သင့္ရဲ႕ ဖူးစာကို ႐ွာႏိုင္မယ့္ နည္းလမ္း

သင့္ရဲ႕ ဖူးစာကို ႐ွာႏိုင္မယ့္ နည္းလမ္း

သင့်ရဲ့ ဖူးစာကို ရှာနိုင်မယ့် နည်းလမ်း

ကြၽန္ေတာ္တို႔ လူသားအားလံုးဟာ တစ္သက္လံုး တူတူေနရမယ့္ ဖူးစာပါသူေတြကို ႐ွာေတြ႕ခ်င္ၾကတာပါပဲ။ သင့္ရဲ႕ ဖူးစာပါသူနဲ႔ေတြ႕ရင္ သင္ ဆြဲေဆာင္မႈကို ထိန္းခ်ဳပ္မရႏိုင္ေအာင္ ခံစားရၿပီး အလိုလို ရင္းႏွီးေနသလို ခံစားရတတ္ပါတယ္။ ႐ုပ္႐ွင္ေတြကလဲ အဲလို အခ်စ္ဇာတ္လမ္းမ်ိဳးကို အသားေပး႐ိုက္ထားၾကတာပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဖူးစာ ဘာေၾကာင့္ ျဖစ္လာသလဲ ဆိုတာကိုေတာ့ ေသေသခ်ာခ်ာ မသိေသးပါဘူး။ စိတ္ပညာကေတာ့ လူႏွစ္ေယာက္ကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ဘာက လုပ္ေပးလဲဆိုတာ ႐ွာေတြ႕ခဲ့ၿပီ ဆိုပါတယ္။

လိုက္ေလ်ာညီေထြျခင္း

Dating Site ေတြကေတာ့ သင့္နဲ႔ ကိုယ္ရည္ကိုယ္ေသြး အႀကိဳက္ ဝါသနာတူသူေတြကို ႐ွာေပးပါတယ္။ ကိုယ္ရည္ကိုယ္ေသြး အႀကိဳက္ ဝါသနာတူမွ ဖူးစာ ဆံုႏိုင္တာ ဆိုပါတယ္။ အဲဒါက နားေထာင္လို႔ေကာင္းေပမယ့္ တကယ့္ လက္ေတြ႕မွာေတာ့ မွားေနပါတယ္။

စမ္းသပ္ခ်က္တစ္ခုမွာ ေတြ႕ရတာကေတာ့ ေပ်ာ္ရႊင္သူနဲ႔ မေပ်ာ္ရႊင္သူ စံုတြဲေတြဟာ လိုက္ေလ်ာညီေထြ ျဖစ္မႈမွာ တူတူေလာက္ပါပဲ။ ေပ်ာ္ၿပီး ခ်စ္ခင္ေနၾကတဲ့ စံုတြဲေတြကေတာ့ သူတို႔ဘဝမွာ လိုက္ေလ်ာညီေထြ ျဖစ္မႈက အေရးမပါပါဘူး လို႔ ဆိုၾကပါတယ္။ အခ်စ္ကို လုပ္တာ သူတို႔ ျဖစ္ၿပီး လိုက္ေလ်ာညီေထြမႈက လုပ္တာ မဟုတ္ဘူးလို႔ ေျပာၾကပါတယ္။

ဒါေပမယ့္ မေပ်ာ္တဲ့၊ အဆင္မေျပၾကတဲ့ စံုတြဲေတြကေတာ့ ေမးလိုက္တာနဲ႔ လိုက္ေလ်ာညီေထြ မျဖစ္မႈကိုပဲ အျပစ္ပံုခ်ၾကပါတယ္။ လက္ထပ္ျခင္း၊ အိမ္ေထာင္ျပဳျခင္းမွာ လိုက္ေလ်ာညီေထြ ျဖစ္ဖို႔ အရမ္းအေရးႀကီးတယ္လို႔ ဆိုၾကပါတယ္။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ လိုက္ေလ်ာညီေထြ မျဖစ္ၾကဘူးလို႔ ထင္ၾကပါတယ္။

