ယုံၾကည္မႈရွိသည့္ ကိုယ္ေနဟန္နည္းလမ္း (၁၀)
ပံုတစ္ပံုက စာလံုးေပါင္းမ်ားစြာကို ေျပာႏိုင္တယ္လို႔ ဆိုစမွတ္ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ ပံုေဖာ္ႏိုင္ဖို႔ လိုပါတယ္။ မိန္းကေလးတစ္ေယာက္ခ်ဥ္းကပ္တဲ့ေနရာမွာပဲျဖစ္ျဖစ္၊ အစည္းအေ၀းခန္း ဒါမွမဟုတ္ ပါတီပြဲထဲကို ၀င္လာခ်ိန္မွာပဲျဖစ္ျဖစ္ သင္ ဘယ္လိုပံုစံျဖစ္ေနပါသလဲ။ သင္အခန္းထဲကို ၀င္လာတဲ့အခ်ိန္မွာ ဘယ္လိုအခ်က္ျပမႈမ်ိဳးကို ေဆာင္က်ဥ္းေပးႏိုင္ပါသလဲ။ သင့္ရဲ႕ မ်က္လံုးေတြ၊ လက္ေတြနဲ႔ ပုခံုးေတြက ဘာေတြ ေျပာေနပါသလဲ၊ သင္စကားတစ္ခြန္းမွ မေျပာရေသးခ်င္မွာတင္ သင့္အေၾကာင္းကို လူေတြဘယ္လိုျမင္သြားေစခ်င္ပါသလဲ၊ ဒါေတြကို အေကာင္းဆံုးပံုေဖာ္ႏိုင္ဖို႔ ခႏၶာေဗဒဘာသာစကားနဲ႔ ယုံၾကည္မႈရွိေၾကာင္း ထုတ္ေဖာ္ျပသလိုက္ပါ။
လူေတြက မသိစိတ္ကေန ကိုယ္ႏႈတ္အမူအယာအစရွိတဲ့ ခႏၶာေဗဒဘာသာစကားကို ဖတ္ႏိုင္စြမ္းရွိပါတယ္။ ဒါ့ေၾကာင့္ပဲ ကၽြန္ေတာ္တို႔ရဲ႕ ကိုယ္ေနဟန္ေတြ၊ အမူအယာေတြက ကၽြန္ေတာ္တို႔ဘယ္လိုလူမ်ိဳးလဲဆိုတာကို ထုတ္ေဖာ္ျပသေနတဲ့ အရင္းအျမစ္ျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔ ယုံၾကည္မႈအျပည့္နဲ႔ လမ္းေလွ်ာက္ေနခ်ိန္နဲ႔ တုန္လႈပ္ေနတဲ့အခ်ိန္မွာ လမ္းေလွ်ာက္တာေတြက မတူညီတတ္ၾကပါဘူး။ ဒါေပမယ့္ သင့္ကိုၾကည့္လုိက္တာနဲ႔ ယုံၾကည္မႈအျပည့္ရွိသူတစ္ေယာက္အျဖစ္ျမင္သြားေစဖို႔က ခက္ခဲတဲ့ကိစၥမဟုတ္ပါဘူး။ ဒီနည္းလမ္း (၁၀)ခုကို အသံုးခ်ၾကည့္ပါ။
၁။ အသိအမွတ္ျပဳေၾကာင္းေဖာ္ျပဖို႔ ထိေတြ႕ပါ။
ပုခံုးကို လက္နဲ႔အသာပုတ္တာမ်ိဳးျဖစ္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းတစ္ေယာက္ေယာက္ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အခါမွာ ပုခံုးကို လက္နဲ႔ပုတ္ဖို႔ကို အားမနာပါနဲ။ ဒါက သူတို႔အတြက္ ေလးစားသမႈနဲ႔ အသိအမွတ္ျပဳေၾကာင္းကို ေပၚလြင္ေစပါတယ္။
၂။ စကားေျပာေနတုန္း လက္မပိုက္ထားပါနဲ႔။
