တစ္ခုခု စ လုပ္ဖို႔ အခက္ေတြ႕ေနပါသလား ?

တစ်ခုခု စ လုပ်ဖို့ အခက်တွေ့နေပါသလား ?

တစ္ခုခု လုပ္ဖို႔ အခက္ေတြ႕ေနပါသလား ?

ကၽြန္ေတာ္တို႔အမ်ားစုအတြက္ စာရြက္လြတ္တစ္ရြက္ကို ကိုင္ၿပီး ဘာလုပ္ရမွန္းမသိတဲ့ ကိစၥေလာက္ စိတ္ပ်က္စရာေကာင္းတာ မရွိေလာက္ပါဘူး။ အလုပ္တစ္ခုကို စလုပ္ခ်ိန္ဟာ အခက္ခဲဆံုးအခ်ိန္ျဖစ္ၿပီး ထူးထူးျခားျခား စိတ္ဓာတ္စြမ္းအား ရွိေနဖို႔လိုပါတယ္။ တကယ္ေတာ့ တစ္ခုခုကို စလုပ္ဖို႔ဆိုတာက ကၽြန္ေတာ္တို႔ကို မလုပ္ခ်င္ေအာင္ဆြဲထားတဲ့ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာအခ်က္အလက္ေတြကို နားလည္ၿပီး ေက်ာ္ျဖတ္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ အခ်ိန္ဆြဲျခင္းဟာ ေစာင့္ဆိုင္းျခင္းမဟုတ္သလို ေႏွာင့္ေႏွးျခင္းထက္ အေၾကာင္းဆိုးပါတယ္။ မလုပ္ဖို႔အတြက္ ဆံုးျဖတ္လိုက္တာပါပဲ။ ဒါ့ေၾကာင့္ တစ္ခုခု စလုပ္ဖို႔ကို ေႏွာင့္ေႏွးၾကန္႔ၾကာေနတတ္သူေတြအတြက္ လုပ္ခ်င္တာေတြလုပ္ျဖစ္သြားေစဖို႔ သိထားသင့္တဲ့ အေၾကာင္းအရာေလးေတြကို စုစည္းထားပါတယ္။

စတင္လုပ္ေဆာင္ဖို႔ တုံ႔ဆိုင္းေနျခင္းေနာက္ကြယ္က ဦးေႏွာက္၏ သေဘာသဘာ၀

ကၽြန္ေတာ္တို႔တစ္ဦးခ်င္း တစ္ေယာက္ခ်င္းစီတိုင္းမွာ စိတ္႐ႈပ္စရာျဖစ္ေစတဲ့အေၾကာင္းရင္းခံေတြ ရွိေနတတ္ပါတယ္။ ေျခာက္ျပစ္ကင္းၿပီးျပည့္စံုခ်င္စိတ္၊ အခ်ိန္ရဲ႕ဖိအား၊ တစ္ဇြတ္ထိုးစိတ္၊ စီစဥ္စုဖြဲ႕မႈ မရွိျခင္း စတာေတြက သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစပါတယ္။ ေလ့လာမႈေတြအရ တစ္ခုခုစတင္လုပ္ေဆာင္ဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာေစတဲ့ အေၾကာင္းရင္းက တစ္ခုမကရွိတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ေတာ့ အလုပ္တစ္ခုရဲ႕ ရလဒ္က ေ၀းကြာေနတဲ့အခါမွာ လူမႈေရးကိစၥေတြ၊ အေပ်ာ္အပါးကိစၥေတြကို ဆန္႔က်င္ႏိုင္စြမ္း ေလ်ာ့နည္းၿပီး အခ်ိန္ေရႊ႕ဆိုင္းတတ္တာက အဓိကတရားခံျဖစ္ေနတတ္ပါတယ္။ မိမိကိုယ္ကို ေစာင့္ၾကည့္ထိန္းခ်ဳပ္လြန္းျခင္း၊ ေယာင္ေျခာက္ဆယ္ျဖစ္ျခင္း၊ စိတ္ခံစားမႈေနာက္လိုက္ျခင္း စတာေတြကလည္း သင့္ကို တစ္ခုခုစမလုပ္ျဖစ္ေအာင္ ဟန္႔တားႏိုင္စြမ္းရွိပါတယ္။

