Gentleman တစ်ယောက်ရဲ့ အရည်အသွေးများ
Gentleman တစ္ေယာက္ရဲ႕ အရည္အေသြးမ်ား
လူႀကီးလူေကာင္း (Gentleman) ဆိုတာက ငေပြး (Player) နဲ႔ အေခၚအေ၀ၚပဲကြဲတာလို႔ ေျပာရင္ လူတစ္ခ်ိဳ႕က သေဘာတူမွာမဟုတ္ပါဘူး။ ျပန္ေတြးၾကည့္မယ္ဆိုရင္ Player တစ္ေယာက္က Gentleman မဆန္ခဲ့ဘူးဆိုရင္ ဘယ္ေတာ့မွ Player တစ္ေယာက္ျဖစ္မလာႏိုင္ပါဘူး။ တကယ္ေတာ့ ဒီအသံုးအႏႈန္းႏွစ္ခုက အျပန္အလွန္ ဆက္စပ္မႈရွိပါတယ္။
ဒါ့ေၾကာင့္ Gentleman တစ္ေယာက္ဘယ္လိုျဖစ္ႏိုင္မလဲဆိုတာကို ေျပာျပခ်င္ပါတယ္။ ဒီအေၾကာင္း မစခင္မွာ အရင္ဆံုးေျပာခ်င္တာက Gentleman လို႔ေျပာလိုက္တာနဲ႔ မ်က္မွန္တပ္ၿပီး ၀တ္စံုျပည့္၀တ္ထားသူေတြကို ဆိုလိုတာမဟုတ္ဘူးဆိုတာပါပဲ။ Gentleman ဆိုတာက သူ႔ဖက္ကိုယ့္ဖက္ ၾကည့္တတ္ၿပီး ကူညီေဖးမတတ္သူ၊ ယဥ္ေက်းပ်ဴငွာမႈရွိၿပီး ၿပီးျပည့္စံုတဲ့ အျပဳအမူေတြကိုပဲ ေဖာ္ျပတတ္သူကို ဆိုလိုခ်င္ပါတယ္။ ကဲ ဒီေတာ့ အခ်ိန္ျဖဳန္းမေနပဲ Gentleman တစ္ေယာက္ရဲ႕ အမူအက်င့္ေတြ ဘယ္လိုလဲဆိုတာကို ေလ့လာၾကည့္ၾကရေအာင္ပါ။
၁။ အျမဲတမ္း ယဥ္ေက်းပ်ဴငွာတယ္။
ယဥ္ေက်းသိမ္ေမြ႕မႈက က်င့္သံုးရအလြယ္ဆံုး အမူအက်င့္ျဖစ္ပါတယ္။ Gentleman ေတြ အားလံုးက ေက်းဇူးျပဳၿပီးေတာ့ ဆိုတာနဲ႔ ေက်းဇူးတင္ပါတယ္ ဆိုတာမ်ိဳးေတြကို အျမဲတမ္းသံုးေလ့ရွိပါတယ္။ လုိအပ္လာရင္ ေတာင္းပန္လိုက္ဖို႔ ၀န္မေလးတတ္သလို အျမဲတမ္းျပံဳးရႊင္စြာနဲ႔ တည္တည္ၿငိမ္ၿငိမ္ ျပဳမူလႈပ္ရွားတတ္ပါတယ္။ အမ်ိဳးသမီးေတြကို ဦးစားေပးတတ္ၿပီး တဖက္သူရဲ႕ေျပာစရာကို စိတ္၀င္တစားနားေထာင္တတ္ၾကပါတယ္။ ဒီအခ်က္ေတြအားလံုးက အေျခခံေတြပဲ ျဖစ္ပါတယ္။
၂။ ဖ႐ုႆ၀ါစာေတြ ေျပာေလ့မရွိဘူး။
လူတိုင္းက စကားလံုးၾကမ္းၾကမ္းေတြ မေျပာမိပဲ ေနႏိုင္ဖို႔က ခက္ပါတယ္။ ဒါေပမယ့္ လိုတာထက္ပိုၿပီး ႐ုန္႔ရင္းၾကမ္းတမ္းတဲ့ စကားလံုးေတြက အဆင့္အတန္းနိမ့္က်မႈကို ေဖာ္ျပေနပါတယ္။ Gentleman ေတြကေတာ့ ႐ုန္းရင္းၾကမ္းတမ္းတဲ့ ဖ႐ုႆ၀ါစာေတြကို မေျပာျဖစ္ေအာင္ အတတ္ႏိုင္ဆံုးေစာင့္ဆည္းၾကပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြေရွ႕မွာေပါ့။
