ေပ်ာ္ရႊင္ေစဖို႔ စိတ္ထဲမထားသင့္တဲ့ အရာမ်ား

ပျော်ရွှင်စေဖို့ စိတ်ထဲမထားသင့်တဲ့ အရာများ

ေပ်ာ္ရႊင္ေစဖို႔ စိတ္ထဲမထားသင့္တဲ့ အရာမ်ား

သင္ေပ်ာ္ရႊင္ခ်င္ပါသလား???

သင္ေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ စိတ္ေအးေအးထားတတ္ဖို႔လိုပါတယ္။ ဘာမဟုတ္တဲ့ကိစၥေတြအတြက္ ေခၽြးပ်ံေနတာမ်ိဳး၊ အခ်ိန္တိုင္း ပ်ာယာခတ္စိတ္႐ႈပ္ေနတာမ်ိဳး၊ တျခားလူေတြရဲ႕အေျပာအဆိုမခံခ်င္တာမ်ိဳးေတြ အတြက္ စိတ္ပင္ပန္းခံေနလို႔ မရပါဘူး။ ဒီေတာ့ ဘာေတြကို ဘယ္လိုစိတ္ေအးေအးေနတတ္ရမွာလဲဆိုတာကို သိရွိေလ့လာႏိုင္ဖို႔ ေပ်ာ္ရႊင္ေနသူေတြက စိတ္ထဲမထားတဲ့အခ်က္()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေထ့ေငါ့ေျပာဆိုတဲ့ ဟာသေတြ

ဟုတ္ပါတယ္။ ဒီလိုမ်ိဳး ရည္ရြယ္ခ်က္ရွိရွိ ေထ့ေငါ့ေျပာဆိုတဲ့ ဟာသေတြက စိတ္ပ်က္စရာအမွန္ပါ။ ဒါေပမယ့္ ေပ်ာ္ေပ်ာ္ေနတတ္သူေတြကေတာ့ ဒီလိုဟာသေတြအတြက္ စိတ္တိုေလ့မရွိပါဘူး။ ဟာသကို ဟာသလို႔ပဲ သေဘာထားၿပီး ရယ္ေမာလုိက္တတ္ပါတယ္။ ေျပာတဲ့ဟာသကို အသိအမွတ္ျပဳလုိက္တဲ့အျပင္ ျပန္ၿပီးေတာ့ေတာင္မွ စေနာက္လိုက္ဦးမွာပါ။

၂။ ထိန္းခ်ဳပ္မရႏိုင္တဲ့ အေျခအေနေတြ

မိုးေလ၀သအေျခအေနတို႔ ယာဥ္ေၾကာပိတ္ဆို႔မႈစတာေတြကို ဆိုလိုပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူေတြကေတာ့ ဒီလိုကိစၥမ်ိဳးေတြဟာ ျဖစ္တတ္တဲ့သေဘာ ဆိုတာနဲ႔ ဘာမွမတတ္ႏိုင္ဘူးဆိုတာကို သိထားၾကပါတယ္။ ဒါက ဘယ္သူ႔ကိုမွ အျပစ္တင္လို႔ရတဲ့ကိစၥမဟုတ္ပါဘူး။ ဒီလိုအေျခအေနေတြအတြက္ စိတ္ညစ္ခံေနမယ့္အစား တျခားေကာင္းတဲ့ဖက္ကို လွည့္ေတြးၿပီး အေျဖတစ္ခုကိုရွာတတ္ၾကပါတယ္။

၃။ ျငင္းပယ္မႈေတြ

ျငင္းပယ္ခံရတယ္ဆိုတာဟာ က်႐ႈံးမႈတစ္ခုမဟုတ္မွန္းကို ေပ်ာ္ေပ်ာ္ေနတတ္သူေတြက နားလည္ထားၾကပါတယ္။ အလုပ္ေနရာတစ္ခုအတြက္ပဲျဖစ္ျဖစ္၊ ေကာင္မေလးက ျငင္းဆိုတာပဲျဖစ္ျဖစ္ သူတို႔က စိတ္မပ်က္သြားတတ္ၾကပါဘူး။ ျငင္းပယ္ခံရတာဟာ သူတို႔ရဲ႕အမွားေၾကာင့္မဟုတ္ဘူးဆိုတာကို သိရွိလက္ခံထားၾကပါတယ္။ ဒီကေနမွတဆင့္ သင္ခန္းစာယူၿပီး ေအာင္ျမင္ဖို႔ျပင္ဆင္ေရွ႕ဆက္ေလ့ရွိပါတယ္။

