အရောင်းသမားတိုင်းသိထားသင့်တဲ့ အချက်(၅)ခု
အေရာင္းပညာက အသံုးမ၀င္ေတာ့ဘူးလို႔ ထင္ပါသလား ? နည္းပညာေတြက အစားထိုး၀င္ေရာက္လာတဲ့အတြက္ အေရာင္းသမားေတြ မလိုေတာ့ဘူးလို႔ ယူဆထားပါသလား ? ေသခ်ာတာတစ္ခုက ဒီလိုဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး ဆိုတာပါပဲ။ နည္းပညာေတြ ဘယ္ေလာက္ပဲ အဆင့္ျမင့္လာပါေစ၊ ဘယ္လိုကြန္ပ်ဴတာ၊ စမတ္ဖုန္းနဲ႔ အျခားနည္းပညာသံုးပစၥည္းေတြကမွ အေရာင္းသမားေတြရဲ႕ေနရာကို အစားထိုးႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အေရာင္းသမားေတြရဲ႕ အခန္းက႑က အေရးႀကီးေနဆဲျဖစ္ပါတယ္။ ဒီေတာ့ ေအာင္ျမင္တဲ့အေရာင္းသမားတစ္ေယာက္အျဖစ္နဲ႔ ၀င္ေငြအေျမာက္အမ်ားရွာႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
၁။ အမွန္တကယ္စိတ္၀င္တစားရွိတာကိုပဲ ေရာင္းပါ။
ထုတ္ကုန္ပစၥည္းတစ္ခုခုကို သင္ကိုယ္တိုင္ကမွ မယုံၾကည္ဘူး၊ အျပည့္အ၀နားမလည္ဘူးဆိုရင္ ဘယ္လိုမွ ေရာင္းႏိုင္မွာမဟုတ္ပါဘူး။
၂။ ေရာင္းဖို႔ထက္ ကူညီေပးႏိုင္ဖို႔ လုပ္ပါ။
စားသံုးသူတစ္ေယာက္ကို သင့္ရဲ႕ကုန္ပစၥည္းထုတ္ျပၿပီး ဘယ္လိုအသံုးတည့္ႏိုင္ေၾကာင္း ရွင္းျပ႐ုံပဲ မဟုတ္ပါဘူး။ ဒီထက္ပိုၿပီးေလးနက္တဲ့အဓိပၸါယ္ေတြ ရွိေနပါေသးတယ္။ လူေတြရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြ၊ သူတို႔မိသားစုအေၾကာင္းေတြ၊ သူတို႔ရဲ႕၀ါသနာေတြကို ေလ့လာၿပီး သူတို႔ဘ၀မွာ ပိုမိုလြယ္ကူအဆင္ေျပေခ်ာ့ေမြ႕ေစဖို႔ ကူညီေပးၾကည့္ပါ။
၃။ ပုတ္သင္ညိဳတစ္ေကာင္လို အေရာင္ေျပာင္းတတ္ပါေစ။
၀ယ္လက္ကိုၾကည့္ၿပီး လိုအပ္သလို ျပဳမူဆက္ဆံတတ္ဖို႔ ဆိုလိုတာျဖစ္ပါတယ္။ သာမန္စာေရးတစ္ေယာက္ကို ေျပာဆိုဆက္ဆံသလို ကုမၸဏီ စီးအီးအိုတစ္ေယာက္ကို သြားဆက္ဆံလို႔ရမယ္လို႔ ထင္ရင္မွားသြားပါလိမ့္မယ္။ ႏွစ္ေယာက္စလံုးကို သာတူညီမွ်ေလးစားသမႈရွိသင့္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြကို မတူညီတဲ့နည္းလမ္းေတြနဲ႔ ဆက္သြယ္ေျပာဆိုရမွာျဖစ္ပါတယ္။ မတူညီတဲ့အေျခအေနအမ်ိဳးမ်ိဳးမွာ အလိုက္သင့္ေျပာင္းလဲဆက္ဆံႏိုင္စြမ္းရွိရမွာ ျဖစ္ပါတယ္။
၄။ ဇြဲေကာင္းေကာင္းနဲ႔ ေရာင္းခ်ပါ။
အေရာင္းသမားေတြရဲ႕ (၄၉)ရာခိုင္ႏႈန္းက ၀ယ္လက္ျဖစ္ႏိုင္ေခ်ရွိသူနဲ႔ တစ္ခါေတြ႕ၿပီးရင္ ေနာက္ထပ္ဆက္သြယ္ၿပီး ေရာင္းခ်ဖို႔ မႀကိဳးစားတတ္ၾကပါဘူး။ ဒါက လုံုး၀မွားယြင္းတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ အျမဲတမ္း Follow up လုပ္ေနရမွာျဖစ္ပါတယ္။ ၀ယ္လက္ေကာင္းေတြကလည္း ဇြဲေကာင္းေကာင္းနဲ႔ ေရာင္းခ်တာမ်ိဳးကို ေလးစားသေဘာက်တတ္ၾကပါတယ္။
