အနာဂါတ်ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာ ၅ မျိုး
အနာဂါတ်ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာ မျိုး
ခေါင်းဆောင်ကောင်းတွေကို ရွေးထုတ်ဖို့ လက္ခဏာ ရပ်ကတော့
အနာဂါတ်ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာ ၅ မျိုး
အောင်မြင်အောင် လုပ်နိုင်သူမရှိပဲ အောင်မြင်မှုဆိုတာ မရှိပါဘူး။ သင်က Boss လုပ်ချင်လို့ ကုမ္ပဏီ ထောင်တာ မဟုတ်ပါဘူး။ အောင်မြင်ချင်လို့ပါ။
အောင်မြင်မှုကို လျှောက်လှမ်းချင်သူတွေအတွက် ဝန်ထမ်းတွေကို ဦးဆောင်နိုင်ဖို့ သူတို့အထဲကပဲ ခေါင်းဆောင်နိုင်မှု စွမ်းရည် ရှိသူတွေကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ အသံကျယ်သူ မဟုတ်သလို အကျွမ်းကျင်ဆုံး စီနီယာ အကျဆုံး သူလဲ မဟုတ်ပါဘူး။ သင်က သင့်ရဲ့ ဝန်ထမ်း အသင်းအဖွဲ့ကို ဦးဆောင်နိုင်မယ့်၊ သင့်ကို အောင်မြင်မှုဆီပို့ပေးမယ် ခေါင်းဆောင်တွေကို ရွေးထုတ်တတ်ဖို့ လိုပါတယ်။
ခေါင်းဆောင်ကောင်းတွေကို ရွေးထုတ်ဖို့ လက္ခဏာ ၅ ရပ်ကတော့
၁. သူတို့က လူတွေနဲ့ ဆက်ဆံရတာ နှစ်သက်ပါတယ်
ဒီစွမ်းရည်ကတော့ မရှိမဖြစ်ပါ။ လူတွေကို ဦးဆောင်ရမယ့်သူတစ်ယောက်အဖို့ လူတွေကို နှစ်သက်ပြီး ချစ်ခင်စိတ် ရှိရပါမယ်။ စိတ်မရှည်သူ၊ သူတို့ကို အသုံးချစရာလို့ပဲ သဘောထားသူအနားမှာ ဝန်ထမ်းတွေ မပျော်ကြပါဘူး။
၂. ဖြစ်နိုင်ခြေကို တွေးတောနိုင်ရပါမယ်
ကြုံလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်သူတွေ ဖြစ်ဖို့လိုပြီး ပြသနာတွေ ရှိနေတာကို ဝန်ခံနိုင်စွမ်း ရှိသူတွေ ဖြစ်ရပါမယ်။ ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာမတွေ့သေးရင်တောင် ခုလောလောဆယ် သူ့အသင်းအတွက် အရှေ့ကို လှမ်းချီနိုင်ဖို့ နည်းလမ်းတွေ ရှာပေးနိုင်ရပါမယ်။
၃. ကောင်းကောင်း ဆက်သွယ်နိုင်ပါတယ်
ခေါင်းဆောင်တွေဟာ အခြား ဝန်ထမ်းတွေနဲ့ ကောင်းကောင်း ဆက်သွယ်နိုင်ရပါမယ်။ စကားပြော ကျွမ်းကျင်ဖိျ့ လိုအပ်ပြီး သူ့အမြင်တွေ၊ ရည်မှန်းချက်တွေ၊ အလုပ်တွေကို တခြား ဝန်ထမ်းတွေကို ရှင်းရှင်းလင်းလင်း နားလာ်သဘောပေါက်နိုင်အောင် ပြောပြနိုင်စွမ်း ရှိရပါမယ်။ ကိုယ့်ဘာသာ သိမ်းထားတတ်တဲ့ လူမျိုးဟာ ခေါင်းဆောင်နေရာအတွက် မသင့်တော်ပါဘူး။
၄. လေ့လာဖို့ စိတ်အားထက်သန်ကြပါတယ်
ခေါင်းဆောင်တွေဟာ ဆက်လေ့လာပြီး ဆက်တိုးတက်ဖို့ စိတ်အားထက်သန်ကြပြီး သူတို့ လေ့လာထားသမျှကို သူများကို ပြန်ဝေငှပေးလိုစိတ် ရှိကြပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ဘဝမှာ သူတို့အနေနဲ့ တစ်ခုခုကို လေ့လာသင်ကြားဖို့ လိုအပ်တဲ့အခါမျိုး ရှိလာမှာပါ။
၅. သူတို့ဟာ အမြင်တစ်ခုကို ဖမ်းယူနိုင်ပါတယ်
ခေါင်းဆောင်တွေဟာ အစပိုင်းမှာ သူတို့ကိုယ်ပိုင်အမြင် မရှိရင်တောင် ရှိပြီးသား အမြင်တစ်ခုကို ဖမ်းယူနိုင်ပါတယ်။ သူတို့ရဲ့ ဖြစ်နိုင်ခြေ တွေးတောနိုင်စွမ်းနဲ့ လေ့လာဖို့ စိတ်အားထက်သန်မှုတွေဟာ အမြင်သစ်တွေ ထုတ်ပေးနိုင်ဖို့ သင်ယူနိုင်စေပါတယ်။
တချို့သူတွေက မွေးကတည်းက ခေါင်းဆောင်တွေပါ။ တချို့သူတွေကျ အပေါ်က လက္ခဏာ ၅ ရပ်ရှိရင် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပေးလို့ ရပါတယ်။ သင် အဲဒီလို လူတွေကိုရှာပြီး လေ့ကျင့်ပေးရုံနဲ့ သင်ပါ ပိုပြီးကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော့်ဘဝမှာ ကျေနပ်ဖို့အကောင်းဆုံး အရာကတော့ အဲဒီလို ခေါင်းဆောင်တွေကို ရှာပြီး မွေးထုတ်နိုင်တာပါပဲ။
Related Posts
%%footer%%