၃။ အျမဲတမ္း ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္တယ္။
Gentleman ေတြက ေသာက္ၿပီး မမူးတတ္ၾကဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ သူတို႔က ကိုယ့္ကိုယ္ကို အျမဲတမ္း ထိန္းသိမ္းႏိုင္ၾကပါတယ္။ သူတို႔ရဲ႕ ခ်စ္သူမိန္းကေလးေရွ႕မွာဆို ဘယ္ေတာ့မွ မူး႐ူးေနတဲ့ ပံုစံမျဖစ္ေအာင္ ဂ႐ုစိုက္တတ္ၾကပါတယ္။ အလြန္အကၽြံေသာက္ၿပီး မူး႐ူးေနတာကို ဘယ္မိန္းကေလးမွ မႀကိဳက္ပါဘူး။
၄။ ခ်စ္သူကို အျမဲတမ္းကာကြယ္ေပးတယ္။
မိန္းကေလးေတြက ေယာကၤ်ားေလးေတြရဲ႕ အကာအကြယ္ေပးတာကို လိုခ်င္တတ္ၾကတယ္ဆိုတာကို Gentleman ေတြက သိထားၾကပါတယ္။ ဒါ့ေၾကာင့္ လမ္းကူးတဲ့အခါမွာ မိန္းကေလးရဲ႕ ခါး ဒါမွမဟုတ္ လက္ကို ကိုင္ထားတာ၊ ပလက္ေဖာင္းအျပင္ဖက္က လမ္းေလွ်ာက္တာ၊ အိမ္ျပန္လိုက္ပို႔ေပးတာ၊ ေဘးရန္ကင္းသည္အထိ စိုးရိမ္တတ္တာ စသျဖင့္ ျပဳမူတတ္ပါတယ္။
၅။ အျမဲတမ္း ကူညီတတ္ပါတယ္။
အမ်ိဳးသမီးတစ္ေယာက္က ေလးလံတဲ့ပစၥည္းတစ္ခု သယ္ေဆာင္လာတာကိုျမင္ရင္ Gentleman ေတြက ကူသယ္ေပးဖို႔ ကမ္းလွမ္းတတ္ပါတယ္။ ဘတ္စ္ကား၊ ရထားေတြေပၚမွာ မိန္းကေလးေတြကို ဦးစားေပး ေနရာဖယ္ေပးေလ့ရွိပါတယ္။ ဒီအခ်က္ေတြက Gentleman ေတြရဲ႕ အေျခခံ အမူအက်င့္ေတြျဖစ္ေပမယ့္ ဒီေခတ္မွာေတာ့ တမ်ိဳးျမင္တတ္ေလ့ရွိပါတယ္။
၆။ အျခားအမ်ိဳးသမီးေတြကိုလည္း ေလးစားသမႈရွိတယ္။
ဒီအခ်က္က အေရးႀကီးၿပီး Gentleman အားလံုး သိထားၿပီးျဖစ္ပါတယ္။ ေယာကၤ်ားတစ္ေယာက္အေနနဲ႔ အဆိုးရြားဆံုးလုပ္ရပ္က အျခားအမ်ိဳးသမီးတစ္ေယာက္နဲ႔ ဘယ္လိုဘယ္ပံုပတ္သက္ခဲ့တယ္ဆိုတာကို ေျပာတာပဲျဖစ္ပါတယ္။ တကယ္ Gentleman အစစ္ေတြကေတာ့ ဒီကိစၥေတြကို ထိန္းသိမ္းထားတတ္ၾကပါတယ္။
၇။ ဘယ္အခ်ိန္မွာ Surprises လုပ္ရမလဲဆိုတာကို သိၾကပါတယ္။
Gentleman တစ္ေယာက္မွာ ခ်စ္သူမိန္းကေလးရွိတယ္ဆိုရင္ သူမနဲ႔အခ်ိန္ျဖဳန္းရတာကို ေပ်ာ္ရႊင္ပါလိမ့္မယ္။ ႏွစ္ဦးသားဆက္ဆံေရးမွာ အမွတ္တရျဖစ္ေစဖို႔အတြက္ ဘယ္အခ်ိန္မွာ၊ ဘယ္လိုနည္းလမ္းနဲ႔ အံ့ၾသ၀မ္းသာေအာင္ လုပ္ရမလဲဆိုတာကို ေကာင္းေကာင္းသိပါတယ္။