ေပ်ာ္ရႊင္ေစဖို႔ စိတ္ထဲမထားသင့္တဲ့ အရာမ်ား

အႀကီးႀကီးစိတ္ကူးေမွ်ာ္လင့္ထားတာကလည္း ျပႆနာပါပဲ။

သင္စိတ္ကူးႏိုင္ရင္ အေကာင္အထည္ေဖာ္ႏိုင္တယ္လို႔ Walt Disney က ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ Walt Disney အေနနဲ႔ နာမည္ေက်ာ္ကာတြန္းဇာတ္ေကာင္း Mickey Mouse ကို စိတ္ကူးပံုေဖာ္ခဲ့ခ်ိန္က စိတ္ကူးအိပ္မက္ထက္ လက္ေတြ႕လုပ္ေဆာင္ခ်က္ေတြက ပိုမ်ားခဲ့ပါတယ္။ ေလ့လာမႈေတြအရလည္း စိတ္ကူးေကာင္းတစ္ခုကို အေတြးလြန္ေနတာကလည္း အမွန္တကယ္စတင္အေကာင္အထည္ေဖာ္ လုပ္ေဆာင္ဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာေစတယ္လို႔ ဆိုပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕အနာဂတ္ကို ႀကိဳတင္ပံုေဖာ္ေတြးေတာထားတာက စိတ္အားတက္ၾကြေအာင္လႈံ႕ေဆာ္ေပးႏိုင္တယ္ဆိုတာကေတာ့ မွန္ပါတယ္။ တကယ္ေတာ့ အျပဳသေဘာေဆာင္တဲ့ စိတ္ကူးကသာ အေရးႀကီးတဲ့ လႈံ႕ေဆာ္မႈျဖစ္ပါတယ္။ ဒါေပမယ့္ အေကာင္းေတြခ်ည္းပဲထိုင္ေတြးၿပီး စိတ္ကူးနဲ႔႐ူးေနတာကေတာ့ ေရွ႕မဆက္ႏိုင္ေစမယ့္ အေၾကာင္းရင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးေကာင္းတစ္ခုကို ထိုင္ေတြးေန႐ုံေတြးမေနပဲ တကယ္အေကာင္အထည္ေပၚလာေအာင္ လုပ္စရာရွိတာေတြကို လုပ္ဖို႔ လိုအပ္ပါတယ္။

အလုပ္ေတြၾကားမွာ ပိတ္မိမေနပါေစနဲ႔

ကၽြန္ေတာ္တို႔ရဲ႕ ဦးေႏွာက္က အလုပ္မ်ားတာကို သေဘာက်ပါတယ္။ အီးေမးလ္ေတြ အကုန္ဖတ္ထားၿပီးမွ၊ စားပြဲေပၚက စာရြက္ေတြ စီစီရီရီရွင္းထားၿပီးမွ စသျဖင့္ လုပ္စရာေတြ မ်ားေနတာကိုႏွစ္သက္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တစ္ခုခုလုပ္ၿပီးသြားတယ္ဆိုတာမ်ိဳးကို လိုခ်င္လို႔ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔အမ်ားစုက တကယ္စလုပ္ဖို႔လိုအပ္ေနတဲ့အလုပ္ကို ေရွာင္လႊဲဖို႔အတြက္ အျခားမလိုတာေတြနဲ႔ အလုပ္႐ႈပ္ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔တာလုပ္ေဆာင္ရမယ့္အလုပ္စာရင္းရွည္ႀကီး ခ်ေရးေနမယ့္အစား မျဖစ္မေနလုပ္ရမယ့္အေရးႀကီးအလုပ္()ခုေလာက္ကို ဦးစားေပးလုပ္ေဆာင္တတ္ဖို႔ လိုပါတယ္။ သင့္ေအာင္ျမင္မႈအေပၚ သက္ေရာက္မႈရွိၿပီး ေန႔တိုင္းလုပ္ရမယ့္ အလုပ္()ခုကို စာရင္းျပဳစုၿပီး အရင္ဆံုးလုပ္ေဆာင္ပါ။

