ေလ့လာသင္ယူသမွ် အျမဲတမ္းမွတ္မိေနေစဖို႔ နည္းလမ္း (၄)ခု

လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု

အသိပညာ အတတ္ပညာတစ္ခုခုကို ေလ့လာသင္ယူရာမွာ သိထားသင့္တ့ဲအရာ ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက ေလ့လာသင္ယူမယ့္ အေၾကာင္းအရာ၊ ဘာသာရပ္နဲ႔သက္ဆိုင္တ့ဲ အသိပညာဗဟုသုတေတြ ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ေလ့လာသင္ယူမႈ ဘယ္လိုအလုပ္လုပ္သလဲဆိုတာကို သိထားဖို႔ပဲ ျဖစ္ပါတယ္။ ကံမေကာင္းတာက ကၽြန္ေတာ္တို႔ အခုလက္ရွိအသံုးျပဳေနတ့ဲ ပညာေရးစနစ္က ဒီအခ်က္ႏွစ္ခုစလုံး မျပည့္စုံတာပဲ ျဖစ္ပါတယ္။ ဒီကိစၥက ျပႆနာရွိပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက အတန္းပညာေတြကေန လုပ္ငန္းခြင္၀င္တ့ဲအထိ လိုအပ္တ့ဲပညာေတြ ေလ့လာဆည္းပူးခ့ဲၾကပါတယ္။ ဒါေပမယ့္ ေရရွည္မွာေအာင္ျမင္မႈကို ဆုပ္ကိုင္ထားႏိုင္ဖို႔အတြက္ အရည္အခ်င္းေတြ တစ္ခုၿပီးတစ္ခု ဆက္လက္ေလ့လာသင္ယူေနဖို႔ လိုပါတယ္။ ဒ့ါေၾကာင့္ ေလ့လာသင္ယူမႈ လုပ္ငန္းစဥ္ကို နားလည္ၿပီး အားလုံးကို မွတ္မိေနဖို႔ အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ေလ့လာသင္ယူသမွ်ကို မွတ္မိေနေစမယ့္ နည္းလမ္း ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ မွတ္ဉာဏ္ကို အားစုိက္အသုံးျပဳပါ။

ထိထိေရာက္ေရာက္ေလ့လာသင္ယူႏိုင္ဖို႔အတြက္ ႀကိဳးစားရာမွာ ေပ်ာ္စရာမေကာင္းတ့ဲအခ်က္က ခက္ခဲတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ခက္ခဲေနခ်ိန္မွာ ႀကိဳးစားေလ့လာတာက အေကာင္းဆုံးေလ့လာသင္ယူမႈျဖစ္ပါတယ္။ အေလးမ အားကစားလုပ္တ့ဲအခါမွာ ႏိုင္တ့ဲအေလးခ်ိန္ထက္ အနည္းငယ္တိုးမရင္း တျဖည္းျဖည္းသန္စြမ္းလာသလို မွတ္ဉာဏ္ကိုလည္း ေလ့က်င့္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေလ့လာသင္ယူသမွ် မွတ္မိေနေစဖို႔ မွတ္ဉာဏ္ကို အားစိုက္အသုံးျပဳပါ။

