ဆည္းဆာခ်ိန္ ေနာင္တမ်ား

လူသားေတြဟာ ေသျခင္းတရားနဲ႔ နီးနီးကပ္ကပ္ရင္ဆိုင္လာရခ်ိန္မွာ ပိုမိုၿပီးရင့္က်က္လာတတ္ၾကပါတယ္။ ေနာက္ဆံုးအခ်ိန္ နီးကပ္လာတာနဲ႔အမွ် တစ္ေယာက္ျခင္းစီဟာ စိတ္ခံစားမႈအမ်ိဳးမ်ိဳးကို ေတြ႕ၾကံဳခံစားၾကတတ္ပါတယ္။ တခ်ိဳ႕ေတြက လက္မခံႏိုင္ျဖစ္မယ္၊ တစ္ခ်ိဳ႕ေတြကေတာ့ ေၾကာက္လန္႔တတ္ႀကသလို ေဒါသျဖစ္တဲ့သူ၊ သံေ၀ဂရသူနဲ႔ လက္ခံႏိုင္စြမ္းရွိသူေတြဆိုၿပီး အမ်ိဳးမ်ိဳးပါပဲ။ ဒီလို ဘ၀ရဲ႕ ေနာက္ဆံုးအခ်ိန္မွာ ေနာင္တအရဆံုးကိစၥေတြကို ေမးျမန္းေဆြးေႏြးၾကည့္တဲ့အခါမွာေတာ့ အခုေဖာ္ျပေပးမယ့္ ကိစၥ()ခုက အမ်ားစုမွာ ခံစားေနၾကရတာကို ေတြ႕ရပါတယ္။

၁။ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ဂ႐ုမစိုက္ပဲ ငါ့ဘ၀ကို ငါ့စိတ္တိုင္းက်ရွင္သန္ခဲ့ဖို႔ သတိၱရွိခဲ့ခ်င္တယ္။

ဒီကိစၥက အမ်ားဆံုးရေလ့ရွိတဲ့ ေနာင္တတစ္ခုပဲျဖစ္ပါတယ္။ လူေတြဟာ သူတို႔ရဲ႕ဘ၀အဆံုးသတ္ခါနီးၿပီဆိုတာကို သေဘာေပါက္ၿပီၚ အတိတ္ကို ရွင္းရွင္းလင္းလင္းျပန္ၾကည့္ၾကတဲ့ အခါတိုင္းမွာ သူတို႔ရဲ႕အိမ္မက္ေတြ မျပည့္၀ခဲ့တာကို အလြယ္တကူပဲ ျမင္ႏိုင္ၾကပါတယ္။ လူအမ်ားစုဟာ သူတို႔ရင္ထဲမွာရွိတဲ့ စိတ္ကူးအိပ္မက္ေတြရဲ႕ ထက္၀က္ေလာက္ကိုေတာင္ ျပည့္၀ေအာင္ မလုပ္ႏိုင္ခဲ့ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕စိတ္ကူးအိမ္မက္ေတြ၊ သင္လုပ္ခ်င္တာေတြကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္ရွိတုန္း ႀကိဳးစားရမွာျဖစ္ပါတယ္။ သင့္ရဲ႕က်န္းမာေရးယိုယြင္းလာခ်ိန္မွဆုိရင္ အရမ္းကိုေနာက္က်ေနၿပီျဖစ္ပါတယ္။

5-watch

၂။ အလုပ္ေတြခ်ည္းပဲ လုပ္မေနခဲ့သင့္ဘူး။

အမ်ိဳးသားေတြ ေနာက္ဆံုးအခ်ိန္မွာရတတ္တဲ့ ေနာင္တတစ္ခုျဖစ္ပါတယ္။ အမ်ိဳးသားအမ်ားစုဟာ အလုပ္အတြက္ပဲ အခ်ိန္ကုန္ေနတတ္ၿပီး ကေလးေတြ ဘယ္လိုအရြယ္ေရာက္လာသလဲဆိုတာကိုေတာင္ သတိမျပဳမိတတ္ၾကပါဘူး။ အမ်ိဳးသမီးေတြလည္း ဒီလိုေနာင္တမ်ိဳးရႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိန္ျပည့္ အလုပ္တာ၀န္ေတြနဲ႔ ႐ႈပ္ေနတတ္တဲ့ အမ်ိဳးသားေတြေလာက္ေတာ့ ေနာင္တမရတတ္ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္အေနနဲ႔လည္း အလုပ္နဲ႔ ဘ၀ကို ညီညြတ္မွ်တေအာင္ စီမံႏိုင္ဖို႔အေရးႀကီးပါတယ္။