၄။ အခ်ိန္

ယေန႔ေခတ္မွာ လူေတြအားလံုးက ပ်ာယာခတ္ေနၾကပါတယ္။ ရထား ဒါမွမဟုတ္ ဘတ္စ္ကား လြတ္သြားတာကိုပဲ ကမာၻပ်က္မတတ္ စိတ္ညစ္ေနတတ္ၾကပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူေတြကေတာ့ အခ်ိန္မမွီမွာကို စိုးရိမ္ၿပီး ပ်ာယာခတ္မေနတတ္ပါဘူး။ မိနစ္အနည္းငယ္ေလာက္ လြဲေခ်ာ္သြားလို႔ သူတို႔ဘ၀အတြက္ ဘာမွထိခိုက္မသြားဘူးဆိုတာကို သိထားၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ စိတ္ကအျမဲတမ္းေပါ့ပါးေပ်ာ္ရႊင္ေနတာပဲျဖစ္ပါတယ္။

၅။ အခ်စ္

ေပ်ာ္ေပ်ာ္ေနႏိုင္ဖို႔အတြက္ အခ်စ္နဲ႔ပတ္သက္ရင္လည္း စိတ္ေအးခ်မ္းဖို႔လိုပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူေတြက အခ်စ္ကို တကူးတကမရွာေဖြပါဘူး။ သူတို႔သေဘာက်ျမတ္ႏိုးတာကိုလုပ္ေနရင္းနဲ႔ပဲ အခ်စ္ကိုေတြ႕ရွိသြားတတ္ၾကပါတယ္။

၆။ စိတ္ခံစားခ်က္ေတြ

စိတ္တည္ျငိမ္မႈရွိသူဟာ ေပ်ာ္ရႊင္တဲ့သူပါပဲ။ ဟုတ္ပါတယ္။ သူတို႔လည္းပဲ အခ်ိန္နဲ႔အမွ် ေဒါသျဖစ္စရာေတြ၊ ၀မ္းနည္းစရာေတြ၊ စိတ္ပ်က္စရာေတြနဲ႔ အျခားမေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ေတြ႕ႀကံဳခံစားၾကရပါတယ္။ ဒါေပမယ့္ သူတို႔အတြက္ စိတ္ခံစားခ်က္ေတြကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းႏိုင္ၾကပါတယ္။ စိတ္ကိုေလွ်ာ့ၿပီး အားလံုးကို အေသအခ်ာေတြးေတာ့ၾကံဆတတ္ၾကပါတယ္။

၇။ ကမာၻ႔အေရး၊ ႏိုင္ငံ့အေရးေတြ

ကမာၻ႕အေရး၊ ႏိုင္ငံ့အေရးကိစၥေတြကို မေကာင္းတဲ့ကိစၥေတြမွာ ေပ်ာ္စရာေကာင္းတဲ့ကိစၥက ရွားပါတယ္။ သတင္းေတြကိုစိတ္၀င္စားတဲ့သူေတြအတြက္ေတာ့ စိတ္ပ်က္စရာ၊ ၀မ္းနည္းစရာ၊ ေဒါသျဖစ္စရာေတြ ပိုမ်ားလာတတ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူေတြကေတာ့ ကမာၻ႕အေရးပဲျဖစ္ျဖစ္ ႏိုင္ငံ့အေရးပဲျဖစ္ျဖစ္ အရွိကိုအရွိအတိုင္းလက္ခံထားတတ္ၾကပါတယ္။ သတင္းေတြေၾကာင့္ စိတ္ညစ္တာထက္ ကူညီႏိုင္သမွ် ကူညီေပးတတ္ၾကပါတယ္။

၈။ ေငြေၾကး

ေငြေၾကးက အေရးႀကီးပါတယ္။ ဒါေပမယ့္ ေပ်ာ္ေပ်ာ္ေနသူေတြကေတာ့ ေငြေၾကာင့္ အပင္ပန္းမခံပါဘူး။ ဒါ့ထက္ရွင္းေအာင္ေျပာရရင္ ဘဏ္စာရင္းထဲက ကိန္းဂဏန္းပမာဏေတြက သူတို႔ရဲ႕ေပ်ာ္ရႊင္မႈအစစ္ကို မဖန္တီးေပးႏိုင္တာကို သိထားၾကပါတယ္။ သူတို႔က ေပ်ာ္ဖို႔အတြက္ သံုးတတ္ၾကသလို အဆင္ေျပႏိုင္သေလာက္ကိုပဲ စုေဆာင္းၾကပါတယ္။ ေငြေၾကးလိုအပ္ေနရင္လည္း သူတို႔က စိတ္မပ်က္ပါဘူး။ လုပ္သင့္လုပ္ထိုက္တာကို လုပ္ၿပီး အဆင္ေျပေအာင္ ႀကိဳးစားတတ္ၾကပါတယ္။

