အပူအစပ္ေတြစားၿပီး ေနသာထိုင္သာရွိေစဖို႔ နည္းလမ္း(၃)ခု
အပူအစပ်တွေစားပြီး နေသာထိုင်သာရှိစေဖို့ နည်းလမ်း(၃)ခု
အပူအစပ္မ်ားတဲ့ စားစရာေတြကို ႀကိဳက္ပါသလား ? စားၿပီးလို႔ ၀မ္းသြားတဲ့အခါမွာပဲျဖစ္ျဖစ္၊ ေလလည္တဲ့ အခါမွာပဲျဖစ္ျဖစ္ ဒြါရေပါက္မွာ ပူစပ္ပူေလာင္ျဖစ္ေနတာကိုေရာ ခံစားဖူးပါသလား ? ဟုတ္ပါတယ္။ ဒီကိစၥက အပူအစပ္ေတြ အစားမ်ားတဲ့အခါ မလြဲမေသြၾကံဳေတြ႕ရတတ္တဲ့ ကိစၥတစ္ခုပါ။ လူတိုင္းမွာျဖစ္ႏိုင္ၿပီး Bowel Syndrome, hemorrhoids ေရာဂါအခံရွိတဲ့လူေတြမွာ ပိုၿပီးေတာ့ ဆိုးဆိုးရြားရြားခံစားရတတ္ပါတယ္။ ဒီလိုမျဖစ္ေအာင္ သင္ႀကိဳက္တဲ့အပူအစပ္ေတြ ေလွ်ာ့စားဖို႔ စိတ္ကူးမေနပါနဲ႔ေတာ့။ စားခ်င္သလိုစားၿပီး အဆင္ေျပေနေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ မီႏူးကို အေျပာင္းအလဲေလးလုပ္ပါ။
အပူအစပ္နဲ႔ အဆီမ်ားတဲ့ စားစရာေတြကို အမ်ားႀကီးမစားပါနဲ႔။ အဆီဓာတ္မ်ားတာက ျပႆနာရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အဆီကိုေခ်ဖ်က္ဖို႔ ခႏၶာကိုယ္ကအသံုးျပဳတဲ့ သည္းေျခရည္က စအို၀က အေရျပားကို ယားယံလာေအာင္ လႈံ႔ေဆာင္ေပးႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ အကယ္၍ စားခ်င္သပဆိုရင္လည္း psyllium ဓာတ္ပါ၀င္တဲ့ အမွ်င္ဓာတ္ ျဖည့္စြက္ေဆး၀ါးတစ္ခုခုကို မစားခင္မွာပဲျဖစ္ျဖစ္ စားၿပီးၿပီးခ်င္းပဲျဖစ္ျဖစ္ ေသာက္သံုးေပးသင့္ပါတယ္။
အခ်ိန္မွန္ အိပ္ရာထႏိုင္ဖို႔ နည္းဗ်ဴဟာ ၅ ခု
၂။ သန္႔ရွင္းေရးလုပ္ပါ။
အရြယ္ေရာက္ၿပီးသူေတြကို ဒီကိစၥေျပာဖို႔ မလိုဘူးလို႔ ထင္ခ်င္စရာပါ။ ဒါေပမယ့္ အပူအစပ္ေတြစားၿပီးေနာက္မွာ ဒြါရေပါက္က ပူစပ္ပူေလာင္ျဖစ္ၿပီး ယားယံလာတယ္ဆိုရင္ တတ္ႏိုင္သမွ်ျမန္ျမန္သန္႔ရွင္းေရးလုပ္ေပးဖို႔ လုိပါတယ္။ ဆပ္ျပာအေပ်ာ့စားနဲ႔ ေရေႏြးကိုသံုးၿပီးေဆးေၾကာပါ။ သန္႔ရွင္းသြားၿပီဆိုရင္ calamine ဓာတ္ပါ၀င္တဲ့ ခရမ္တစ္ခုခုသုတ္လိမ္းထားေပးပါ။ ယားယံမႈနဲ႔ ပူစပ္ပူေလာင္ျဖစ္တာ သက္သာသြားပါလိမ့္မယ္။ ဒီလိုမွမသက္သာဘူးဆိုရင္ေတာ့ ဆရာ၀န္နဲ႔ျပၾကည့္ပါ။ စအို၀နာက်င္မႈေတြက ပိုး၀င္တာ၊ စအို၀ကြဲတာ၊ ျပည္တည္တာနဲ႔ စအိုကင္ဆာအထိျဖစ္ႏိုင္တဲ့အတြက္ မေပါ့ပါနဲ႔။
စိတ္ဖိစီးမႈ ေျဖေလ်ာ့ဖို႔ နည္းလမ္း ၁၁ သြယ္
၃။ သံုးပတ္ဆက္တိုက္ င႐ုတ္သီးအနီစားသံုးပါ။
ဟုတ္ပါတယ္။ ဘယ္လိုနည္းလမ္းႀကီးလဲလို႔ ေတြးမိခ်င္စရာပါ။ ဒါေပမယ့္ အပူအစပ္မစားရရင္ မေနႏိုင္သူေတြ အတြက္ကေတာ့ ဓာတ္ၾကမ္းတိုက္တဲ့သေဘာပဲျဖစ္ပါတယ္။ အပူအစပ္ေတြကို ႏွစ္ရက္ေလာက္ ဆက္တိုက္စားမယ္ဆိုရင္ အူမႀကီးတစ္ေလွ်ာက္အာ႐ုံခံႏိုင္စြမ္းကို လႈံ႔ေဆာ္ေပးၿပီး နာက်င္ပူေလာင္မႈကို ခံစားရမွာျဖစ္ပါတယ္။ ဒါေပမယ့္ သံုးပတ္ေလာက္အထိ ဆက္တိုက္စားမယ္ဆိုရင္ေတာ့ တစ္ျဖည္းျဖည္း အာ႐ုံခံႏိုင္စြမ္းေလ်ာ့နည္းသြားၿပီး ေနသာထိုင္သာရွိသြားမွာျဖစ္ပါတယ္။ တနည္းအားျဖင့္ အူမႀကီးနဲ႔ ဒြါရေပါက္ကို အပူနဲ႔ေလ့က်င့္ေပးလိုက္တဲ့ သေဘာပဲျဖစ္ပါတယ္။ အပူအစပ္ဒဏ္ကို သံုးပတ္ေလာက္ ခံစားၿပီးရင္ ေနာက္ဘယ္ေတာ့မွာ ခံစားရေတာ့မွာ မဟုတ္ပါဘူး။
အပူအစပ်တွေစားပြီး နေသာထိုင်သာရှိစေဖို့ နည်းလမ်း(၃)ခု
