သင့္ကို သူမတိတ္တခိုးခ်စ္ေနေၾကာင္း သိရွိႏိုင္မည့္ လကၡဏာမ်ား
သင့်ကို သူမတိတ်တခိုးချစ်နေကြောင်း သိရှိနိုင်မည့် လက္ခဏာများ
သင္တို႔ႏွစ္ဦးက သူငယ္ခ်င္းေတြပါပဲ။ ဒါေပမယ့္ ႏွစ္ဦးသားအၾကား သင္သတိထားမိေနတဲ့ ထူးျခားမႈေတြရွိေနတယ္ ဆိုၾကပါစို႔။ သူမရဲ႕ဆက္ဆံမႈေတြက တျခားမိန္းကေလမိတ္ေဆြေတြနဲ႔ မတူပဲ သင့္ကို တိတ္တခိုးမ်ား ခ်စ္ေနတာလား ဆိုတာကို ဆံုးျဖတ္ရခက္ေနပါသလား။ အခုေဖာ္ျပထားတဲ့အခ်က္ေတြကို သူမလုပ္ေနၿပီဆိုရင္ေတာ့ သင္ထင္တာမွန္ေနပါၿပီ။
၁။ သင့္ေရွ႕မွာ စိတ္လႈပ္ရွားအေနရခက္ေနတာ။
သူမရဲ႕လက္ေတြ ဂဏာမၿငိမ္ျဖစ္ေနၿပီး၊ ဆံပင္ကိုကိုင္လိုက္ ဖုန္းကိုကိုင္လိုက္လုပ္ေနတတ္ပါတယ္။ စကားေျပာေနတုန္း သူမကိုၾကည့္လိုက္မယ္ဆိုရင္လည္း ရွက္ေသြးျဖာသြားတတ္ပါတယ္။
သင့္ရဲ႕ ဖူးစာကို ႐ွာႏိုင္မယ့္ နည္းလမ္း
၂။ သင္နဲ႔မတည့္ပဲ ရန္အျမဲျဖစ္ေနတာ။
ဒီအခ်က္ကေတာ့ သိပ္မသိသာပါဘူး။ မတည့္အတူေနဆိုတာလိုမ်ိဳး သင့္နဲ႔ စကားမ်ားရန္ျဖစ္ေနေပမယ့္ သင့္ကို ဘယ္ေတာ့မွ လစ္လ်ဴမရႈတတ္ပါဘူး။ သင္နဲ႔ပက္သက္ၿပီး ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေတြေျပာ၊ မခံခ်င္ေလာက္စရာဟာသေတြေျပာတတ္ပါတယ္။ သင္တို႔ႏွစ္ဦးၾကားအျမဲတမ္း စကားႏိုင္လုေနတတ္ပါတယ္။ ဒီလိုေတြလုပ္ေနတာ သူမရဲ႕ခံစားခ်က္အစစ္အမွန္ကိုဖုံးကြယ္ဖို႔အတြက္ ေလွ်ာက္လုပ္ေနတာျဖစ္ပါတယ္။
၃။ သင္ေျပာသမွ်၊ လုပ္သမွ်ကို အရင္ဆံုးတုံ႔ျပန္တတ္တာ။
ေရဆာလိုက္တာလို႔ ေျပာမိလိုက္တာနဲ႔ ေရခပ္လာေပးတာမ်ိဳး၊ စသျဖင့္ တျခားလူေတြထက္ သင့္ကိုပိုၿပီး အေရးေပးဆက္ဆံတတ္ပါတယ္။
၄။ သင္နားမလည္ႏိုင္တာ သူမေျပာတာေတြကို မမွတ္မိတာကို စိတ္ဆိုးတတ္တာ။
ဒါဟာဘာေၾကာင့္လဲဆိုရင္ သူမကိုျပန္ခ်စ္ေစလိုတာေၾကာင့္ျဖစ္ၿပီး သူမရဲ႕ခံစားခ်က္ကို ဖြင့္ေျပာခြင့္မရွိတာေၾကာင့္လည္း ပါ၀င္ပါတယ္။
၅။ သူမအေပၚသင့္ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို အရမ္းအေလးထားတာ။
သူမနဲ႔ပတ္သက္ၿပီး သင့္ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို အရမ္းဂ႐ုစိုက္တတ္ပါလိမ့္မယ္။ သူမအေပၚ သင့္ရဲ႕ထင္ျမင္ခ်က္တစ္ခုခုကို မႀကိဳက္ရင္ အဲဒီအခ်က္မွားယြင္းေနေၾကာင္းကို သက္ေသျပဖို႔ ႀကိဳးစားပါလိမ့္မယ္။ သူမနဲ႔ပတ္သက္ၿပီး သင့္ကိုအေကာင္းေတြပဲျမင္ေစခ်င္သလို သင့္ရဲ႕ထင္ျမင္ယူဆခ်က္ကို ေျပာင္းလဲပစ္ဖို႔ အျမဲႀကိဳးစားေနတတ္ပါတယ္။
၆။ သင့္ဘ၀မွာ ပါ၀င္ပတ္သက္ခ်င္တာ။
