စိတ္လႈပ္႐ွားလို႔ ေခြၽးထြက္တာကို အဆံုးသတ္လိုက္ပါေတာ့

စိတ်လှုပ်ရှားလို့ ချွေးထွက်တာကို အဆုံးသတ်လိုက်ပါတော့

လူသားေတြ ေခြၽးထြက္တတ္ၾကတာ အမ်ားအားျဖင့္ကအပူေၾကာင့္ပါ။ သင္ ေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခါ၊ ဒါမွမဟူတ္ ပူတဲ့ေန႔ေတြေၾကာင့္ပါ။ ဒါေပမယ့္ သင့္ရဲ႕ Boss က သင့္ကို ဆူတဲ့အခါ၊ ဒါမွမဟုတ္ ေကာင္မေလးကို ပထမဆံုးအႀကိမ္ေတြ႕ဖို႔ ေစာင့္ေနရတုန္းမွာ လက္မွာေခြၽးေတြ စို႔လာတာကေတာ့ စိတ္လႈပ္႐ွားလို႔ ေခြၽးထြက္တာပါ။

Gym ေတြမွာဆို ေခြၽးထြက္တာက သင္ ဘယ္ေလာက္ အလုပ္ ႀကိဳးစားၿပီးၿပီလဲဆိုတာ ျပတာပါ။ ဂုဏ္ယူစရာ တစ္ခု ျဖစ္ပါတယ္။ တစ္နာရီေလာက္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းလုပ္လိုက္ရင္ ေခြၽး တစ္လီတာခြဲေလာက္ ထြက္ပါတယ္။ တစ္လီတာ ေရသန္႔ဘူး တစ္ဘူးနဲ႔ တစ္ဝက္ပါ။

ဒါေပမယ့္ စိတ္လႈပ္႐ွားမႈေၾကာင့္ ေခြၽးထြက္တာကေတာ့ ဂုဏ္ယူစရာ မဟုတ္ပါဘူး။ အဲဒါမ်ိဳး ျဖစ္မွာကို ကြၽန္ေတာ္တို႔ အရမ္းစိုးရိမ္ၾကပါတယ္။ ေယာက္်ား အေယာက္ ၈၀၀ ေလာက္ကို စစ္တမ္းေကာက္ၾကည့္တာ ၇၃ ရာႏႈန္းက သူတို႔ စိတ္လႈပ္႐ွားမႈေၾကာင့္ ထြက္တဲ့ေခြၽးပိုၿပီး အထြက္နည္းခ်င္ၾကပါတယ္။ မိန္းမ ၉၇၀ ေယာက္ကို စစ္တမ္းလုပ္ရာမွာလဲ ၈၄ ရာႏႈန္းက ေယာက္်ားတစ္ေယာက္ သူတို႔နဲ႔ Date လုပ္ေနတုန္း ေခြၽးထြက္လာရင္ အရမ္း စိတ္ညစ္ၾကပါတယ္ တဲ့။

စိတ္ထဲက မပါပဲ ေခြၽးထြက္ျခင္းဟာ ခႏၶာကိုယ္က သင့္ကို သစၥာေဖာက္တာနဲ႔ တူတူပါပဲ။ ကြၽန္ေတာ္တို႔ဟာ ကိုယ့္ဘာသာ ယံုၾကည္မႈ ႐ွိပံု ေပါက္ဖို႔ ႀကိဳးစားၾကေပမယ့္ ခႏၶာကိုယ္ကငါ႐ူးေနၿပီ!!!!” လို႔ ေအာ္ေျပာေနတာနဲ႔ တူတူပါပဲ။

ေခြၽးထြက္နည္းဖို႔ ပထမေျခလွမ္းကေတာ့ ေခြၽးထြက္ရတဲ့ အေၾကာင္းရင္းကို သိဖို႔ပါပဲ။

စိတ္လႈပ္႐ွားရင္ ေခြၽးထြက္ရတာဟာ ကြၽန္ေတာ္တို႔ရဲ႕ လူသားမ်ိဳး႐ိုးဗီဇေၾကာင့္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ အေရျပားက Fight or Flight အေျခအေနမ်ိဳးမွာ ေခ်ာမြတ္ေနရင္ သားရဲေတြ မိမိရရ ဆုပ္ကိုင္ႏိုင္မွာ မဟုတ္ပါဘူး။ ႏို႔တိုက္သတၱဝါ အမ်ားစုဟာ ေျခဖဝါး၊ လက္ဖဝါးမွာ ေခြၽးဂလင္းေလးေတြ ပါပါတယ္။ စိုေနတဲ့ လက္ဖဝါး၊ ေျခဖဝါးေတြဟာ သင့္ကို သစ္ပင္၊ ကုန္းျမင့္ေပၚကို ပိုၿပီးလြယ္လြယ္ေျပးတက္ဖို႔ ေလစုပ္ခြက္ ေသးေသးေလးေတြလို အေထာက္အကူ ေပးမွာပါ။ စိုေနတဲ့ လက္ေခ်ာင္းေတြက စာအုပ္လွန္ဖို႔ ပိုၿပီးလြယ္သလိုပါပဲ။

