လူတိုင္းခ်မ္းသာႏိုင္သည့္ အဆင့္(၁၃)ခု

လူတိုင္းခ်မ္းသာႏိုင္သည့္ အဆင့္(၁၃)ခု

လူတိုင်းချမ်းသာနိုင်သည့် အဆင့်(၁၃)ခု

လူေတြ ဘယ္လိုခ်မ္းသာလာႏိုင္လဲဆိုတာကို သိဖို႔ နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ Napoleon Hill ဟာ ႏွစ္(၂၀)အတြင္းမွာ ကိုယ့္ထူးကိုယ္ခၽြန္ သန္းၾကြယ္သူေဌး (၅၀၀)ေက်ာ္ကို ေလ့လာခဲ့ပါတယ္။ Napoleon Hill ရဲ႕ အဆိုအရ လူတိုင္းခ်မ္းသာလာဖို႔အတြက္ အဆင့္ (၁၃)ခုရွိတယ္လို႔ ဆိုပါတယ္။ ဒီအဆင့္ (၁၃)ခုကေတာ့

၁။ လိုခ်င္တပ္မက္စိတ္ (လိုခ်င္စိတ္ရွိရမယ္)

အခုလက္ရွိ အရမ္းခ်မ္းသာေနသူေတြအားလံုးက ဒီအေျခအေနထိမေရာက္ခင္မွာ စိတ္ကူးေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ၊ အစီအစဥ္နဲ႔ လိုခ်င္စိတ္ဆႏၵေတြနဲ႔ စတင္ခဲ့တာျဖစ္ပါတယ္။ သူတို႔ဟာ တကယ္ခ်မ္းသာ မလာခင္ကတည္းက စိတ္ကူးနဲ႔ ႐ူးခဲ့ၾကတာျဖစ္ပါတယ္။ Hill ရဲ႕အဆိုအတိုင္းဆိုရင္ ခ်မ္းသာလာဖို႔ ဆုေတာင္းေနလို႔ မရပါဘူး။ တကယ္ျဖစ္လိုစိတ္နဲ႔ စြဲလမ္းစိတ္၊ တိက်ေသခ်ာတဲ႔နည္းလမ္း၊ ဇြဲလုံ႔လရွိရွိလုပ္ေဆာင္မႈေတြကပဲ ခ်မ္းသာၾကြယ္၀မႈကို ေဆာင္က်ဥ္းေပးႏိုင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

၂။ ယုံၾကည္သက္၀င္မႈ (ရည္မွန္းခ်က္ကိုအေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ရမယ္)

ခ်မ္းသာၾကြယ္၀လာဖို႔ဆိုတာက ခ်မ္းသာလာႏိုင္တယ္လို႔ ယုံၾကည္စိတ္နဲ႔ စတင္ပါတယ္လို႔ Hill က ေရးထားပါတယ္။ ခ်မ္းသာမႈဟာ အေတြးေတြကေန စတင္ပါတယ္။ လူတစ္ေယာက္က သူ႔စိတ္ထဲမွာ သတ္မွတ္ကန္႔သတ္ထားတဲ့ ပမာဏေလာက္ပဲ ခ်မ္းသာႏိုင္မွာျဖစ္ပါတယ္။ ခ်မ္းသာၾကြယ္၀မႈက အခြင့္ထူးတစ္ခုမဟုတ္ပါဘူး။ အခြင့္အေရးတစ္ခုျဖစ္ပါတယ္လို႔လည္း သန္းၾကြယ္သူေဌးစာေရးဆရာ Steve Siebold က ေျပာဖူးပါတယ္။

၃။ မိမိကိုယ္ကို လႈံ႔ေဆာ္ေပးမႈ (ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိဖို႔ စိတ္ကိုလႈံ႔ေဆာ္ေပးပါ)