လက္ပိုက္ထားတာက အကာကြယ္ယူတဲ့ ကိုယ္ေနဟန္ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ေအးတဲ့အခါမွာ၊ ေၾကာက္ရြံ႕ထိတ္လန္႔တဲ့အခါမွာ လက္ပိုက္ထားေလ့ရွိပါတယ္။ ကလပ္တစ္ခုရဲ႕ အ၀င္၀မွာ လက္ပိုက္ၿပီးရပ္ေနတဲ့ လုံျခံဳေရးကို သြားၿပီး စကားေျပာခ်င္စရာေကာင္းပါသလား စဥ္းစားၾကည့္ပါ။ မေကာင္းဘူးဆိုတာေသခ်ာပါတယ္။ သူတို႔ရဲ႕အလုပ္က လူေတြ ရွိန္ေနဖို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုလူေတြ သေဘာက်ေစခ်င္ရင္ လက္ေတြပိုက္မထားမိပါေစနဲ႔။
၃။ ျပံဳးပါ။
ယုံၾကည္မႈရွိတဲ့ေယာကၤ်ားေတြက ျပံဳးျပတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ စိုးရိမ္စရာအေၾကာင္း မရွိတဲ့အတြက္ျဖစ္ပါတယ္။ ဒီအခ်က္ကို စမ္းသပ္ၾကည့္ပါ။ လမ္းမွာ ျဖစ္ျဖစ္၊ ႐ုံးမွာျဖစ္ျဖစ္ ေတြ႕တဲ့လူတစ္ေယာက္ကို ျပံဳးျပလိုက္ပါ။ သူတို႔ျပန္ျပံဳးျပဖို႔ ေသခ်ာပါတယ္။
၄။ သင့္တင္ေလွ်ာက္ပတ္စြာ ၀တ္စားဆင္ယင္ပါ။
ခႏၶာေဗဒမွာ ယုံၾကည္မႈရွိတာကို ေဖာ္ျပႏိုင္ဖို႔ သပ္သပ္ရပ္ရပ္၀တ္စားဆင္ယင္တတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ သင့္ရဲ႕ ဆံပင္ပံုစံ၊ မ်က္ႏွာနဲ႔ အနံ႔အသက္အားလံုးက သင့္ကိုအားျဖည့္ေပးေနတာမ်ိဳးပဲ ျဖစ္ေနပါေစ။
၅။ တင္းတင္းက်ပ္က်ပ္ လက္ဆြဲႏႈတ္ဆက္ပါ။
တစ္ေယာက္ေယာက္နဲ႔ လက္ဆြဲႏႈတ္ဆက္တဲ့အခါတိုင္းမွာ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ၿပီး ယုံၾကည္မႈအျပည့္နဲ႔ ႏႈတ္ဆက္ပါ။ သိကၽြမ္းၿပီးသားလူတစ္ေယာက္နဲ႔ ထပ္ေတြ႕လို႔ ႏႈတ္ဆက္တဲ့အခါက်ရင္ လြတ္ေနတဲ့လက္တစ္ဖက္နဲ႔ တစ္ဖက္သူရဲ႕ တံေတာင္ဆစ္ကို ကိုင္ထားတာက ေႏြးေထြးပ်ဴငွာတဲ့ သေဘာပို သက္ေရာက္ပါတယ္။ တစ္ခုသတိထားရမွာက လက္ဆြဲႏႈတ္ဆက္တာက ျပိဳင္ပြဲမဟုတ္ပါဘူ။ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ရမယ္ဆိုေပမယ့္ တစ္ဖက္လူနာက်င္သြားေလာက္တဲ့အထိ မဟုတ္ပါဘူး။ ၿပီးေတာ့ အၾကာႀကီးလည္း မကိုင္ထားပါနဲ႔။
၆။ ေျခလွမ္းက်ယ္က်ယ္လွမ္းပါ။
ယုံၾကည္မႈရွိတဲ့ အမ်ိဳးသားတစ္ေယာက္ အေျပးတပိုင္းသြားတာ၊ ခိုးေၾကာင္ခိုး၀ွက္သြားတာနဲ႔ ေႏွးေႏွးေကြးေကြး သြားတာေတြ လုပ္ေလ့မရွိပါဘူး။ ဒါ့ေၾကာင့္ လမ္းေလွ်ာက္ရင္ အာ႐ုံစိုက္ပါ။ ယုံၾကည္မႈရွိတဲ့ပံုစံေပါက္ေစခ်င္ရင္ ေျခလွမ္းကို က်ယ္က်ယ္လွမ္းပါ။
၇။ ပုခံုးကိုေနာက္ဆြဲၿပီ မတ္မတ္ရပ္ပါ။
