ေအာင္ျမင္မႈနဲ႔ လမ္းလြဲေစမည့္ ဆံုးျဖတ္ပံုအလြဲမ်ား

အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ

စီးပြားေရးလုပ္ငန္းလုပ္ေဆာင္ရာမွာပဲျဖစ္ျဖစ္၊ ဘ၀ေအာင္ျမင္ေရးအတြက္ပဲျဖစ္ျဖစ္ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ ကၽြန္ေတာ္တို႔ပတ္၀န္းက်င္က လူေတြ၊ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ထင္မွတ္ခ်က္အမ်ိဳးမ်ိဳး၊ အစြဲအမ်ိဳးမ်ိဳးရွိတတ္ပါတယ္။ စိတ္ထင္မွတ္မႈက အမွန္တကယ္ျဖစ္လာႏိုင္တယ္ဆိုေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ လူမႈဆက္ဆံေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ေအာင္ျမင္မႈကို လမ္းလြဲသြားေစႏိုင္တဲ့ အယူအစြဲမွား၊ ထင္မွတ္မွားတာေတြ ရွိတတ္ပါတယ္။ ဒီလို မွားတတ္တဲ့ အေၾကာင္းအရာ()ခုကို သတိျပဳဆင္ျခင္ႏိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္။

၁။ မဆီမဆိုင္အစြဲမ်ား

သက္ဆိုင္မႈမရွိတဲ့ ျဖစ္ရပ္ေတြ၊ ရလဒ္ေတြကို အတူဆက္စပ္ေတြးေခၚတာမ်ိဳးျဖစ္ပါတယ္။ စြန္႔ဦးလူငယ္ေတြမွာ အျခားသူေတြမျမင္တဲ့ အေၾကာင္းအရာေတြကို ဆက္စပ္ၿပီး ေအာင္ျမင္တဲ့လုပ္ငန္းေတြ တည္ေထာင္ႏိုင္စြမ္းရွိရမယ္ဆိုေပမယ့္ ဒီတစ္ခုကေတာ့ သေဘာတရားျခင္းမတူပါဘူး။ မဆီမဆိုင္အစြဲနဲ႔ ပတ္သက္ၿပီး ဥပမာတစ္ခုေျပာရမယ္ဆိုရင္ အလုပ္စားပြဲကိုရွင္းၿပီး ပစ္စရာရွိတာေတြ လႊင့္ပစ္လိုက္တယ္ဆိုၾကပါစို႔။ ၿပီးေတာ့မွာ ေသာ့ရွာမေတြ႕လို႔ အမႈိက္ေတြနဲ႔ ေရာပစ္လိုက္မိၿပီလို႔ ယူဆၿပီး အမႈိက္ပံုးကို ေမႊဖို႔ ဆံုးျဖတ္တာမ်ိဳးျဖစ္ပါတယ္။ ဒီလို အစြဲမ်ိဳးက အခ်ိန္ကိုျပဳန္းတီးေစၿပီး မလိုလားအပ္တဲ့ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ျဖစ္ေစႏိုင္ပါတယ္။

၂။ တဖက္သတ္အတည္ျပဳခ်က္အစြဲမ်ား

လက္ရွိထင္ျမင္ယူဆခ်က္ကို အတည္ျပဳေပးႏိုင္မယ့္ အခ်က္အလက္ေတြ၊ ရလဒ္ေတြကိုပဲ အာ႐ုံစိုက္ေနၿပီး ဒီထင္ျမင္ခ်က္ကို ထိခိုက္ေစႏိုင္မယ့္ အခ်က္ေတြကို လစ္လ်ဴ႐ႈထားတတ္တဲ့ တဖက္သတ္အစြဲမ်ိဳးျဖစ္ပါတယ္။ ဒီလိုအစြဲမ်ိဳးက အမွန္တကယ္ထည့္သြင္းစဥ္းစားဖို႔လိုအပ္တဲ့ အခ်က္အလက္ေတြကို ဖယ္ထုတ္ထားသလို ျဖစ္သြားတဲ့အတြက္ အရမ္းအႏၱရာယ္မ်ားၿပီး ဆံုးျဖတ္ခ်က္အမွားေတြကို ခ်မိႏိုင္ေခ်ပိုမ်ားသြားေစပါတယ္။