သင္နဲ႔ပတ္သက္ၿပီး အရာအားလံုးကို သိခ်င္ပါတယ္။ သင့္မိဘေတြနဲ႔ ဘယ္လိုဆက္ဆံေရးမ်ိဳးရွိလဲ၊ သင္တစ္ေယာက္တည္းရွိေနခ်ိန္မွာ ဘာလုပ္တတ္သလဲ၊ သင္ေကာင္မေလးဘယ္ႏွစ္ေယာက္နဲ႔ ၾကဴေနလဲ၊ ေက်ာင္းတုန္းက ဘယ္လိုသူငယ္ခ်င္းေတြရွိလဲ၊ သင့္ဘ၀မွာအျဖစ္ခ်င္ဆံုးကဘာလဲ၊ သင္အႀကိဳက္ဆံုး ဇာတ္ကားက ဘာလဲ၊ မနက္စာကို ဘာႀကိဳက္တတ္သလဲ၊ ေျပာရင္ကုန္မွာေတာင္မဟုတ္ပါဘူး။ အားလံုးကို သူမ သိခ်င္ေနတာပါ။
ေယာက္်ားတစ္ေယာက္ကို ခ်စ္စိတ္ဝင္ေစတဲ့ နည္းနာ ၇ ခု
၇။ Message ေတြ ပို႔တာ။
သင့္ဆီကို Messages ေတြပို႔ပါလိမ့္မယ္။ ၿပီးရင္ မွားပို႔မိတာဆိုၿပီး စကားေျပာဖို႔ အစဆြဲထုတ္ပါလိမ့္မယ္။ တကယ္ေတာ့ သူမက သင့္ရဲ႕ Facebook ကို ေစာင့္ၾကည့္ေနၿပီး Chat Box မွာ မီးစိမ္းေလးလင္းလာတာကို ေစာင့္ေနရွာတာပါ။ ၿပီးရင္ သင္နဲ႔ စကားေျပာဖို႔ စိတ္မပါသလိုမ်ိဳးနဲ႔ ဟန္ေဆာင္ဦးမွာပါ။
၈။ သင္ေျပာသမွ် သေဘာက်တာ။
သူမက သင္ေျပာသမွ်ကို သေဘာက်ေထာက္ခံတတ္ပါတယ္။ သင္အပါအ၀င္ ဘယ္သူကမွ ရယ္စရာလို႔ မထင္တဲ့ ဟာသမ်ိဳးကို သင္ေျပာရင္ သူမရယ္ပါလိမ့္မယ္။ ဒါကလည္း ခ်စ္ဖို႔ေကာင္းပါတယ္။
၉။ သင့္ရဲ႕အာ႐ုံစိုက္ခံရဖို႔ ဘာမဆိုလုပ္တာ။
သင္ဖုန္းေခၚတိုင္း သူမ ျပန္ေျဖမွာမဟုတ္ပါဘူး။ ဒါ့အျပင္ သင္က သူငယ္ခ်င္းေတြနဲ႔အတူ အျပင္ေလွ်ာက္လည္ခ်ိန္မွာ သူမက တစ္ေယာက္တည္း အိမ္ျပန္သြားတတ္တာမ်ိဳး၊ ပါတီပြဲမွာ တစ္ခုခုေၾကာင့္ ၀မ္းနည္းေနရသလိုမ်ိဳး တစ္ေယာက္တည္းထိုင္ေနတာမ်ိဳးေတြ လုပ္တတ္ပါတယ္။ ဒီလိုလုပ္တာကို သင္ သတိျပဳမိၿပီး တစ္ခုခုလုပ္ေပးေစခ်င္တာျဖစ္ပါတယ္။
၁၀။ လူခ်င္းေတြ႕ရင္တစ္မ်ိဳး၊ အြန္လိုင္းမွာေတြ႕ရင္တစ္မ်ိဳးဆက္ဆံတတ္တာ။
သင္တို႔ႏွစ္ဦး လူခ်င္းေတြ႕တဲ့အခ်ိန္မွာ တျခားသူငယ္ခ်င္းေတြကို ေျပာဆိုဆက္ဆံသလိုပဲ ဆက္ဆံၿပီး လူခ်င္းမေတြ႕ရပဲ အြန္လိုင္းေပၚမွာ ေတြ႕တဲ့အခါမွာေတာ့ ပလူးပလဲေျပာတတ္ပါလိမ့္မယ္။ တကယ့္ကို သူမမဟုတ္တဲ့ အျခားတစ္ေယာက္နဲ႔ေျပာေနသလိုမ်ိဳး ျဖစ္ပါတယ္။ ဒါဟာလည္း သင့္ကို လူခ်င္းေတြတဲ့အခ်ိန္မွာ ပလူးပလဲဆက္ဆံဖို႔ မ၀ံ့ရဲတာေၾကာင့္ျဖစ္ပါတယ္။
မိန္းမတိုင္း လိုခ်င္တဲ့ အရာ တစ္ခု
၁၁။ သင့္ကို သ၀န္တိုတာ။
သင္က တျခားမိန္းကေလးေတြနဲ႔ စကားေျပာေနရင္ေတာင္ သူမက မႀကိဳက္တဲအမူအယာေတြ လုပ္ျပတတ္ပါတယ္။ တျခားမိန္းကေလးေတြကို အာ႐ုံစိုက္ေနတဲ့အတြက္လည္း စိတ္ဆိုးေနတတ္ပါတယ္။
၁၂။ သင့္နဲ႔ႏွစ္ေယာက္တည္းအတူရွိေနဖို႔နည္းလမ္းတြကို ရွာေနတတ္တာ။
အုပ္စုလိုက္သြားေနရင္ေတာင္မွ အေၾကာင္းတစ္ခုခုျပၿပီး သင့္ကိုဆြဲထုတ္ၿပီး သူမနဲ႔အတူလိုက္ခဲ့ဖို႔ ေခၚပါလိမ့္မယ္။ သူမကိုအေဖာ္ျပဳေပးဖို႔ေရြးတဲ့သူကလည္း အျမဲတမ္း သင္ပဲျဖစ္ေနပါလိမ့္မယ္။
၁၃။ သင့္ကို မ်က္ေျခအျပတ္မခံတာ။
