ထူးခၽြန္ထက္ျမက္သူတစ္ေယာက္ျဖစ္ေစႏိုင္သည့္ ၀ါသနာ (၅)ခု
ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်စေနိုင်သည့် ဝါသနာ (၅)ခု
သင့္ရဲ႕ ဦးေႏွာက္က ခႏၶာကိုယ္ၾကြက္သားေတြလိုပါပဲ။ ဦးေႏွာက္စြမ္းရည္နဲ႔ ဉာဏ္ရည္တိုးတက္ ေကာင္းမြန္လာဖို႔အတြက္ ေလ့က်င့္ယူလို႔ရႏိုင္ပါတယ္။ ေလ့လာမႈေတြအရ ဦးေႏွာက္နဲ႔ စိတ္ကို ပံုမွန္ေလ့က်င့္ေပးျခင္းအားျဖင့္ ဉာဏ္ရည္ဉာဏ္ေသြးကို တိုးတက္လာေစႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ဉာဏ္စမ္းပေဟဠိေတြ၊ ဆူဒိုကုကစားနည္းေတြက သင့္ရဲ႕ဉာဏ္ရည္ကို တိုးတက္လာေစႏိုင္တာ အမွန္ပါပဲ။ ဒါေပမယ့္ ဒီကစားနည္းေတြက အလွမ္းေ၀းပါေသးတယ္။ ေန႔စဥ္လုပ္ေနက် ၀ါသနာေတြထဲက တခ်ိဳ႕ကလည္း သင့္ရဲ႕ဉာဏ္ရည္ကို ထူးခၽြန္ထက္ျမက္လာေစႏိုင္ပါေသးတယ္။ ဟုတ္ပါတယ္။ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္တာလိုမ်ိဳး ေန႔စဥ္လုပ္ရပ္ေတြက ခႏၶာကိုယ္က်န္းမာၾကံ႕ခိုင္ေရးအတြက္သာမက မွတ္ဉာဏ္စြမ္းရည္နဲ႔ အရာ၀တၳဳေတြကို သိမွတ္ႏိုင္စြမ္းကိုပါ တိုးတက္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးကို တိုးတက္ေကာင္းမြန္ေစႏိုင္တဲ့ ၀ါသနာ(၅)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္း
ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြက ခႏၶာကိုယ္အတြက္ ေကာင္းတယ္ဆိုတာကို ကၽြန္ေတာ္တို႔ အားလံုး သိထားၿပီးသားျဖစ္ပါတယ္။ တကယ္ေတာ့ ေလ့က်င့္ခန္းလုပ္တာက အရာ၀တၳဳေတြကို သိမွတ္ႏိုင္တဲ့ မွတ္ဉာဏ္အရည္အေသြးကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ကာလရွည္မွတ္ဉာဏ္ကို ေကာင္းမြန္ေစႏိုင္တဲ့ ပ႐ိုတိန္းဓာတ္ေတြကို ထုတ္လႊတ္ေစဖို႔ကိုလည္း အေထာက္အကူျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေယာဂေလ့က်င့္တာ၊ အေျပးေလ့က်င့္တာေတြကစၿပီး သင့္အတြက္အဆင္ေျပႏိုင္မယ့္ ေလ့က်င့္ခန္းေတြကို ပံုမွန္လုပ္ေဆာင္သင့္ပါတယ္။
အခ်ိန္ဆြဲသည့္အက်င့္ကို ေဖ်ာက္ဖ်က္ႏိုင္မည့္ နည္းလမ္းမ်ား
၂။ ဂီတတူရိယာတီးမႈတ္ျခင္း
ဂီတတူရီယာတစ္ခုခုကို တီးမႈတ္တတ္တာကလည္း အက်ိဳးေက်းဇူးမ်ားစြာ ရွိပါတယ္။ သိမွတ္ဆင္ျခင္ႏိုင္မႈ စြမ္းရည္နဲ႔ ပညာရပ္ေတြေလ့လာရာမွာ လြယ္ကူသိျမင္ေစႏိုင္ပါတယ္။ ကေလးေတြမွာ ဂီတတူရိယာတစ္ခုခုကို တီးမႈတ္ႏိုင္တယ္ဆိုရင္ အေျပာစြမ္းရည္ၾကြယ္၀ၿပီး စဥ္းစားတြက္ဆမႈ ျမန္ဆန္တာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ဂီတတူရိယာတစ္ခုခုကို ငယ္စဥ္ကတည္းက တီးတတ္မႈတ္တတ္ေအာင္ ေလ့လာသင္ယူမယ္ဆိုရင္ အေကာင္းဆံုးပါပဲ။