ေခြၽးမွာ ပံုမွန္ဆိုရင္ အနံ႔မ႐ွိပါဘူး။ အေရျပားေပၚက ဗက္တီးရီးယားေတြနဲ႔ ဓာတ္ျပဳလို႔သာ သင့္ရဲ႕ ကိုယ္နံ႔ ျဖစ္တဲ့ ေခြၽးနံ႔ ထြက္လာရတာပါ။ အႏၱရာယ္ တစ္ခုခုၾကံဳေနရရင္ ေခြၽးနံ႔က ေျပာင္းလဲသြားတတ္ပါတယ္။ ေနမေကာင္းရင္လဲ ေခြၽးနံ႔ေျပာင္းတတ္ပါတယ္။ အရင္ ေက်ာက္ေခတ္တုန္းကေတာ့ ဒီအနံ႔ေျပာင္းလဲျခင္းေတြဟာ လူသားမ်ိဳးႏြယ္ ပ်ံ့ပြားေအာင္ ကူညီေပးခဲ့ပံု ရပါတယ္။ ေနမေကာင္းသူနား အနားမကပ္တာတို႔၊ အႏၱရာယ္လာရင္ သိၿပီးတူတူေျပးတာမ်ိဳးပါ။

ေခြၽးနံ႔ နည္းနည္းထြက္ေနတာက ေယာက္်ားပီသေၾကာင္း ျပေနရာလဲ ေရာက္ခဲ့ပံု ရပါတယ္။ ဒါေပမယ့္ ခု ေခတ္ကေတာ့ မတူေတာ့ပါဘူး။ အဲဒိမွာ အကြက္ျမင္တဲ့ ကုမၸဏီတစ္ခ်ိဳ႕က ေခြၽးနံ႔ေပ်ာက္ေဆးေတြ စတင္ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။

ေခြၽးမထြက္ေအာင္ ကိုယ့္ဘာသာ စိတ္ထိန္းျခင္းဟာ အေကာင္းဆံုး ေခြၽးနံေပ်ာက္ေဆးေတြထက္ ပိုအစြမ္းထြက္ဆဲပါ။ ဒါေပမယ့္ စိတ္လႈပ္႐ွားမႈေၾကာင့္ ေခြၽးထြက္တာကို အရမ္းကာကြယ္ႏိုင္မွာ မဟုတ္ပါဘူး။

ဒါဆို ဘယ္လိုလုပ္မလဲ??

စိတ္လႈပ္႐ွားမႈေၾကာင့္ ေခြၽးထြက္တာကို တန္ျပန္ဖို႔ အေကာင္းဆံုးနည္းလမ္းက စိတ္မလႈပ္႐ွားေအာင္ ထိန္းဖို႔ပါပဲ။ လူေတြဟာ အဆိုးဘက္ကို အႀကီးခ်ဲ့ စဥ္းစားတတ္ပါတယ္။ အဲဒိလို မစဥ္းစားမိဖို႔ ထိန္းပါ။ ေခါင္းေအးေအးထားပါ။ ခ်က္ျခင္းေတာ့ မရေပမယ့္ တျဖည္းျဖည္းနဲ႔ အဆင္ေျပသြားပါလိမ့္မယ္။

ေခြၽးအရမ္းထိန္းမရေအာင္ ထြက္ေနရင္ေတာ့ ေအာက္ပါနည္းလမ္းေတြကို စဥ္းစားၾကည့္ပါ။

Roll On

Drysol လိုမ်ိဴး ေခြၽးထြက္နည္းေစတဲ့ ဆား သံုးဆနဲ႔ အနံ႔ေပ်ာက္ေဆးေတြ ေပါင္းထားတာမ်ိဳးက အဆင္အေျပဆံုးပါ။

Shock Therapy

သင့္ရဲ႕ လက္၊ ဒါမွမဟုတ္ ေျခေထာက္ကို လ်ွပ္စစ္ ေပ်ာ့ေပ်ာ့ေလး ျဖတ္စီးေနတဲ့ ေရဇလံုထဲ ႏွစ္ထားခိုင္းတဲ့ ကုထံုးတစ္မ်ိဳးပါ။