ပိုၿပီးခြင့္လႊတ္တတ္ပါေစ။

အလုပ္တစ္ခုခုလုပ္ဖို႔ ေနာက္က်သြားတဲ့အခါမွာ အရမ္းေနာက္က်ေနၿပီးမလုပ္သင့္ေတာ့ဘူးလို႔ ခံစားရတတ္ပါတယ္။ တကယ္တမ္း အဓိကအခ်က္က ဘာလဲ စဥ္းစားၾကည့္ပါ။ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။ ေနာက္က်ေနတာမွန္ေပမယ့္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္ၿပီး လုပ္စရာရွိတာကို စလုပ္ႏိုင္ဖို႔လိုပါတယ္။ ဘယ္သူမွ ၿပီးျပည့္စုံတယ္ဆိုတာ မရွိပါဘူး။ ၿပီးေတာ့ တစ္ခုခုကိုစတင္လုပ္ေဆာင္ဖို႔ မွန္ကန္သင့္ေတာ္တဲ့အခ်ိန္ေကာင္း ဆိုတာလည္း မရွိပါဘူး။ ဘယ္ေတာ့မွ ေနာက္က်လြန္းေနၿပီဆိုတာ မရွိပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕အားနည္းခ်က္ကို သင္ေတြ႕ရွိမယ္ဆိုရင္ ခြင့္လႊတ္ၿပီး လုပ္စရာရွိတာ ဆက္လုပ္ပါ။

ေယာက္်ားတစ္ေယာက္ကို ခ်စ္စိတ္ဝင္ေစတဲ့ နည္းနာ ၇ ခု


တစ်ခုခု စ လုပ်ဖို့ အခက်တွေ့နေပါသလား ?

ကျွန်တော်တို့အများစုအတွက် စာရွက်လွတ်တစ်ရွက်ကို ကိုင်ပြီး ဘာလုပ်ရမှန်းမသိတဲ့ ကိစ္စလောက် စိတ်ပျက်စရာကောင်းတာ မရှိလောက်ပါဘူး။ အလုပ်တစ်ခုကို စလုပ်ချိန်ဟာ အခက်ခဲဆုံးအချိန်ဖြစ်ပြီး ထူးထူးခြားခြား စိတ်ဓာတ်စွမ်းအား ရှိနေဖို့လိုပါတယ်။ တကယ်တော့ တစ်ခုခုကို စလုပ်ဖို့ဆိုတာက ကျွန်တော်တို့ကို မလုပ်ချင်အောင်ဆွဲထားတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေကို နားလည်ပြီး ကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ အချိန်ဆွဲခြင်းဟာ စောင့်ဆိုင်းခြင်းမဟုတ်သလို နှောင့်နှေးခြင်းထက် အကြောင်းဆိုးပါတယ်။ မလုပ်ဖို့အတွက် ဆုံးဖြတ်လိုက်တာပါပဲ။ ဒါ့ကြောင့် တစ်ခုခု စလုပ်ဖို့ကို နှောင့်နှေးကြန့်ကြာနေတတ်သူတွေအတွက် လုပ်ချင်တာတွေလုပ်ဖြစ်သွားစေဖို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို စုစည်းထားပါတယ်။

စတင်လုပ်ဆောင်ဖို့ တုံ့ဆိုင်းနေခြင်းနောက်ကွယ်က ဦးနှောက်၏ သဘောသဘာ၀

ကျွန်တော်တို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ စိတ်ရှုပ်စရာဖြစ်စေတဲ့အကြောင်းရင်းခံတွေ ရှိနေတတ်ပါတယ်။ ခြောက်ပြစ်ကင်းပြီးပြည့်စုံချင်စိတ်၊ အချိန်ရဲ့ဖိအား၊ တစ်ဇွတ်ထိုးစိတ်၊ စီစဉ်စုဖွဲ့မှု မရှိခြင်း စတာတွေက သင့်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ တစ်ခုခုစတင်လုပ်ဆောင်ဖို့ နှောင့်နှေးကြန့်ကြာစေတဲ့ အကြောင်းရင်းက တစ်ခုမကရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အလုပ်တစ်ခုရဲ့ ရလဒ်က ဝေးကွာနေတဲ့အခါမှာ လူမှုရေးကိစ္စတွေ၊ အပျော်အပါးကိစ္စတွေကို ဆန့်ကျင်နိုင်စွမ်း လျော့နည်းပြီး အချိန်ရွှေ့ဆိုင်းတတ်တာက အဓိကတရားခံဖြစ်နေတတ်ပါတယ်။ မိမိကိုယ်ကို စောင့်ကြည့်ထိန်းချုပ်လွန်းခြင်း၊ ယောင်ခြောက်ဆယ်ဖြစ်ခြင်း၊ စိတ်ခံစားမှုနောက်လိုက်ခြင်း စတာတွေကလည်း သင့်ကို တစ်ခုခုစမလုပ်ဖြစ်အောင် ဟန့်တားနိုင်စွမ်းရှိပါတယ်။