၃။ ဗီဒီယိုဂိမ္းမ်ား ကစားျခင္း
ဗီဒီယိုဂိမ္းေတြ ကစားတာနဲ႔ပတ္သက္ၿပီး မေကာင္းေျပာၾကတာမ်ားပါတယ္။ ဒါေပမယ့္ ေကာင္းတဲ့အခ်က္ေတြလည္း ရွိပါတယ္။ ဗီဒီယိုဂိမ္းကစားတဲ့အတြက္ နဂိုရွိၿပီးသား မွတ္ဉာဏ္နဲ႔ မွတ္ဉာဏ္အသစ္ေတြအၾကား လိုအပ္သလို စဥ္းစားတြက္ခ်က္ အသံုးခ်ႏိုင္စြမ္းကို တိုးတက္ေစၿပီး လုပ္ငန္းလုပ္ေဆာင္တဲ့ မွတ္ဉာဏ္ကို ဖြံ႕ၿဖိဳးေစပါတယ္။ တစ္ေန႔ကို မိနစ္(၃၀)ေလာက္ ကစားေပးမယ္ဆိုရင္ လမ္းေၾကာင္းရွာေဖြျခင္း၊ စနစ္တက်အစီအစဥ္ေရးဆြဲျခင္းနဲ႔ ၾကြက္သားငယ္ေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို ဖြံ႔ၿဖိဳးေစႏိုင္ပါတယ္။ (၂၄)နာရီလံုး ကစားေနတာမ်ိဳးကလြဲၿပီး ဘယ္လိုဂိမ္းမိ်ဳးပဲျဖစ္ျဖစ္ ကစားေပးမယ္ဆိုရင္ ဉာဏ္ရည္ဉာဏ္ေသြး ထက္ျမက္ဖို႔ အေထာက္အကူျဖစ္ပါတယ္။
၄။ ဘာသာစကား အသစ္တစ္ခု သင္ယူျခင္း
ဘာသာစကားတစ္ခုကို ေလ့လာသင္ယူတာက ခရီးသြားတဲ့ေနရာမွာ အသံုး၀င္႐ုံတင္မဟုတ္ပါဘူး။ ဦးေႏွာက္အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစၿပီး သက္ႀကီးပိုင္းမွတ္ဉာဏ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဘာသာစကားအမ်ိဳးမ်ိဳးေျပာတတ္တာက ဦးေႏွာက္ရဲ႕ လုပ္ငန္းလုပ္ေဆာင္မႈကို တိုးတက္ေစတဲ့အတြက္ စိတ္ဓာတ္ပိုင္းဆိုင္ရာ စိန္ေခၚမႈရွိတဲ့အလုပ္ကိစၥေတြကို လုပ္ေဆာင္ႏိုင္စြမ္းရွိေစပါတယ္။ ဘာသာစကားႏွစ္မ်ိဳးေျပာတတ္သူေတြက ဉာဏ္စမ္းပေဟဠိေတြကို ပိုမိုေျဖရွင္းႏိုင္ၿပီး စီမံကိန္းေရးဆြဲျခင္း၊ အလုပ္စီမံခန္႔ခြဲျခင္းေတြကို ပိုေကာင္းေအာင္လုပ္ေဆာင္ႏိုင္တာကို ေတြ႕ရပါတယ္။
လုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္ဖို႔ အေရးပါသည့္ ေနထိုင္မႈပံုစံ
၅။ စာဖတ္ျခင္း
စာဖတ္ျခင္းမွာ အသိပညာဗဟုသုတနဲ႔ ေ၀ါဟာရၾကြယ္၀ေစတဲ့အက်ိဳးေက်းဇူးအျပင္ အျခားအမ်ားႀကီးရွိပါေသးတယ္။ ေန႔စဥ္စာဖတ္ျခင္းဟာ ဘာသာစကားတစ္ခုကို လက္ခံႏိုင္ျခင္းနဲ႔ ပတ္သက္တဲ့ ဦးေႏွာက္ရဲ႕ ဘယ္ဖက္ပိုင္းမွာ ဆက္သြယ္မႈေတြကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ စာေတြ႕ဖတ္႐ႈဖူးတဲ့ အခ်က္ေတြကို တကယ္လက္ေတြ႕ရင္ဆိုင္ရခ်ိန္မွာ ထုတ္သံုးႏိုင္စြမ္းလည္း ရွိေစပါတယ္။ ဥပမာ – ကားေမာင္းတာနဲ႔ပတ္သက္ၿပီး ဖတ္႐ႈထားတဲ့အခ်က္ေတြကို တကယ္လက္ေတြ႕ေမာင္းတဲ့အခါမွာလည္း အသံုးခ်မိေနတာမ်ိဳးျဖစ္ပါတယ္။ စာဖတ္တဲ့ေနရာမွာ စာႀကီးေပႀကီးေတြက ကာတြန္းစာအုပ္ေတြအထိ ဘယ္လိုစာမ်ိဳးကိုမဆိုဖတ္လို႔ရပါတယ္။
ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်စေနိုင်သည့် ဝါသနာ (၅)ခု
သင့်ရဲ့ ဦးနှောက်က ခန္ဓာကိုယ်ကြွက်သားတွေလိုပါပဲ။ ဦးနှောက်စွမ်းရည်နဲ့ ဉာဏ်ရည်တိုးတက် ကောင်းမွန်လာဖို့အတွက် လေ့ကျင့်ယူလို့ရနိုင်ပါတယ်။ လေ့လာမှုတွေအရ ဦးနှောက်နဲ့ စိတ်ကို ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဉာဏ်စမ်းပဟေဠိတွေ၊ ဆူဒိုကုကစားနည်းတွေက သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်လာစေနိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒီကစားနည်းတွေက အလှမ်းဝေးပါသေးတယ်။ နေ့စဉ်လုပ်နေကျ ဝါသနာတွေထဲက တချို့ကလည်း သင့်ရဲ့ဉာဏ်ရည်ကို ထူးချွန်ထက်မြက်လာစေနိုင်ပါသေးတယ်။ ဟုတ်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာလိုမျိုး နေ့စဉ်လုပ်ရပ်တွေက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက မှတ်ဉာဏ်စွမ်းရည်နဲ့ အရာဝတ္ထုတွေကို သိမှတ်နိုင်စွမ်းကိုပါ တိုးတက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဝါသနာ(၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သိထားပြီးသားဖြစ်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်တာက အရာဝတ္ထုတွေကို သိမှတ်နိုင်တဲ့ မှတ်ဉာဏ်အရည်အသွေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကာလရှည်မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်တဲ့ ပရိုတိန်းဓာတ်တွေကို ထုတ်လွှတ်စေဖို့ကိုလည်း အထောက်အကူဖြစ်ပါတယ်။ ဒါ့ကြောင့် ယောဂလေ့ကျင့်တာ၊ အပြေးလေ့ကျင့်တာတွေကစပြီး သင့်အတွက်အဆင်ပြေနိုင်မယ့် လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
၂။ ဂီတတူရိယာတီးမှုတ်ခြင်း
ဂီတတူရီယာတစ်ခုခုကို တီးမှုတ်တတ်တာကလည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ သိမှတ်ဆင်ခြင်နိုင်မှု စွမ်းရည်နဲ့ ပညာရပ်တွေလေ့လာရာမှာ လွယ်ကူသိမြင်စေနိုင်ပါတယ်။ ကလေးတွေမှာ ဂီတတူရိယာတစ်ခုခုကို တီးမှုတ်နိုင်တယ်ဆိုရင် အပြောစွမ်းရည်ကြွယ်၀ပြီး စဉ်းစားတွက်ဆမှု မြန်ဆန်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဂီတတူရိယာတစ်ခုခုကို ငယ်စဉ်ကတည်းက တီးတတ်မှုတ်တတ်အောင် လေ့လာသင်ယူမယ်ဆိုရင် အကောင်းဆုံးပါပဲ။