မားမားမတ္မတ္ရပ္တာက ခႏၶာေဗဒအရ ယုံၾကည္မႈအရွိဆံုး ပံုစံျဖစ္ပါတယ္။ သင္က လက္ျပင္ကုန္းတဲ့ လူျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အခက္အခဲအနည္းငယ္ရွိပါလိမ့္မယ္။ ဒါေပမယ့္ ႀကိဳးစားၾကည့္ပါ။ မတ္မတ္ရပ္တာက အျပန္အလွန္ဆက္သြယ္ေရးမွာ ယုံၾကည္မႈအျပည့္ရွိေနတဲ့ပံုစံျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ရပ္တဲ့အခါမွာပဲျဖစ္ျဖစ္ လမ္းေလွ်ာက္တဲ့အခါမွာပဲျဖစ္ျဖစ္ ပုခံုးေတြကို ေနာက္ကိုဆြဲၿပီး မားမားမတ္မတ္ရပ္ပါ။
၈။ မ်က္လံုးေတြကို တည့္တည့္ၾကည့္ပါ။
မ်က္လံုးကို တည္တည္ၿငိမ္ၿငိမ္ထားတာက ခႏၶာေဗဒ ဘာသာစကားမွာ ယုံၾကည္မႈကိုျပသဖို႔ နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။ ပံုမွန္လမ္းေလွ်ာက္တဲ့အခါမွာ ေအာက္ကိုၾကည့္ၿပီးသြားတာမွန္ေပမယ့္ တစ္ေယာက္ေယာက္နဲ႔ စကားေျပာတဲ့အခါမွာ ေအာက္ကိုၾကည့္ေနတာက တစ္ဖက္လူကို စိတ္မ၀င္စားရာေရာက္ပါတယ္။ ဒါ့ေၾကာင့္ ေမးေစ့ကိုပင့္ၿပီး မ်က္လံုးေတြကို တည့္တည့္ၾကည့္ပါ။
၉။ တည္တည္ၿငိမ္ၿငိမ္ေနပါ။
ဂနာမၿငိမ္ျဖစ္ၿပီး လႈပ္လႈပ္ရွားရွားျဖစ္ေနတာက စိတ္တုန္လႈပ္ေျခာက္ျခားေနတဲ့ လကၡဏာျဖစ္ပါတယ္။ တည္တည္ၿငိမ္ၿငိမ္မရွိတဲ့ ေယာကၤ်ားတစ္ေယာက္ဟာ စိုးရိမ္ေသာကမ်ားၿပီး ယုံၾကည္မႈမရွိတဲ့ ေယာကၤ်ားပဲ ျဖစ္ပါတယ္။ သင့္ရဲ႕လက္ေတြကလည္း သင့္ရဲ႕အဆိုးဆံုးရန္သူျဖစ္ပါတယ္။ လက္ေတြကို အရမ္းမလႈပ္ရွားေစပဲ တည္ၿငိမ္လိုက္ဖက္တဲ့ လက္ဟန္ရွိေအာင္ ထိန္းခ်ဳပ္ပါ။ ဒါ့အျပင္ ထုိင္တဲ့အခါမွာလည္း ေျခလႈပ္ဒူးလႈပ္မလုပ္ပါနဲ႔။
၁၀။ ေဘာင္းဘီအိတ္ထဲ လက္မထည့္ပါနဲ႔။
ခႏၶာေဗဒဘာသာစကားနဲ႔ ယုံၾကည္မႈရွိေၾကာင္း ေဖာ္ျပႏိုင္ဖို႔ နည္းလမ္ေတြထဲ ပထမဆံုးေျပာခ်င္တဲ့ အခ်က္က လက္ေတြကို ေဘာင္းဘီအိတ္ထဲထည့္မထားဖို႔ပါပဲ။ ေဘာင္းဘီအိတ္ထဲလက္ထည့္တယ္ဆိုတာက စိတ္မသက္မသာျဖစ္တဲ့အခါ၊ မလုံမျခံဳျဖစ္တဲ့အခါမွ ထည့္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လက္ေတြကို အျပင္ထုတ္ထားၿပီး ဘာကိုမွသို၀ွက္ထားတာမရွိေၾကာင္း တဖက္လူကို ျမင္သာေအာင္ျပလိုက္ပါ။ ေနာက္တစ္ခ်က္က ေဘာင္းဘီအိတ္ထဲလက္ထည့္ထားရင္ ခါးကိုင္းသြားတာကလည္း အဆင္မေျပပါဘူး။
ယုံကြည်မှုရှိသည့် ကိုယ်နေဟန်နည်းလမ်း (၁၀)
