကောင်းတစ်ခုမှာ ဘာကိုမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ဒါပေမယ့် အဲဒါဟာ သင့်ရဲ့ပါတနာ ဖုန်းကို ခဏထားခဲ့တိုင်း ခိုးကြည့်စပ်စုလို့ ရတယ် မဆိုလိုပါဘူး။ အဲဒီလို ခိုးကြည့်သူတွေဟာ သူတို့ဘာသာ လုံခြုံမှု မရှိပဲ သူတို့ပြသနာတွေကို သင့်အပေါ် ထိုးချချင်သူတွေပါ။
၃. သူမကို ဘယ်တော့မှ စိတ်ဓာတ် မကျပါစေနဲ့
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုဟာ သူ တခြားသူတွေရဲ့ရည်မှန်းချက်တွေကို ဘယ်လောက် အားပေးလဲဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ဘေးက လူအားလုံးကို ကူညီအားပေးဖို့ အသင့်ရှိနေပြီး ဘယ်တော့မှ စိတ်ဓာတ် မကျစေပါဘူး။
၄. သူမရဲ့ တန်ဖိုးကို သိထားပါ
သင့်ရဲ့ တန်ဖိုးကို သင့်ရဲ့ ပါတနာအပေါ် သက်သေပြဖို့ လိုပြီလို့ သိလိုက်တဲ့ ခဏဟာ လမ်းခွဲဖို့ အချိန်ပါပဲ။ ချစ်သူတစ်ယောက်ဟာ သင့်ရဲ့ တန်ဖိုးနဲ့ သင့်ကို အရှိအတိုင်း လက်ခံလို့ သင့်အနားမှာ နေတာပဲ ဖြစ်သင့်ပါတယ်။ သင် ဘာလုပ်လို့၊ သူတို့ကို ဘာပေးလို့ ရှိနေတာ မဖြစ်သင့်ပါဘူး။
၅. သူမကို နောက်ပိုင်း ပို့မထားပါနဲ့
ချစ်ဇာတ်လမ်းတစ်ခုဆိုတာ လူနှစ်ယောက်ရဲ့ ဘဝတွေ ပေါင်းစည်းသွားတာပါ။ ယောက်ျားတစ်ယောက်မှာ တစ်ကိုယ်ရည် အပန်းဖြေချိန် ရှိပေမယ့် သင့်ချစ်သူကိုလဲ သင့် အချိန်ဇယားရဲ့ ထိပ်ပိုင်းမှာ နေရာပေးထားသင့်ပါတယ်။ သင့်အိမ်အပြန်ကို သူစောင့်နေရတဲ့အချိန်က တူတူရှိတဲ့ အချိန်ထက် များတာ မဖြစ်သင့်ပါဘူး။
၆. သူမကို အထီးမကျန်ပါစေနဲ့
ချစ်ဇာတ်လမ်းဆိုတာ နှစ်လမ်းသွားတွေ ဖြစ်ရမှာပါ။ လူသားတွေအတွက် စိတ်ဓာတ်ကျတတ်တာ သဘာဝပါ။ သူမ စိတ်ဓာတ်ကျချိန်တွေမှာ သင်ဟာ သူမအတွက် ရှိနေပေးရပါမယ်။ မနက်တိုင်း သူမဘေးမှာ နိုးထပေးနိုင်ရပါမယ်။
၇. သူမအပေါ် ဘယ်တော့မှ မဖောက်ပြန်ပါနဲ့
ယောက်ျားကောင်း တစ်ယောက်ဟာ ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖောက်ပြန်ခြင်းဟာ သူ့ရဲ့ ချစ်သူအပေါ် ပေးထားခဲ့တဲ့ ကတိစကားကို ချိုးဖောက်တာ ဖြစ်နေလို့ပါ။
၈. သူမကို ဘယ်တော့မှ မလေးမစား မပြုပါနဲ့
လွယ်ကူ ရိုးရှင်းပေမယ့် ကျော်ပြီး အကြည့်ခံရတဲ့ အရည်အချင်းလေးပါ။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ပါတ်ဝန်းကျင်က လူအားလုံးကို လေးစားတတ်ပြီး ဘယ်တော့မှ အဆင့်အတန်း မခွဲခြားတတ်ပါဘူး။ အရည်အချင်းရှိသူဟာ တန်းတူညီမျှခြင်းကို မကြောက်ပါဘူး။
၉. သူမနဲ့ပြောရမယ့် အရေးကြီးစကားဝိုင်းတွေကို မရှောင်ပါနဲ့
မိသားစုကြားမှာဖြစ်ဖြစ်၊ ချစ်သူကြားမှာ ဖြစ်ဖြစ် ပြသနာဆိုတာ မျက်နှာချင်းဆိုင် ရှင်းမှ ပြီးမယ်ဆိုတာ ယောက်ျားကောင်းတွေ နားလည်ပါတယ်။ ပြသနာဆိုတာ ဒီတိုင်း ကြာကြာထားလေ ပိုဆိုးလေပါ။ ဘယ်အချိန်မှာ ထိန်းထားပြီး ဘယ်အချိန်မှာ ဖွင့်ထုတ်ရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။
၁၀. သူမကို ဘယ်တော့မှ အနိုင်မကျင့်ပါနဲ့
အနိုင်ကျင့်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမျိုးမျိုး ရှိပါတယ်။ အနိုင်ကျင့်တာဟာ တခြားသူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ထက် ဘယ်သူ့ကိုမှ နှိမ့်ချလိုစိတ် မရှိပါဘူး။