ဘယ္ေနရာမွာပဲျဖစ္ျဖစ္ သူမဟာ တစ္နည္းနည္းနဲ႔ သင္ျမင္သာတဲ့ေနရာမွာရွိေနတတ္ပါတယ္။ ဒါ့အျပင္ သင္ဘယ္ေနရာမွာရွိေနလဲဆိုတာကိုလည္း အတိအက်သိပါတယ္။ သူမကို သတိျပဳမိဖို႔ အျမဲႀကိဳးစားေနပါလိမ့္မယ္။
၁၄။ သူမရဲ႕တန္ဖိုးကို ျမွင့္တင္တတ္တာ။
တစ္ေနရာရာကိုသြားဖို႔ သူမ မလိုက္ႏိုင္ေၾကာင္း အေၾကာင္းျပခ်က္တစ္ခုခုေပးပါလိမ့္မယ္။ တကယ္ေတာ့ သင့္ရဲ႕ ေတာင္းဆိုမႈရဖို႔ ႀကိဳးစားတာျဖစ္ပါတယ္။ သင္က နည္းနည္းေတာင္းဆိုလိုက္တာနဲ႔ သူမစိတ္ေျပာင္းသြားပါလိမ့္မယ္။
၁၅။ သင့္ကို ထူးထူးျခားျခား ၾကည့္တတ္တာ။
တျခားမိန္းကေလးေတြက သင့္ကိုၾကည့္တဲ့အၾကည့္မ်ိဳးနဲ႔ မတူပဲ သူမက ၾကည့္တတ္ပါတယ္။ သူမမ်က္၀န္းေတြထဲမွာ ညွဳိ႕ငင္အားတစ္ခုနဲ႔ ၾကည့္တာမ်ိဳးျဖစ္ပါတယ္။ သင္က တစ္ျခားသူနဲ႔ စကားေျပာေနရင္ေတာင္မွ သူမအၾကည့္ေတြက သင့္ဆီမွာပဲရွိေနတတ္ပါတယ္။
၁၆။ အၾကည့္အတြက္ ရွက္တတ္တာ။
သူမက ၾကည့္ေနတာကို သင္မိသြားတဲ့အခါမ်ိဳးမွာ မ်က္ႏွာမွာရွက္ေသြးျဖာသြားတတ္ၿပီး အၾကည့္ကို ခ်က္ခ်င္လႊဲသြားပါလိမ့္မယ္။
၁၇။ သင္ေျပာသမွ်အားလံုးကို မွတ္မိေနတတ္တာ။
အားလံုးပါပဲ။ သူမရဲ႕ဖုန္းကို ဘယ္နားထားမိလဲဆိုတာကိုပဲ ေမ့ခ်င္ေမ့ေနပါလိမ့္မယ္။ သင္ေျပာသမွ် တစ္ခုမွမက်န္ေအာင္ သူမမွတ္ထားပါလိမ့္မယ္။
သင့္ေကာင္မေလးက သင့္ကိုအသံုးခ်ေနတာကို သိႏိုင္ဖို႔
၁၈။ သင္အေျပာမ်ားတဲ့စကားလံုးကို လုိက္ေျပာတာ။
သင္မၾကာခဏသုံးေလ့ရွိတဲ့ စကားလံုးေတြကို မွတ္ထားၿပီး လိုက္ေျပာပါလိမ့္မယ္။ တျခားသူေတြက ဒီအခ်က္ကို သတိထားမိတဲ့အထိပါပဲ။
၁၉။ သင္နဲ႔စကားေျပာေနရရင္ ေက်နပ္ေနတာ။
သင္နဲ႔စကားေျပာေနရလို႔ကေတာ့ သူမအတြက္ ဘယ္ေတာ့မွပ်င္းရိၿငီးေငြ႕တယ္ဆိုတာ မရွိပါဘူး။ စကားေျပာစရာေတြ မကုန္ႏိုင္ေအာင္ျဖစ္ေနပါလိမ့္မယ္။ စကားဆံုးသြားၿပီးလို႔ သင္ထင္ထားရင္ေတာင္မွ သူမက ေမးခြန္းအသစ္ေတြ ထပ္ေမးတတ္ပါလိမ့္မယ္။
၂၀။ သင့္ကို အျမဲခြင့္လႊတ္နားလည္ေပးတာ။
သူမကို သင္ဘယ္လိုပဲ ဆက္ဆံပါေစ၊ ဂ႐ုမစိုက္တာပဲျဖစ္ျဖစ္၊ စိတ္ဓာတ္က်ေအာင္လုပ္တာပဲျဖစ္ျဖစ္ သင့္ကို အျမဲခြင့္လႊတ္နားလည္ေပးေနမွာျဖစ္ပါတယ္။ ဘာလိုပဲျဖစ္ေနပါေစ သင့္ေဘးနားမွာ အျမဲရွိေနခ်င္တတ္ပါတယ္။ တစ္ခုေတာ့သိထားပါ။ သူမရဲ႕အခ်စ္က ခၽြင္းခ်က္မရွိ အႏႈိင္းမဲ့ျဖစ္ပါတယ္။
၂၁။ သင့္အတြက္ စိုးရိမ္လြန္းတတ္တာ။
ပံုမွန္သူငယ္ခ်င္းတစ္ေယာက္က စိုးရိမ္ပူပန္တာမ်ိဳးထက္ ပိုၿပီးေတာ့ စိုးရိမ္တတ္ပါတယ္။ သာမန္အေအးမိဖ်ားနာတာမ်ိဳးေလး ျဖစ္ရင္ေတာင္မွ တစ္ေန႔ကို သံုးႀကိမ္ေလာက္ဖုန္းဆက္ၿပီး ေနလို႔ေကာင္းၿပီလား ေမးပါလိမ့္မယ္။
၂၂။ တစ္ျခားေကာင္ေလးနဲ႔စရင္ မၾကိဳက္တာ။