ပုံတစ်ပုံက စာလုံးပေါင်းများစွာကို ပြောနိုင်တယ်လို့ ဆိုစမှတ်ရှိပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ပုံဖော်နိုင်ဖို့ လိုပါတယ်။ မိန်းကလေးတစ်ယောက်ချဉ်းကပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ အစည်းအဝေးခန်း ဒါမှမဟုတ် ပါတီပွဲထဲကို ဝင်လာချိန်မှာပဲဖြစ်ဖြစ် သင် ဘယ်လိုပုံစံဖြစ်နေပါသလဲ။ သင်အခန်းထဲကို ဝင်လာတဲ့အချိန်မှာ ဘယ်လိုအချက်ပြမှုမျိုးကို ဆောင်ကျဉ်းပေးနိုင်ပါသလဲ။ သင့်ရဲ့ မျက်လုံးတွေ၊ လက်တွေနဲ့ ပုခုံးတွေက ဘာတွေ ပြောနေပါသလဲ၊ သင်စကားတစ်ခွန်းမှ မပြောရသေးချင်မှာတင် သင့်အကြောင်းကို လူတွေဘယ်လိုမြင်သွားစေချင်ပါသလဲ၊ ဒါတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့ ခန္ဓာဗေဒဘာသာစကားနဲ့ ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြသလိုက်ပါ။
လူတွေက မသိစိတ်ကနေ ကိုယ်နှုတ်အမူအယာအစရှိတဲ့ ခန္ဓာဗေဒဘာသာစကားကို ဖတ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ကိုယ်နေဟန်တွေ၊ အမူအယာတွေက ကျွန်တော်တို့ဘယ်လိုလူမျိုးလဲဆိုတာကို ထုတ်ဖော်ပြသနေတဲ့ အရင်းအမြစ်ဖြစ်နေပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်နေချိန်နဲ့ တုန်လှုပ်နေတဲ့အချိန်မှာ လမ်းလျှောက်တာတွေက မတူညီတတ်ကြပါဘူး။ ဒါပေမယ့် သင့်ကိုကြည့်လိုက်တာနဲ့ ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်အဖြစ်မြင်သွားစေဖို့က ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီနည်းလမ်း (၁၀)ခုကို အသုံးချကြည့်ပါ။
6-watch
၁။ အသိအမှတ်ပြုကြောင်းဖော်ပြဖို့ ထိတွေ့ပါ။
ပုခုံးကို လက်နဲ့အသာပုတ်တာမျိုးဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို ချီးကျူးဂုဏ်ပြုတဲ့အခါမှာ ပုခုံးကို လက်နဲ့ပုတ်ဖို့ကို အားမနာပါနဲ။ ဒါက သူတို့အတွက် လေးစားသမှုနဲ့ အသိအမှတ်ပြုကြောင်းကို ပေါ်လွင်စေပါတယ်။
၂။ စကားပြောနေတုန်း လက်မပိုက်ထားပါနဲ့။
လက်ပိုက်ထားတာက အကာကွယ်ယူတဲ့ ကိုယ်နေဟန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အေးတဲ့အခါမှာ၊ ကြောက်ရွံ့ထိတ်လန့်တဲ့အခါမှာ လက်ပိုက်ထားလေ့ရှိပါတယ်။ ကလပ်တစ်ခုရဲ့ အဝင်ဝမှာ လက်ပိုက်ပြီးရပ်နေတဲ့ လုံခြုံရေးကို သွားပြီး စကားပြောချင်စရာကောင်းပါသလား စဉ်းစားကြည့်ပါ။ မကောင်းဘူးဆိုတာသေချာပါတယ်။ သူတို့ရဲ့အလုပ်က လူတွေ ရှိန်နေဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ကိုလူတွေ သဘောကျစေချင်ရင် လက်တွေပိုက်မထားမိပါစေနဲ့။
