လှဲလျောင်းပြီး တရားရှုမှတ်ခြင်း
တရား႐ႈမွတ္တဲ့အခါမွာ အေကာင္းဆံုးနည္းလမ္းက ထိုင္ၿပီးမွတ္တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ၾကမ္းျပင္မွာ တင္ပလႅင္ေခြထိုင္ၿပီး မွတ္တာမ်ိဳးမဟုတ္ပဲ သက္ေတာင့္သက္သာရွိတဲ့ ခုံတစ္ခုမွာထိုင္ၿပီး မွတ္တာကလည္း အဆင္ေျပေစႏိုင္ပါတယ္။ ခါးနာတတ္သူေတြ၊ တင္ပါး၊ ဒူးေခါင္းနဲ႔ ေျခေထာက္နာတတ္သူေတြဆိုရင္ ထိုင္ၿပီး တရားမွတ္ဖို႔ အခက္အခဲရွိပါတယ္။ ဒီလိုလူေတြအတြက္ အိပ္ၿပီးတရားမွတ္တတ္ဖို႔ လိုအပ္လာပါတယ္။ အိပ္ၿပီး တရားမွတ္ရင္ လူအမ်ားစုက အိပ္ေပ်ာ္သြားတတ္တဲ့ ျပႆနာရွိပါတယ္။ အိပ္မေပ်ာ္တဲ့ေရာဂါရွိသူေတြကေတာ့ လဲေလ်ာင္းၿပီး တရားမွတ္ရင္း အိပ္ေပ်ာ္သြားတာက ပိုေကာင္းပါတယ္။ ဒါေပမယ့္ သက္ေတာင့္သက္သာနဲ႔ လွဲေလ်ာင္းၿပီး တရားမွတ္ခ်င္သူေတြအတြက္ နည္းလမ္း(၃)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ မုျဒာ(လက္ဟန္)တစ္ခုသံုးပါ။
မုျဒာဆိုတာ လက္ေခ်ာင္းေလးေတြနဲ႔ ပံုေဖာ္ရတဲ့ လက္ဟန္အမွတ္အသားတစ္ခုျဖစ္ပါတယ္။ မုျဒာပံုစံတစ္ခုကို အသံုျပဳပါ။ လက္ေမာင္းေတြကို ေဘးတဖက္တစ္ခ်က္စီမွာ ခ်ထားၿပီး လက္ေခ်ာင္းေတြကို လက္မနဲ႔ ထိထားပါ။ မုျဒာပံုစံတစ္ခုျပဳလုပ္ထားျခင္းက သင့္ရဲ႕ခႏၶာကိုယ္ကို တရားထိုင္ေနတဲ့လုပ္ငန္းစဥ္အတြင္းမွာ ေရာက္ေနေစမွာပါ။ မုျဒာအေနအထားေလ်ာ့ရဲလာၿပီဆိုတာနဲ႔ အာ႐ုံစူးစိုက္မႈနည္းလာတာျဖစ္ၿပီး ျပန္ၿပီး အာ႐ုံစိုက္ႏိုင္မွာ ျဖစ္ပါတယ္။ လွဲေလ်ာင္းတရားမွတ္ရင္း အိပ္မေပ်ာ္သြားေစဖို႔ လြယ္ကူ႐ုိးရင္းတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။
၂။ ဒူးေထာင္ထားပါ။
သင္ လွဲေလ်ာင္းေနခ်ိန္မွာ ဒူးေခါင္းေတြကို ေထာင္ထားလိုက္ပါ။ ေျခဖ၀ါးေတြကိုေတာ့ အိပ္ရာ ဒါမွမဟုတ္ ၾကမ္းျပင္မွာ ထိကပ္ထားပါ။ ခါးနာ၊ ဒူးနာ ေ၀ဒနာရွိသူေတြကေတာ့ အဆင္ေျပသလို လုပ္ႏိုင္ပါတယ္။ ဒီအေနအထားကလည္း တရားမွတ္ေနရင္း အိပ္မေပ်ာ္သြားေအာင္ ထိန္းထားေပးႏိုင္ပါတယ္။ သင္အိပ္ေပ်ာ္သြားတာနဲ႔ ဒူးေခါင္းေတြက ညႊတ္က်လာမွာျဖစ္တဲ့အတြက္ အသိျပန္ကပ္ၿပီး ထိန္းထားႏိုင္ဖို႔လိုပါတယ္။
၃။ ေတးဂီတသံနားေထာင္ပါ။
တရား႐ႈမွတ္သူေတြ တရားမွတ္ခ်ိန္မွာ နားေထာင္ဖို႔ သီကုံးထားတဲ့ ေတးဂီတသံစဥ္ေတြရွိပါတယ္။ ဒီလို ေတးဂီတသံတစ္ခုခုကို နားေထာင္ေပးျခင္းက သင့္အေနန႔ဲ လွဲေလ်ာင္းၿပီးတရားမွတ္တာကို အက်ိဳးရွိေစမွာျဖစ္ပါတယ္။ ေတးဂီတသံက သင့္ကို အာ႐ုံစူးစိုက္ႏိုင္ေအာင္ လႈံ႕ေဆာ္မႈေပးႏိုင္ပါတယ္။ ဒါေပမယ့္ အရမ္းက်ယ္ေလာင္စူးရွတာမ်ိဳးကေတာ့ အာ႐ုံပ်က္စရာျဖစ္လာႏိုင္ပါတယ္။
လှဲလျောင်းပြီး တရားရှုမှတ်ခြင်း