ေငြေၾကးခ်မ္းသာဖို႔၊ ေအာင္ျမင္မႈရရွိဖို႔ စိတ္ဆႏၵေတြကို လက္ေတြ႕ျဖစ္လာဖို႔ စိတ္ကိုအျမဲတြန္းအားေပး လႈံ႕ေဆာ္ေနဖို႔ လိုအပ္ပါတယ္။ လိုခ်င္တာဘာလဲ၊ ဘယ္လိုရယူမွာလဲ စတာေတြကို အျမဲတမ္းထပ္ကာ ထပ္ကာစဥ္းစားေနဖို႔ လိုပါတယ္။ ဒါမွ ရည္ရြယ္ခ်က္မေပ်ာက္သြားမွာျဖစ္ပါတယ္။

၄။ အထူးျပဳ အသိပညာဗဟုသုတ (အေတြ႕အၾကံဳေတြရယူၿပီး စဥ္ဆက္မျပတ္ေလ့လာသင္ယူပါ)

အသိပညာက စြမ္းအားျဖစ္ပါတယ္။ ပညာေရးကို ဘ၀မွာထိထိေရာက္ေရာက္အသံုးခ်ႏိုင္မွသာလွ်င္ စြမ္းအားျပည့္၀ၿပီး ခ်မ္းသာၾကြယ္၀မႈကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ ဘယ္ေတာ့မွလည္း ေလ့လာသင္ယူမႈက ၿပီးဆံုးမွာမဟုတ္ပါဘူး။ လက္ရွိေအာင္ျမင္သူတိုင္းဟာ သူတို႔ရဲ႕သက္ဆိုင္ရာနယ္ပယ္နဲ႔ပတ္သက္တဲ့ အသိပညာဗဟုသုတေတြကို အျမဲေလ့လာေနသူေတြျဖစ္ပါတယ္။ ဒါ့အျပင္ ေဖ်ာ္ေျဖေရးေတြထက္ အသိပညာတိုးတက္ေရးကို ဦးစားေပးတတ္ပါတယ္။ Warren Buffett ကိုပဲၾကည့္ပါ။ သူတစ္ေန႔တာရဲ႕ (၈၀)ရာခိုင္ႏႈန္းေသာ အခ်ိန္ေတြကို စာဖတ္ျခင္းနဲ႔ ကုန္ဆံုးေလ့ရွိပါတယ္။

၅။ စိတ္ကူးစိတ္သန္း (စိတ္ကူးေတြ ထုတ္ပါ၊ ေအာင္ျမင္မႈပံုရိပ္ကို ျမင္ေယာင္ပါ)

တစ္ခုခုကို စိတ္ကူးမိၿပီဆိုရင္ ဖန္တီးႏိုင္မွာ ျဖစ္တယ္လို႔ Hill က ေျပာပါတယ္။ စိတ္ကူးေတြဟာ အခြင့္အလမ္းေတြရဲ႕ စမွတ္ျဖစ္ပါတယ္။ စိတ္ကူးစိတ္သန္းေတြရဲ႕ ထုတ္ကုန္လည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ကူးသစ္ေတြ ထုတ္ဖို႔ ဖြံ႕ၿဖိဳးလာေအာင္ဖန္တီးဖို႔ကို မစိုးရိမ္ပါနဲ႔။

၆။ စုစည္းစီစဥ္ျခင္း (လက္ေတြ႕လုပ္ေဆာင္ပါ)

သင့္ရဲ႕ေအာင္ျမင္မႈပံုရိပ္ကို ျမင္ေယာင္ၿပီးၿပီဆိုတာနဲ႔ လက္ေတြ႕လုပ္ေဆာင္ဖို႔နဲ႔ လိုခ်င္တာကိုျဖစ္ေအာင္လုပ္ဖို႔ လုိအပ္ပါတယ္။ ဇြဲလံု႔လ၊ စိတ္အားထက္သန္မႈအျပည့္နဲ႔ လုပ္ေဆာင္ဖို႔ လိုပါတယ္။ အခြင့္အလမ္းေတြဟာ သင့္ေဘးနားမွာ ပ်ံ၀ဲေနပါတယ္။ ေရွ႕တစ္လွမ္းတိုးလိုက္ပါ၊ လိုခ်င္တာကို ေရြးခ်ယ္ပါ။ အစီအစဥ္ကို ေရးဆြဲပါ။ လုပ္စရာရွိတာကို လုပ္ေဆာင္ပါ။ ဇြဲနဘဲနဲ႔ အေကာင္အထည္ေဖာ္ပါ။