Botox Shots

အေရးအေၾကာင္းေပ်ာက္ေစတဲ့ အဆိပ္ထိုးေဆးေတြဟာ ေခြၽးထြက္ေစတဲ့ အာရံုေၾကာေတြကိုလဲ ထံုသြားေအာင္ တတ္ႏိုင္ပါတယ္။ ေလးလခြဲေလာက္ေတာ့ ခံပါတယ္။

ေခြၽးမထြက္ ေသာက္ေဆးမ်ား

Anticholinergics လို႔ေခၚတဲ့ ေခြၽးထြက္မႈကို တားဆီးေပးတဲ့ ေဆးေတြလဲ ႐ွိပါတယ္။ Side Effect ေတြေတာ့ ႐ွိပါတယ္။


စိတ်လှုပ်ရှားလို့ ချွေးထွက်တာကို အဆုံးသတ်လိုက်ပါတော့

လူသားတွေ ချွေးထွက်တတ်ကြတာ အများအားဖြင့်ကအပူကြောင့်ပါ။ သင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊ ဒါမှမဟူတ် ပူတဲ့နေ့တွေကြောင့်ပါ။ ဒါပေမယ့် သင့်ရဲ့ Boss က သင့်ကို ဆူတဲ့အခါ၊ ဒါမှမဟုတ် ကောင်မလေးကို ပထမဆုံးအကြိမ်တွေ့ဖို့ စောင့်နေရတုန်းမှာ လက်မှာချွေးတွေ စို့လာတာကတော့ စိတ်လှုပ်ရှားလို့ ချွေးထွက်တာပါ။

Gym တွေမှာဆို ချွေးထွက်တာက သင် ဘယ်လောက် အလုပ် ကြိုးစားပြီးပြီလဲဆိုတာ ပြတာပါ။ ဂုဏ်ယူစရာ တစ်ခု ဖြစ်ပါတယ်။ တစ်နာရီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်လိုက်ရင် ချွေး တစ်လီတာခွဲလောက် ထွက်ပါတယ်။ တစ်လီတာ ရေသန့်ဘူး တစ်ဘူးနဲ့ တစ်ဝက်ပါ။

ဒါပေမယ့် စိတ်လှုပ်ရှားမှုကြောင့် ချွေးထွက်တာကတော့ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အဲဒါမျိုး ဖြစ်မှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်ကြပါတယ်။ ယောက်ျား အယောက် ၈၀၀ လောက်ကို စစ်တမ်းကောက်ကြည့်တာ ၇၃ ရာနှုန်းက သူတို့ စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ချွေးပိုပြီး အထွက်နည်းချင်ကြပါတယ်။ မိန်းမ ၉၇၀ ယောက်ကို စစ်တမ်းလုပ်ရာမှာလဲ ၈၄ ရာနှုန်းက ယောက်ျားတစ်ယောက် သူတို့နဲ့ Date လုပ်နေတုန်း ချွေးထွက်လာရင် အရမ်း စိတ်ညစ်ကြပါတယ် တဲ့။

စိတ်ထဲက မပါပဲ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်က သင့်ကို သစ္စာဖောက်တာနဲ့ တူတူပါပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ဘာသာ ယုံကြည်မှု ရှိပုံ ပေါက်ဖို့ ကြိုးစားကြပေမယ့် ခန္ဓာကိုယ်က ” ငါရူးနေပြီ!!!!” လို့ အော်ပြောနေတာနဲ့ တူတူပါပဲ။
ချွေးထွက်နည်းဖို့ ပထမခြေလှမ်းကတော့ ချွေးထွက်ရတဲ့ အကြောင်းရင်းကို သိဖို့ပါပဲ။

စိတ်လှုပ်ရှားရင် ချွေးထွက်ရတာဟာ ကျွန်တော်တို့ရဲ့ လူသားမျိုးရိုးဗီဇကြောင့်ပါ။ ကျွန်တော်တို့ရဲ့ အရေပြားက Fight or Flight အခြေအနေမျိုးမှာ ချောမွတ်နေရင် သားရဲတွေ မိမိရရ ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ နို့တိုက်သတ္တဝါ အများစုဟာ ခြေဖဝါး၊ လက်ဖဝါးမှာ ချွေးဂလင်းလေးတွေ ပါပါတယ်။ စိုနေတဲ့ လက်ဖဝါး၊ ခြေဖဝါးတွေဟာ သင့်ကို သစ်ပင်၊ ကုန်းမြင့်ပေါ်ကို ပိုပြီးလွယ်လွယ်ပြေးတက်ဖို့ လေစုပ်ခွက် သေးသေးလေးတွေလို အထောက်အကူ ပေးမှာပါ။ စိုနေတဲ့ လက်ချောင်းတွေက စာအုပ်လှန်ဖို့ ပိုပြီးလွယ်သလိုပါပဲ။

