ဝိုင်နီက သင့်နှလုံးအတွက် ကောင်းရတဲ့ အကြောင်းရင်း

ဝိုင်နီက သင့်နှလုံးအတွက် ကောင်းရတဲ့ အကြောင်းရင်း

အရက်ကြိုက်သူတွေဟာ ဆရာဝန်တွေက တစ်နေ့ကို ဝိုင်နီတစ်ခွက် ပုံမှန်သောက်ဖို့ တရားဝင် ထောက်ခံလိုက်တဲ့ နေ့မှာ ဝိုင်းခံခဲ့ကြပါတယ်။ ဝိုင်နီ ပုံမှန်သောက်တာဟာ သင့်နှလုံးသားအတွက် ကောင်းစေပါတယ်။ ဒါပေမယ့် ဘာလို့လဲ??

အဲဒိ မေးခွန်းဟာ သိပ္ပံပညာရှင်တွေကို ဦးနှောက်ခြောက်စေခဲ့တာ ကြာပါပြီ။ ရှာဖွေတွေ့ရှိချက်တွေအရ ရိုးရိုးဝိုင် မဟုတ်ပဲ ဝိုင်နီ မှာ အကျိုးတွေ အများကြီးရှိတာ တွေ့ရပါတယ်။

၁၉၈၀ လောက်မှာ ပြင်သစ်ပြသနာဆိုတာ ရှိခဲ့ပါတယ်။ ပြင်သစ်တွေဟာ အဆီတွေး၊ ကိုလက်စထရောတွေ အများကြီးစားတယ်၊ ဝိုင်တွေ အများကြီးသောက်တယ်။ ဒါတောင် သူတို့တွေက နှလုံးရောဂါဖြစ်ပွားမှုနှုန်း နည်းနေပါတယ်။ ဘာလို့လဲ?? ဆိုတဲ့ ပြသနာပါ။

ထင်ရှားတဲ့ သီအိုရီတစ်ခုကတော့ နှလုံးသားကို အပင်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တစ်ခုဖြစ်တဲ့ resveratol က လှုံ့ဆော်ပေးတယ် ဆိုတာပါ။ အဲဒိ ဓာတုပစ္စည်းဟာ စပျစ်၊ ဘယ်ရီနဲ့ အခွံမာသီးတွေမှယ အများဆုံးတွေ့ရလေ့ရှိပြီး ဝိုင်နီမှာ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်နိုင်လောက်တဲ့ ပမာဏ ပါဝင်ပါတယ်။ စပျစ်သီးတွေကို ခြေမွပြီး ဝိုင်ဖောက်လိုက်တဲ့အခါ စပျစ်ခွံမှာပါတဲ့ resveratol က သင့်ဖန်ခွက်ထဲ ရောက်လာတာပါ။

အဲဒိ ဓာတ်ပေါင်းရဲ့ ဓာတ်တိုးဆန့်ကျင် သတ္တိဟာ နှလုံးကို နှလုံးရောဂါတွေကနေ ကာကွယ်ပေးတယ်လို့ သိပ္ပံပညာရှင်တွေ ယုံခဲ့ကြပါတယ်။ ဒါပေမယ့် အခု အဲဒိသီအိုရီက နောက်မှာ ကျန်ခဲ့ပါပြီ။

တခြားသီအိုရီ တစ်ခုကတော့ အဲဒိအကျိုးတွေဟာ ဝိုင်နီကြောင့် မဟုတ်ပဲ Alcohol ကြောင့်လို့ ဆိုပါတယ်။

Alcohol-cholesterol Connection

သင့်ကိုမူးစေတဲ့ Alcohol ရဲ့ အပိုင်းကတော့ Ethanol လို့ခေါ်တဲ့ Ethyl Alcohol ပါ။ Ethanol ပါဝင်နှုန်းဟာ အရက်အမျိုးအစားအလိုက် ကွာခြားလေ့ ရှိပြီး ရမ်၊ ဝီစကီ၊ ဗော့ဒ်ကာတို့မှာ ၄၀ ရာနှုန်းထိပါဝင်ပြီး ဝိုင်မှာ ၁၂ ရာနှုန်း ပါဝင်ကာ ဘီယာကတော့ အနည်းဆုံးအနေနဲ့ ရာနှုန်း ပါဝင်ပါတယ်။