၇။ ဆုံးျဖတ္ခ်က္ (တိက်ျပတ္သားမႈေတြနဲ႔ အခ်ိန္ဆိုင္းျခင္းကို အႏိုင္ယူပါ)

Hill ေလ့လာခဲ့တဲ့ သန္းၾကြယ္သူေဌးေတြ အားလံုးမွာေတြ႕ရတဲ့ တူညီတဲ့အခ်က္ကေတာ့ ဆံုးျဖတ္ခ်က္ျပတ္သားတာပဲျဖစ္ပါတယ္။ ဆံုးျဖတ္ခ်က္ျပတ္သားသူေတြက သူတို႔လိုခ်င္တာကို ေသခ်ာသိၾကပါတယ္။ ဆံုးျဖတ္ခ်က္ျပတ္သားမႈဟာ ခ်မ္းသားၾကြယ္၀မႈရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ေခါင္းေဆာင္ေတြမွာ လိုအပ္တဲ့အရည္အေသြးတစ္ခုလည္းျဖစ္ပါတယ္။ တစ္ေန႔တာကုန္ဆံုးသြားတဲ့အခါမွာ ဆံုးျဖတ္ခ်က္အမွားတစ္ခု ခ်မိတယ္ဆိုရင္ေတာင္မွ လံုး၀ဆံုးျဖတ္ခ်က္မခ်မိတာထက္ ေကာင္းပါေသးတယ္။

၈။ ဇြဲလံု႔လ (သင္လိုခ်င္တာကို မရမခ်င္း မရပ္တန္႔လိုက္ပါနဲ႔)

ခ်မ္းသာၾကြယ္၀မႈကို တည္ေဆာက္ရာမွာ ဇြဲလံု႔လက အေရးႀကီးပါတယ္။ လူနည္းစုကပဲ သူတို႔ရဲ႕လိုအင္ဆႏၵကို အမွန္တကယ္ျပည့္၀လာေအာင္ လုပ္ေဆာင္ႏိုင္တဲ့ စိတ္ခြန္အားရွိၾကပါတယ္။ လူခ်မ္းသာေတြက လိုအင္ဆႏၵေတြထက္ တိက်တဲ့စိတ္ဆႏၵနဲ႔ အစီအစဥ္ေတြကို ပိုၿပီးသိတတ္ၾကၿပီး ဇြဲရွိရွိနဲ႔ ရယူတတ္ၾကတယ္လို႔ Hill က ေရးထားပါတယ္။ အေအာင္ျမင္ဆံုးလူေတြက က်႐ႈံးမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္စြမ္းရွိၾကပါတယ္။

၉။ ထူးခၽြန္သူေတြရဲ႕စြမ္းအား (အေတာ္ဆံုးပုဂၢိဳဟ္ေတြနဲ႔ ၀န္းရံထားပါ)

ခ်မ္းသာၾကြယ္၀တဲ့ပုဂၢိဳဟ္ေတြမွာ ေနာက္ကြယ္ကေနပံ့ပိုးကူညီေပးေနတဲ့ ပုဂိၢဳဟ္ေတြရွိပါတယ္။ သူတို႔နဲ႔ ရည္မွန္းခ်က္ျခင္းတူတဲ့ အရည္အခ်င္းရွိ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ၀န္းရံထားေလ့ရွိပါတယ္။

၁၀။ လိင္မႈကိစၥရဲ႕ ဆန္းၾကယ္မႈ (လိုက္ဖက္သင့္ျမတ္တဲ့ လက္တြဲေဖာ္ကိုေရြးခ်ယ္ပါ)

လိင္မႈကိစၥဟ မယုံၾကည္ႏိုင္ေလာက္ေအာင္ စြမ္းအားရွိပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ ဖြံ႔ၿဖိဳးတိုးတက္ေစပါတယ္။ တီထြင္ဖန္တီးႏိုင္မႈ၊ စိတ္အားထက္သန္မႈ၊ ဇြဲလံု႔လတို႔ကို တိုးတက္ေကာင္းမြန္ေစတဲ့အတြက္ ခ်မ္းသာၾကြယ္၀မႈကို တည္ေဆာက္ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။ အခ်စ္စိတ္ေၾကာင့္ ေယာကၤ်ားတစ္ေယာက္ကို မယုံၾကည္ႏိုင္ေလာက္တဲ့ ေအာင္ျမင္မႈေတြရရွိသြားေစႏိုင္ပါတယ္။