၃။ ဗီဒီယိုဂိမ်းများ ကစားခြင်း
ဗီဒီယိုဂိမ်းတွေ ကစားတာနဲ့ပတ်သက်ပြီး မကောင်းပြောကြတာများပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဗီဒီယိုဂိမ်းကစားတဲ့အတွက် နဂိုရှိပြီးသား မှတ်ဉာဏ်နဲ့ မှတ်ဉာဏ်အသစ်တွေအကြား လိုအပ်သလို စဉ်းစားတွက်ချက် အသုံးချနိုင်စွမ်းကို တိုးတက်စေပြီး လုပ်ငန်းလုပ်ဆောင်တဲ့ မှတ်ဉာဏ်ကို ဖွံ့ဖြိုးစေပါတယ်။ တစ်နေ့ကို မိနစ်(၃၀)လောက် ကစားပေးမယ်ဆိုရင် လမ်းကြောင်းရှာဖွေခြင်း၊ စနစ်တကျအစီအစဉ်ရေးဆွဲခြင်းနဲ့ ကြွက်သားငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ (၂၄)နာရီလုံး ကစားနေတာမျိုးကလွဲပြီး ဘယ်လိုဂိမ်းမျိုးပဲဖြစ်ဖြစ် ကစားပေးမယ်ဆိုရင် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖို့ အထောက်အကူဖြစ်ပါတယ်။
၄။ ဘာသာစကား အသစ်တစ်ခု သင်ယူခြင်း
ဘာသာစကားတစ်ခုကို လေ့လာသင်ယူတာက ခရီးသွားတဲ့နေရာမှာ အသုံးဝင်ရုံတင်မဟုတ်ပါဘူး။ ဦးနှောက်အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး သက်ကြီးပိုင်းမှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ဘာသာစကားအမျိုးမျိုးပြောတတ်တာက ဦးနှောက်ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကို တိုးတက်စေတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုရှိတဲ့အလုပ်ကိစ္စတွေကို လုပ်ဆောင်နိုင်စွမ်းရှိစေပါတယ်။ ဘာသာစကားနှစ်မျိုးပြောတတ်သူတွေက ဉာဏ်စမ်းပဟေဠိတွေကို ပိုမိုဖြေရှင်းနိုင်ပြီး စီမံကိန်းရေးဆွဲခြင်း၊ အလုပ်စီမံခန့်ခွဲခြင်းတွေကို ပိုကောင်းအောင်လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
၅။ စာဖတ်ခြင်း
စာဖတ်ခြင်းမှာ အသိပညာဗဟုသုတနဲ့ ဝေါဟာရကြွယ်၀စေတဲ့အကျိုးကျေးဇူးအပြင် အခြားအများကြီးရှိပါသေးတယ်။ နေ့စဉ်စာဖတ်ခြင်းဟာ ဘာသာစကားတစ်ခုကို လက်ခံနိုင်ခြင်းနဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ ဘယ်ဖက်ပိုင်းမှာ ဆက်သွယ်မှုတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စာတွေ့ဖတ်ရှုဖူးတဲ့ အချက်တွေကို တကယ်လက်တွေ့ရင်ဆိုင်ရချိန်မှာ ထုတ်သုံးနိုင်စွမ်းလည်း ရှိစေပါတယ်။ ဥပမာ – ကားမောင်းတာနဲ့ပတ်သက်ပြီး ဖတ်ရှုထားတဲ့အချက်တွေကို တကယ်လက်တွေ့မောင်းတဲ့အခါမှာလည်း အသုံးချမိနေတာမျိုးဖြစ်ပါတယ်။ စာဖတ်တဲ့နေရာမှာ စာကြီးပေကြီးတွေက ကာတွန်းစာအုပ်တွေအထိ ဘယ်လိုစာမျိုးကိုမဆိုဖတ်လို့ရပါတယ်။