သူမကို တစ္ျခားေကာင္ေလးတစ္ေယာက္ေယာက္နဲ႔ ယွဥ္တြဲၿပီး စေနာက္မယ္ဆိုရင္ သူမအရမ္းစိတ္ဆိုးပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမက သင္ကလြဲၿပီး ဘယ္သူ႔ကိုမွ စိတ္မ၀င္စားဘူးဆိုတာကို သင့္ကို သိေစခ်င္လို႔ျဖစ္ပါတယ္။
၂၃။ သူမသူငယ္ခ်င္းေတြပါမယ့္ အစီအစဥ္ေတြကို ေရွာင္တာ။
သင့္ကို တဖက္သတ္ခ်စ္ႀကိဳက္ေနတာကို သူမရ႕ဲသူငယ္ခ်င္းေတြ ရိပ္မိသြားမွာစိုးရိမ္လို႔ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ရွိပါေသးတယ္။ သင့္ကို အမ်ိဳးသမီးအသစ္ေတြနဲ႔ ခင္မင္ခြင့္ေပးလိုက္ရင္ သူမအတြက္ ၿပိဳင္ဖက္ေတြ ရွိလာမွာကို မလိုလားလို႔ျဖစ္ပါတယ္။
၂၄။ သင္နဲ႔ လက္ပြန္းတတီးေနတတ္တာ။
သင္နဲ႔ လက္ေမာင္းခ်င္း မသိမသာထိကပ္ထားတာ၊ သင့္ခႏၶာကိုယ္ကို ပုတ္ၿပီးစကားေျပာတာမ်ိဳးေတြ လုပ္တတ္ပါတယ္။ သူမအနားမွာရွိေနခ်ိန္မွာ ထိေတြ႕မႈတစ္ခုခုရွိေအာင္ ႀကိဳးစားတတ္ပါတယ္။
၂၅။ သင့္ဖက္က အျမဲရပ္တည္တာ။
သူမက သင့္ရဲ႕အၾကြင္းမဲ့ေထာက္ခံသူျဖစ္ပါတယ္။ ဘာမဟုတ္တဲ့ကိစၥအတြက္ သူငယ္ခ်င္းေတြအၾကား ျငင္းခံုၾကရင္ေတာင္ သင့္ဖက္ကလိုက္ၿပီး သင့္ကိုကာကြယ္ေပးတတ္ပါတယ္။
၂၆။ သင့္နားမွာ ရွိခြင့္ရဖို႔ ႀကိဳးစားေနတာ။
ထိုင္တဲ့အခါပဲျဖစ္ျဖစ္ လမ္းေလွ်ာက္သြားတဲ့အခါမွာပဲျဖစ္ျဖစ္ သင့္ေဘးနားမွာ အျမဲေနရာယူေလ့ရွိပါတယ္။ သင္တစ္ေယာက္တည္းျဖစ္ေနရင္လည္း အတူလာထိုင္ၿပီး စကားေျပာတတ္ပါတယ္။
၂၇။ သင္နဲ႔ႏွစ္ေယာက္တည္းလုပ္ရမယ့္ကိစၥေတြကို ပိုစိတ္၀င္စားတာ။
ဟုတ္ပါတယ္။ သင္နဲ႔အတူ ႏွစ္ေယာက္တည္းလုပ္ရမယ့္ကိစၥဆိုရင္ သူမလုပ္ေဆာင္ဖို႔ အသင့္ပါပဲ။ သူမက စီစဥ္တာဆိုရင္ေတာ့ အဲဒီကိစၥကို တျခားသူလုပ္ရဖို႔ မရွိပါဘူး။
၂၈။ သင့္ေမြးေန႔အတြက္ အျမဲတမ္းပထမဆံုး ဆုေတာင္းေပးတတ္တာ။
မနက္ျဖန္က သင့္ေမြးေန႔ဆိုပါေတာ့။ ဒီေန႔ည ၁၂ နာရီမထိုးခင္ တစ္နာရီေလာက္အလိုမွာကတည္းက သင့္ရဲ႕ Facebook wall ေပၚမွာ ေမြးေန႔ဆုေတာင္းေရးေပးဖို႔ သူမျပင္ဆင္ထားၿပီးသားပါ။ ၁၂ နာရီမထိုးခင္ (၅)မိနစ္ေလာက္အလိုမွာ ဖုန္းေခၚၿပီး (၁၀)မိနစ္ေလာက္ကို စကားေတြေလွ်ာက္ေျပာပါလိမ့္မယ္။ သူမထက္အရင္ ဘယ္သူကမွ ေမြးေန႔ဆုေတာင္းေပးတာမ်ိဳး မျဖစ္ေစခ်င္လို႔ပါ။
၂၉။ တစ္ခုခုဆိုရင္ သင့္ကို အရင္ဆံုးဆက္သြယ္တတ္တာ။
အေၾကာင္းထူးတစ္ခုခုရွိတာနဲ႔ သင့္ကို အရင္ဆံုးဖုန္းဆက္တာ၊ စာပို႔တာေတြ လုပ္ပါလိမ့္မယ္။ ဘာလို႔ဆိုရင္ သူမစိတ္ထဲမွာ သင္ကစိုးမိုးထားတာေၾကာင့္ပါ။
ကဲ… ဒီေလာက္ဆိုရင္ေတာ့၊ သူမအေပၚမွာ သင္ဖက္ကလည္း တစ္ဖက္သတ္စိတ္၀င္စားေနတာမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ သူမေရွ႕မွာ သင့္ရဲ႕ခံစားခ်က္ေတြ ၀န္ခံဖြင့္ဟဖို႔ လုံေလာက္ၿပီလို႔ ထင္ပါတယ္။