၁၁။ အတြင္းသိစိတ္ (အေကာင္းျမင္စိတ္ေမြးၿပီး အဆိုးျမင္စိတ္ေတြကို ရွင္းထုတ္ပါ)

အမွန္တကယ္ခ်မ္းသာခ်င္တယ္ဆိုရင္ အတြင္းသိစိတ္ထဲထိ ေအာင္ျမင္ခ်င္တဲ့စိတ္နဲ႔ အစီအစဥ္ကို ႐ုိက္ထည့္ဖို႔ လိုပါတယ္။ အတြင္းသိစိတ္ထဲအထိ စြဲျမဲမေနဘူးဆိုရင္ အဆိုးျမင္စိတ္ရဲ႕ လႊမ္းမိုးမႈကိုခံရတတ္ပါတယ္။ တစ္ခ်ိန္တည္းမွာ အေကာင္းျမင္စိတ္ေရာ အဆိုးျမင္စိတ္ကိုပါ ေခါင္းထဲထည့္ထားလို႔ မရပါဘူး။ ဒါ့ေၾကာင့္ သင့္စိတ္ကို အေကာင္းျမင္စိတ္ေတြနဲ႔ပဲ လႊမ္းမိုးေနဖို႔ လိုပါတယ္။

၁၂။ ဦးေႏွာက္ (အျခားထူးခၽြန္ထက္ျမက္သူေတြနဲ႔ ေပါင္းသင္ၿပီး သူတို႔ဆီက သင္ယူပါ)

ကၽြန္ေတာ္တို႔ ဦးေႏွာက္မွာ အေတြးေတြကို ထုတ္လႊတ္မႈအပိုင္းနဲ႔ လက္ခံတဲ့အပိုင္းဆိုၿပီး ပါရွိပါတယ္။ ကၽြန္ေတာ္တို႔ ပတ္၀န္းက်င္မွာရွိတဲ့ လူေတြရဲ႕အေတြးေတြကို ဦးေႏွာက္က လက္ခံေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ဉာဏ္ရည္ထက္ျမက္ၿပီး၊ တီထြင္ဖန္တီးႏိုင္မႈေကာင္းတဲ့ သူေတြနဲ႔ ေပါင္းသင္းပါ။ သူတို႔ကို အတုယူၿပီး ေလ့လာပါ။

၁၃။ ဆ႒မအာ႐ုံ (သင့္စိတ္ရဲ႕ေစ့ေဆာ္မႈကို ယုံၾကည္ပါ)

အထက္က အခ်က္ေတြအားလံုးကို ကၽြမ္းက်င္ၿပီဆိုရင္ ေနာက္ဆံုးအခ်က္ျဖစ္တဲ့ ဆ႒မအာ႐ုံဆိုတာကို ခံစားႏိုင္လာပါလိမ့္မယ္။ သင့္စိတ္ရဲ႕ေစ့ေဆာ္မႈေၾကာင့္ ေရွာင္ရွားသင့္တဲ့အႏၱရာယ္ေတြကို အခ်ိန္မွီေရွာင္ႏိုင္မွာျဖစ္သလို အခြင့္အလမ္းေတြကိုလည္း ျမင္သာဆုပ္ကိုင္ႏိုင္မွာ ျဖစ္တယ္လို႔ Hill က ေျပာပါတယ္။


လူတိုင်းချမ်းသာနိုင်သည့် အဆင့်(၁၃)ခု
ချမ်းသာလိုသူတိုင်း ဖြတ်သန်းရမည့် အဆင့်(၁၃)ခု

