သိမ္ငယ္စိတ္ေတြကို ေျဖေဖ်ာက္ႏိုင္ဖို႔ နည္းလမ္း()ခု

ကၽြန္ေတာ္တို႔ အမ်ားစုက ပုံမွန္လုပ္႐ုိးလုပ္စဥ္မဟုတ္တဲ့ ကိစၥတစ္ခုကိုလုပ္ေဆာင္ေတာ့မယ္ဆိုရင္ ငါ လုပ္မွ လုပ္ႏိုင္ပါ့မလားဆိုၿပီး ကိုယ့္ကိုယ္ကို သိမ္ငယ္စိတ္၀င္ေလ့ရွိၾကပါတယ္။ ဒီလို အဖ်က္သေဘာေဆာင္တဲ့ အေတြးမ်ိဳး၀င္လာတဲ့အခါမွာ ထိထိေရာက္ေရာက္ ေအာင္ေအာင္ျမင္ျမင္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ အေရးႀကီးပါတယ္။ ဒီအခ်ိန္မွာ အလုပ္ၿပီးေျမာက္ဖို႔ အေရးအပါဆံုးနည္းလမ္းက အျခားသူေတြရဲ႕ ေထာက္ခံမႈကို ရွာေဖြဖို႔ထက္ ဘယ္လိုအေကာင္းဆံုးလုပ္ႏိုင္မလဲဆိုတာကို အာ႐ုံစိုက္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဒီလို သိမ္ငယ္စိတ္ အေတြးကို ေက်ာ္လႊားၿပီး ေအာင္ျမင္ႏိုင္ဖို႔ နည္းလမ္းေကာင္း()ခုရွိပါတယ္။

Soja

၁။ သင္ ဘာလုပ္ႏိုင္မလဲဆိုတာကို ျပန္ေမးပါ။

အခန္းထဲမွာ အေတာ္ဆံုးလူျဖစ္ေနဖို႔ မလိုသလို၊ အေတြ႕အၾကံဳအမ်ားဆံုးလူ ျဖစ္ေနစရာလည္း မလိုပါဘူး။ သင့္မွာ ဘယ္လိုအရည္အခ်င္းမ်ိဳးရွိလဲဆိုတာကို ခ်ျပႏိုင္ဖို႔ပဲ လိုတာပါ။

၂။ ေျဖရွင္းရမယ့္ ျပႆနာကိုပဲေတြးပါ။ လူေတြကို ထည့္မစဥ္းစားပါနဲ႔။

ဘယ္လို ျပႆနာကို ေျဖရွင္းရမလဲ၊ ဘယ္လိုအခြင့္အေရးမ်ိဳးကို ဆုပ္ကုိင္ရမလဲ ဒါကိုပဲ ေတြးေနရမွာ ျဖစ္ပါတယ္။ ဒီအခ်က္က ရလဒ္ေကာင္းေတြ ရရွိေစပါတယ္။

၃။ ခြင့္ျပဳခ်က္ေတြ၊ ေထာက္ခံခ်က္ေတြ ရဖို႔ ႀကိဳးစားမေနပါနဲ႔။

လူတိုင္းက သင့္နဲ႔ သေဘာထားခ်င္းတိုက္ဆိုင္မွာ မဟုတ္သလို၊ သင့္စိတ္ကူး၊ အၾကံဉာဏ္ကိုလည္း သေဘာက်မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အားလံုးက အသိအမွတ္ျပဳတာမ်ိဳးကို ေမွ်ာ္လင့္မေနပါနဲ႔။

6-watch

၄။ အေမးခံရဖို႔ ေစာင့္မေနပါနဲ႔။

သင့္လႈပ္ရွားရမယ့္ အပိုင္းတစ္ခုရွိၿပီး အေၾကာင္းရင္းတစ္ခုေၾကာင့္ ေရာက္ေနရတယ္လို႔ ေတြးထားပါ။ တစ္ေယာက္ေယာက္က သင့္ကို လာေမးမွာကို ေစာင့္ေနရင္ အခြင့္အလမ္းကို လက္လႊတ္မခံပါနဲ႔။

၅။ ႏႈိင္းယွဥ္ေနတာေတြကို ရပ္လိုက္ပါ။

သင့္ကိုယ္သင္ အျခားတစ္ေယာက္နဲ႔ ႏႈိင္းယွဥ္တာ၊ ေမွ်ာ္လင့္ထားတဲ့ အေျခအေနတစ္ခုနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးေတြက အေထာက္အကူမျဖစ္ပါဘူး။ သူက ငါ့ထက္ေတာ္တယ္၊ သူကေတာ့ ငါ့ထက္ အေတြ႕အၾကံဳမ်ားတယ္ စသျဖင့္ အေတြးေတြက ကိုယ့္ကိုယ္ကို ဖ်က္စီးတာျဖစ္ၿပီး မေတြးသင့္ပါဘူး။ သင့္ရဲ႕စိတ္ကူးေတြကို ဘာလုပ္ႏိုင္လဲ၊ ဘယ္လို လုပ္ႏိုင္လဲ ဆိုတာကိုပဲ ေတြးပါ။


