ေအာင္ျမင္သူတေယာက္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးမ်ား

ေအာင္ျမင္ဖို႔အတြက္ ကိုယ္ရည္ကိုယ္ေသြး

အောင်မြင်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေး

လူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးေပၚမွာ မူတည္ၿပီး A နဲ႔ B ဆိုၿပီး အုပ္စုႏွစ္ခု ခြဲျခားႏိုင္ပါတယ္။ A အုပ္စုထဲက ပုဂိၢဳဟ္ေတြက တကယ္ကိုျမင့္မားလွတဲ့ ရည္မွန္းခ်က္ေတြရွိၿပီး လိုခ်င္တာကို ရေအာင္ယူဖို႔ အျမဲတမ္းစိတ္အား တက္ၾကြေနသူေတြျဖစ္ပါတယ္။ B အုပ္စုထဲမွာေတာ့ စိတ္အားတက္ၾကြမႈနည္းပါးၿပီး အလြယ္တကူစိတ္ပ်က္အားငယ္တတ္သူေတြ ပါ၀င္ပါတယ္။ ဘ၀ေအာင္ျမင္ေရးနဲ႔ ပတ္သက္လာရင္ A အုပ္စုထဲက ပုဂၢိဳဟ္ေတြကသာ ဒိတ္ဒိတ္က်ဲေအာင္ျမင္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ေရာ ဘယ္အုပ္စုထဲမွာ ပါလဲဆိုတာကို သိႏိုင္ဖို႔ A အုပ္စုထဲက လူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အေသးစိပ္ၾကည့္ရႈရန္

၁။ အလုပ္ကို ဦးစားေပးနံပါတ္တစ္ သတ္မွတ္ထားၾကတယ္

အလုပ္ကို ဦးစားေပးသတ္မွတ္ၿပီး အခ်ိန္ျပည့္အာ႐ုံစိုက္ဖို႔က လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ သင့္ရဲ႕ မိသားစုဘ၀နဲ႔ လူမႈဆက္ဆံေရးပိုင္းမွာ ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။ ဒါေပမယ့္လည္း A အုပ္စုထဲကလူေတြကေတာ့ သူတို႔ရဲ႕ လုပ္ငန္းေအာင္ျမင္ဖို႔နဲ႔ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔ကိုပဲ အေရးစိုက္လုပ္ေဆာင္တတ္ၾကပါတယ္။

၂။ အလုပ္နဲ႔ ကင္းကြာလို႔ မရဘူး

အလုပ္ပိတ္လို႔ ဘာမွမလုပ္ပဲေနရတာေလာက္ ေကာင္းတာမရွိဘူးဆိုတာကို အားလံုးသိၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္ A အုပ္စုထဲက ပုဂိၢဳဟ္ေတြထဲက လူနည္းစုေလာက္ပဲ အလုပ္နဲ႔ကင္းကြာၿပီးေနႏိုင္ၾကပါတယ္။ အမ်ားစုက အလုပ္လုပ္ေနရတာကိုက အပန္းေျဖေနသလို သက္ေတာင့္သက္သာရွိေနတတ္ၾကပါတယ္။

၃။ To-do lists သံုးတတ္ၾကတယ္

တစ္ေန႔တာလုပ္ေဆာင္ရမယ့္ စာရင္းကို ေရးသားထားျခင္းအားျဖင့္ အလုပ္ေတြအားလံုးကို မရပ္မနား တစ္ခုၿပီးတစ္ခုလုပ္ေဆာင္သြားေစႏိုင္ပါတယ္။ ဒီလိုနည္းလမ္းနဲ႔ အခ်ိန္ကိုေခၽြတာႏိုင္ပါတယ္။ A အုပ္စုထဲက လူေတြအားလံုးက အရာအားလံုးအတြက္ To-do list ေရးသားထားတတ္ၾကပါတယ္။