သင့်ကို သူမတိတ်တခိုးချစ်နေကြောင်း သိရှိနိုင်မည့် လက္ခဏာများ
သင်တို့နှစ်ဦးက သူငယ်ချင်းတွေပါပဲ။ ဒါပေမယ့် နှစ်ဦးသားအကြား သင်သတိထားမိနေတဲ့ ထူးခြားမှုတွေရှိနေတယ် ဆိုကြပါစို့။ သူမရဲ့ဆက်ဆံမှုတွေက တခြားမိန်းကလေမိတ်ဆွေတွေနဲ့ မတူပဲ သင့်ကို တိတ်တခိုးများ ချစ်နေတာလား ဆိုတာကို ဆုံးဖြတ်ရခက်နေပါသလား။ အခုဖော်ပြထားတဲ့အချက်တွေကို သူမလုပ်နေပြီဆိုရင်တော့ သင်ထင်တာမှန်နေပါပြီ။
၁။ သင့်ရှေ့မှာ စိတ်လှုပ်ရှားအနေရခက်နေတာ။
သူမရဲ့လက်တွေ ဂဏာမငြိမ်ဖြစ်နေပြီး၊ ဆံပင်ကိုကိုင်လိုက် ဖုန်းကိုကိုင်လိုက်လုပ်နေတတ်ပါတယ်။ စကားပြောနေတုန်း သူမကိုကြည့်လိုက်မယ်ဆိုရင်လည်း ရှက်သွေးဖြာသွားတတ်ပါတယ်။
၂။ သင်နဲ့မတည့်ပဲ ရန်အမြဲဖြစ်နေတာ။
ဒီအချက်ကတော့ သိပ်မသိသာပါဘူး။ မတည့်အတူနေဆိုတာလိုမျိုး သင့်နဲ့ စကားများရန်ဖြစ်နေပေမယ့် သင့်ကို ဘယ်တော့မှ လစ်လျူမရှုတတ်ပါဘူး။ သင်နဲ့ပက်သက်ပြီး ချိုးချိုးနှိမ်နှိမ်တွေပြော၊ မခံချင်လောက်စရာဟာသတွေပြောတတ်ပါတယ်။ သင်တို့နှစ်ဦးကြားအမြဲတမ်း စကားနိုင်လုနေတတ်ပါတယ်။ ဒီလိုတွေလုပ်နေတာ သူမရဲ့ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ဖို့အတွက် လျှောက်လုပ်နေတာဖြစ်ပါတယ်။
၃။ သင်ပြောသမျှ၊ လုပ်သမျှကို အရင်ဆုံးတုံ့ပြန်တတ်တာ။
ရေဆာလိုက်တာလို့ ပြောမိလိုက်တာနဲ့ ရေခပ်လာပေးတာမျိုး၊ စသဖြင့် တခြားလူတွေထက် သင့်ကိုပိုပြီး အရေးပေးဆက်ဆံတတ်ပါတယ်။
၄။ သင်နားမလည်နိုင်တာ သူမပြောတာတွေကို မမှတ်မိတာကို စိတ်ဆိုးတတ်တာ။
ဒါဟာဘာကြောင့်လဲဆိုရင် သူမကိုပြန်ချစ်စေလိုတာကြောင့်ဖြစ်ပြီး သူမရဲ့ခံစားချက်ကို ဖွင့်ပြောခွင့်မရှိတာကြောင့်လည်း ပါဝင်ပါတယ်။
၅။ သူမအပေါ်သင့်ရဲ့ထင်မြင်ယူဆချက်တွေကို အရမ်းအလေးထားတာ။
သူမနဲ့ပတ်သက်ပြီး သင့်ရဲ့ထင်မြင်ယူဆချက်တွေကို အရမ်းဂရုစိုက်တတ်ပါလိမ့်မယ်။ သူမအပေါ် သင့်ရဲ့ထင်မြင်ချက်တစ်ခုခုကို မကြိုက်ရင် အဲဒီအချက်မှားယွင်းနေကြောင်းကို သက်သေပြဖို့ ကြိုးစားပါလိမ့်မယ်။ သူမနဲ့ပတ်သက်ပြီး သင့်ကိုအကောင်းတွေပဲမြင်စေချင်သလို သင့်ရဲ့ထင်မြင်ယူဆချက်ကို ပြောင်းလဲပစ်ဖို့ အမြဲကြိုးစားနေတတ်ပါတယ်။
၆။ သင့်ဘဝမှာ ပါဝင်ပတ်သက်ချင်တာ။
သင်နဲ့ပတ်သက်ပြီး အရာအားလုံးကို သိချင်ပါတယ်။ သင့်မိဘတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ၊ သင်တစ်ယောက်တည်းရှိနေချိန်မှာ ဘာလုပ်တတ်သလဲ၊ သင်ကောင်မလေးဘယ်နှစ်ယောက်နဲ့ ကြူနေလဲ၊ ကျောင်းတုန်းက ဘယ်လိုသူငယ်ချင်းတွေရှိလဲ၊ သင့်ဘဝမှာအဖြစ်ချင်ဆုံးကဘာလဲ၊ သင်အကြိုက်ဆုံး ဇာတ်ကားက ဘာလဲ၊ မနက်စာကို ဘာကြိုက်တတ်သလဲ၊ ပြောရင်ကုန်မှာတောင်မဟုတ်ပါဘူး။ အားလုံးကို သူမ သိချင်နေတာပါ။