မေပ်ာ္ရႊင္ၾကသူ၊ အိမ္ေထာင္ေရး အဆင္မေျပၾကသူေတြက လိုက္ေလ်ာညီေထြ မျဖစ္တာကို အျပစ္ပံုခ်ၾကတယ္။ သူတို႔ဟာ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးဟာ သင္တို႔ႏွစ္ေယာက္ ဘယ္ေလာက္ အႀကိဳက္တူတယ္ဆိုတာနဲ႔ မဆိုင္ပဲ ႏွစ္ေယာက္တူတူ လက္တြဲခ်င္စိတ္နဲ႔ပဲ ဆိုင္တယ္ဆိုတာ မသိၾကပါဘူး။

ယဥ္ေက်းမႈအရ မိဘသေဘာတူ လက္ထပ္ခံရသူေတြဟာ အေမရိကန္ေတြထက္ ပိုၿပီး ၾကာၾကာ လက္တြဲၾကၿပီး ပိုၿပီးေပ်ာ္ၾကပါတယ္ တဲ့။ သူတို႔ေတြဟာ မသိစိတ္ကေန တစ္ေယာက္ကို တစ္ေယာက္ စိတ္ထဲႏွစ္ထားၾကၿပီး တျခားသူတစ္ေယာက္ကို ခ်စ္ဖို႔ မစဥ္းစားၾကေတာ့လို႔ပါ။

အေမရိကန္မွာက်ေတာ့ လြတ္လပ္ျခင္းကို အရမ္းတန္ဖိုးထားၾကပါတယ္။ ခ်စ္ဇာတ္လမ္းမွာ ျပသနာေလးေတြ ႐ွိလာတဲ့အခါ ေနာက္တစ္ေယာက္ကို မသိစိတ္ကေန စဥ္းစားလာၾကပါတယ္။ အဲဒိမွာ တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ေလ်ာညီေထြ မျဖစ္လို႔ လက္မတြဲႏိုင္ဘူး ဆိုတာေတြ အေၾကာင္းျပခ်က္ အျဖစ္ ေျပာကုန္ၾကတာပါပဲ။

တစ္သက္တာ လက္တြဲေဖာ္ ႐ွာေဖြျခင္း

ဒီေလာက္ဆို တစ္သက္တာ လက္တြဲေဖာ္ကို လိုက္ေလ်ာညီေထြမႉနဲ႔ ႐ွာလို႔မရမွန္း သိေလာက္ပါၿပီ။ ဒါဆို ဘယ္လို ႐ွာမလဲ??

ေလ့လာခ်က္ေတြမွာ တစ္စံုတစ္ခုကို အတူတူ တည္ေဆာက္ဖူးတဲ့ (ဥပမာ စီးပြားေရး တူတူ လုပ္ဖူးတဲ့ ) စံုတြဲေတြဟာ အ႐ွည္ၾကာဆံုး လက္တြဲ ႏိုင္ၾကပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ဘယ္လို ဆက္ဆံလဲဆိုတာဟာ ခ်စ္ဇာတ္လမ္း ၾကာ႐ွည္ဖို႔ အေျခခံအက်ဆံုး အခ်က္ပါ။

သင့္ရဲ႕ လက္တြဲေဖာ္ဟာ သင့္ရဲ႕ ဘဝ အိပ္မက္ေတြကို ကူညီေဖာ္ေဆာင္ ေပးမွာပါ။ သင့္ကို အထင္ႀကီးမွာ၊ ေလးစားမွာ၊ ျမတ္ႏိုးမွာပါ။ သင္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ သေဘာထားပံု အ႐ွိန္အဟုန္ျခင္းလဲ တူေနရမွာပါ။

တကယ္လို႔ သင္ဟာ သင့္ရဲ႕ ဖူးစာဖက္ကို လိုက္႐ွာေနသူဆိုရင္ေတာ့ လိုက္ေလ်ာညီေထြမႈဆိုတာ သင္လုပ္တာဆိုတာ မွတ္ထားပါ။ ေအာင္ျမင္တဲ့ခ်စ္ဇာတ္လမ္းအတြက္ ေဖာ္ျမဴလာ အတိအက် မ႐ွိပါဘူး။

