အခ်ိန္ဆြဲသည့္အက်င့္ကို ေဖ်ာက္ဖ်က္ႏိုင္မည့္ နည္းလမ္းမ်ား

အခ်ိန္ဆြဲသည့္အက်င့္ကို ေဖ်ာက္ဖ်က္ႏိုင္မည့္ နည္းလမ္းမ်ား

အချိန်ဆွဲသည့်အကျင့်ကို ဖျောက်ဖျက်နိုင်မည့် နည်းလမ်းများ

ေအာင္ျမင္လိုသူေတြအတြက္ အခက္ခဲဆံုးစိန္ေခၚမႈတစ္ခုကေတာ့ လုပ္ငန္းအစီအစဥ္တစ္ခု စတင္ဖို႔ ပထမဆံုးေျခတစ္လွမ္း လွမ္းရမွာကို တြန္႔ဆုတ္ေနၿပီး အခ်ိန္ဆြဲေနတတ္တာပဲျဖစ္ပါတယ္။ အခ်ိန္ဆြဲေနတတ္တဲ့အတြက္ စိတ္အားတက္ၾကြမႈေပ်ာက္ဆံုးသြားၿပီး လုပ္ငန္းအစီအစဥ္ေတြကို မစတင္ႏိုင္တာလည္း ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ဆြဲတတ္တဲ့အေလ့အက်င့္ကို ေဖ်ာက္ဖ်က္ႏိုင္ဖို႔ နည္းလမ္း()ခုကို ေဖာ္ျပလိုက္ပါတယ္။

အေသးစိပ္ၾကည့္ရန္

၁။ ကိစၥတစ္ခုတည္းကိုပဲ အာ႐ုံစိုက္ပါ။

အခ်ိန္ေရႊ႕ဆိုင္းရျခင္းရဲ႕အဓိကအေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ အလုပ္ကိစၥႀကီးေတြ တပံုတပင္ရွိတာပဲ ျဖစ္ပါတယ္။ ဒီလိုအလုပ္ကိစၥႀကီးေတြကို စီမံခန္႔ခြဲႏိုင္ေလာက္တဲ့ အေနအထားနဲ႔ တစ္ႀကိမ္မွာတစ္ခုခ်င္းစီ အာ႐ုံစိုက္လုပ္ေဆာင္ႏိုင္ေလာက္တဲ့အထိ ခြဲျခမ္းစိတ္ျဖာၿပီး လုပ္ေဆာင္ပါ။

၂။ အၿပီးသတ္ရမယ့္အခ်ိန္ေတြ သတ္မွတ္ပါ။

ကိုယ္တိုင္သတ္မွတ္တာပဲျဖစ္ျဖစ္၊ ပတ္၀န္းက်င္အေျခအေနကသတ္မွတ္တာပဲျဖစ္ျဖစ္ အလုပ္ကိစၥေတြကို အၿပီးသတ္ရမယ့္အခ်ိန္ကို သတ္မွတ္ထားမယ္ဆိုရင္ အခ်ိန္မဆြဲပဲအလုပ္ၿပီးေျမာက္ဖို႔ တြန္းအားျဖစ္ေစပါတယ္။ ရွင္းလင္းတိက်တဲ့ အၿပီးသတ္ခ်ိန္မရွိဘူးဆိုရင္ အလုပ္ေတြကို အာ႐ုံစိုက္ႏိုင္ဖို႔မလြယ္ပါဘူး။ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္နဲ႔ အခ်ိန္ဆြဲေနမိမွာပါ။

၃။ ဟာကြက္မရွိဖို႔ထက္ အလုပ္ၿပီးသြားေအာင္ အရင္လုပ္ပါ။

ဟာကြက္မရွိၿပီးျပည့္စံုေနေအာင္ လုပ္ေဆာင္ေနတာဟာ အၾကံဉာဏ္ေကာင္းေတြ၊ ထုတ္ကုန္သစ္ေတြ၊ စီးပြားေရးလုပ္ငန္းေတြ က်႐ႈံးသြားရျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဘာလုပ္လုပ္ အေကာင္းဆံုး လုပ္ေဆာင္ရမယ္ဆိုတာ မွန္ေပမယ့္ တစ္ခါတည္း ၿပီးျပည့္စံုေအာင္ ထိုင္စဥ္းစားေနလို႔ မျဖစ္ပါဘူး။ စိတ္ကူးတစ္ခုရလာၿပီဆိုတာနဲ႔ (၈၀)ရာခိုင္ႏႈန္းေလာက္အေကာင္အထည္ေပၚေအာင္ လုပ္ေဆာင္ၿပီးမွ် ပိုၿပီးတိုးတက္ေကာင္းမြန္ေအာင္ လိုအပ္ခ်က္ေတြကို ျပင္ဆင္ပါ။