အကြီးကြီးစိတ်ကူးမျှော်လင့်ထားတာကလည်း ပြဿနာပါပဲ။

သင်စိတ်ကူးနိုင်ရင် အကောင်အထည်ဖော်နိုင်တယ်လို့ Walt Disney က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် Walt Disney အနေနဲ့ နာမည်ကျော်ကာတွန်းဇာတ်ကောင်း Mickey Mouse ကို စိတ်ကူးပုံဖော်ခဲ့ချိန်က စိတ်ကူးအိပ်မက်ထက် လက်တွေ့လုပ်ဆောင်ချက်တွေက ပိုများခဲ့ပါတယ်။ လေ့လာမှုတွေအရလည်း စိတ်ကူးကောင်းတစ်ခုကို အတွေးလွန်နေတာကလည်း အမှန်တကယ်စတင်အကောင်အထည်ဖော် လုပ်ဆောင်ဖို့ နှောင့်နှေးကြန့်ကြာစေတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ရဲ့အနာဂတ်ကို ကြိုတင်ပုံဖော်တွေးတောထားတာက စိတ်အားတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကတော့ မှန်ပါတယ်။ တကယ်တော့ အပြုသဘောဆောင်တဲ့ စိတ်ကူးကသာ အရေးကြီးတဲ့ လှုံ့ဆော်မှုဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းတွေချည်းပဲထိုင်တွေးပြီး စိတ်ကူးနဲ့ရူးနေတာကတော့ ရှေ့မဆက်နိုင်စေမယ့် အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကူးကောင်းတစ်ခုကို ထိုင်တွေးနေရုံတွေးမနေပဲ တကယ်အကောင်အထည်ပေါ်လာအောင် လုပ်စရာရှိတာတွေကို လုပ်ဖို့ လိုအပ်ပါတယ်။

အလုပ်တွေကြားမှာ ပိတ်မိမနေပါစေနဲ့

ကျွန်တော်တို့ရဲ့ ဦးနှောက်က အလုပ်များတာကို သဘောကျပါတယ်။ အီးမေးလ်တွေ အကုန်ဖတ်ထားပြီးမှ၊ စားပွဲပေါ်က စာရွက်တွေ စီစီရီရီရှင်းထားပြီးမှ စသဖြင့် လုပ်စရာတွေ များနေတာကိုနှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ခုခုလုပ်ပြီးသွားတယ်ဆိုတာမျိုးကို လိုချင်လို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အများစုက တကယ်စလုပ်ဖို့လိုအပ်နေတဲ့အလုပ်ကို ရှောင်လွှဲဖို့အတွက် အခြားမလိုတာတွေနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုပ်ဆောင်ရမယ့်အလုပ်စာရင်းရှည်ကြီး ချရေးနေမယ့်အစား မဖြစ်မနေလုပ်ရမယ့်အရေးကြီးအလုပ်(၃)ခုလောက်ကို ဦးစားပေးလုပ်ဆောင်တတ်ဖို့ လိုပါတယ်။ သင့်အောင်မြင်မှုအပေါ် သက်ရောက်မှုရှိပြီး နေ့တိုင်းလုပ်ရမယ့် အလုပ်(၃)ခုကို စာရင်းပြုစုပြီး အရင်ဆုံးလုပ်ဆောင်ပါ။

ပိုပြီးခွင့်လွှတ်တတ်ပါစေ။

အလုပ်တစ်ခုခုလုပ်ဖို့ နောက်ကျသွားတဲ့အခါမှာ အရမ်းနောက်ကျနေပြီးမလုပ်သင့်တော့ဘူးလို့ ခံစားရတတ်ပါတယ်။ တကယ်တမ်း အဓိကအချက်က ဘာလဲ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နောက်ကျနေတာမှန်ပေမယ့် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပြီး လုပ်စရာရှိတာကို စလုပ်နိုင်ဖို့လိုပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ တစ်ခုခုကိုစတင်လုပ်ဆောင်ဖို့ မှန်ကန်သင့်တော်တဲ့အချိန်ကောင်း ဆိုတာလည်း မရှိပါဘူး။ ဘယ်တော့မှ နောက်ကျလွန်းနေပြီဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အားနည်းချက်ကို သင်တွေ့ရှိမယ်ဆိုရင် ခွင့်လွှတ်ပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ။

Related Posts

%%footer%%