၃။ ခံစားခ်က္ေတြကို ထုတ္ေဖာ္ျပသဖို႔ သတၱိရွိခဲ့ခ်င္တယ္။

လူအမ်ားစုဟာ အျခားသူေတြနဲ႔ ေျပလည္ေနဖို႔အတြက္ သူတို႔ရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြကို မ်ိဳသိပ္ထားတတ္ၾကပါတယ္။ ဒီလိုမ်ိဳသိပ္ထားတဲ့အတြက္ပဲ သူတို႔ဟာ သာမာန္မွ်ပဲ ရပ္တည္ရွင္သန္ခဲ့ရၿပီး လုပ္ခ်င္တာကို အျပည့္အ၀မလုပ္ခဲ့ၾကရပါဘူူး။ မခ်ိတင္ကဲျဖစ္တာေတြ၊ ခံျပင္းနာက်ည္းတာေတြကေန နာမက်န္းမႈေတြေတာင္ျဖစ္လာႏိုင္ပါတယ္။ တကယ္ေတာ့ အျခားသူေတြရဲ႕ တံု႔ျပန္မႈေတြကို ကၽြန္ေတာ္တို႔ လိုက္ထိန္းခ်ဳပ္လို႔ မရပါဘူး။ သင့္အေနနဲ႔ ဘာကိုမွမ်ိဳသိပ္မထားပဲ အရိုးသားဆံုး ေျပာဆိုဆက္ဆံတတ္မယ္ဆိုရင္လည္း အားလံုးနဲ႔ အေကာင္းဆံုးဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ ဒီလိုနဲ႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ ဘ၀ကို ျဖတ္သန္းႏိုင္မွာ ျဖစ္ပါတယ္။

၄။ သူငယ္ခ်င္းမိတ္ေဆြေတြန႔ဲ အခ်ိန္ပိုျဖဳန္းခဲ့ခ်င္တယ္။

လူေတြဟာ ဘ၀ရဲ႕ေနာက္ဆံုးလက္က်န္အခ်ိန္ေလးေတြကိုေရာက္မွ သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ တန္ဖိုးကို နားလည္လာတတ္ၾကတာျဖစ္ပါတယ္။ ေနာက္ဆံုးအခ်ိန္မွာ သူတို႔အတြက္ ဂုဏ္သိကၡာေတြ ေငြေၾကးဥစၥာေတြက ဘာဆိုဘာမွအေရးမပါေတာ့ပါဘူး။ သူတို႔ခ်စ္ခင္သူေတြဆီက ရရွိမယ့္ ေမတၱာတရားကိုပဲ လိုလားေတာင့္တတတ္ၾကပါတယ္။

Glass-Ads-4

၅။ ကိုယ္ပိုင္ေပ်ာ္ရႊင္မႈေတြ ပိုၿပီးရရွိခဲ့ခ်င္တယ္။

ဒီအခ်က္ကလည္း ဘ၀ဆည္းဆာခ်ိန္မွာ လူအမ်ားစုရရွိတတ္တဲ့ ေနာင္တတစ္ခုျဖစ္ပါတယ္။ တကယ္ေတာ့ လူေတြက ေပ်ာ္ရႊင္မႈဆိုတာ ေရြးခ်ယ္မႈတစ္ခုမွ်သာျဖစ္တယ္ဆိုတာကို ဘ၀ရဲ႕ေနာက္ဆံုးအခ်ိန္မေရာက္မခ်င္း သေဘာမေပါက္တတ္ၾကပါဘူး။ သူတို႔ေတြက ေခါက္႐ုိးက်ိဳးေနတဲ့ ပံုစံေတြၾကားမွာ ပိတ္မိေနတတ္ၾကၿပီး စိတ္ေရာကိုယ္ပါ မြန္းက်ပ္ေနခဲ့ၾကတာျဖစ္ပါတယ္။ အေျပာင္းအလဲလုပ္ရမွာကို စိုးရိမ္တဲ့စိတ္ေၾကာင့္ သူတို႔ကိုယ္သူတို႔ေရာ ပတ္၀န္းက်င္ကိုပါ အဆင္ေျပေနတယ္လို႔ ဟန္ေဆာင္ေနခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ ျဖစ္ႏိုင္မယ္ဆိုရင္ လြတ္လြတ္လပ္လပ္ ရယ္ေမာေပ်ာ္ရႊင္ၿပီး စိတ္ကူးတည့္ရာေတြကို ျပန္လုပ္ခြင့္ရခ်င္မိတာျဖစ္ပါတယ္။