တကယ္လို႔ သင္ ေနာက္တစ္ေခါက္ ဆြဲေဆာင္မႈကို ထိန္းခ်ဳပ္မရႏိုင္ေအာင္ ခံစားရၿပီး အလိုလို ရင္းႏွီးေနသလို ခံစားရေအာင္ လုပ္ႏိုင္သူေလးနဲ႔ ေတြ႕ရရင္ သင့္ရဲ႕ ဘဝအိပ္မက္ကို သူမ ေလးစားသလား၊ အားေပးသလားဆိုတာ ဂ႐ုစိုက္ၾကည့္ပါ။ တကယ္လို႔ သူမဟာ သင့္ ပန္းတိုင္ကို ေလးစားၿပီး မနက္ျဖန္မွာ ျဖစ္မယ့္ သင္ကိုမွ လက္ခံတာ မဟုတ္ပဲ ဒီေန႔ ႐ွိတဲ့ သင့္ကိုပဲ အ႐ွိကို အ႐ွိအတိုင္း လက္ခံခဲ့ရင္ေတာ့ သင့္ရဲ႕ ဖူးစာဖက္ကို ေတြ႕ခဲ့ရၿပီလို႔ မွတ္လိုက္ပါေတာ့။


သင့်ရဲ့ ဖူးစာကို ရှာနိုင်မယ့် နည်းလမ်း

ကျွန်တော်တို့ လူသားအားလုံးဟာ တစ်သက်လုံး တူတူနေရမယ့် ဖူးစာပါသူတွေကို ရှာတွေ့ချင်ကြတာပါပဲ။ သင့်ရဲ့ ဖူးစာပါသူနဲ့တွေ့ရင် သင် ဆွဲဆောင်မှုကို ထိန်းချုပ်မရနိုင်အောင် ခံစားရပြီး အလိုလို ရင်းနှီးနေသလို ခံစားရတတ်ပါတယ်။ ရုပ်ရှင်တွေကလဲ အဲလို အချစ်ဇာတ်လမ်းမျိုးကို အသားပေးရိုက်ထားကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဖူးစာ ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသေးပါဘူး။ စိတ်ပညာကတော့ လူနှစ်ယောက်ကို လိုက်လျောညီထွေ ဖြစ်အောင် ဘာက လုပ်ပေးလဲဆိုတာ ရှာတွေ့ခဲ့ပြီ ဆိုပါတယ်။

လိုက်လျောညီထွေခြင်း

Dating Site တွေကတော့ သင့်နဲ့ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူသူတွေကို ရှာပေးပါတယ်။ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူမှ ဖူးစာ ဆုံနိုင်တာ ဆိုပါတယ်။ အဲဒါက နားထောင်လို့ကောင်းပေမယ့် တကယ့် လက်တွေ့မှာတော့ မှားနေပါတယ်။

စမ်းသပ်ချက်တစ်ခုမှာ တွေ့ရတာကတော့ ပျော်ရွှင်သူနဲ့ မပျော်ရွှင်သူ စုံတွဲတွေဟာ လိုက်လျောညီထွေ ဖြစ်မှုမှာ တူတူလောက်ပါပဲ။ ပျော်ပြီး ချစ်ခင်နေကြတဲ့ စုံတွဲတွေကတော့ သူတို့ဘဝမှာ လိုက်လျောညီထွေ ဖြစ်မှုက အရေးမပါပါဘူး လို့ ဆိုကြပါတယ်။ အချစ်ကို လုပ်တာ သူတို့ ဖြစ်ပြီး လိုက်လျောညီထွေမှုက လုပ်တာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

ဒါပေမယ့် မပျော်တဲ့၊ အဆင်မပြေကြတဲ့ စုံတွဲတွေကတော့ မေးလိုက်တာနဲ့ လိုက်လျောညီထွေ မဖြစ်မှုကိုပဲ အပြစ်ပုံချကြပါတယ်။ လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်းမှာ လိုက်လျောညီထွေ ဖြစ်ဖို့ အရမ်းအရေးကြီးတယ်လို့ ဆိုကြပါတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် လိုက်လျောညီထွေ မဖြစ်ကြဘူးလို့ ထင်ကြပါတယ်။

မပျော်ရွှင်ကြသူ၊ အိမ်ထောင်ရေး အဆင်မပြေကြသူတွေက လိုက်လျောညီထွေ မဖြစ်တာကို အပြစ်ပုံချကြတယ်။ သူတို့ဟာ အောင်မြင်တဲ့ အိမ်ထောင်ရေးဟာ သင်တို့နှစ်ယောက် ဘယ်လောက် အကြိုက်တူတယ်ဆိုတာနဲ့ မဆိုင်ပဲ နှစ်ယောက်တူတူ လက်တွဲချင်စိတ်နဲ့ပဲ ဆိုင်တယ်ဆိုတာ မသိကြပါဘူး။