၅။ ပါးနပ္စြာေရာင္းခ်မႈကို ကၽြမ္းက်င္ပါေစ။
၀ယ္ခ်င္၀ယ္၊ မ၀ယ္ခ်င္ေနဆိုတဲ့ အခ်ိဳးမ်ိဳးနဲ႔ Hard sell ေရာင္းခ်မႈပံုစံမ်ိဳးက အခုေခတ္မွာ အသံုးမ၀င္ေတာ့ပါဘူး။ သင့္အေနနဲ႔ အေရာင္းသမားေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ ၀ယ္လက္ျဖစ္ႏိုင္သူက ျငင္းဆန္ေနရင္ေတာင္မွ အဆက္အသြယ္ကို ထိန္းထားသင့္ပါတယ္။ သူတို႔ကို လုပ္ငန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ေျပာျပပါ၊ ေမြးေန႔ကဒ္နဲ႔ လက္ေဆာင္ေပးတာေတြ လုပ္ေဆာင္ပါ။ အျခားေဖာက္သည္ေတြနဲ႔ သင့္ရဲ႕ေအာင္ျမင္မႈကို ျပသပါ။ သူတို႔နဲ႔ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္ကို ဘယ္ေတာ့မွမစြန္႔လႊတ္လိုက္ပါနဲ႔။ တျဖည္းျဖည္းနဲ႔ သင့္ကို သူတို႔လိုအပ္တယ္လို႔ ခံစားရလာပါလိမ့္မယ္။
အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြက အေရာင္းသမားေကာင္းတစ္ေယာက္ျဖစ္ဖို႔ အေျခခံေတြပဲျဖစ္ပါတယ္။ တကယ္ေအာင္ျမင္ဖို႔အတြက္ကေတာ့ ေပးဆပ္မႈေတြ အမ်ားႀကီးလိုအပ္ပါေသးတယ္။ အေရာင္းပညာဟာ တစ္ဖက္ကမ္းခတ္ကၽြမ္းက်င္ဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွအ႐ႈံးမေပးဘဲ ဇြဲအျပည့္နဲ႔ႀကိဳးစားမယ္ဆိုရင္ေတာ့ သင့္လုပ္ငန္းေအာင္ျမင္တိုးတက္လာမွာ ေသခ်ာပါတယ္။
အရောင်းသမားတိုင်းသိထားသင့်တဲ့ အချက်(၅)ခု
အရောင်းပညာက အသုံးမဝင်တော့ဘူးလို့ ထင်ပါသလား ? နည်းပညာတွေက အစားထိုးဝင်ရောက်လာတဲ့အတွက် အရောင်းသမားတွေ မလိုတော့ဘူးလို့ ယူဆထားပါသလား ? သေချာတာတစ်ခုက ဒီလိုဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာပါပဲ။ နည်းပညာတွေ ဘယ်လောက်ပဲ အဆင့်မြင့်လာပါစေ၊ ဘယ်လိုကွန်ပျူတာ၊ စမတ်ဖုန်းနဲ့ အခြားနည်းပညာသုံးပစ္စည်းတွေကမှ အရောင်းသမားတွေရဲ့နေရာကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အရောင်းသမားတွေရဲ့ အခန်းကဏ္ဍက အရေးကြီးနေဆဲဖြစ်ပါတယ်။ ဒီတော့ အောင်မြင်တဲ့အရောင်းသမားတစ်ယောက်အဖြစ်နဲ့ ဝင်ငွေအမြောက်အများရှာနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အမှန်တကယ်စိတ်ဝင်တစားရှိတာကိုပဲ ရောင်းပါ။
ထုတ်ကုန်ပစ္စည်းတစ်ခုခုကို သင်ကိုယ်တိုင်ကမှ မယုံကြည်ဘူး၊ အပြည့်အဝနားမလည်ဘူးဆိုရင် ဘယ်လိုမှ ရောင်းနိုင်မှာမဟုတ်ပါဘူး။
၂။ ရောင်းဖို့ထက် ကူညီပေးနိုင်ဖို့ လုပ်ပါ။
စားသုံးသူတစ်ယောက်ကို သင့်ရဲ့ကုန်ပစ္စည်းထုတ်ပြပြီး ဘယ်လိုအသုံးတည့်နိုင်ကြောင်း ရှင်းပြရုံပဲ မဟုတ်ပါဘူး။ ဒီထက်ပိုပြီးလေးနက်တဲ့အဓိပ္ပါယ်တွေ ရှိနေပါသေးတယ်။ လူတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ သူတို့မိသားစုအကြောင်းတွေ၊ သူတို့ရဲ့ဝါသနာတွေကို လေ့လာပြီး သူတို့ဘဝမှာ ပိုမိုလွယ်ကူအဆင်ပြေချော့မွေ့စေဖို့ ကူညီပေးကြည့်ပါ။