ဘ၀ ဆိုတာက ေရြးခ်ယ္မႈတစ္ခုသာျဖစ္ပါတယ္။ သင့္ရဲ႕ဘ၀အတြက္ သင္ကိုယ္တိုင္ပဲ အသိတရားရွိရွိ အ႐ိုးသားဆံုး ေရြးခ်ယ္ပါ။ ေနာက္ဆံုးအခ်ိန္မွ ေနာင္တမရေစဖို႔ ေပ်ာ္ရႊင္မႈကို ေရြးခ်ယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။


ဆည်းဆာချိန် နောင်တများ

လူသားတွေဟာ သေခြင်းတရားနဲ့ နီးနီးကပ်ကပ်ရင်ဆိုင်လာရချိန်မှာ ပိုမိုပြီးရင့်ကျက်လာတတ်ကြပါတယ်။ နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ တစ်ယောက်ခြင်းစီဟာ စိတ်ခံစားမှုအမျိုးမျိုးကို တွေ့ကြုံခံစားကြတတ်ပါတယ်။ တချို့တွေက လက်မခံနိုင်ဖြစ်မယ်၊ တစ်ချို့တွေကတော့ ကြောက်လန့်တတ်ကြသလို ဒေါသဖြစ်တဲ့သူ၊ သံဝေဂရသူနဲ့ လက်ခံနိုင်စွမ်းရှိသူတွေဆိုပြီး အမျိုးမျိုးပါပဲ။ ဒီလို ဘဝရဲ့ နောက်ဆုံးအချိန်မှာ နောင်တအရဆုံးကိစ္စတွေကို မေးမြန်းဆွေးနွေးကြည့်တဲ့အခါမှာတော့ အခုဖော်ပြပေးမယ့် ကိစ္စ(၅)ခုက အများစုမှာ ခံစားနေကြရတာကို တွေ့ရပါတယ်။

၁။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ပဲ ငါ့ဘဝကို ငါ့စိတ်တိုင်းကျရှင်သန်ခဲ့ဖို့ သတ္တိရှိခဲ့ချင်တယ်။

ဒီကိစ္စက အများဆုံးရလေ့ရှိတဲ့ နောင်တတစ်ခုပဲဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ဘဝအဆုံးသတ်ခါနီးပြီဆိုတာကို သဘောပေါက်ပ်ြီါ အတိတ်ကို ရှင်းရှင်းလင်းလင်းပြန်ကြည့်ကြတဲ့ အခါတိုင်းမှာ သူတို့ရဲ့အိမ်မက်တွေ မပြည့်ဝခဲ့တာကို အလွယ်တကူပဲ မြင်နိုင်ကြပါတယ်။ လူအများစုဟာ သူတို့ရင်ထဲမှာရှိတဲ့ စိတ်ကူးအိပ်မက်တွေရဲ့ ထက်ဝက်လောက်ကိုတောင် ပြည့်၀အောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့စိတ်ကူးအိမ်မက်တွေ၊ သင်လုပ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ အချိန်ရှိတုန်း ကြိုးစားရမှာဖြစ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးယိုယွင်းလာချိန်မှဆိုရင် အရမ်းကိုနောက်ကျနေပြီဖြစ်ပါတယ်။