သိမ်ငယ်စိတ်တွေကို ဖြေဖျောက်နိုင်ဖို့ နည်းလမ်း(၅)ခု

ကျွန်တော်တို့ အများစုက ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ ကိစ္စတစ်ခုကိုလုပ်ဆောင်တော့မယ်ဆိုရင် ငါ လုပ်မှ လုပ်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လေ့ရှိကြပါတယ်။ ဒီလို အဖျက်သဘောဆောင်တဲ့ အတွေးမျိုးဝင်လာတဲ့အခါမှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒီအချိန်မှာ အလုပ်ပြီးမြောက်ဖို့ အရေးအပါဆုံးနည်းလမ်းက အခြားသူတွေရဲ့ ထောက်ခံမှုကို ရှာဖွေဖို့ထက် ဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာကို အာရုံစိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလို သိမ်ငယ်စိတ် အတွေးကို ကျော်လွှားပြီး အောင်မြင်နိုင်ဖို့ နည်းလမ်းကောင်း(၅)ခုရှိပါတယ်။

၁။ သင် ဘာလုပ်နိုင်မလဲဆိုတာကို ပြန်မေးပါ။
အခန်းထဲမှာ အတော်ဆုံးလူဖြစ်နေဖို့ မလိုသလို၊ အတွေ့အကြုံအများဆုံးလူ ဖြစ်နေစရာလည်း မလိုပါဘူး။ သင့်မှာ ဘယ်လိုအရည်အချင်းမျိုးရှိလဲဆိုတာကို ချပြနိုင်ဖို့ပဲ လိုတာပါ။

၂။ ဖြေရှင်းရမယ့် ပြဿနာကိုပဲတွေးပါ။ လူတွေကို ထည့်မစဉ်းစားပါနဲ့။
ဘယ်လို ပြဿနာကို ဖြေရှင်းရမလဲ၊ ဘယ်လိုအခွင့်အရေးမျိုးကို ဆုပ်ကိုင်ရမလဲ ဒါကိုပဲ တွေးနေရမှာ ဖြစ်ပါတယ်။ ဒီအချက်က ရလဒ်ကောင်းတွေ ရရှိစေပါတယ်။

၃။ ခွင့်ပြုချက်တွေ၊ ထောက်ခံချက်တွေ ရဖို့ ကြိုးစားမနေပါနဲ့။
လူတိုင်းက သင့်နဲ့ သဘောထားချင်းတိုက်ဆိုင်မှာ မဟုတ်သလို၊ သင့်စိတ်ကူး၊ အကြံဉာဏ်ကိုလည်း သဘောကျမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံးက အသိအမှတ်ပြုတာမျိုးကို မျှော်လင့်မနေပါနဲ့။

၄။ အမေးခံရဖို့ စောင့်မနေပါနဲ့။
သင့်လှုပ်ရှားရမယ့် အပိုင်းတစ်ခုရှိပြီး အကြောင်းရင်းတစ်ခုကြောင့် ရောက်နေရတယ်လို့ တွေးထားပါ။ တစ်ယောက်ယောက်က သင့်ကို လာမေးမှာကို စောင့်နေရင် အခွင့်အလမ်းကို လက်လွှတ်မခံပါနဲ့။

၅။ နှိုင်းယှဉ်နေတာတွေကို ရပ်လိုက်ပါ။
သင့်ကိုယ်သင် အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တာ၊ မျှော်လင့်ထားတဲ့ အခြေအနေတစ်ခုနဲ့ နှိုင်းယှဉ်တာမျိုးတွေက အထောက်အကူမဖြစ်ပါဘူး။ သူက ငါ့ထက်တော်တယ်၊ သူကတော့ ငါ့ထက် အတွေ့အကြုံများတယ် စသဖြင့် အတွေးတွေက ကိုယ့်ကိုယ်ကို ဖျက်စီးတာဖြစ်ပြီး မတွေးသင့်ပါဘူး။ သင့်ရဲ့စိတ်ကူးတွေကို ဘာလုပ်နိုင်လဲ၊ ဘယ်လို လုပ်နိုင်လဲ ဆိုတာကိုပဲ တွေးပါ။