ချွေးမှာ ပုံမှန်ဆိုရင် အနံ့မရှိပါဘူး။ အရေပြားပေါ်က ဗက်တီးရီးယားတွေနဲ့ ဓာတ်ပြုလို့သာ သင့်ရဲ့ ကိုယ်နံ့ ဖြစ်တဲ့ ချွေးနံ့ ထွက်လာရတာပါ။ အန္တရာယ် တစ်ခုခုကြုံနေရရင် ချွေးနံ့က ပြောင်းလဲသွားတတ်ပါတယ်။ နေမကောင်းရင်လဲ ချွေးနံ့ပြောင်းတတ်ပါတယ်။ အရင် ကျောက်ခေတ်တုန်းကတော့ ဒီအနံ့ပြောင်းလဲခြင်းတွေဟာ လူသားမျိုးနွယ် ပျံ့ပွားအောင် ကူညီပေးခဲ့ပုံ ရပါတယ်။ နေမကောင်းသူနား အနားမကပ်တာတို့၊ အန္တရာယ်လာရင် သိပြီးတူတူပြေးတာမျိုးပါ။

ချွေးနံ့ နည်းနည်းထွက်နေတာက ယောက်ျားပီသကြောင်း ပြနေရာလဲ ရောက်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် ခု ခေတ်ကတော့ မတူတော့ပါဘူး။ အဲဒိမှာ အကွက်မြင်တဲ့ ကုမ္ပဏီတစ်ချို့က ချွေးနံ့ပျောက်ဆေးတွေ စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ချွေးမထွက်အောင် ကိုယ့်ဘာသာ စိတ်ထိန်းခြင်းဟာ အကောင်းဆုံး ချွေးနံပျောက်ဆေးတွေထက် ပိုအစွမ်းထွက်ဆဲပါ။ ဒါပေမယ့် စိတ်လှုပ်ရှားမှုကြောင့် ချွေးထွက်တာကို အရမ်းကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဒါဆို ဘယ်လိုလုပ်မလဲ??

စိတ်လှုပ်ရှားမှုကြောင့် ချွေးထွက်တာကို တန်ပြန်ဖို့ အကောင်းဆုံးနည်းလမ်းက စိတ်မလှုပ်ရှားအောင် ထိန်းဖို့ပါပဲ။ လူတွေဟာ အဆိုးဘက်ကို အကြီးချဲ့ စဉ်းစားတတ်ပါတယ်။ အဲဒိလို မစဉ်းစားမိဖို့ ထိန်းပါ။ ခေါင်းအေးအေးထားပါ။ ချက်ခြင်းတော့ မရပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။

ချွေးအရမ်းထိန်းမရအောင် ထွက်နေရင်တော့ အောက်ပါနည်းလမ်းတွေကို စဉ်းစားကြည့်ပါ။

Roll On

Drysol လိုမျိူး ချွေးထွက်နည်းစေတဲ့ ဆား သုံးဆနဲ့ အနံ့ပျောက်ဆေးတွေ ပေါင်းထားတာမျိုးက အဆင်အပြေဆုံးပါ။

Shock Therapy

သင့်ရဲ့ လက်၊ ဒါမှမဟုတ် ခြေထောက်ကို လျှပ်စစ် ပျော့ပျော့လေး ဖြတ်စီးနေတဲ့ ရေဇလုံထဲ နှစ်ထားခိုင်းတဲ့ ကုထုံးတစ်မျိုးပါ။

Botox Shots

အရေးအကြောင်းပျောက်စေတဲ့ အဆိပ်ထိုးဆေးတွေဟာ ချွေးထွက်စေတဲ့ အာရုံကြောတွေကိုလဲ ထုံသွားအောင် တတ်နိုင်ပါတယ်။ လေးလခွဲလောက်တော့ ခံပါတယ်။

ချွေးမထွက် သောက်ဆေးများ

Anticholinergics လို့ခေါ်တဲ့ ချွေးထွက်မှုကို တားဆီးပေးတဲ့ ဆေးတွေလဲ ရှိပါတယ်။ Side Effect တွေတော့ ရှိပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%