၈။ သူ႔ရဲ႕ ခႏၶာကိုယ္ကိုလည္း တန္ဖိုးထားတယ္။
ဘ၀မွာ အေရးႀကီးဆံုးအခ်က္ေတြထဲက တစ္ခုက ခႏၶာကိုယ္က်န္းမာဖို႔ဆိုတာကို Gentleman ေတြက သိၾကပါတယ္။ သူရဲ႕ခႏၶာကိုယ္ က်န္းမာၾကံ႕ခိုင္မႈနဲ႔ ကိုယ္ေနဟန္ထားကို ဘယ္ေတာ့မွ လစ္လ်ဴ႐ႈထားမွာမဟုတ္ပါဘူး။ ဘယ္လို၀တ္စားဆင္ယင္မလဲဆိုတာကိုလည္း ဂ႐ုတစိုက္ ေရြးခ်ယ္တတ္ၾကပါတယ္။
၉။ ႐ုိးသားပါတယ္။
အျဖဴေရာင္မုသားကိုေတာ့ သံုးခ်င္သံုးပါလိမ့္မယ္။ ဒါေပမယ့္ Gentleman တစ္ေယာက္က ဘယ္သူကိုမဆို အ႐ုိးသားဆံုးဆက္ဆံတတ္ၾကပါတယ္။ လူေတြရဲ႕ အထင္ႀကီးယုံၾကည္လက္ခံမႈကို ရရွိဖို႔ လိမ္လည္လွည့္ဖ်ားတာမ်ိဳး လုပ္မွာမဟုတ္ပါဘူး။
အမ်ိဳးသမီးတစ္ေယာက္ေရွ႕မွာ ဘယ္ေတာ့မွမလုပ္သည့္ ကိစၥမ်ား
– ပါးစပ္ကို လက္နဲ႔မအုပ္ထားပဲ မသန္းေ၀ပါဘူး။ သန္းေ၀တာက ထိန္းထားဖို႔မလြယ္ပါဘူး။ ဒါ့ေၾကာင့္ သန္းခ်င္ရင္ လက္နဲ႔အုပ္ၿပီးလုပ္ပါ။
– ပါးစပ္ဖြင့္ၿပီး မစားေသာက္ပါဘူး။ အစားအေသာက္ေတြကို ၀ါးစားေနခ်ိန္မွာ ပါးစပ္ကို ပိတ္ထားပါ။ သင့္ပါးစပ္ထဲမွာ အစားအစာေတြ ေရြ႕လ်ားေနတာကို ဘယ္သူမွျမင္ခ်င္မွာ မဟုတ္ပါဘူး။
– ေလမလည္ပါဘူး။ ေလခ်ဥ္မတက္ပါဘူး။ ထိန္းမထားႏိုင္ေအာင္ ျဖစ္လာရင္ လူေတြနဲ႔အေ၀းကိုသြားပါ။ မထိန္းလိုက္ႏိုင္ဘူးဆိုရင္ေတာ့ ျပန္ေတာင္းပန္ဖို႔ မေမ့ပါနဲ႔။
– အျခားမိန္းကေလးေတြကို မငမ္းပါဘူး။ ဒီအခ်က္က ေလးစားသမႈကိုပ်က္ယြင္းေစတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။
အခုေလာက္ဆို Gentleman တစ္ေယာက္ ဘယ္လိုျပဳမႈေနထိုင္သလဲဆိုတာကို သိမွာျဖစ္ပါတယ္။ ဒီအခ်က္ေတြကို လုိက္နာေနထိုင္ၾကည့္မယ္ဆိုရင္ အမ်ိဳးသမီးေတြကို ပိုၿပီးေတာ့ ဆြဲေဆာင္ႏိုင္မွာျဖစ္သလို အျခားအမ်ိဳးသားေတြရဲ႕ ေလးစားမႈကိုလည္း ရရွိမွာျဖစ္ပါတယ္။
Gentleman တစ်ယောက်ရဲ့ အရည်အသွေးများ