လူတွေ ဘယ်လိုချမ်းသာလာနိုင်လဲဆိုတာကို သိဖို့ နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Napoleon Hill ဟာ နှစ်(၂၀)အတွင်းမှာ ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေး (၅၀၀)ကျော်ကို လေ့လာခဲ့ပါတယ်။ Napoleon Hill ရဲ့ အဆိုအရ လူတိုင်းချမ်းသာလာဖို့အတွက် အဆင့် (၁၃)ခုရှိတယ်လို့ ဆိုပါတယ်။ ဒီအဆင့် (၁၃)ခုကတော့ –

၁။ လိုချင်တပ်မက်စိတ် (လိုချင်စိတ်ရှိရမယ်)
အခုလက်ရှိ အရမ်းချမ်းသာနေသူတွေအားလုံးက ဒီအခြေအနေထိမရောက်ခင်မှာ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ အစီအစဉ်နဲ့ လိုချင်စိတ်ဆန္ဒတွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ တကယ်ချမ်းသာ မလာခင်ကတည်းက စိတ်ကူးနဲ့ ရူးခဲ့ကြတာဖြစ်ပါတယ်။ Hill ရဲ့အဆိုအတိုင်းဆိုရင် ချမ်းသာလာဖို့ ဆုတောင်းနေလို့ မရပါဘူး။ တကယ်ဖြစ်လိုစိတ်နဲ့ စွဲလမ်းစိတ်၊ တိကျသေချာတဲ့နည်းလမ်း၊ ဇွဲလုံ့လရှိရှိလုပ်ဆောင်မှုတွေကပဲ ချမ်းသာကြွယ်ဝမှုကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂။ ယုံကြည်သက်ဝင်မှု (ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ရမယ်)
ချမ်းသာကြွယ်ဝလာဖို့ဆိုတာက ချမ်းသာလာနိုင်တယ်လို့ ယုံကြည်စိတ်နဲ့ စတင်ပါတယ်လို့ Hill က ရေးထားပါတယ်။ ချမ်းသာမှုဟာ အတွေးတွေကနေ စတင်ပါတယ်။ လူတစ်ယောက်က သူ့စိတ်ထဲမှာ သတ်မှတ်ကန့်သတ်ထားတဲ့ ပမာဏလောက်ပဲ ချမ်းသာနိုင်မှာဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှုက အခွင့်ထူးတစ်ခုမဟုတ်ပါဘူး။ အခွင့်အရေးတစ်ခုဖြစ်ပါတယ်လို့လည်း သန်းကြွယ်သူဌေးစာရေးဆရာ Steve Siebold က ပြောဖူးပါတယ်။

၃။ မိမိကိုယ်ကို လှုံ့ဆော်ပေးမှု (ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ စိတ်ကိုလှုံ့ဆော်ပေးပါ)
ငွေကြေးချမ်းသာဖို့၊ အောင်မြင်မှုရရှိဖို့ စိတ်ဆန္ဒတွေကို လက်တွေ့ဖြစ်လာဖို့ စိတ်ကိုအမြဲတွန်းအားပေး လှုံ့ဆော်နေဖို့ လိုအပ်ပါတယ်။ လိုချင်တာဘာလဲ၊ ဘယ်လိုရယူမှာလဲ စတာတွေကို အမြဲတမ်းထပ်ကာ ထပ်ကာစဉ်းစားနေဖို့ လိုပါတယ်။ ဒါမှ ရည်ရွယ်ချက်မပျောက်သွားမှာဖြစ်ပါတယ်။

၄။ အထူးပြု အသိပညာဗဟုသုတ (အတွေ့အကြုံတွေရယူပြီး စဉ်ဆက်မပြတ်လေ့လာသင်ယူပါ)
အသိပညာက စွမ်းအားဖြစ်ပါတယ်။ ပညာရေးကို ဘဝမှာထိထိရောက်ရောက်အသုံးချနိုင်မှသာလျှင် စွမ်းအားပြည့်၀ပြီး ချမ်းသာကြွယ်ဝမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဘယ်တော့မှလည်း လေ့လာသင်ယူမှုက ပြီးဆုံးမှာမဟုတ်ပါဘူး။ လက်ရှိအောင်မြင်သူတိုင်းဟာ သူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို အမြဲလေ့လာနေသူတွေဖြစ်ပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးတွေထက် အသိပညာတိုးတက်ရေးကို ဦးစားပေးတတ်ပါတယ်။ Warren Buffett ကိုပဲကြည့်ပါ။ သူတစ်နေ့တာရဲ့ (၈၀)ရာခိုင်နှုန်းသော အချိန်တွေကို စာဖတ်ခြင်းနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။