၉။ အလုပ္ၿပီးေျမာက္ဖို႔

ေပ်ာ္ေပ်ာ္ေနတတ္သူေတြက အေကာင္းဆံုးရလဒ္ရရွိဖို႔ အခ်ိန္ယူရတာကို သိပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို စိတ္ရွည္ၾကပါတယ္။ ၿပီးခ်င္ေဇာမ်ားေနတာက စိတ္ဖိစီးမႈကိုျဖစ္ေစၿပီး အလုပ္ၿပီးေျမာက္မႈကို ထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ သူတို႔က တဆင့္ၿပီးတဆင့္လုပ္ေဆာင္တတ္ၾကပါတယ္။ အေရးအႀကီးဆံုးက သူတို႔ရဲ႕ၿပီးေျမာက္ေအာင္ျမင္မႈကို အျခားသူေတြနဲ႔ ႏႈိင္းယွဥ္ေလ့မရွိတာပါပဲ။


ပျော်ရွှင်စေဖို့ စိတ်ထဲမထားသင့်တဲ့ အရာများ

သင်ပျော်ရွှင်ချင်ပါသလား???

သင်ပျော်ရွှင်ချင်တယ်ဆိုရင် စိတ်အေးအေးထားတတ်ဖို့လိုပါတယ်။ ဘာမဟုတ်တဲ့ကိစ္စတွေအတွက် ချွေးပျံနေတာမျိုး၊ အချိန်တိုင်း ပျာယာခတ်စိတ်ရှုပ်နေတာမျိုး၊ တခြားလူတွေရဲ့အပြောအဆိုမခံချင်တာမျိုးတွေ အတွက် စိတ်ပင်ပန်းခံနေလို့ မရပါဘူး။ ဒီတော့ ဘာတွေကို ဘယ်လိုစိတ်အေးအေးနေတတ်ရမှာလဲဆိုတာကို သိရှိလေ့လာနိုင်ဖို့ ပျော်ရွှင်နေသူတွေက စိတ်ထဲမထားတဲ့အချက်(၉)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ထေ့ငေါ့ပြောဆိုတဲ့ ဟာသတွေ
ဟုတ်ပါတယ်။ ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ ထေ့ငေါ့ပြောဆိုတဲ့ ဟာသတွေက စိတ်ပျက်စရာအမှန်ပါ။ ဒါပေမယ့် ပျော်ပျော်နေတတ်သူတွေကတော့ ဒီလိုဟာသတွေအတွက် စိတ်တိုလေ့မရှိပါဘူး။ ဟာသကို ဟာသလို့ပဲ သဘောထားပြီး ရယ်မောလိုက်တတ်ပါတယ်။ ပြောတဲ့ဟာသကို အသိအမှတ်ပြုလိုက်တဲ့အပြင် ပြန်ပြီးတော့တောင်မှ စနောက်လိုက်ဦးမှာပါ။

၂။ ထိန်းချုပ်မရနိုင်တဲ့ အခြေအနေတွေ
မိုးလေဝသအခြေအနေတို့ ယာဉ်ကြောပိတ်ဆို့မှုစတာတွေကို ဆိုလိုပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့ ဒီလိုကိစ္စမျိုးတွေဟာ ဖြစ်တတ်တဲ့သဘော ဆိုတာနဲ့ ဘာမှမတတ်နိုင်ဘူးဆိုတာကို သိထားကြပါတယ်။ ဒါက ဘယ်သူ့ကိုမှ အပြစ်တင်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေအတွက် စိတ်ညစ်ခံနေမယ့်အစား တခြားကောင်းတဲ့ဖက်ကို လှည့်တွေးပြီး အဖြေတစ်ခုကိုရှာတတ်ကြပါတယ်။

၃။ ငြင်းပယ်မှုတွေ
ငြင်းပယ်ခံရတယ်ဆိုတာဟာ ကျရှုံးမှုတစ်ခုမဟုတ်မှန်းကို ပျော်ပျော်နေတတ်သူတွေက နားလည်ထားကြပါတယ်။ အလုပ်နေရာတစ်ခုအတွက်ပဲဖြစ်ဖြစ်၊ ကောင်မလေးက ငြင်းဆိုတာပဲဖြစ်ဖြစ် သူတို့က စိတ်မပျက်သွားတတ်ကြပါဘူး။ ငြင်းပယ်ခံရတာဟာ သူတို့ရဲ့အမှားကြောင့်မဟုတ်ဘူးဆိုတာကို သိရှိလက်ခံထားကြပါတယ်။ ဒီကနေမှတဆင့် သင်ခန်းစာယူပြီး အောင်မြင်ဖို့ပြင်ဆင်ရှေ့ဆက်လေ့ရှိပါတယ်။
၄။ အချိန်
ယနေ့ခေတ်မှာ လူတွေအားလုံးက ပျာယာခတ်နေကြပါတယ်။ ရထား ဒါမှမဟုတ် ဘတ်စ်ကား လွတ်သွားတာကိုပဲ ကမ္ဘာပျက်မတတ် စိတ်ညစ်နေတတ်ကြပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့ အချိန်မမှီမှာကို စိုးရိမ်ပြီး ပျာယာခတ်မနေတတ်ပါဘူး။ မိနစ်အနည်းငယ်လောက် လွဲချော်သွားလို့ သူတို့ဘဝအတွက် ဘာမှထိခိုက်မသွားဘူးဆိုတာကို သိထားကြပါတယ်။ ဒါ့ကြောင့် သူတို့ စိတ်ကအမြဲတမ်းပေါ့ပါးပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