၃။ ယံုၾကည္မႈလြန္ကဲသည့္အစြဲမ်ား

နာမည္ေက်ာ္ဂရိေတြးေခၚပညာရွင္ႀကီးတစ္ဦးျဖစ္တဲ့ ေဆာ့ခေရးတီးကမိမိကိုယ္ကို သိပါလို႔ ေျပာခဲ့ဖူးပါတယ္။ မိမိကိုယ္ကုိသိရွိနားလည္တာနဲ႔ ယုံၾကည္မႈလြန္ကဲတာက ဆန္႔က်င္ဖက္ျဖစ္ပါတယ္။ သင့္ရဲ႕ အရည္အခ်င္း၊ အသိပညာဗဟုသုတေတြကို အရွိထက္ပိုၿပီး ယုံၾကည္မႈလြန္ကဲေနတာက ကိုယ္တိုင္ေရာ၊ အဖြဲ႕အစည္းတစ္ခုလံုးကိုပါ ထိခိုက္ေစႏိုင္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မိေစႏိုင္ပါတယ္။ မိမိရဲ႕အားနည္းခ်က္နဲ႔ အဖြဲ႕အစည္းရဲ႕အားနည္းခ်က္ေတြကို သိထားမယ္ဆိုရင္ေတာ့ ဒီလိုအစြဲမ်ိဳးက ကင္းလြတ္ႏိုင္မွာျဖစ္ပါတယ္။

၄။ လက္မေလွ်ာ့ႏိုင္သည့္ အစြဲ

ေငြေမ်ာရင္ေငြနဲ႔လိုက္ဆိုတဲ့ အစြဲမ်ိဳးျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုခုဟာ အေျခအေနမေကာင္းေပမယ့္လည္း ကနဦးအရင္းအႏွီးျပန္ရဖို႔အတြက္ ေငြေတြကို ထပ္ထည့္ဖို႔ ဆံုးျဖတ္တာမ်ိဳး ျဖစ္ပါတယ္။ ဒီလိုအစြဲမ်ိဳးရွိတဲ့သူေတြက အေျခအေနမေကာင္းမွန္းသိေပမယ့္လည္း ငါတို႔ဒီအထိလုပ္လာခဲ့ၿပီးၿပီ။ လက္မေလွ်ာ့ႏိုင္ဘူးဆိုၿပီး ေခါင္းမာစြာ ေတြးတတ္ပါတယ္။ ဒီလိုအစြဲမ်ိဳးကင္းဖို႔အတြက္ ယုံၾကည္ရတဲ့အျပင္လူ တစ္ေယာက္ဆီက အၾကံဉာဏ္ယူၿပီးမွ ဆံုးျဖတ္သင့္ပါတယ္။

ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ ဒီလို အစြဲမ်ိဳးေတြရွိေနတတ္တာကို သိဖို႔မလြယ္ပါဘူး။ ဒါ့ေၾကာင့္ သတိထားၿပီး ဆင္ျခင္ႏိုင္ဖို႔လိုပါတယ္။


အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ

စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာပဲဖြစ်ဖြစ်၊ ဘ၀အောင်မြင်ရေးအတွက်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကျွန်တော်တို့ပတ်ဝန်းကျင်က လူတွေ၊ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထင်မှတ်ချက်အမျိုးမျိုး၊ အစွဲအမျိုးမျိုးရှိတတ်ပါတယ်။ စိတ်ထင်မှတ်မှုက အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အောင်မြင်မှုကို လမ်းလွဲသွားစေနိုင်တဲ့ အယူအစွဲမှား၊ ထင်မှတ်မှားတာတွေ ရှိတတ်ပါတယ်။ ဒီလို မှားတတ်တဲ့ အကြောင်းအရာ(၄)ခုကို သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။ မဆီမဆိုင်အစွဲများ
သက်ဆိုင်မှုမရှိတဲ့ ဖြစ်ရပ်တွေ၊ ရလဒ်တွေကို အတူဆက်စပ်တွေးခေါ်တာမျိုးဖြစ်ပါတယ်။ စွန့်ဦးလူငယ်တွေမှာ အခြားသူတွေမမြင်တဲ့ အကြောင်းအရာတွေကို ဆက်စပ်ပြီး အောင်မြင်တဲ့လုပ်ငန်းတွေ တည်ထောင်နိုင်စွမ်းရှိရမယ်ဆိုပေမယ့် ဒီတစ်ခုကတော့ သဘောတရားခြင်းမတူပါဘူး။ မဆီမဆိုင်အစွဲနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုပြောရမယ်ဆိုရင် အလုပ်စားပွဲကိုရှင်းပြီး ပစ်စရာရှိတာတွေ လွှင့်ပစ်လိုက်တယ်ဆိုကြပါစို့။ ပြီးတော့မှာ သော့ရှာမတွေ့လို့ အမှိုက်တွေနဲ့ ရောပစ်လိုက်မိပြီလို့ ယူဆပြီး အမှိုက်ပုံးကို မွှေဖို့ ဆုံးဖြတ်တာမျိုးဖြစ်ပါတယ်။ ဒီလို အစွဲမျိုးက အချိန်ကိုပြုန်းတီးစေပြီး မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်ပါတယ်။