၃။ ပြုံးပါ။
ယုံကြည်မှုရှိတဲ့ယောင်္ကျားတွေက ပြုံးပြတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ စိုးရိမ်စရာအကြောင်း မရှိတဲ့အတွက်ဖြစ်ပါတယ်။ ဒီအချက်ကို စမ်းသပ်ကြည့်ပါ။ လမ်းမှာ ဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် တွေ့တဲ့လူတစ်ယောက်ကို ပြုံးပြလိုက်ပါ။ သူတို့ပြန်ပြုံးပြဖို့ သေချာပါတယ်။
၄။ သင့်တင်လျှောက်ပတ်စွာ ဝတ်စားဆင်ယင်ပါ။
ခန္ဓာဗေဒမှာ ယုံကြည်မှုရှိတာကို ဖော်ပြနိုင်ဖို့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ သင့်ရဲ့ ဆံပင်ပုံစံ၊ မျက်နှာနဲ့ အနံ့အသက်အားလုံးက သင့်ကိုအားဖြည့်ပေးနေတာမျိုးပဲ ဖြစ်နေပါစေ။
၅။ တင်းတင်းကျပ်ကျပ် လက်ဆွဲနှုတ်ဆက်ပါ။
တစ်ယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်းမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ယုံကြည်မှုအပြည့်နဲ့ နှုတ်ဆက်ပါ။ သိကျွမ်းပြီးသားလူတစ်ယောက်နဲ့ ထပ်တွေ့လို့ နှုတ်ဆက်တဲ့အခါကျရင် လွတ်နေတဲ့လက်တစ်ဖက်နဲ့ တစ်ဖက်သူရဲ့ တံတောင်ဆစ်ကို ကိုင်ထားတာက နွေးထွေးပျူငှာတဲ့ သဘောပို သက်ရောက်ပါတယ်။ တစ်ခုသတိထားရမှာက လက်ဆွဲနှုတ်ဆက်တာက ပြိုင်ပွဲမဟုတ်ပါဘူ။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရမယ်ဆိုပေမယ့် တစ်ဖက်လူနာကျင်သွားလောက်တဲ့အထိ မဟုတ်ပါဘူး။ ပြီးတော့ အကြာကြီးလည်း မကိုင်ထားပါနဲ့။
၆။ ခြေလှမ်းကျယ်ကျယ်လှမ်းပါ။
ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက် အပြေးတပိုင်းသွားတာ၊ ခိုးကြောင်ခိုးဝှက်သွားတာနဲ့ နှေးနှေးကွေးကွေး သွားတာတွေ လုပ်လေ့မရှိပါဘူး။ ဒါ့ကြောင့် လမ်းလျှောက်ရင် အာရုံစိုက်ပါ။ ယုံကြည်မှုရှိတဲ့ပုံစံပေါက်စေချင်ရင် ခြေလှမ်းကို ကျယ်ကျယ်လှမ်းပါ။
#50001
၇။ ပုခုံးကိုနောက်ဆွဲပြီ မတ်မတ်ရပ်ပါ။