၄။ အျမဲတမ္း အခ်ိန္တိက်တယ္

A အုပ္စုထဲကလူေတြအားလံုးက အခ်ိန္ဟာ အဖိုးအတန္ဆံုးပိုင္ဆိုင္မႈဆိုတာကို နားလည္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔က ဘယ္ကိစၥမဆို အခ်ိန္မွီေရာက္လာတတ္ၿပီး အျခားသူေတြကိုလည္း အခ်ိန္တိက်ဖို႔ ေမွ်ာ္လင့္တတ္ၾကပါတယ္။

အေသးစိပ္ၾကည္ရႈ႕ရန္

၅။ အခ်ိန္မျဖဳန္းတတ္ၾကဘူး

အခ်ိန္ေရႊ႕ဆိုင္းတယ္ဆိုတာကို A အုပ္စုထဲက လူေတြက မသိၾကပါဘူး။ သူတို႔ေတြက အခုလုပ္လို႔ရတဲ့ ကိစၥကို ေနာက္မွလုပ္ဖို႔ ေရႊ႕ဆိုင္းတတ္သူေတြ မဟုတ္ပါဘူး။ အခ်ိန္ေရႊ႕ဆိုင္းတာက အရာအားလံုးကို အခက္ေတြ႕ေစပါတယ္။ လုပ္လို႔ရတဲ့ကိစၥမွန္သမွ်ကို ခ်က္ခ်င္းလုပ္ဖို႔ လိုပါတယ္။

၆။ မလုပ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ယုံၾကည္ၾကတယ္

အေရးကိစၥတစ္ခုခုကို လက္ေတြ႕အားျဖင့္ လုပ္ႏိုင္ေခ်ရွိတယ္ဆိုရင္ A အုပ္စုထဲကလူေတြက ၿပီးေျမာက္ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ ယုံၾကည္မႈအျပည့္အ၀ရွိတတ္ၾကပါတယ္။ သူတို႔လုပ္ေဆာင္မယ့္ အရာတိုင္းအတြက္ သူတို႔ရဲ႕စြမ္းေဆာင္ရည္ကို ယုံၾကည္မႈ ရာႏႈန္းျပည့္ရွိတတ္ၾကပါတယ္။

၇။ အေကာင္းဆံုးဆိုတာမ်ိဳးကို လိုခ်င္တတ္ၾကတယ္

အမွားအယြင္းေတြက A အုပ္စုထဲကလူေတြကို စိတ္ပ်က္စရာျဖစ္ေစပါတယ္။ သူတို႔က အားလံုးကို ဆင္းလံုးေခ်ာ ျဖစ္ေနေစခ်င္သူေတြ ျဖစ္ၾကတယ္။ သူတို႔က အေကာင္းဆံုးဆိုတာကိုပဲ ေမွ်ာ္လင့္ၾကတာေၾကာင့္ နည္းနည္းေလး လြဲေခ်ာ္မႈေတြကိုကအစ လက္မခံတတ္ၾကဘူး။ ဒီစိတ္ဓာတ္ေၾကာင့္ပဲ ေရရွည္မွာ အေကာင္းဆံုးေအာင္ျမင္မႈေတြကို ရယူႏိုင္တာျဖစ္ပါတယ္။

၈။ အစီအစဥ္နဲ႔လုပ္ေဆာင္တတ္သူေတြျဖစ္တယ္

ရည္မွန္းခ်က္ပန္းတိုင္းတစ္ခုကို ေရာက္ရွိဖို႔အတြက္ အစကေန အဆံုးထိတိုင္ေအာင္ လုပ္ေဆာင္ရမယ့္ အစီအစဥ္တစ္ခု သတ္မွတ္ထားဖို႔ လိုပါတယ္။ အျခားသူေတြက ဘာလုပ္ရမလဲၾကည့္ေနခ်ိန္မွာ A အုပ္စုထဲက လူေတြကေတာ့ တိက်ေသခ်ာတဲ့အစီအစဥ္နဲ႔ လုပ္ေဆာင္ေနတတ္ၾကပါတယ္။