၂။ တဖက်သတ်အတည်ပြုချက်အစွဲများ
လက်ရှိထင်မြင်ယူဆချက်ကို အတည်ပြုပေးနိုင်မယ့် အချက်အလက်တွေ၊ ရလဒ်တွေကိုပဲ အာရုံစိုက်နေပြီး ဒီထင်မြင်ချက်ကို ထိခိုက်စေနိုင်မယ့် အချက်တွေကို လစ်လျူရှုထားတတ်တဲ့ တဖက်သတ်အစွဲမျိုးဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးက အမှန်တကယ်ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ထားသလို ဖြစ်သွားတဲ့အတွက် အရမ်းအန္တရာယ်များပြီး ဆုံးဖြတ်ချက်အမှားတွေကို ချမိနိုင်ချေပိုများသွားစေပါတယ်။

၃။ ယုံကြည်မှုလွန်ကဲသည့်အစွဲများ
နာမည်ကျော်ဂရိတွေးခေါ်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဆော့ခရေးတီးက “မိမိကိုယ်ကို သိပါ”လို့ ပြောခဲ့ဖူးပါတယ်။ မိမိကိုယ်ကိုသိရှိနားလည်တာနဲ့ ယုံကြည်မှုလွန်ကဲတာက ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သင့်ရဲ့ အရည်အချင်း၊ အသိပညာဗဟုသုတတွေကို အရှိထက်ပိုပြီး ယုံကြည်မှုလွန်ကဲနေတာက ကိုယ်တိုင်ရော၊ အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမိစေနိုင်ပါတယ်။ မိမိရဲ့အားနည်းချက်နဲ့ အဖွဲ့အစည်းရဲ့အားနည်းချက်တွေကို သိထားမယ်ဆိုရင်တော့ ဒီလိုအစွဲမျိုးက ကင်းလွတ်နိုင်မှာဖြစ်ပါတယ်။

၄။ လက်မလျှော့နိုင်သည့် အစွဲ
ငွေမျောရင်ငွေနဲ့လိုက်ဆိုတဲ့ အစွဲမျိုးဖြစ်ပါတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ အခြေအနေမကောင်းပေမယ့်လည်း ကနဦးအရင်းအနှီးပြန်ရဖို့အတွက် ငွေတွေကို ထပ်ထည့်ဖို့ ဆုံးဖြတ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးရှိတဲ့သူတွေက အခြေအနေမကောင်းမှန်းသိပေမယ့်လည်း ငါတို့ဒီအထိလုပ်လာခဲ့ပြီးပြီ။ လက်မလျှော့နိုင်ဘူးဆိုပြီး ခေါင်းမာစွာ တွေးတတ်ပါတယ်။ ဒီလိုအစွဲမျိုးကင်းဖို့အတွက် ယုံကြည်ရတဲ့အပြင်လူ တစ်ယောက်ဆီက အကြံဉာဏ်ယူပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဒီလို အစွဲမျိုးတွေရှိနေတတ်တာကို သိဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် သတိထားပြီး ဆင်ခြင်နိုင်ဖို့လိုပါတယ်။

Related Posts

%%footer%%