မားမားမတ်မတ်ရပ်တာက ခန္ဓာဗေဒအရ ယုံကြည်မှုအရှိဆုံး ပုံစံဖြစ်ပါတယ်။ သင်က လက်ပြင်ကုန်းတဲ့ လူဖြစ်ခဲ့မယ်ဆိုရင်တော့ အခက်အခဲအနည်းငယ်ရှိပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားကြည့်ပါ။ မတ်မတ်ရပ်တာက အပြန်အလှန်ဆက်သွယ်ရေးမှာ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံဖြစ်စေပါတယ်။ ဒါ့ကြောင့် ရပ်တဲ့အခါမှာပဲဖြစ်ဖြစ် လမ်းလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ် ပုခုံးတွေကို နောက်ကိုဆွဲပြီး မားမားမတ်မတ်ရပ်ပါ။
၈။ မျက်လုံးတွေကို တည့်တည့်ကြည့်ပါ။
မျက်လုံးကို တည်တည်ငြိမ်ငြိမ်ထားတာက ခန္ဓာဗေဒ ဘာသာစကားမှာ ယုံကြည်မှုကိုပြသဖို့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်တဲ့အခါမှာ အောက်ကိုကြည့်ပြီးသွားတာမှန်ပေမယ့် တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမှာ အောက်ကိုကြည့်နေတာက တစ်ဖက်လူကို စိတ်မဝင်စားရာရောက်ပါတယ်။ ဒါ့ကြောင့် မေးစေ့ကိုပင့်ပြီး မျက်လုံးတွေကို တည့်တည့်ကြည့်ပါ။
၉။ တည်တည်ငြိမ်ငြိမ်နေပါ။
ဂနာမငြိမ်ဖြစ်ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေတာက စိတ်တုန်လှုပ်ခြောက်ခြားနေတဲ့ လက္ခဏာဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်မရှိတဲ့ ယောင်္ကျားတစ်ယောက်ဟာ စိုးရိမ်သောကများပြီး ယုံကြည်မှုမရှိတဲ့ ယောင်္ကျားပဲ ဖြစ်ပါတယ်။ သင့်ရဲ့လက်တွေကလည်း သင့်ရဲ့အဆိုးဆုံးရန်သူဖြစ်ပါတယ်။ လက်တွေကို အရမ်းမလှုပ်ရှားစေပဲ တည်ငြိမ်လိုက်ဖက်တဲ့ လက်ဟန်ရှိအောင် ထိန်းချုပ်ပါ။ ဒါ့အပြင် ထိုင်တဲ့အခါမှာလည်း ခြေလှုပ်ဒူးလှုပ်မလုပ်ပါနဲ့။
၁၀။ ဘောင်းဘီအိတ်ထဲ လက်မထည့်ပါနဲ့။
ခန္ဓာဗေဒဘာသာစကားနဲ့ ယုံကြည်မှုရှိကြောင်း ဖော်ပြနိုင်ဖို့ နည်းလမ်တွေထဲ ပထမဆုံးပြောချင်တဲ့ အချက်က လက်တွေကို ဘောင်းဘီအိတ်ထဲထည့်မထားဖို့ပါပဲ။ ဘောင်းဘီအိတ်ထဲလက်ထည့်တယ်ဆိုတာက စိတ်မသက်မသာဖြစ်တဲ့အခါ၊ မလုံမခြုံဖြစ်တဲ့အခါမှ ထည့်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်တွေကို အပြင်ထုတ်ထားပြီး ဘာကိုမှသိုဝှက်ထားတာမရှိကြောင်း တဖက်လူကို မြင်သာအောင်ပြလိုက်ပါ။ နောက်တစ်ချက်က ဘောင်းဘီအိတ်ထဲလက်ထည့်ထားရင် ခါးကိုင်းသွားတာကလည်း အဆင်မပြေပါဘူး။