၅။ အချစ်
ပျော်ပျော်နေနိုင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင်လည်း စိတ်အေးချမ်းဖို့လိုပါတယ်။ ပျော်ပျော်နေတတ်သူတွေက အချစ်ကို တကူးတကမရှာဖွေပါဘူး။ သူတို့သဘောကျမြတ်နိုးတာကိုလုပ်နေရင်းနဲ့ပဲ အချစ်ကိုတွေ့ရှိသွားတတ်ကြပါတယ်။

၆။ စိတ်ခံစားချက်တွေ
စိတ်တည်ငြိမ်မှုရှိသူဟာ ပျော်ရွှင်တဲ့သူပါပဲ။ ဟုတ်ပါတယ်။ သူတို့လည်းပဲ အချိန်နဲ့အမျှ ဒေါသဖြစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ပျက်စရာတွေနဲ့ အခြားမကောင်းတဲ့စိတ်ခံစားချက်တွေကို တွေ့ကြုံခံစားကြရပါတယ်။ ဒါပေမယ့် သူတို့အတွက် စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ကြပါတယ်။ စိတ်ကိုလျှော့ပြီး အားလုံးကို အသေအချာတွေးတော့ကြံဆတတ်ကြပါတယ်။

၇။ ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးတွေ
ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးကိစ္စတွေကို မကောင်းတဲ့ကိစ္စတွေမှာ ပျော်စရာကောင်းတဲ့ကိစ္စက ရှားပါတယ်။ သတင်းတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ စိတ်ပျက်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာတွေ ပိုများလာတတ်ပါတယ်။ ပျော်ပျော်နေတတ်သူတွေကတော့ ကမ္ဘာ့အရေးပဲဖြစ်ဖြစ် နိုင်ငံ့အရေးပဲဖြစ်ဖြစ် အရှိကိုအရှိအတိုင်းလက်ခံထားတတ်ကြပါတယ်။ သတင်းတွေကြောင့် စိတ်ညစ်တာထက် ကူညီနိုင်သမျှ ကူညီပေးတတ်ကြပါတယ်။

၈။ ငွေကြေး
ငွေကြေးက အရေးကြီးပါတယ်။ ဒါပေမယ့် ပျော်ပျော်နေသူတွေကတော့ ငွေကြောင့် အပင်ပန်းမခံပါဘူး။ ဒါ့ထက်ရှင်းအောင်ပြောရရင် ဘဏ်စာရင်းထဲက ကိန်းဂဏန်းပမာဏတွေက သူတို့ရဲ့ပျော်ရွှင်မှုအစစ်ကို မဖန်တီးပေးနိုင်တာကို သိထားကြပါတယ်။ သူတို့က ပျော်ဖို့အတွက် သုံးတတ်ကြသလို အဆင်ပြေနိုင်သလောက်ကိုပဲ စုဆောင်းကြပါတယ်။ ငွေကြေးလိုအပ်နေရင်လည်း သူတို့က စိတ်မပျက်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး အဆင်ပြေအောင် ကြိုးစားတတ်ကြပါတယ်။

၉။ အလုပ်ပြီးမြောက်ဖို့
ပျော်ပျော်နေတတ်သူတွေက အကောင်းဆုံးရလဒ်ရရှိဖို့ အချိန်ယူရတာကို သိပါတယ်။ ဒါ့ကြောင့် သူတို့ကို စိတ်ရှည်ကြပါတယ်။ ပြီးချင်ဇောများနေတာက စိတ်ဖိစီးမှုကိုဖြစ်စေပြီး အလုပ်ပြီးမြောက်မှုကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သူတို့က တဆင့်ပြီးတဆင့်လုပ်ဆောင်တတ်ကြပါတယ်။ အရေးအကြီးဆုံးက သူတို့ရဲ့ပြီးမြောက်အောင်မြင်မှုကို အခြားသူတွေနဲ့ နှိုင်းယှဉ်လေ့မရှိတာပါပဲ။

Related Posts

%%footer%%