၉။ ျပႆနာေျဖရွင္းႏိုင္စြမ္းေကာင္းၾကတယ္

A အုပ္စုထဲက လူေတြရဲ႕ အဓိကအရည္အေသြးတစ္ခုကေတာ့ ျပႆနာေတြကို ေျဖရွင္းႏိုင္စြမ္းပဲျဖစ္ပါတယ္။ ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ေနပါေစ၊ သူတို႔က ေျပလည္သြားေစႏိုင္မယ့္ ေျဖရွင္းခ်က္တစ္ခုကို ရွာေတြ႕ႏိုင္ၾကပါတယ္။

၁၀။ စိတ္အားထက္သန္မႈ အာသီသျပင္းျပၾကတယ္

A အုပ္စုထဲက လူေတြက စိတ္အားထက္သန္ရာကို အခ်ိန္ေရာ အင္အားပါ ထည့္သြင္းလုပ္ေဆာင္တတ္ၾကတယ္။ သူတို႔က ဘယ္ေတာ့မွ ဟိုမေရာက္ ဒီမေရာက္မလုပ္တတ္ၾကပါဘူး။ ဒီလို စိတ္အားထက္သန္မႈေၾကာင့္ အလုပ္ကိုႀကိဳးစားလုပ္ေဆာင္ႏိုင္ၾကတာျဖစ္ပါတယ္။

၁၁။ သူတို႔က အခ်ိန္ကုန္သက္သာေအာင္လုပ္တတ္ၾကတယ္။

အေပၚကအခ်က္ေတြမွာ ေဖာ္ျပၿပီးတဲ့အတိုင္း အခ်ိန္မွန္တယ္၊ အေကာင္းဆံုးလုပ္တတ္ၾကတယ္၊ အခ်ိန္မျဖန္းတတ္ၾကဘူး၊ အစီအစဥ္နဲ႔ လုပ္ေဆာင္တတ္ၾကတယ္။ ဒီအခ်က္ေတြေၾကာင့္ သူတို႔အတြက္ အခ်ိန္တိုအတြင္းမွာ အလုပ္ေတြအမ်ားႀကီးၿပီးေအာင္ လုပ္ႏိုင္ၾကတယ္။

၁၂။ အာ႐ုံစူးစိုက္တတ္ၾကတယ္။

တစ္ခုခုကို အၿပီးသတ္လုပ္ေဆာင္ရေတာ့မယ္ဆိုရင္ A အုပ္စုထဲကလူေတြက အျခားဘာႀကီးပဲ ျဖစ္ေနပါေစ၊ ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံအျပည့္စိုက္တတ္ၾကပါတယ္။ အာ႐ုံေနာက္စရာေတြကို ေဘးခ်ိတ္တားႏိုင္ၿပီး အာ႐ုံစူးစိုက္ႏိုင္စြမ္းက သူတို႔ကို အျခားသူေတြနဲ႔ ကြဲျပားသြားေစတဲ့အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။


အောင်မြင်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေး

လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာ မူတည်ပြီး A နဲ့ B ဆိုပြီး အုပ်စုနှစ်ခု ခွဲခြားနိုင်ပါတယ်။ A အုပ်စုထဲက ပုဂ္ဂိုဟ်တွေက တကယ်ကိုမြင့်မားလှတဲ့ ရည်မှန်းချက်တွေရှိပြီး လိုချင်တာကို ရအောင်ယူဖို့ အမြဲတမ်းစိတ်အား တက်ကြွနေသူတွေဖြစ်ပါတယ်။ B အုပ်စုထဲမှာတော့ စိတ်အားတက်ကြွမှုနည်းပါးပြီး အလွယ်တကူစိတ်ပျက်အားငယ်တတ်သူတွေ ပါဝင်ပါတယ်။ ဘ၀အောင်မြင်ရေးနဲ့ ပတ်သက်လာရင် A အုပ်စုထဲက ပုဂ္ဂိုဟ်တွေကသာ ဒိတ်ဒိတ်ကျဲအောင်မြင်တတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ရော ဘယ်အုပ်စုထဲမှာ ပါလဲဆိုတာကို သိနိုင်ဖို့ A အုပ်စုထဲက လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ကို ဦးစားပေးနံပါတ်တစ် သတ်မှတ်ထားကြတယ်
အလုပ်ကို ဦးစားပေးသတ်မှတ်ပြီး အချိန်ပြည့်အာရုံစိုက်ဖို့က လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သင့်ရဲ့ မိသားစုဘဝနဲ့ လူမှုဆက်ဆံရေးပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း A အုပ်စုထဲကလူတွေကတော့ သူတို့ရဲ့ လုပ်ငန်းအောင်မြင်ဖို့နဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ကိုပဲ အရေးစိုက်လုပ်ဆောင်တတ်ကြပါတယ်။