၃။ ပုတ်သင်ညိုတစ်ကောင်လို အရောင်ပြောင်းတတ်ပါစေ။
ဝယ်လက်ကိုကြည့်ပြီး လိုအပ်သလို ပြုမူဆက်ဆံတတ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ သာမန်စာရေးတစ်ယောက်ကို ပြောဆိုဆက်ဆံသလို ကုမ္ပဏီ စီးအီးအိုတစ်ယောက်ကို သွားဆက်ဆံလို့ရမယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ နှစ်ယောက်စလုံးကို သာတူညီမျှလေးစားသမှုရှိသင့်ပါတယ်။ ဒါပေမယ့် သူတို့တွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဆက်သွယ်ပြောဆိုရမှာဖြစ်ပါတယ်။ မတူညီတဲ့အခြေအနေအမျိုးမျိုးမှာ အလိုက်သင့်ပြောင်းလဲဆက်ဆံနိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။
၄။ ဇွဲကောင်းကောင်းနဲ့ ရောင်းချပါ။
အရောင်းသမားတွေရဲ့ (၄၉)ရာခိုင်နှုန်းက ဝယ်လက်ဖြစ်နိုင်ချေရှိသူနဲ့ တစ်ခါတွေ့ပြီးရင် နောက်ထပ်ဆက်သွယ်ပြီး ရောင်းချဖို့ မကြိုးစားတတ်ကြပါဘူး။ ဒါက လုံးဝမှားယွင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ အမြဲတမ်း Follow up လုပ်နေရမှာဖြစ်ပါတယ်။ ဝယ်လက်ကောင်းတွေကလည်း ဇွဲကောင်းကောင်းနဲ့ ရောင်းချတာမျိုးကို လေးစားသဘောကျတတ်ကြပါတယ်။
၅။ ပါးနပ်စွာရောင်းချမှုကို ကျွမ်းကျင်ပါစေ။
ဝယ်ချင်ဝယ်၊ မဝယ်ချင်နေဆိုတဲ့ အချိုးမျိုးနဲ့ Hard sell ရောင်းချမှုပုံစံမျိုးက အခုခေတ်မှာ အသုံးမဝင်တော့ပါဘူး။ သင့်အနေနဲ့ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဝယ်လက်ဖြစ်နိုင်သူက ငြင်းဆန်နေရင်တောင်မှ အဆက်အသွယ်ကို ထိန်းထားသင့်ပါတယ်။ သူတို့ကို လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြောပြပါ၊ မွေးနေ့ကဒ်နဲ့ လက်ဆောင်ပေးတာတွေ လုပ်ဆောင်ပါ။ အခြားဖောက်သည်တွေနဲ့ သင့်ရဲ့အောင်မြင်မှုကို ပြသပါ။ သူတို့နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကို ဘယ်တော့မှမစွန့်လွှတ်လိုက်ပါနဲ့။ တဖြည်းဖြည်းနဲ့ သင့်ကို သူတို့လိုအပ်တယ်လို့ ခံစားရလာပါလိမ့်မယ်။
အခုဖော်ပြခဲ့တဲ့အချက်တွေက အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ အခြေခံတွေပဲဖြစ်ပါတယ်။ တကယ်အောင်မြင်ဖို့အတွက်ကတော့ ပေးဆပ်မှုတွေ အများကြီးလိုအပ်ပါသေးတယ်။ အရောင်းပညာဟာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဘယ်တော့မှအရှုံးမပေးဘဲ ဇွဲအပြည့်နဲ့ကြိုးစားမယ်ဆိုရင်တော့ သင့်လုပ်ငန်းအောင်မြင်တိုးတက်လာမှာ သေချာပါတယ်။