၇။ Message တွေ ပို့တာ။
သင့်ဆီကို Messages တွေပို့ပါလိမ့်မယ်။ ပြီးရင် မှားပို့မိတာဆိုပြီး စကားပြောဖို့ အစဆွဲထုတ်ပါလိမ့်မယ်။ တကယ်တော့ သူမက သင့်ရဲ့ Facebook ကို စောင့်ကြည့်နေပြီး Chat Box မှာ မီးစိမ်းလေးလင်းလာတာကို စောင့်နေရှာတာပါ။ ပြီးရင် သင်နဲ့ စကားပြောဖို့ စိတ်မပါသလိုမျိုးနဲ့ ဟန်ဆောင်ဦးမှာပါ။
၈။ သင်ပြောသမျှ သဘောကျတာ။
သူမက သင်ပြောသမျှကို သဘောကျထောက်ခံတတ်ပါတယ်။ သင်အပါအဝင် ဘယ်သူကမှ ရယ်စရာလို့ မထင်တဲ့ ဟာသမျိုးကို သင်ပြောရင် သူမရယ်ပါလိမ့်မယ်။ ဒါကလည်း ချစ်ဖို့ကောင်းပါတယ်။
၉။ သင့်ရဲ့အာရုံစိုက်ခံရဖို့ ဘာမဆိုလုပ်တာ။
သင်ဖုန်းခေါ်တိုင်း သူမ ပြန်ဖြေမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင်က သူငယ်ချင်းတွေနဲ့အတူ အပြင်လျှောက်လည်ချိန်မှာ သူမက တစ်ယောက်တည်း အိမ်ပြန်သွားတတ်တာမျိုး၊ ပါတီပွဲမှာ တစ်ခုခုကြောင့် ဝမ်းနည်းနေရသလိုမျိုး တစ်ယောက်တည်းထိုင်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလိုလုပ်တာကို သင် သတိပြုမိပြီး တစ်ခုခုလုပ်ပေးစေချင်တာဖြစ်ပါတယ်။
၁၀။ လူချင်းတွေ့ရင်တစ်မျိုး၊ အွန်လိုင်းမှာတွေ့ရင်တစ်မျိုးဆက်ဆံတတ်တာ။
သင်တို့နှစ်ဦး လူချင်းတွေ့တဲ့အချိန်မှာ တခြားသူငယ်ချင်းတွေကို ပြောဆိုဆက်ဆံသလိုပဲ ဆက်ဆံပြီး လူချင်းမတွေ့ရပဲ အွန်လိုင်းပေါ်မှာ တွေ့တဲ့အခါမှာတော့ ပလူးပလဲပြောတတ်ပါလိမ့်မယ်။ တကယ့်ကို သူမမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ပြောနေသလိုမျိုး ဖြစ်ပါတယ်။ ဒါဟာလည်း သင့်ကို လူချင်းတွေတဲ့အချိန်မှာ ပလူးပလဲဆက်ဆံဖို့ မဝံ့ရဲတာကြောင့်ဖြစ်ပါတယ်။
၁၁။ သင့်ကို သဝန်တိုတာ။
သင်က တခြားမိန်းကလေးတွေနဲ့ စကားပြောနေရင်တောင် သူမက မကြိုက်တဲအမူအယာတွေ လုပ်ပြတတ်ပါတယ်။ တခြားမိန်းကလေးတွေကို အာရုံစိုက်နေတဲ့အတွက်လည်း စိတ်ဆိုးနေတတ်ပါတယ်။
၁၂။ သင့်နဲ့နှစ်ယောက်တည်းအတူရှိနေဖို့နည်းလမ်းတွကို ရှာနေတတ်တာ။
အုပ်စုလိုက်သွားနေရင်တောင်မှ အကြောင်းတစ်ခုခုပြပြီး သင့်ကိုဆွဲထုတ်ပြီး သူမနဲ့အတူလိုက်ခဲ့ဖို့ ခေါ်ပါလိမ့်မယ်။ သူမကိုအဖော်ပြုပေးဖို့ရွေးတဲ့သူကလည်း အမြဲတမ်း သင်ပဲဖြစ်နေပါလိမ့်မယ်။
၁၃။ သင့်ကို မျက်ခြေအပြတ်မခံတာ။
ဘယ်နေရာမှာပဲဖြစ်ဖြစ် သူမဟာ တစ်နည်းနည်းနဲ့ သင်မြင်သာတဲ့နေရာမှာရှိနေတတ်ပါတယ်။ ဒါ့အပြင် သင်ဘယ်နေရာမှာရှိနေလဲဆိုတာကိုလည်း အတိအကျသိပါတယ်။ သူမကို သတိပြုမိဖို့ အမြဲကြိုးစားနေပါလိမ့်မယ်။