ယဉ်ကျေးမှုအရ မိဘသဘောတူ လက်ထပ်ခံရသူတွေဟာ အမေရိကန်တွေထက် ပိုပြီး ကြာကြာ လက်တွဲကြပြီး ပိုပြီးပျော်ကြပါတယ် တဲ့။ သူတို့တွေဟာ မသိစိတ်ကနေ တစ်ယောက်ကို တစ်ယောက် စိတ်ထဲနှစ်ထားကြပြီး တခြားသူတစ်ယောက်ကို ချစ်ဖို့ မစဉ်းစားကြတော့လို့ပါ။

အမေရိကန်မှာကျတော့ လွတ်လပ်ခြင်းကို အရမ်းတန်ဖိုးထားကြပါတယ်။ ချစ်ဇာတ်လမ်းမှာ ပြသနာလေးတွေ ရှိလာတဲ့အခါ နောက်တစ်ယောက်ကို မသိစိတ်ကနေ စဉ်းစားလာကြပါတယ်။ အဲဒိမှာ တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေ မဖြစ်လို့ လက်မတွဲနိုင်ဘူး ဆိုတာတွေ အကြောင်းပြချက် အဖြစ် ပြောကုန်ကြတာပါပဲ။

တစ်သက်တာ လက်တွဲဖော် ရှာဖွေခြင်း

ဒီလောက်ဆို တစ်သက်တာ လက်တွဲဖော်ကို လိုက်လျောညီထွေမှူနဲ့ ရှာလို့မရမှန်း သိလောက်ပါပြီ။ ဒါဆို ဘယ်လို ရှာမလဲ??

လေ့လာချက်တွေမှာ တစ်စုံတစ်ခုကို အတူတူ တည်ဆောက်ဖူးတဲ့ (ဥပမာ စီးပွားရေး တူတူ လုပ်ဖူးတဲ့ ) စုံတွဲတွေဟာ အရှည်ကြာဆုံး လက်တွဲ နိုင်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်လို ဆက်ဆံလဲဆိုတာဟာ ချစ်ဇာတ်လမ်း ကြာရှည်ဖို့ အခြေခံအကျဆုံး အချက်ပါ။

သင့်ရဲ့ လက်တွဲဖော်ဟာ သင့်ရဲ့ ဘဝ အိပ်မက်တွေကို ကူညီဖော်ဆောင် ပေးမှာပါ။ သင့်ကို အထင်ကြီးမှာ၊ လေးစားမှာ၊ မြတ်နိုးမှာပါ။ သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောထားပုံ အရှိန်အဟုန်ခြင်းလဲ တူနေရမှာပါ။

တကယ်လို့ သင်ဟာ သင့်ရဲ့ ဖူးစာဖက်ကို လိုက်ရှာနေသူဆိုရင်တော့ လိုက်လျောညီထွေမှုဆိုတာ သင်လုပ်တာဆိုတာ မှတ်ထားပါ။ အောင်မြင်တဲ့ချစ်ဇာတ်လမ်းအတွက် ဖော်မြူလာ အတိအကျ မရှိပါဘူး။

တကယ်လို့ သင် နောက်တစ်ခေါက် ဆွဲဆောင်မှုကို ထိန်းချုပ်မရနိုင်အောင် ခံစားရပြီး အလိုလို ရင်းနှီးနေသလို ခံစားရအောင် လုပ်နိုင်သူလေးနဲ့ တွေ့ရရင် သင့်ရဲ့ ဘဝအိပ်မက်ကို သူမ လေးစားသလား၊ အားပေးသလားဆိုတာ ဂရုစိုက်ကြည့်ပါ။ တကယ်လို့ သူမဟာ သင့် ပန်းတိုင်ကို လေးစားပြီး မနက်ဖြန်မှာ ဖြစ်မယ့် သင်ကိုမှ လက်ခံတာ မဟုတ်ပဲ ဒီနေ့ ရှိတဲ့ သင့်ကိုပဲ အရှိကို အရှိအတိုင်း လက်ခံခဲ့ရင်တော့ သင့်ရဲ့ ဖူးစာဖက်ကို တွေ့ခဲ့ရပြီလို့ မှတ်လိုက်ပါတော့။

Related Posts

%%footer%%