၂။ အလုပ်နဲ့ ကင်းကွာလို့ မရဘူး
အလုပ်ပိတ်လို့ ဘာမှမလုပ်ပဲနေရတာလောက် ကောင်းတာမရှိဘူးဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် A အုပ်စုထဲက ပုဂ္ဂိုဟ်တွေထဲက လူနည်းစုလောက်ပဲ အလုပ်နဲ့ကင်းကွာပြီးနေနိုင်ကြပါတယ်။ အများစုက အလုပ်လုပ်နေရတာကိုက အပန်းဖြေနေသလို သက်တောင့်သက်သာရှိနေတတ်ကြပါတယ်။

၃။ To-do lists သုံးတတ်ကြတယ်
တစ်နေ့တာလုပ်ဆောင်ရမယ့် စာရင်းကို ရေးသားထားခြင်းအားဖြင့် အလုပ်တွေအားလုံးကို မရပ်မနား တစ်ခုပြီးတစ်ခုလုပ်ဆောင်သွားစေနိုင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ အချိန်ကိုချွေတာနိုင်ပါတယ်။ A အုပ်စုထဲက လူတွေအားလုံးက အရာအားလုံးအတွက် To-do list ရေးသားထားတတ်ကြပါတယ်။

၄။ အမြဲတမ်း အချိန်တိကျတယ်
A အုပ်စုထဲကလူတွေအားလုံးက အချိန်ဟာ အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာကို နားလည်ကြပါတယ်။ ဒါ့ကြောင့် သူတို့က ဘယ်ကိစ္စမဆို အချိန်မှီရောက်လာတတ်ပြီး အခြားသူတွေကိုလည်း အချိန်တိကျဖို့ မျှော်လင့်တတ်ကြပါတယ်။

၅။ အချိန်မဖြုန်းတတ်ကြဘူး
အချိန်ရွှေ့ဆိုင်းတယ်ဆိုတာကို A အုပ်စုထဲက လူတွေက မသိကြပါဘူး။ သူတို့တွေက အခုလုပ်လို့ရတဲ့ ကိစ္စကို နောက်မှလုပ်ဖို့ ရွှေ့ဆိုင်းတတ်သူတွေ မဟုတ်ပါဘူး။ အချိန်ရွှေ့ဆိုင်းတာက အရာအားလုံးကို အခက်တွေ့စေပါတယ်။ လုပ်လို့ရတဲ့ကိစ္စမှန်သမျှကို ချက်ချင်းလုပ်ဖို့ လိုပါတယ်။

၆။ မလုပ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ယုံကြည်ကြတယ်
အရေးကိစ္စတစ်ခုခုကို လက်တွေ့အားဖြင့် လုပ်နိုင်ချေရှိတယ်ဆိုရင် A အုပ်စုထဲကလူတွေက ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ဖို့ ယုံကြည်မှုအပြည့်အဝရှိတတ်ကြပါတယ်။ သူတို့လုပ်ဆောင်မယ့် အရာတိုင်းအတွက် သူတို့ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှု ရာနှုန်းပြည့်ရှိတတ်ကြပါတယ်။