လူကြီးလူကောင်း (Gentleman) ဆိုတာက ငပွေး (Player) နဲ့ အခေါ်အဝေါ်ပဲကွဲတာလို့ ပြောရင် လူတစ်ချို့က သဘောတူမှာမဟုတ်ပါဘူး။ ပြန်တွေးကြည့်မယ်ဆိုရင် Player တစ်ယောက်က Gentleman မဆန်ခဲ့ဘူးဆိုရင် ဘယ်တော့မှ Player တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ တကယ်တော့ ဒီအသုံးအနှုန်းနှစ်ခုက အပြန်အလှန် ဆက်စပ်မှုရှိပါတယ်။
ဒါ့ကြောင့် Gentleman တစ်ယောက်ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ပြောပြချင်ပါတယ်။ ဒီအကြောင်း မစခင်မှာ အရင်ဆုံးပြောချင်တာက Gentleman လို့ပြောလိုက်တာနဲ့ မျက်မှန်တပ်ပြီး ဝတ်စုံပြည့်ဝတ်ထားသူတွေကို ဆိုလိုတာမဟုတ်ဘူးဆိုတာပါပဲ။ Gentleman ဆိုတာက သူ့ဖက်ကိုယ့်ဖက် ကြည့်တတ်ပြီး ကူညီဖေးမတတ်သူ၊ ယဉ်ကျေးပျူငှာမှုရှိပြီး ပြီးပြည့်စုံတဲ့ အပြုအမူတွေကိုပဲ ဖော်ပြတတ်သူကို ဆိုလိုချင်ပါတယ်။ ကဲ ဒီတော့ အချိန်ဖြုန်းမနေပဲ Gentleman တစ်ယောက်ရဲ့ အမူအကျင့်တွေ ဘယ်လိုလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
၁။ အမြဲတမ်း ယဉ်ကျေးပျူငှာတယ်။
ယဉ်ကျေးသိမ်မွေ့မှုက ကျင့်သုံးရအလွယ်ဆုံး အမူအကျင့်ဖြစ်ပါတယ်။ Gentleman တွေ အားလုံးက ကျေးဇူးပြုပြီးတော့ ဆိုတာနဲ့ ကျေးဇူးတင်ပါတယ် ဆိုတာမျိုးတွေကို အမြဲတမ်းသုံးလေ့ရှိပါတယ်။ လိုအပ်လာရင် တောင်းပန်လိုက်ဖို့ ဝန်မလေးတတ်သလို အမြဲတမ်းပြုံးရွှင်စွာနဲ့ တည်တည်ငြိမ်ငြိမ် ပြုမူလှုပ်ရှားတတ်ပါတယ်။ အမျိုးသမီးတွေကို ဦးစားပေးတတ်ပြီး တဖက်သူရဲ့ပြောစရာကို စိတ်ဝင်တစားနားထောင်တတ်ကြပါတယ်။ ဒီအချက်တွေအားလုံးက အခြေခံတွေပဲ ဖြစ်ပါတယ်။
၂။ ဖရုဿဝါစာတွေ ပြောလေ့မရှိဘူး။
လူတိုင်းက စကားလုံးကြမ်းကြမ်းတွေ မပြောမိပဲ နေနိုင်ဖို့က ခက်ပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေက အဆင့်အတန်းနိမ့်ကျမှုကို ဖော်ပြနေပါတယ်။ Gentleman တွေကတော့ ရုန်းရင်းကြမ်းတမ်းတဲ့ ဖရုဿဝါစာတွေကို မပြောဖြစ်အောင် အတတ်နိုင်ဆုံးစောင့်ဆည်းကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေရှေ့မှာပေါ့။
၃။ အမြဲတမ်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တယ်။