၂။ အလုပ်တွေချည်းပဲ လုပ်မနေခဲ့သင့်ဘူး။

အမျိုးသားတွေ နောက်ဆုံးအချိန်မှာရတတ်တဲ့ နောင်တတစ်ခုဖြစ်ပါတယ်။ အမျိုးသားအများစုဟာ အလုပ်အတွက်ပဲ အချိန်ကုန်နေတတ်ပြီး ကလေးတွေ ဘယ်လိုအရွယ်ရောက်လာသလဲဆိုတာကိုတောင် သတိမပြုမိတတ်ကြပါဘူး။ အမျိုးသမီးတွေလည်း ဒီလိုနောင်တမျိုးရနိုင်ပါတယ်။ ဒါပေမယ့် အချိန်ပြည့် အလုပ်တာဝန်တွေနဲ့ ရှုပ်နေတတ်တဲ့ အမျိုးသားတွေလောက်တော့ နောင်တမရတတ်ကြပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့လည်း အလုပ်နဲ့ ဘဝကို ညီညွတ်မျှတအောင် စီမံနိုင်ဖို့အရေးကြီးပါတယ်။

၃။ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ သတ္တိရှိခဲ့ချင်တယ်။

လူအများစုဟာ အခြားသူတွေနဲ့ ပြေလည်နေဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြပါတယ်။ ဒီလိုမျိုသိပ်ထားတဲ့အတွက်ပဲ သူတို့ဟာ သာမာန်မျှပဲ ရပ်တည်ရှင်သန်ခဲ့ရပြီး လုပ်ချင်တာကို အပြည့်အဝမလုပ်ခဲ့ကြရပါဘူး။ မချိတင်ကဲဖြစ်တာတွေ၊ ခံပြင်းနာကျည်းတာတွေကနေ နာမကျန်းမှုတွေတောင်ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ အခြားသူတွေရဲ့ တုံ့ပြန်မှုတွေကို ကျွန်တော်တို့ လိုက်ထိန်းချုပ်လို့ မရပါဘူး။ သင့်အနေနဲ့ ဘာကိုမှမျိုသိပ်မထားပဲ အရိုးသားဆုံး ပြောဆိုဆက်ဆံတတ်မယ်ဆိုရင်လည်း အားလုံးနဲ့ အကောင်းဆုံးဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

၄။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ပိုဖြုန်းခဲ့ချင်တယ်။

လူတွေဟာ ဘဝရဲ့နောက်ဆုံးလက်ကျန်အချိန်လေးတွေကိုရောက်မှ သူငယ်ချင်းမိတ်ဆွေတွေရဲ့ တန်ဖိုးကို နားလည်လာတတ်ကြတာဖြစ်ပါတယ်။ နောက်ဆုံးအချိန်မှာ သူတို့အတွက် ဂုဏ်သိက္ခာတွေ ငွေကြေးဥစ္စာတွေက ဘာဆိုဘာမှအရေးမပါတော့ပါဘူး။ သူတို့ချစ်ခင်သူတွေဆီက ရရှိမယ့် မေတ္တာတရားကိုပဲ လိုလားတောင့်တတတ်ကြပါတယ်။

၅။ ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ပိုပြီးရရှိခဲ့ချင်တယ်။

ဒီအချက်ကလည်း ဘဝဆည်းဆာချိန်မှာ လူအများစုရရှိတတ်တဲ့ နောင်တတစ်ခုဖြစ်ပါတယ်။ တကယ်တော့ လူတွေက ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုတစ်ခုမျှသာဖြစ်တယ်ဆိုတာကို ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း သဘောမပေါက်တတ်ကြပါဘူး။ သူတို့တွေက ခေါက်ရိုးကျိုးနေတဲ့ ပုံစံတွေကြားမှာ ပိတ်မိနေတတ်ကြပြီး စိတ်ရောကိုယ်ပါ မွန်းကျပ်နေခဲ့ကြတာဖြစ်ပါတယ်။ အပြောင်းအလဲလုပ်ရမှာကို စိုးရိမ်တဲ့စိတ်ကြောင့် သူတို့ကိုယ်သူတို့ရော ပတ်ဝန်းကျင်ကိုပါ အဆင်ပြေနေတယ်လို့ ဟန်ဆောင်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဖြစ်နိုင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ရယ်မောပျော်ရွှင်ပြီး စိတ်ကူးတည့်ရာတွေကို ပြန်လုပ်ခွင့်ရချင်မိတာဖြစ်ပါတယ်။

ဘ၀ ဆိုတာက ရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်။ သင့်ရဲ့ဘဝအတွက် သင်ကိုယ်တိုင်ပဲ အသိတရားရှိရှိ အရိုးသားဆုံး ရွေးချယ်ပါ။ နောက်ဆုံးအချိန်မှ နောင်တမရစေဖို့ ပျော်ရွှင်မှုကို ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။