တခ်ိန္က်ရင္ ရရွိလာႏိုုင္တဲ့ ေနာင္တမ်ား

၂။ အေလးအနက္ထားပါ။

သင့္အေနနဲ႔ တစ္ခုခုကို ဖတ္လိုက္ရခ်ိန္မွာ မွတ္ရလြယ္ပါတယ္လို႔ ခံစားမိရင္ စြဲစြဲျမဲျမဲမွတ္မိမွာမဟုတ္ပါဘူး။ ဥပမာ ေျပာရရင္ ေလယာဥ္စီးၿပီးခရီးသြားဖို႔ ေလဆိပ္မွာေရာက္ေနတယ္ ဆိုပါစို႔။ သင္စီးနင္းလိုက္ပါမယ့္ ေလယာဥ္ဘယ္ဂိတ္မွာ ရွိလဲဆိုတာကို ဖတ္လိုက္ၿပီး ဂိတ္နံပါတ္က B44 လို႔ထားပါ။ ဒါဆိုရင္ “B44 လြယ္ပါတယ္လို႔ေတြးၿပီး လွည့္ထြက္လာမယ္။ ဟိုၾကည့္ ဒီၾကည့္လုပ္၊ ဖုန္းခဏ ကလိလိုက္ၿပီး ေလွ်ာက္လာရင္းနဲ႔ ျပန္စဥ္းစားတ့ဲအခါ မမွတ္မိေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခါဖတ္လိုက္ၿပီးတာနဲ႔ ေမာ္နီတာကို မၾကည့္ပဲ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။ နံပါတ္ကို မွန္ေအာင္ေျဖႏိုင္ၿပီဆိုမွာ ထြက္လာခ့ဲပါ။ ဒီလိုနည္းနဲ႔ မွတ္ဉာဏ္ကို ျပန္ေခၚၿပီး ေလ့လာသင္ယူသမွ်ကို မွတ္မိေနေစႏိုင္ပါတယ္။

၃။ အသစ္ေတြကို အေဟာင္းေတြနဲ႔ ခ်ိတ္ဆက္ေပးပါ။

ေလ့လာသင္ယူရသမွ် အေၾကာင္းအရာအသစ္ေတြကို နဂိုရွိႏွင့္ၿပီးသား အသိပညာ ဗဟုသုတေတြနဲ႔ သင့္ေတာ္သလို ပူးတြဲမွတ္သားတတ္မယ္ဆိုရင္ အသစ္အသစ္ေသာ ေလ့လာသင္ယူမႈအားလုံးကို စြဲစြဲျမဲျမဲမွတ္မိေနမွာ ျဖစ္ပါတယ္။ ဒီလို မွတ္သားႏိုင္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းကေတာ့ လက္ရွိပတ္၀န္းက်င္က နမူနာေတြနဲ႔ ႏႈိင္းယွဥ္ေတြးေခၚၾကည့္ဖို႔ပါပဲ။ ဥပမာအပူစီးကူးမႈသေဘာတရားဆိုတာက ေကာ္ဖီပူတစ္ခြက္ေသာက္လိုက္ခ်ိန္မွာ ခႏၶာကိုယ္ေႏြးေထြးသြားတ့ဲ ခံစားခ်က္နဲ႔ တူညီတယ္ဆိုတာကို ေတြးၾကည့္ဖို႔ပဲ ျဖစ္ပါတယ္။

လူေတြက ဦးေႏွာက္ရဲ႕ (၁၀)ရာခုိင္ႏႈန္းကိုပဲ သံုးတာလား ?

၄။ ျပန္ေတြးပါ။

ေလ့လာခ့ဲသမွ်အရာေတြ၊ လုပ္ေဆာင္ခ့ဲတ့ဲကိစၥေတြကို ျပန္ေတြးၾကည့္တာက တကယ္ကို အေထာက္အကူျဖစ္ေစပါတယ္။ ဒီလိုျပန္ေတြးၾကည့္ျခင္းအားျဖင့္ မိမိစြမ္းေဆာင္ရည္ကို ယုံၾကည္မႈရွိလာေစတာေၾကာင့္ ျဖစ္ပါတယ္။ ယုံၾကည္မႈမ်ားလာတ့ဲအတြက္ စြမ္းေဆာင္ရည္ေတြလည္း ပိုမိုျမင့္မားလာမွာျဖစ္ပါတယ္။


လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု

အသိပညာ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူရာမှာ သိထားသင့်တဲ့အရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လေ့လာသင်ယူမယ့် အကြောင်းအရာ၊ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ဖြစ်ပြီး နောက်တစ်ခုကတော့ လေ့လာသင်ယူမှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ ပညာရေးစနစ်က ဒီအချက်နှစ်ခုစလုံး မပြည့်စုံတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စက ပြဿနာရှိပါတယ်။ ကျွန်တော်တို့အများစုက အတန်းပညာတွေကနေ လုပ်ငန်းခွင်ဝင်တဲ့အထိ လိုအပ်တဲ့ပညာတွေ လေ့လာဆည်းပူးခဲ့ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာအောင်မြင်မှုကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် အရည်အချင်းတွေ တစ်ခုပြီးတစ်ခု ဆက်လက်လေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ကို နားလည်ပြီး အားလုံးကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှကို မှတ်မိနေစေမယ့် နည်းလမ်း ၄ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။
ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ဖို့အတွက် ကြိုးစားရာမှာ ပျော်စရာမကောင်းတဲ့အချက်က ခက်ခဲတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခက်ခဲနေချိန်မှာ ကြိုးစားလေ့လာတာက အကောင်းဆုံးလေ့လာသင်ယူမှုဖြစ်ပါတယ်။ အလေးမ အားကစားလုပ်တဲ့အခါမှာ မ နိုင်တဲ့အလေးချိန်ထက် အနည်းငယ်တိုးမရင်း တဖြည်းဖြည်းသန်စွမ်းလာသလို မှတ်ဉာဏ်ကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှ မှတ်မိနေစေဖို့ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။

၂။ အလေးအနက်ထားပါ။
သင့်အနေနဲ့ တစ်ခုခုကို ဖတ်လိုက်ရချိန်မှာ မှတ်ရလွယ်ပါတယ်လို့ ခံစားမိရင် စွဲစွဲမြဲမြဲမှတ်မိမှာမဟုတ်ပါဘူး။ ဥပမာ ပြောရရင် လေယာဉ်စီးပြီးခရီးသွားဖို့ လေဆိပ်မှာရောက်နေတယ် ဆိုပါစို့။ သင်စီးနင်းလိုက်ပါမယ့် လေယာဉ်ဘယ်ဂိတ်မှာ ရှိလဲဆိုတာကို ဖတ်လိုက်ပြီး ဂိတ်နံပါတ်က B44 လို့ထားပါ။ ဒါဆိုရင် “B44 ၊ လွယ်ပါတယ်”လို့တွေးပြီး လှည့်ထွက်လာမယ်။ ဟိုကြည့် ဒီကြည့်လုပ်၊ ဖုန်းခဏ ကလိလိုက်ပြီး လျှောက်လာရင်းနဲ့ ပြန်စဉ်းစားတဲ့အခါ မမှတ်မိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ခါဖတ်လိုက်ပြီးတာနဲ့ မော်နီတာကို မကြည့်ပဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နံပါတ်ကို မှန်အောင်ဖြေနိုင်ပြီဆိုမှာ ထွက်လာခဲ့ပါ။ ဒီလိုနည်းနဲ့ မှတ်ဉာဏ်ကို ပြန်ခေါ်ပြီး လေ့လာသင်ယူသမျှကို မှတ်မိနေစေနိုင်ပါတယ်။

၃။ အသစ်တွေကို အဟောင်းတွေနဲ့ ချိတ်ဆက်ပေးပါ။
လေ့လာသင်ယူရသမျှ အကြောင်းအရာအသစ်တွေကို နဂိုရှိနှင့်ပြီးသား အသိပညာ ဗဟုသုတတွေနဲ့ သင့်တော်သလို ပူးတွဲမှတ်သားတတ်မယ်ဆိုရင် အသစ်အသစ်သော လေ့လာသင်ယူမှုအားလုံးကို စွဲစွဲမြဲမြဲမှတ်မိနေမှာ ဖြစ်ပါတယ်။ ဒီလို မှတ်သားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လက်ရှိပတ်ဝန်းကျင်က နမူနာတွေနဲ့ နှိုင်းယှဉ်တွေးခေါ်ကြည့်ဖို့ပါပဲ။ ဥပမာ – အပူစီးကူးမှုသဘောတရားဆိုတာက ကော်ဖီပူတစ်ခွက်သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်နွေးထွေးသွားတဲ့ ခံစားချက်နဲ့ တူညီတယ်ဆိုတာကို တွေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

၄။ ပြန်တွေးပါ။
လေ့လာခဲ့သမျှအရာတွေ၊ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးကြည့်တာက တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ ဒီလိုပြန်တွေးကြည့်ခြင်းအားဖြင့် မိမိစွမ်းဆောင်ရည်ကို ယုံကြည်မှုရှိလာစေတာကြောင့် ဖြစ်ပါတယ်။ ယုံကြည်မှုများလာတဲ့အတွက် စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

Related Posts

%%footer%%