Gentleman တွေက သောက်ပြီး မမူးတတ်ကြဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူတို့က ကိုယ့်ကိုယ်ကို အမြဲတမ်း ထိန်းသိမ်းနိုင်ကြပါတယ်။ သူတို့ရဲ့ ချစ်သူမိန်းကလေးရှေ့မှာဆို ဘယ်တော့မှ မူးရူးနေတဲ့ ပုံစံမဖြစ်အောင် ဂရုစိုက်တတ်ကြပါတယ်။ အလွန်အကျွံသောက်ပြီး မူးရူးနေတာကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။
၄။ ချစ်သူကို အမြဲတမ်းကာကွယ်ပေးတယ်။
မိန်းကလေးတွေက ယောင်္ကျားလေးတွေရဲ့ အကာအကွယ်ပေးတာကို လိုချင်တတ်ကြတယ်ဆိုတာကို Gentleman တွေက သိထားကြပါတယ်။ ဒါ့ကြောင့် လမ်းကူးတဲ့အခါမှာ မိန်းကလေးရဲ့ ခါး ဒါမှမဟုတ် လက်ကို ကိုင်ထားတာ၊ ပလက်ဖောင်းအပြင်ဖက်က လမ်းလျှောက်တာ၊ အိမ်ပြန်လိုက်ပို့ပေးတာ၊ ဘေးရန်ကင်းသည်အထိ စိုးရိမ်တတ်တာ စသဖြင့် ပြုမူတတ်ပါတယ်။
၅။ အမြဲတမ်း ကူညီတတ်ပါတယ်။
အမျိုးသမီးတစ်ယောက်က လေးလံတဲ့ပစ္စည်းတစ်ခု သယ်ဆောင်လာတာကိုမြင်ရင် Gentleman တွေက ကူသယ်ပေးဖို့ ကမ်းလှမ်းတတ်ပါတယ်။ ဘတ်စ်ကား၊ ရထားတွေပေါ်မှာ မိန်းကလေးတွေကို ဦးစားပေး နေရာဖယ်ပေးလေ့ရှိပါတယ်။ ဒီအချက်တွေက Gentleman တွေရဲ့ အခြေခံ အမူအကျင့်တွေဖြစ်ပေမယ့် ဒီခေတ်မှာတော့ တမျိုးမြင်တတ်လေ့ရှိပါတယ်။
၆။ အခြားအမျိုးသမီးတွေကိုလည်း လေးစားသမှုရှိတယ်။
ဒီအချက်က အရေးကြီးပြီး Gentleman အားလုံး သိထားပြီးဖြစ်ပါတယ်။ ယောင်္ကျားတစ်ယောက်အနေနဲ့ အဆိုးရွားဆုံးလုပ်ရပ်က အခြားအမျိုးသမီးတစ်ယောက်နဲ့ ဘယ်လိုဘယ်ပုံပတ်သက်ခဲ့တယ်ဆိုတာကို ပြောတာပဲဖြစ်ပါတယ်။ တကယ် Gentleman အစစ်တွေကတော့ ဒီကိစ္စတွေကို ထိန်းသိမ်းထားတတ်ကြပါတယ်။
၇။ ဘယ်အချိန်မှာ Surprises လုပ်ရမလဲဆိုတာကို သိကြပါတယ်။
Gentleman တစ်ယောက်မှာ ချစ်သူမိန်းကလေးရှိတယ်ဆိုရင် သူမနဲ့အချိန်ဖြုန်းရတာကို ပျော်ရွှင်ပါလိမ့်မယ်။ နှစ်ဦးသားဆက်ဆံရေးမှာ အမှတ်တရဖြစ်စေဖို့အတွက် ဘယ်အချိန်မှာ၊ ဘယ်လိုနည်းလမ်းနဲ့ အံ့ဩဝမ်းသာအောင် လုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။