တရားရှုမှတ်တဲ့အခါမှာ အကောင်းဆုံးနည်းလမ်းက ထိုင်ပြီးမှတ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကြမ်းပြင်မှာ တင်ပလ္လင်ခွေထိုင်ပြီး မှတ်တာမျိုးမဟုတ်ပဲ သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာထိုင်ပြီး မှတ်တာကလည်း အဆင်ပြေစေနိုင်ပါတယ်။ ခါးနာတတ်သူတွေ၊ တင်ပါး၊ ဒူးခေါင်းနဲ့ ခြေထောက်နာတတ်သူတွေဆိုရင် ထိုင်ပြီး တရားမှတ်ဖို့ အခက်အခဲရှိပါတယ်။ ဒီလိုလူတွေအတွက် အိပ်ပြီးတရားမှတ်တတ်ဖို့ လိုအပ်လာပါတယ်။ အိပ်ပြီး တရားမှတ်ရင် လူအများစုက အိပ်ပျော်သွားတတ်တဲ့ ပြဿနာရှိပါတယ်။ အိပ်မပျော်တဲ့ရောဂါရှိသူတွေကတော့ လဲလျောင်းပြီး တရားမှတ်ရင်း အိပ်ပျော်သွားတာက ပိုကောင်းပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာနဲ့ လှဲလျောင်းပြီး တရားမှတ်ချင်သူတွေအတွက် နည်းလမ်း(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မုဒြာ(လက်ဟန်)တစ်ခုသုံးပါ။
မုဒြာဆိုတာ လက်ချောင်းလေးတွေနဲ့ ပုံဖော်ရတဲ့ လက်ဟန်အမှတ်အသားတစ်ခုဖြစ်ပါတယ်။ မုဒြာပုံစံတစ်ခုကို အသုံပြုပါ။ လက်မောင်းတွေကို ဘေးတဖက်တစ်ချက်စီမှာ ချထားပြီး လက်ချောင်းတွေကို လက်မနဲ့ ထိထားပါ။ မုဒြာပုံစံတစ်ခုပြုလုပ်ထားခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို တရားထိုင်နေတဲ့လုပ်ငန်းစဉ်အတွင်းမှာ ရောက်နေစေမှာပါ။ မုဒြာအနေအထားလျော့ရဲလာပြီဆိုတာနဲ့ အာရုံစူးစိုက်မှုနည်းလာတာဖြစ်ပြီး ပြန်ပြီး အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ လှဲလျောင်းတရားမှတ်ရင်း အိပ်မပျော်သွားစေဖို့ လွယ်ကူရိုးရင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၂။ ဒူးထောင်ထားပါ။
သင် လှဲလျောင်းနေချိန်မှာ ဒူးခေါင်းတွေကို ထောင်ထားလိုက်ပါ။ ခြေဖဝါးတွေကိုတော့ အိပ်ရာ ဒါမှမဟုတ် ကြမ်းပြင်မှာ ထိကပ်ထားပါ။ ခါးနာ၊ ဒူးနာ ဝေဒနာရှိသူတွေကတော့ အဆင်ပြေသလို လုပ်နိုင်ပါတယ်။ ဒီအနေအထားကလည်း တရားမှတ်နေရင်း အိပ်မပျော်သွားအောင် ထိန်းထားပေးနိုင်ပါတယ်။ သင်အိပ်ပျော်သွားတာနဲ့ ဒူးခေါင်းတွေက ညွှတ်ကျလာမှာဖြစ်တဲ့အတွက် အသိပြန်ကပ်ပြီး ထိန်းထားနိုင်ဖို့လိုပါတယ်။
၃။ တေးဂီတသံနားထောင်ပါ။
တရားရှုမှတ်သူတွေ တရားမှတ်ချိန်မှာ နားထောင်ဖို့ သီကုံးထားတဲ့ တေးဂီတသံစဉ်တွေရှိပါတယ်။ ဒီလို တေးဂီတသံတစ်ခုခုကို နားထောင်ပေးခြင်းက သင့်အနေနဲ့ လှဲလျောင်းပြီးတရားမှတ်တာကို အကျိုးရှိစေမှာဖြစ်ပါတယ်။ တေးဂီတသံက သင့်ကို အာရုံစူးစိုက်နိုင်အောင် လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကျယ်လောင်စူးရှတာမျိုးကတော့ အာရုံပျက်စရာဖြစ်လာနိုင်ပါတယ်။