လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ လွယ်ကူရိုးရှင်းသည့် အချက်(၉)ခု
မိုးနတ်မင်း အွန်လိုင်းဈေးမှ အမျိုးသားဝတ်နာရီများ ကြည့်ရန် နှိပ်ပါ >>>>>
၆။ နှစ်ခါပြန် စစ်ဆေးပါ။
၇။ မျက်ခြေမပြတ်ပါစေနဲ့။
မိုးနတ်မင်း အွန်လိုင်းဈေးမှ ညကြည့်မျက်မှန်များ ကြည့်ရန် နှိပ်ပါ >>>>>
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ လွယ်ကူရိုးရှင်းသည့် အချက်(၉)ခု
သင့်ရဲ့ အဓိကအသက်မွေးဝမ်းကျောင်းအလုပ်မှာ အောင်မြင်မှုတွေ ရရှိဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့်တစ်ချို့ရှိပါတယ်။ ဒီအချက်တွေကိုသာ အကောင်းဆုံးကျင့်သုံးနိုင်မယ်ဆိုရင် ဘယ်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ထိပ်တန်းစွမ်းဆောင်ရည်ပြည့်၀ပြီး အောင်မြင်လာမှာသေချာပါတယ်။
၁။ ကြားသမျှကို နားထောင်ပြီး ရေးချမှတ်သားထားပါ။
မှတ်စုစာအုပ်တစ်အုပ်ကို အမြဲတမ်းဆောင်ထားပါ။ သင့်ရဲ့အထက်လူကြီး ဒါမှမဟုတ် စားသုံးသူတွေက အလုပ်တွေပြောလာတဲ့အခါမှာ သေချာရေးမှတ်ထားပြီး အတိအကျလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
၂။ အချက်အလက်တွေကို စုစည်းထားပါ။
အောင်မြင်သူတိုင်းဟာ သူတို့ရဲ့ မှတ်စုတွေ၊ အချက်အလက်တွေ၊ အစည်းအဝေးမှတ်တမ်းတွေ၊ တွေ့ခဲ့တဲ့လူတွေ၊ တာဝန်ယူထားတဲ့လုပ်ငန်းနဲ့ပတ်သက်တာတွေအားလုံးကို စနစ်တကျ စုစည်းစီစဉ်ထားတတ်ပါတယ်။ ဒီလို အသေးစိတ်အထိဦးစားပေးစီစဉ်ဆောင်ရွက်တတ်တာကိုက ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ အကျင့်စရိုက်ပဲဖြစ်ပါတယ်။
၃။ ညွှန်ကြားချက်တွေကို လိုက်နာပါ။
လုပ်ငန်းတစ်ခုကို မလုပ်ဆောင်ခင်မှာ ညွှန်ကြားချက်ကို သိထားဖို့လိုပါတယ်။ ဘာကို ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး သေချာမသိတာက အလုပ်ကို တာဝန်မယူနိုင်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။
၄။ အကြံဉာဏ်ကောင်းများကို ရှာဖွေပါ။
အလုပ်တစ်ခု မလုပ်ခင်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းဖိုရမ်တွေ၊ ဆွေးနွေးပွဲတွေမှာ ဝင်ရောက်အဖြေရှာခြင်း အားဖြင့် အကြံဉာဏ်ကောင်းတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကုန်လည်း အများကြီး သက်သာသွားနိုင်ပါတယ်။
၅။ ပွင့်လင်းစွာ ပြောဆိုဆက်သွယ်ပါ။
လက်ရှိလုပ်ဆောင်ရမယ့် အလုပ်တစ်ခုရဲ့ရည်ရွယ်ချက်ကို သေချာနားမလည်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုတတ်ဖို့ လိုပါတယ်။ ဒါမှသာ အားလုံးလိုချင်တဲ့ ရလဒ်ထွက်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အတွက်လည်း စမ်းတဝါးဝါးလုပ်နေရတာထက် အချိန်ကုန်လူပန်းသက်သာပါလိမ့်မယ်။
၆။ နှစ်ခါပြန် စစ်ဆေးပါ။
ထူးချွန်သူတိုင်း အောင်မြင်တာမဟုတ်ပါဘူး။ ဒါပေမယ့် အမှားတွေကို ပြင်ဆင်နိုင်သူတွေကတော့ အောင်မြင်ဖို့ အလားအလာပိုများပါတယ်။ ဒါ့ကြောင့် သင်တစ်ခုခု လုပ်ဆောင်တိုင်းမှာ နှစ်ခါပြန်၊ သုံးခါပြန် စစ်ဆေးဖို့ လိုပါတယ်။
၇။ မျက်ခြေမပြတ်ပါစေနဲ့။
တစ်ယောက်ယောက်ကို အလုပ်တစ်ခုလုပ်ခိုင်းပြီးတဲ့အခါမှာ သူတို့တကယ်လုပ်မလုပ်ကို စောင့်ကြည့်တိုက်တွန်းပါ။
၈။ အကောင်းဆုံးလုပ်ဆောင်ပါ။
ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အစောပိုင်းအခြေအနေမှာ တိုးတက်မှုတွေရရှိဖို့အတွက်က လေ့လာသင်ယူခဲ့တဲ့ အရည်အချင်းတွေပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်အတွင်းကရော၊ အပြင်ကလူတွေနဲ့ပါ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိမယ်ဆိုရင် သင့်ရဲ့တိုးတက်အောင်မြင်မှုကလည်း မြန်ဆန်မှာ ဖြစ်ပါတယ်။
၉။ ကွဲပြားခြားနားစွာ တွေးခေါ်ပါ။
သင့်ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ တစ်နှစ်တာ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အကြံဉာဏ်တွေကို တစ်လကိုတစ်ခုလောက် တင်ပြပါ။ ဒီရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်တိုင်းကို စေ့စပ်သေချာစွာ စဉ်းစားသုံးသပ်ပြီး လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဖော်ပြထားပါ။ ဒီလိုတင်ပြတဲ့အကြံဉာဏ်တွေထဲက နှစ်ခုလောက်ကို လက်ခံတယ်ဆိုရင်ပဲ သင့်လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိဖို့ အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်ပါတယ်။