အေသးစိပ္ၾကည့္ရန္

၄။ ဘာကိုမွမစဥ္းစားပဲ လမ္းေလွ်ာက္ပါ။

ဘာဆိုင္လုိ႔လည္းလို႔ ေတြးမိႏိုင္ပါတယ္။ ေလ့လာမႈေတြအရ လမ္းေလွ်ာက္တာလိုမ်ိဳး အေပါ့စားေလ့က်င့္ခန္းေတြ လုပ္ၿပီးတဲ့အခါမွာ လူေတြဟာ စိတ္ပိုင္းဆိုင္ရာစြမ္းေဆာင္ရည္ ပိုေကာင္းလာတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ လမ္းေလွ်ာက္တာဟာ အက်ိဳးရွိတဲ့အလုပ္တစ္ခုျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ အလုပ္ေတြၿပီးေျမာက္ဖို႔အတြက္ အလုပ္စားပြဲကေနထြက္သြားၿပီး လမ္းေလွ်ာက္ေပးပါ။ စိတ္ထဲမွာ အလုပ္အေၾကာင္းမေတြးပဲနဲ႔ ေပါ့ေပါ့ပါးပါးလမ္းထေလွ်ာက္ပါ။ အလုပ္ထဲကို ေတာက္ေလွ်ာက္ အာ႐ုံစိုက္ထားတာက ၿငီးေငြ႔ၿပီးအခ်ိန္ဆြဲလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ခဏေလာက္ အနားယူ လိုက္မယ္ဆိုရင္ အခ်ိန္ဆြဲခ်င္စိတ္ေပ်ာက္သြားၿပီး ရည္မွန္းထားသေလာက္ ၿပီးစီးေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

၅။ လုပ္စရာရွိတာ လုပ္ပါ။

အခ်ိန္ေရႊ႕ဆိုင္းတာကို ေဖ်ာက္ဖ်က္ဖို႔ ဘယ္လိုနည္းလမ္းေတြ၊ ဘယ္လိုအခ်က္ေတြပဲ ရွိေနပါေစ။ လုပ္စရာရွိတဲ့ အလုပ္ကို ၿပီးစီးသည္အထိ လုပ္မွသာ ၿပီးျပတ္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္စရာရွိတာကို ထလုပ္လိုက္ပါ။ မလုပ္ဘူးဆိုရင္ေတာ့ အခုေဖာ္ျပခဲ့တဲ့နည္းလမ္းေတြကလည္း ကူညီေပးႏိုင္မွာ မဟုတ္ပါဘူး။


အချိန်ဆွဲသည့်အကျင့်ကို ဖျောက်ဖျက်နိုင်မည့် နည်းလမ်းများ

အောင်မြင်လိုသူတွေအတွက် အခက်ခဲဆုံးစိန်ခေါ်မှုတစ်ခုကတော့ လုပ်ငန်းအစီအစဉ်တစ်ခု စတင်ဖို့ ပထမဆုံးခြေတစ်လှမ်း လှမ်းရမှာကို တွန့်ဆုတ်နေပြီး အချိန်ဆွဲနေတတ်တာပဲဖြစ်ပါတယ်။ အချိန်ဆွဲနေတတ်တဲ့အတွက် စိတ်အားတက်ကြွမှုပျောက်ဆုံးသွားပြီး လုပ်ငန်းအစီအစဉ်တွေကို မစတင်နိုင်တာလည်း ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အချိန်ဆွဲတတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ဖို့ နည်းလမ်း(၅)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ။
အချိန်ရွှေ့ဆိုင်းရခြင်းရဲ့အဓိကအကြောင်းရင်းတွေထဲက တစ်ခုကတော့ အလုပ်ကိစ္စကြီးတွေ တပုံတပင်ရှိတာပဲ ဖြစ်ပါတယ်။ ဒီလိုအလုပ်ကိစ္စကြီးတွေကို စီမံခန့်ခွဲနိုင်လောက်တဲ့ အနေအထားနဲ့ တစ်ကြိမ်မှာတစ်ခုချင်းစီ အာရုံစိုက်လုပ်ဆောင်နိုင်လောက်တဲ့အထိ ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဆောင်ပါ။