၁၄။ သူမရဲ့တန်ဖိုးကို မြှင့်တင်တတ်တာ။
တစ်နေရာရာကိုသွားဖို့ သူမ မလိုက်နိုင်ကြောင်း အကြောင်းပြချက်တစ်ခုခုပေးပါလိမ့်မယ်။ တကယ်တော့ သင့်ရဲ့ တောင်းဆိုမှုရဖို့ ကြိုးစားတာဖြစ်ပါတယ်။ သင်က နည်းနည်းတောင်းဆိုလိုက်တာနဲ့ သူမစိတ်ပြောင်းသွားပါလိမ့်မယ်။
၁၅။ သင့်ကို ထူးထူးခြားခြား ကြည့်တတ်တာ။
တခြားမိန်းကလေးတွေက သင့်ကိုကြည့်တဲ့အကြည့်မျိုးနဲ့ မတူပဲ သူမက ကြည့်တတ်ပါတယ်။ သူမမျက်ဝန်းတွေထဲမှာ ညှို့ငင်အားတစ်ခုနဲ့ ကြည့်တာမျိုးဖြစ်ပါတယ်။ သင်က တစ်ခြားသူနဲ့ စကားပြောနေရင်တောင်မှ သူမအကြည့်တွေက သင့်ဆီမှာပဲရှိနေတတ်ပါတယ်။
၁၆။ အကြည့်အတွက် ရှက်တတ်တာ။
သူမက ကြည့်နေတာကို သင်မိသွားတဲ့အခါမျိုးမှာ မျက်နှာမှာရှက်သွေးဖြာသွားတတ်ပြီး အကြည့်ကို ချက်ချင်လွှဲသွားပါလိမ့်မယ်။
၁၇။ သင်ပြောသမျှအားလုံးကို မှတ်မိနေတတ်တာ။
အားလုံးပါပဲ။ သူမရဲ့ဖုန်းကို ဘယ်နားထားမိလဲဆိုတာကိုပဲ မေ့ချင်မေ့နေပါလိမ့်မယ်။ သင်ပြောသမျှ တစ်ခုမှမကျန်အောင် သူမမှတ်ထားပါလိမ့်မယ်။
၁၈။ သင်အပြောများတဲ့စကားလုံးကို လိုက်ပြောတာ။
သင်မကြာခဏသုံးလေ့ရှိတဲ့ စကားလုံးတွေကို မှတ်ထားပြီး လိုက်ပြောပါလိမ့်မယ်။ တခြားသူတွေက ဒီအချက်ကို သတိထားမိတဲ့အထိပါပဲ။
၁၉။ သင်နဲ့စကားပြောနေရရင် ကျေနပ်နေတာ။
သင်နဲ့စကားပြောနေရလို့ကတော့ သူမအတွက် ဘယ်တော့မှပျင်းရိငြီးငွေ့တယ်ဆိုတာ မရှိပါဘူး။ စကားပြောစရာတွေ မကုန်နိုင်အောင်ဖြစ်နေပါလိမ့်မယ်။ စကားဆုံးသွားပြီးလို့ သင်ထင်ထားရင်တောင်မှ သူမက မေးခွန်းအသစ်တွေ ထပ်မေးတတ်ပါလိမ့်မယ်။
၂၀။ သင့်ကို အမြဲခွင့်လွှတ်နားလည်ပေးတာ။
သူမကို သင်ဘယ်လိုပဲ ဆက်ဆံပါစေ၊ ဂရုမစိုက်တာပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျအောင်လုပ်တာပဲဖြစ်ဖြစ် သင့်ကို အမြဲခွင့်လွှတ်နားလည်ပေးနေမှာဖြစ်ပါတယ်။ ဘာလိုပဲဖြစ်နေပါစေ သင့်ဘေးနားမှာ အမြဲရှိနေချင်တတ်ပါတယ်။ တစ်ခုတော့သိထားပါ။ သူမရဲ့အချစ်က ချွင်းချက်မရှိ အနှိုင်းမဲ့ဖြစ်ပါတယ်။
၂၁။ သင့်အတွက် စိုးရိမ်လွန်းတတ်တာ။
ပုံမှန်သူငယ်ချင်းတစ်ယောက်က စိုးရိမ်ပူပန်တာမျိုးထက် ပိုပြီးတော့ စိုးရိမ်တတ်ပါတယ်။ သာမန်အအေးမိဖျားနာတာမျိုးလေး ဖြစ်ရင်တောင်မှ တစ်နေ့ကို သုံးကြိမ်လောက်ဖုန်းဆက်ပြီး နေလို့ကောင်းပြီလား မေးပါလိမ့်မယ်။
၂၂။ တစ်ခြားကောင်လေးနဲ့စရင် မကြိုက်တာ။