၇။ အကောင်းဆုံးဆိုတာမျိုးကို လိုချင်တတ်ကြတယ်
အမှားအယွင်းတွေက A အုပ်စုထဲကလူတွေကို စိတ်ပျက်စရာဖြစ်စေပါတယ်။ သူတို့က အားလုံးကို ဆင်းလုံးချော ဖြစ်နေစေချင်သူတွေ ဖြစ်ကြတယ်။ သူတို့က အကောင်းဆုံးဆိုတာကိုပဲ မျှော်လင့်ကြတာကြောင့် နည်းနည်းလေး လွဲချော်မှုတွေကိုကအစ လက်မခံတတ်ကြဘူး။ ဒီစိတ်ဓာတ်ကြောင့်ပဲ ရေရှည်မှာ အကောင်းဆုံးအောင်မြင်မှုတွေကို ရယူနိုင်တာဖြစ်ပါတယ်။

၈။ အစီအစဉ်နဲ့လုပ်ဆောင်တတ်သူတွေဖြစ်တယ်
ရည်မှန်းချက်ပန်းတိုင်းတစ်ခုကို ရောက်ရှိဖို့အတွက် အစကနေ အဆုံးထိတိုင်အောင် လုပ်ဆောင်ရမယ့် အစီအစဉ်တစ်ခု သတ်မှတ်ထားဖို့ လိုပါတယ်။ အခြားသူတွေက ဘာလုပ်ရမလဲကြည့်နေချိန်မှာ A အုပ်စုထဲက လူတွေကတော့ တိကျသေချာတဲ့အစီအစဉ်နဲ့ လုပ်ဆောင်နေတတ်ကြပါတယ်။

၉။ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းကြတယ်
A အုပ်စုထဲက လူတွေရဲ့ အဓိကအရည်အသွေးတစ်ခုကတော့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းပဲဖြစ်ပါတယ်။ ဘယ်လိုပြဿနာမျိုးပဲဖြစ်နေပါစေ၊ သူတို့က ပြေလည်သွားစေနိုင်မယ့် ဖြေရှင်းချက်တစ်ခုကို ရှာတွေ့နိုင်ကြပါတယ်။

၁၀။ စိတ်အားထက်သန်မှု အာသီသပြင်းပြကြတယ်
A အုပ်စုထဲက လူတွေက စိတ်အားထက်သန်ရာကို အချိန်ရော အင်အားပါ ထည့်သွင်းလုပ်ဆောင်တတ်ကြတယ်။ သူတို့က ဘယ်တော့မှ ဟိုမရောက် ဒီမရောက်မလုပ်တတ်ကြပါဘူး။ ဒီလို စိတ်အားထက်သန်မှုကြောင့် အလုပ်ကိုကြိုးစားလုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ်။

၁၁။ သူတို့က အချိန်ကုန်သက်သာအောင်လုပ်တတ်ကြတယ်။
အပေါ်ကအချက်တွေမှာ ဖော်ပြပြီးတဲ့အတိုင်း အချိန်မှန်တယ်၊ အကောင်းဆုံးလုပ်တတ်ကြတယ်၊ အချိန်မဖြန်းတတ်ကြဘူး၊ အစီအစဉ်နဲ့ လုပ်ဆောင်တတ်ကြတယ်။ ဒီအချက်တွေကြောင့် သူတို့အတွက် အချိန်တိုအတွင်းမှာ အလုပ်တွေအများကြီးပြီးအောင် လုပ်နိုင်ကြတယ်။

၁၂။ အာရုံစူးစိုက်တတ်ကြတယ်။
တစ်ခုခုကို အပြီးသတ်လုပ်ဆောင်ရတော့မယ်ဆိုရင် A အုပ်စုထဲကလူတွေက အခြားဘာကြီးပဲ ဖြစ်နေပါစေ၊ ၁၀၀ ရာခိုင်နှုန်း အာရုံအပြည့်စိုက်တတ်ကြပါတယ်။ အာရုံနောက်စရာတွေကို ဘေးချိတ်တားနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းက သူတို့ကို အခြားသူတွေနဲ့ ကွဲပြားသွားစေတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။

Related Posts

%%footer%%