ဆော့ခရေးတီး၏ စကားစစ်နည်း (၃)ခု
ေဆာ့ခေရးတီး၏ စကားစစ္နည္း (၃)ခု
ေရွးဂရိႏိုင္ငံတြင္ အေတြးအေခၚပညာရွင္ ေဆာ့ခေရးတီးသည္ ပညာဗဟုသုတၾကြယ္၀မႈေၾကာင့္ ထင္ေပၚေက်ာ္ၾကားသူတစ္ဦးျဖစ္သည္။ တစ္ေန႔တြင္ ေဆာ့ခေရးတီး၏ အသိမိတ္ေဆြတစ္ဦးက သူ႕ကိုေျပာေလသည္။
“ဆရာႀကီးရဲ႕မိတ္ေဆြတစ္ေယာက္အေၾကာင္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ၾကားထားတစ္ခုရွိတယ္။ ဆရာႀကီးေရာ သိပါသလား။“
“ခဏေလး” ေဆာ့ခေရးတီးက ေခတၱေစာင့္ခိုင္းလိုက္ရင္း “ခင္ဗ်ား ကၽြန္ေတာ့္ မိတ္ေဆြအေၾကာင္းကို မေျပာခင္မွာ ခင္ဗ်ားေျပာမယ့္အေၾကာင္းအရာကို ဆန္းစစ္ၾကည့္ၾကရေအာင္။ ဒီလို စကားေတြကို ဆန္းစစ္တ့ဲနည္းကို စကားစစ္နည္း(၃)ခုလို႔ က်ဳပ္ကသတ္မွတ္ထားတယ္။ ပထမဆုံးတစ္ခုက အမွန္တရားစကားစစ္လို႔ ေခၚတယ္။ ဟုတ္ၿပီ။ ခင္ဗ်ားေျပာမယ့္ က်ဳပ္သူငယ္ခ်င္းအေၾကာင္းက လုံး၀အမွန္ပါဆိုတာ ေသခ်ာလား“ဟု ျပန္ေျပာလိုက္သည္။
“အင္း…ဘယ္လိုေျပာရမလဲ။ ကၽြန္ေတာ္လည္း အခုမွၾကားလာတာဆိုေတာ့…”
“ရတယ္။ ကိစၥမရွိဘူး။“ေဆာ့ခေရးတီးက ဆက္ေျပာသည္။ ခင္ဗ်ားကိုယ္တိုင္က အမွန္ဟုတ္မဟုတ္ကို မသိဘူးဆိုေတာ့ ေနာက္ထပ္စကားစစ္တစ္ခုနဲ႔ စစ္ထုတ္ၾကည့္ၾကရေအာင္။ ဒီတစ္ခုကေတာ့ ေကာင္းျခင္းစကားစစ္ျဖစ္တယ္။ ခင္ဗ်ားေျပာမွာက က်ဳပ္မိတ္ေဆြရဲ႕ ေကာင္းေၾကာင္းလား မေကာင္းေၾကာင္းလား“
“အင္း…မေကာင္းေၾကာင္းပါ“။ တဖက္သူက ျပန္ေျဖသည္။
“ဒါဆို….ခင္ဗ်ားက က်ဳပ္မိတ္ေဆြရဲ႕မေကာင္းေၾကာင္းတစ္ခုခုကို လာေျပာတာေပါ့။ ဒါေပမယ့္ အမွန္ဟုတ္မဟုတ္ဆိုတာကို ေသခ်ာမသိေသးဘူးဆိုေတာ့ ေနာက္ဆုံးဆန္းစစ္မႈတစ္ခုကို ထပ္ျဖတ္ေက်ာ္ရဦးမွာေပါ့။ ေနာက္ဆုံးတစ္ခုက အသုံး၀င္မႈစကားစစ္ပဲ။ ခင္ဗ်ားေျပာမယ့္ က်ဳပ္မိတ္ေဆြအေၾကာင္းက က်ဳပ္အတြက္ အသုံး၀င္ရဲ႕လား“
“ဟင့္အင္း။ မ၀င္ေလာက္ပါဘူး။“
“ေကာင္းၿပီေလ။ ဒါဆို ခင္ဗ်ားက က်ဳပ္သူငယ္ခ်င္းအေၾကာင္း မွန္မမွန္လည္း မေသခ်ာ၊ ေကာင္းေၾကာင္းလည္းမဟုတ္၊ က်ဳပ္အတြက္အသုံးလည္းမ၀င္မွေတာ့ ဘာေၾကာင့္ေျပာေနဦးမွာလဲဗ်ာ“လို႔ ေဆာ့ခေရတီးက ျပန္ေျပာလိုက္ေလသည္။