အပူအစပ်များတဲ့ စားစရာတွေကို ကြိုက်ပါသလား ? စားပြီးလို့ ဝမ်းသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ လေလည်တဲ့ အခါမှာပဲဖြစ်ဖြစ် ဒွါရပေါက်မှာ ပူစပ်ပူလောင်ဖြစ်နေတာကိုရော ခံစားဖူးပါသလား ? ဟုတ်ပါတယ်။ ဒီကိစ္စက အပူအစပ်တွေ အစားများတဲ့အခါ မလွဲမသွေကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာဖြစ်နိုင်ပြီး Bowel Syndrome, hemorrhoids ရောဂါအခံရှိတဲ့လူတွေမှာ ပိုပြီးတော့ ဆိုးဆိုးရွားရွားခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သင်ကြိုက်တဲ့အပူအစပ်တွေ လျှော့စားဖို့ စိတ်ကူးမနေပါနဲ့တော့။ စားချင်သလိုစားပြီး အဆင်ပြေနေစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မီနူးကို အပြောင်းအလဲလေးလုပ်ပါ။
အပူအစပ်နဲ့ အဆီများတဲ့ စားစရာတွေကို အများကြီးမစားပါနဲ့။ အဆီဓာတ်များတာက ပြဿနာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အဆီကိုချေဖျက်ဖို့ ခန္ဓာကိုယ်ကအသုံးပြုတဲ့ သည်းခြေရည်က စအိုဝက အရေပြားကို ယားယံလာအောင် လှုံ့ဆောင်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ အကယ်၍ စားချင်သပဆိုရင်လည်း psyllium ဓာတ်ပါဝင်တဲ့ အမျှင်ဓာတ် ဖြည့်စွက်ဆေးဝါးတစ်ခုခုကို မစားခင်မှာပဲဖြစ်ဖြစ် စားပြီးပြီးချင်းပဲဖြစ်ဖြစ် သောက်သုံးပေးသင့်ပါတယ်။
၂။ သန့်ရှင်းရေးလုပ်ပါ။
အရွယ်ရောက်ပြီးသူတွေကို ဒီကိစ္စပြောဖို့ မလိုဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် အပူအစပ်တွေစားပြီးနောက်မှာ ဒွါရပေါက်က ပူစပ်ပူလောင်ဖြစ်ပြီး ယားယံလာတယ်ဆိုရင် တတ်နိုင်သမျှမြန်မြန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဆပ်ပြာအပျော့စားနဲ့ ရေနွေးကိုသုံးပြီးဆေးကြောပါ။ သန့်ရှင်းသွားပြီဆိုရင် calamine ဓာတ်ပါဝင်တဲ့ ခရမ်တစ်ခုခုသုတ်လိမ်းထားပေးပါ။ ယားယံမှုနဲ့ ပူစပ်ပူလောင်ဖြစ်တာ သက်သာသွားပါလိမ့်မယ်။ ဒီလိုမှမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ပါ။ စအိုဝနာကျင်မှုတွေက ပိုးဝင်တာ၊ စအိုဝကွဲတာ၊ ပြည်တည်တာနဲ့ စအိုကင်ဆာအထိဖြစ်နိုင်တဲ့အတွက် မပေါ့ပါနဲ့။
၃။ သုံးပတ်ဆက်တိုက် ငရုတ်သီးအနီစားသုံးပါ။
ဟုတ်ပါတယ်။ ဘယ်လိုနည်းလမ်းကြီးလဲလို့ တွေးမိချင်စရာပါ။ ဒါပေမယ့် အပူအစပ်မစားရရင် မနေနိုင်သူတွေ အတွက်ကတော့ ဓာတ်ကြမ်းတိုက်တဲ့သဘောပဲဖြစ်ပါတယ်။ အပူအစပ်တွေကို နှစ်ရက်လောက် ဆက်တိုက်စားမယ်ဆိုရင် အူမကြီးတစ်လျှောက်အာရုံခံနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး နာကျင်ပူလောင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် သုံးပတ်လောက်အထိ ဆက်တိုက်စားမယ်ဆိုရင်တော့ တစ်ဖြည်းဖြည်း အာရုံခံနိုင်စွမ်းလျော့နည်းသွားပြီး နေသာထိုင်သာရှိသွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် အူမကြီးနဲ့ ဒွါရပေါက်ကို အပူနဲ့လေ့ကျင့်ပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ အပူအစပ်ဒဏ်ကို သုံးပတ်လောက် ခံစားပြီးရင် နောက်ဘယ်တော့မှာ ခံစားရတော့မှာ မဟုတ်ပါဘူး။