၅။ စိတ်ကူးစိတ်သန်း (စိတ်ကူးတွေ ထုတ်ပါ၊ အောင်မြင်မှုပုံရိပ်ကို မြင်ယောင်ပါ)
တစ်ခုခုကို စိတ်ကူးမိပြီဆိုရင် ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ Hill က ပြောပါတယ်။ စိတ်ကူးတွေဟာ အခွင့်အလမ်းတွေရဲ့ စမှတ်ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းတွေရဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကူးသစ်တွေ ထုတ်ဖို့ ဖွံ့ဖြိုးလာအောင်ဖန်တီးဖို့ကို မစိုးရိမ်ပါနဲ့။

၆။ စုစည်းစီစဉ်ခြင်း (လက်တွေ့လုပ်ဆောင်ပါ)
သင့်ရဲ့အောင်မြင်မှုပုံရိပ်ကို မြင်ယောင်ပြီးပြီဆိုတာနဲ့ လက်တွေ့လုပ်ဆောင်ဖို့နဲ့ လိုချင်တာကိုဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဇွဲလုံ့လ၊ စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ အခွင့်အလမ်းတွေဟာ သင့်ဘေးနားမှာ ပျံဝဲနေပါတယ်။ ရှေ့တစ်လှမ်းတိုးလိုက်ပါ၊ လိုချင်တာကို ရွေးချယ်ပါ။ အစီအစဉ်ကို ရေးဆွဲပါ။ လုပ်စရာရှိတာကို လုပ်ဆောင်ပါ။ ဇွဲနဘဲနဲ့ အကောင်အထည်ဖော်ပါ။

၇။ ဆုံးဖြတ်ချက် (တိကျပြတ်သားမှုတွေနဲ့ အချိန်ဆိုင်းခြင်းကို အနိုင်ယူပါ)
Hill လေ့လာခဲ့တဲ့ သန်းကြွယ်သူဌေးတွေ အားလုံးမှာတွေ့ရတဲ့ တူညီတဲ့အချက်ကတော့ ဆုံးဖြတ်ချက်ပြတ်သားတာပဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားသူတွေက သူတို့လိုချင်တာကို သေချာသိကြပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားမှုဟာ ချမ်းသားကြွယ်ဝမှုရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်တွေမှာ လိုအပ်တဲ့အရည်အသွေးတစ်ခုလည်းဖြစ်ပါတယ်။ တစ်နေ့တာကုန်ဆုံးသွားတဲ့အခါမှာ ဆုံးဖြတ်ချက်အမှားတစ်ခု ချမိတယ်ဆိုရင်တောင်မှ လုံးဝဆုံးဖြတ်ချက်မချမိတာထက် ကောင်းပါသေးတယ်။

၈။ ဇွဲလုံ့လ (သင်လိုချင်တာကို မရမချင်း မရပ်တန့်လိုက်ပါနဲ့)
ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ ဇွဲလုံ့လက အရေးကြီးပါတယ်။ လူနည်းစုကပဲ သူတို့ရဲ့လိုအင်ဆန္ဒကို အမှန်တကယ်ပြည့်ဝလာအောင် လုပ်ဆောင်နိုင်တဲ့ စိတ်ခွန်အားရှိကြပါတယ်။ လူချမ်းသာတွေက လိုအင်ဆန္ဒတွေထက် တိကျတဲ့စိတ်ဆန္ဒနဲ့ အစီအစဉ်တွေကို ပိုပြီးသိတတ်ကြပြီး ဇွဲရှိရှိနဲ့ ရယူတတ်ကြတယ်လို့ Hill က ရေးထားပါတယ်။ အအောင်မြင်ဆုံးလူတွေက ကျရှုံးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိကြပါတယ်။