ဆော့ခရေးတီး၏ စကားစစ်နည်း (၃)ခု
ရှေးဂရိနိုင်ငံတွင် အတွေးအခေါ်ပညာရှင် ဆော့ခရေးတီးသည် ပညာဗဟုသုတကြွယ်ဝမှုကြောင့် ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်သည်။ တစ်နေ့တွင် ဆော့ခရေးတီး၏ အသိမိတ်ဆွေတစ်ဦးက သူ့ကိုပြောလေသည်။
“ဆရာကြီးရဲ့မိတ်ဆွေတစ်ယောက်အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ကြားထားတစ်ခုရှိတယ်။ ဆရာကြီးရော သိပါသလား။”
“ခဏလေး” ဆော့ခရေးတီးက ခေတ္တစောင့်ခိုင်းလိုက်ရင်း “ခင်ဗျား ကျွန်တော့် မိတ်ဆွေအကြောင်းကို မပြောခင်မှာ ခင်ဗျားပြောမယ့်အကြောင်းအရာကို ဆန်းစစ်ကြည့်ကြရအောင်။ ဒီလို စကားတွေကို ဆန်းစစ်တဲ့နည်းကို စကားစစ်နည်း(၃)ခုလို့ ကျုပ်ကသတ်မှတ်ထားတယ်။ ပထမဆုံးတစ်ခုက အမှန်တရားစကားစစ်လို့ ခေါ်တယ်။ ဟုတ်ပြီ။ ခင်ဗျားပြောမယ့် ကျုပ်သူငယ်ချင်းအကြောင်းက လုံးဝအမှန်ပါဆိုတာ သေချာလား”ဟု ပြန်ပြောလိုက်သည်။
“အင်း…ဘယ်လိုပြောရမလဲ။ ကျွန်တော်လည်း အခုမှကြားလာတာဆိုတော့…”
“ရတယ်။ ကိစ္စမရှိဘူး။”ဆော့ခရေးတီးက ဆက်ပြောသည်။ ခင်ဗျားကိုယ်တိုင်က အမှန်ဟုတ်မဟုတ်ကို မသိဘူးဆိုတော့ နောက်ထပ်စကားစစ်တစ်ခုနဲ့ စစ်ထုတ်ကြည့်ကြရအောင်။ ဒီတစ်ခုကတော့ ကောင်းခြင်းစကားစစ်ဖြစ်တယ်။ ခင်ဗျားပြောမှာက ကျုပ်မိတ်ဆွေရဲ့ ကောင်းကြောင်းလား မကောင်းကြောင်းလား”
“အင်း…မကောင်းကြောင်းပါ”။ တဖက်သူက ပြန်ဖြေသည်။
“ဒါဆို….ခင်ဗျားက ကျုပ်မိတ်ဆွေရဲ့မကောင်းကြောင်းတစ်ခုခုကို လာပြောတာပေါ့။ ဒါပေမယ့် အမှန်ဟုတ်မဟုတ်ဆိုတာကို သေချာမသိသေးဘူးဆိုတော့ နောက်ဆုံးဆန်းစစ်မှုတစ်ခုကို ထပ်ဖြတ်ကျော်ရဦးမှာပေါ့။ နောက်ဆုံးတစ်ခုက အသုံးဝင်မှုစကားစစ်ပဲ။ ခင်ဗျားပြောမယ့် ကျုပ်မိတ်ဆွေအကြောင်းက ကျုပ်အတွက် အသုံးဝင်ရဲ့လား”
“ဟင့်အင်း။ မဝင်လောက်ပါဘူး။”
“ကောင်းပြီလေ။ ဒါဆို ခင်ဗျားက ကျုပ်သူငယ်ချင်းအကြောင်း မှန်မမှန်လည်း မသေချာ၊ ကောင်းကြောင်းလည်းမဟုတ်၊ ကျုပ်အတွက်အသုံးလည်းမဝင်မှတော့ ဘာကြောင့်ပြောနေဦးမှာလဲဗျာ”လို့ ဆော့ခရေတီးက ပြန်ပြောလိုက်လေသည်။