၂။ အပြီးသတ်ရမယ့်အချိန်တွေ သတ်မှတ်ပါ။
ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အခြေအနေကသတ်မှတ်တာပဲဖြစ်ဖြစ် အလုပ်ကိစ္စတွေကို အပြီးသတ်ရမယ့်အချိန်ကို သတ်မှတ်ထားမယ်ဆိုရင် အချိန်မဆွဲပဲအလုပ်ပြီးမြောက်ဖို့ တွန်းအားဖြစ်စေပါတယ်။ ရှင်းလင်းတိကျတဲ့ အပြီးသတ်ချိန်မရှိဘူးဆိုရင် အလုပ်တွေကို အာရုံစိုက်နိုင်ဖို့မလွယ်ပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဆွဲနေမိမှာပါ။

၃။ ဟာကွက်မရှိဖို့ထက် အလုပ်ပြီးသွားအောင် အရင်လုပ်ပါ။
ဟာကွက်မရှိပြီးပြည့်စုံနေအောင် လုပ်ဆောင်နေတာဟာ အကြံဉာဏ်ကောင်းတွေ၊ ထုတ်ကုန်သစ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ကျရှုံးသွားရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဘာလုပ်လုပ် အကောင်းဆုံး လုပ်ဆောင်ရမယ်ဆိုတာ မှန်ပေမယ့် တစ်ခါတည်း ပြီးပြည့်စုံအောင် ထိုင်စဉ်းစားနေလို့ မဖြစ်ပါဘူး။ စိတ်ကူးတစ်ခုရလာပြီဆိုတာနဲ့ (၈၀)ရာခိုင်နှုန်းလောက်အကောင်အထည်ပေါ်အောင် လုပ်ဆောင်ပြီးမျှ ပိုပြီးတိုးတက်ကောင်းမွန်အောင် လိုအပ်ချက်တွေကို ပြင်ဆင်ပါ။

၄။ ဘာကိုမှမစဉ်းစားပဲ လမ်းလျှောက်ပါ။
ဘာဆိုင်လို့လည်းလို့ တွေးမိနိုင်ပါတယ်။ လေ့လာမှုတွေအရ လမ်းလျှောက်တာလိုမျိုး အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လမ်းလျှောက်တာဟာ အကျိုးရှိတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်တွေပြီးမြောက်ဖို့အတွက် အလုပ်စားပွဲကနေထွက်သွားပြီး လမ်းလျှောက်ပေးပါ။ စိတ်ထဲမှာ အလုပ်အကြောင်းမတွေးပဲနဲ့ ပေါ့ပေါ့ပါးပါးလမ်းထလျှောက်ပါ။ အလုပ်ထဲကို တောက်လျှောက် အာရုံစိုက်ထားတာက ငြီးငွေ့ပြီးအချိန်ဆွဲလာတတ်ပါတယ်။ ဒါ့ကြောင့် ခဏလောက် အနားယူ လိုက်မယ်ဆိုရင် အချိန်ဆွဲချင်စိတ်ပျောက်သွားပြီး ရည်မှန်းထားသလောက် ပြီးစီးအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၅။ လုပ်စရာရှိတာ လုပ်ပါ။
အချိန်ရွှေ့ဆိုင်းတာကို ဖျောက်ဖျက်ဖို့ ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုအချက်တွေပဲ ရှိနေပါစေ။ လုပ်စရာရှိတဲ့ အလုပ်ကို ပြီးစီးသည်အထိ လုပ်မှသာ ပြီးပြတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်စရာရှိတာကို ထလုပ်လိုက်ပါ။ မလုပ်ဘူးဆိုရင်တော့ အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကလည်း ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။

Related Posts

%%footer%%