၉။ ထူးချွန်သူတွေရဲ့စွမ်းအား (အတော်ဆုံးပုဂ္ဂိုဟ်တွေနဲ့ ဝန်းရံထားပါ)
ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုဟ်တွေမှာ နောက်ကွယ်ကနေပံ့ပိုးကူညီပေးနေတဲ့ ပုဂ္ဂိုဟ်တွေရှိပါတယ်။ သူတို့နဲ့ ရည်မှန်းချက်ခြင်းတူတဲ့ အရည်အချင်းရှိ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်းရံထားလေ့ရှိပါတယ်။

၁၀။ လိင်မှုကိစ္စရဲ့ ဆန်းကြယ်မှု (လိုက်ဖက်သင့်မြတ်တဲ့ လက်တွဲဖော်ကိုရွေးချယ်ပါ)
လိင်မှုကိစ္စဟ မယုံကြည်နိုင်လောက်အောင် စွမ်းအားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ တီထွင်ဖန်တီးနိုင်မှု၊ စိတ်အားထက်သန်မှု၊ ဇွဲလုံ့လတို့ကို တိုးတက်ကောင်းမွန်စေတဲ့အတွက် ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ အချစ်စိတ်ကြောင့် ယောင်္ကျားတစ်ယောက်ကို မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေရရှိသွားစေနိုင်ပါတယ်။

၁၁။ အတွင်းသိစိတ် (အကောင်းမြင်စိတ်မွေးပြီး အဆိုးမြင်စိတ်တွေကို ရှင်းထုတ်ပါ)
အမှန်တကယ်ချမ်းသာချင်တယ်ဆိုရင် အတွင်းသိစိတ်ထဲထိ အောင်မြင်ချင်တဲ့စိတ်နဲ့ အစီအစဉ်ကို ရိုက်ထည့်ဖို့ လိုပါတယ်။ အတွင်းသိစိတ်ထဲအထိ စွဲမြဲမနေဘူးဆိုရင် အဆိုးမြင်စိတ်ရဲ့ လွှမ်းမိုးမှုကိုခံရတတ်ပါတယ်။ တစ်ချိန်တည်းမှာ အကောင်းမြင်စိတ်ရော အဆိုးမြင်စိတ်ကိုပါ ခေါင်းထဲထည့်ထားလို့ မရပါဘူး။ ဒါ့ကြောင့် သင့်စိတ်ကို အကောင်းမြင်စိတ်တွေနဲ့ပဲ လွှမ်းမိုးနေဖို့ လိုပါတယ်။

၁၂။ ဦးနှောက် (အခြားထူးချွန်ထက်မြက်သူတွေနဲ့ ပေါင်းသင်ပြီး သူတို့ဆီက သင်ယူပါ)
ကျွန်တော်တို့ ဦးနှောက်မှာ အတွေးတွေကို ထုတ်လွှတ်မှုအပိုင်းနဲ့ လက်ခံတဲ့အပိုင်းဆိုပြီး ပါရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အတွေးတွေကို ဦးနှောက်က လက်ခံလေ့ရှိပါတယ်။ ဒါ့ကြောင့် ဉာဏ်ရည်ထက်မြက်ပြီး၊ တီထွင်ဖန်တီးနိုင်မှုကောင်းတဲ့ သူတွေနဲ့ ပေါင်းသင်းပါ။ သူတို့ကို အတုယူပြီး လေ့လာပါ။

၁၃။ ဆဋ္ဌမအာရုံ (သင့်စိတ်ရဲ့စေ့ဆော်မှုကို ယုံကြည်ပါ)
အထက်က အချက်တွေအားလုံးကို ကျွမ်းကျင်ပြီဆိုရင် နောက်ဆုံးအချက်ဖြစ်တဲ့ ဆဋ္ဌမအာရုံဆိုတာကို ခံစားနိုင်လာပါလိမ့်မယ်။ သင့်စိတ်ရဲ့စေ့ဆော်မှုကြောင့် ရှောင်ရှားသင့်တဲ့အန္တရာယ်တွေကို အချိန်မှီရှောင်နိုင်မှာဖြစ်သလို အခွင့်အလမ်းတွေကိုလည်း မြင်သာဆုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ Hill က ပြောပါတယ်။

Related Posts

%%footer%%