လေ့လာမှုတွေက Ethanol ဟာ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော အဆင့်တွေကို အကျိုးသက်ရောက်စေတာ တွေ့ရပါတယ်။ ကိုလက်စထရောဟာ ဆဲလ်တွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်ပေးတာ၊ ဗိုက်တာမင်တွေ ထုတ်ပေးတာ၊ အစာခြေပေးတာတို့ကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်ပါ။

ဒါပေမယ့် သွေးထဲမှာ စုလာရင်တော့ အရမ်းအန္တရာယ် ကြီးပါတယ်။ ကျွန်တော်တို့ဟာ ကိုလက်စထရောကို ပြည့်ဝဆီများတဲ့ အစားအစာတွေ ကနေ ရတယ် ထင်ထားကြပါတယ်။ ဒါပေမယ့် နောက်ဆုံးလေ့လာမှုများအရ သင့်ရဲ့ အသည်းကလဲ ကိုလက်စထရောတွေ ပိုပြီး ထုတ်လွှတ်ပေးတတ်ပါတယ်။

သင့်ရဲ့ သွေးကြောထဲက ကိုလက်စထရောဟာ သွေးကို ပျစ်လာစေပြီး သွေးခဲလေးတွေ ဖြစ်လာစေပါတယ်။ အဲဒိသွေးခဲလေးဟာ နှလုံးမှာ ပိတ်ဆို့ပြီး နှလုံးသွေးစီးဆင်းမှုကို တားဆီးတာဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောမှာ ပိတ်တာဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။

ကိုလက်စထရော မျိုးရှိပါတယ်။ HDL နဲ့ LDL ကိုလက်စထရောတို့ပါ။ LDL က မကောင်းတဲ့ ကိုလက်စထရော အမျိုးအစားဖြစ်ပြီး သွေးခဲတွေ ဖြစ်စေတာပါ။ ကောင်းတဲ့ ကိုလက်စထရော HDL ကတော့ LDL ကိုလက်စထရောကို အသည်းဆီသို့ ပြန်ပို့ပေးခြင်းဖြင့် စွန့်ပစ်ပေးပါတယ်။

Alcohol အသင့်အတင့် သောက်သုံးခြင်းဟာ သွေးထဲမှာ HDL လည်ပါတ်နှုန်း မြင့်မားစေခြင်းအားဖြင့် HDL အချိုးအစားကို မြင့်တက်စေပါတယ်။

အဲဒါကြောင့် ဝိုင်တစ်ခွက်ကပဲ သင့်ကျန်းမာရေးကို ကောင်းစေတာ မဟုတ်ပဲ ဘီယာ၊ ဒါမှမဟုတ် ကော့တေးတစ်ခွက် သောက်ခြင်းဖြင့်လဲ တူညီသောအကျိုး ရနိုင်ပါတယ်။ ဝိုင်နဲ့ ဘီယာလို Alcohol ပါဝင်မှုနည်းတဲ့ ယမကာတွေကို အနည်းငယ် သောက်သုံးခြင်းဟာ လုံးဝမသောက်တာထက် သင့်နှလုံးအတွက် ပိုပြီး အဆင်ပြေပါတယ်။

ဒါပေမယ့်အသင့်အတင့်ဆိုတဲ့ စကားကို သတိရပါ။ အရက်အများအပြား ရေရှည်စွဲသောက်သုံးခြင်းဟာ နှလုံး၊ လေဖြတ်၊ ဆီးချို ရောဂါနေပြီး သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

အသင့်အတင့်ဆိုတာ သင်က ယောက်ျားဖြစ်ရင် နှစ်ခွက်၊ မိန်းမဖြစ်ရင် တစ်ခွက်ပါ။ တစ်ခွက်ဟာ ဘီယာ ၁၂ အောင်စ၊ သို့မဟုတ် ဝိုင် အောင်စ၊ သို့မဟုတ် အရက်ပြင်း . အောင်စနဲ့ ညီမျှပါတယ်။

Related Posts

%%footer%%