သူမကို တစ်ခြားကောင်လေးတစ်ယောက်ယောက်နဲ့ ယှဉ်တွဲပြီး စနောက်မယ်ဆိုရင် သူမအရမ်းစိတ်ဆိုးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူမက သင်ကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးဆိုတာကို သင့်ကို သိစေချင်လို့ဖြစ်ပါတယ်။
၂၃။ သူမသူငယ်ချင်းတွေပါမယ့် အစီအစဉ်တွေကို ရှောင်တာ။
သင့်ကို တဖက်သတ်ချစ်ကြိုက်နေတာကို သူမရဲ့သူငယ်ချင်းတွေ ရိပ်မိသွားမှာစိုးရိမ်လို့ဖြစ်ပါတယ်။ နောက်တစ်ချက်ရှိပါသေးတယ်။ သင့်ကို အမျိုးသမီးအသစ်တွေနဲ့ ခင်မင်ခွင့်ပေးလိုက်ရင် သူမအတွက် ပြိုင်ဖက်တွေ ရှိလာမှာကို မလိုလားလို့ဖြစ်ပါတယ်။
၂၄။ သင်နဲ့ လက်ပွန်းတတီးနေတတ်တာ။
သင်နဲ့ လက်မောင်းချင်း မသိမသာထိကပ်ထားတာ၊ သင့်ခန္ဓာကိုယ်ကို ပုတ်ပြီးစကားပြောတာမျိုးတွေ လုပ်တတ်ပါတယ်။ သူမအနားမှာရှိနေချိန်မှာ ထိတွေ့မှုတစ်ခုခုရှိအောင် ကြိုးစားတတ်ပါတယ်။
၂၅။ သင့်ဖက်က အမြဲရပ်တည်တာ။
သူမက သင့်ရဲ့အကြွင်းမဲ့ထောက်ခံသူဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ကိစ္စအတွက် သူငယ်ချင်းတွေအကြား ငြင်းခုံကြရင်တောင် သင့်ဖက်ကလိုက်ပြီး သင့်ကိုကာကွယ်ပေးတတ်ပါတယ်။
၂၆။ သင့်နားမှာ ရှိခွင့်ရဖို့ ကြိုးစားနေတာ။
ထိုင်တဲ့အခါပဲဖြစ်ဖြစ် လမ်းလျှောက်သွားတဲ့အခါမှာပဲဖြစ်ဖြစ် သင့်ဘေးနားမှာ အမြဲနေရာယူလေ့ရှိပါတယ်။ သင်တစ်ယောက်တည်းဖြစ်နေရင်လည်း အတူလာထိုင်ပြီး စကားပြောတတ်ပါတယ်။
၂၇။ သင်နဲ့နှစ်ယောက်တည်းလုပ်ရမယ့်ကိစ္စတွေကို ပိုစိတ်ဝင်စားတာ။
ဟုတ်ပါတယ်။ သင်နဲ့အတူ နှစ်ယောက်တည်းလုပ်ရမယ့်ကိစ္စဆိုရင် သူမလုပ်ဆောင်ဖို့ အသင့်ပါပဲ။ သူမက စီစဉ်တာဆိုရင်တော့ အဲဒီကိစ္စကို တခြားသူလုပ်ရဖို့ မရှိပါဘူး။
၂၈။ သင့်မွေးနေ့အတွက် အမြဲတမ်းပထမဆုံး ဆုတောင်းပေးတတ်တာ။
မနက်ဖြန်က သင့်မွေးနေ့ဆိုပါတော့။ ဒီနေ့ည ၁၂ နာရီမထိုးခင် တစ်နာရီလောက်အလိုမှာကတည်းက သင့်ရဲ့ Facebook wall ပေါ်မှာ မွေးနေ့ဆုတောင်းရေးပေးဖို့ သူမပြင်ဆင်ထားပြီးသားပါ။ ၁၂ နာရီမထိုးခင် (၅)မိနစ်လောက်အလိုမှာ ဖုန်းခေါ်ပြီး (၁၀)မိနစ်လောက်ကို စကားတွေလျှောက်ပြောပါလိမ့်မယ်။ သူမထက်အရင် ဘယ်သူကမှ မွေးနေ့ဆုတောင်းပေးတာမျိုး မဖြစ်စေချင်လို့ပါ။
၂၉။ တစ်ခုခုဆိုရင် သင့်ကို အရင်ဆုံးဆက်သွယ်တတ်တာ။
အကြောင်းထူးတစ်ခုခုရှိတာနဲ့ သင့်ကို အရင်ဆုံးဖုန်းဆက်တာ၊ စာပို့တာတွေ လုပ်ပါလိမ့်မယ်။ ဘာလို့ဆိုရင် သူမစိတ်ထဲမှာ သင်ကစိုးမိုးထားတာကြောင့်ပါ။
ကဲ… ဒီလောက်ဆိုရင်တော့၊ သူမအပေါ်မှာ သင်ဖက်ကလည်း တစ်ဖက်သတ်စိတ်ဝင်စားနေတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သူမရှေ့မှာ သင့်ရဲ့ခံစားချက်တွေ ဝန်ခံဖွင့်ဟဖို့ လုံလောက်ပြီလို့ ထင်ပါတယ်။