၈။ သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း တန်ဖိုးထားတယ်။
ဘဝမှာ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုက ခန္ဓာကိုယ်ကျန်းမာဖို့ဆိုတာကို Gentleman တွေက သိကြပါတယ်။ သူရဲ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုနဲ့ ကိုယ်နေဟန်ထားကို ဘယ်တော့မှ လစ်လျူရှုထားမှာမဟုတ်ပါဘူး။ ဘယ်လိုဝတ်စားဆင်ယင်မလဲဆိုတာကိုလည်း ဂရုတစိုက် ရွေးချယ်တတ်ကြပါတယ်။
၉။ ရိုးသားပါတယ်။
အဖြူရောင်မုသားကိုတော့ သုံးချင်သုံးပါလိမ့်မယ်။ ဒါပေမယ့် Gentleman တစ်ယောက်က ဘယ်သူကိုမဆို အရိုးသားဆုံးဆက်ဆံတတ်ကြပါတယ်။ လူတွေရဲ့ အထင်ကြီးယုံကြည်လက်ခံမှုကို ရရှိဖို့ လိမ်လည်လှည့်ဖျားတာမျိုး လုပ်မှာမဟုတ်ပါဘူး။
အမျိုးသမီးတစ်ယောက်ရှေ့မှာ ဘယ်တော့မှမလုပ်သည့် ကိစ္စများ
– ပါးစပ်ကို လက်နဲ့မအုပ်ထားပဲ မသန်းဝေပါဘူး။ သန်းဝေတာက ထိန်းထားဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် သန်းချင်ရင် လက်နဲ့အုပ်ပြီးလုပ်ပါ။
– ပါးစပ်ဖွင့်ပြီး မစားသောက်ပါဘူး။ အစားအသောက်တွေကို ဝါးစားနေချိန်မှာ ပါးစပ်ကို ပိတ်ထားပါ။ သင့်ပါးစပ်ထဲမှာ အစားအစာတွေ ရွေ့လျားနေတာကို ဘယ်သူမှမြင်ချင်မှာ မဟုတ်ပါဘူး။
– လေမလည်ပါဘူး။ လေချဉ်မတက်ပါဘူး။ ထိန်းမထားနိုင်အောင် ဖြစ်လာရင် လူတွေနဲ့အဝေးကိုသွားပါ။ မထိန်းလိုက်နိုင်ဘူးဆိုရင်တော့ ပြန်တောင်းပန်ဖို့ မမေ့ပါနဲ့။
– အခြားမိန်းကလေးတွေကို မငမ်းပါဘူး။ ဒီအချက်က လေးစားသမှုကိုပျက်ယွင်းစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်တော့မှ မလုပ်မိပါစေနဲ့။
အခုလောက်ဆို Gentleman တစ်ယောက် ဘယ်လိုပြုမှုနေထိုင်သလဲဆိုတာကို သိမှာဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာနေထိုင်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို ပိုပြီးတော့ ဆွဲဆောင်နိုင်မှာဖြစ်သလို အခြားအမျိုးသားတွေရဲ့ လေးစားမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။