လူအများကြားမှာ သူစိမ်းမိန်းကလေးတစ်ယောက်ကို စကားစပြောနိုင်ဖို့
သင္နဲ႔လိုက္ဖက္တဲ့ မိန္းကေလးတစ္ေယာက္ကို ရွာမေတြ႕လို႔ ခက္ေနပါသလား။ ဒီလိုမိန္းကေလးတစ္ေယာက္ကို ေတြ႕ရွိဆံုစည္းႏိုင္ဖို႔ ႀကိဳတင္မစီစဥ္ထားပဲ မိန္းကေလးတစ္ေယာကို စကားစေျပာတတ္ဖို႔က ပထမအဆင့္ျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ လူၾကားသူၾကားမွာ မိန္းကေလးတစ္ေယာကို စကားသြားေျပာဖို႔ဆိုတာ တကယ္ကို တုန္လႈပ္ေျခာက္ျခားစရာပါပဲ။ ဟုတ္ပါတယ္။ မိတ္ဆက္ေပးသူမရွိပဲ သူစိမ္းမိန္းကေလးတစ္ေယာက္ကို ခ်ဥ္းကပ္ရတာဟာ ေယာကၤ်ားေလးအမ်ားစုအတြက္ ေျခာက္ျခားစရာ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကိစၥကို ကၽြမ္းက်င္ပိုင္ႏိုင္သြားၿပီဆိုရင္လည္း သင့္ရဲ႕အခ်စ္ေရးက သာယာသြားမွာ ေသခ်ာပါတယ္။ ဒီအတြက္ မိန္းကေလးတစ္ေယာက္ကို အလြယ္တကူ ခ်ဥ္းကပ္ႏုိင္ဖို႔ နည္းလမ္း(၃)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ စၿပီး စကားေျပာရမွာကို မလုပ္ခ်င္ရင္လည္း လုပ္ရမွာပါပဲ။
ေယာကၤ်ားေလးအမ်ားစုက မသိကၽြမ္းေသးတဲ့မိန္းကေလးတစ္ေယာက္နားကို သြားဖို႔နဲ႔ စကားစေျပာဖို႔ကို ေၾကာက္တတ္ၾကပါတယ္။ တကယ္ကို ထူးဆန္းပါတယ္။ တခ်ိဳ႕ေတြဆိုရင္ သူစိမ္းမိန္းကေလးတစ္ေယာက္ကို ခ်ဥ္းကပ္ဖို႔ထက္ M-16 ေသနတ္တစ္လက္ကိုင္ၿပီး အာဖဂန္စစ္ပြဲကို ေျပး၀င္သြားရဲတယ္လို႔ ေျပာသူေတြေတာင္ ရွိပါတယ္။ ဒါကလည္း မထူးဆန္းပါဘူး။ စစ္ပြဲအတြင္းမွာ တာလီဘန္ေတြေၾကာင့္ ေသဆံုးသြားရတာထက္ မိန္းကေလးတစ္ေယာက္က ေပၚတင္ႀကီးျငင္းပယ္တာကို ခံလိုက္ရတာက ပိုၿပီးခံရခက္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ သတိၱေမြးၿပီး ခ်ဥ္းကပ္ကာ စကားစေျပာၾကည့္မယ္ဆိုရင္ေတာ့ ထင္ထားသေလာက္မဆိုးရြားပဲ အဆင္ေျပႏိုင္ေခ်ပိုမ်ားတယ္ဆိုတာကို သိလာပါလိမ့္မယ္။
၂။ အခ်ိန္သံုးနာရီအတြင္းမ်ာ မိန္းကေလးအေယာက္(၁၀၀)ကို ခ်ဥ္းကပ္ပါ။
ဒီကိစၥက တကယ္ကိုစိတ္႐ႈပ္စရာျဖစ္မယ္ဆိုတာကို အရင္ဆံုးေျပာထားခ်င္ပါတယ္။ ဒီကိစၥက မိန္းကေလးေတြရဲ႕ ဖုန္းနံပါတ္ေတြရဖို႔နဲ႔ ခ်ိန္းေတြ႕ခြင့္ရဖို႔ ေလ့က်င့္ခန္းတစ္ခုမဟုတ္ပါဘူး။ လူမႈေရးလြတ္လပ္မႈရဖို႔ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။ ေျပာခ်င္တာက မိန္းကေလးေတြ တတ္ႏိုင္သမွ်မ်ားမ်ားနဲ႔ စကားလိုက္ေျပာၾကည့္တာက သင့္စိတ္ထဲက မလံုျခံဳမႈနဲ႔ အူေၾကာင္ေၾကာင္ျဖစ္မွာကို ေၾကာက္တဲ့စိတ္ေတြ ေပ်ာက္သြားဖို႔ ျဖစ္ပါတယ္။ ျငင္းပယ္ခံရမွာကို မစိုးရိမ္ပဲနဲ႔ ရဲရဲတင္းတင္းဆက္ဆံေရးတာက ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းအတြက္ အဆင့္သံုးဆင့္ရွိပါတယ္။
(က) Shopping mall ဒါမွမဟုတ္ ပြဲေတာ္တစ္ခုလိုမ်ိဳး လူစည္ကားတဲ့ေနရာတစ္ခုကိုသြားပါ။
(ခ) အေကာင္းဆံုးရလဒ္ရရွိဖို႔အတြက္ သူငယ္ခ်င္းတစ္ေယာက္ကို ေခၚသြားၿပီး အေလာင္းအစားလုပ္ပါ။
(ဂ) ရည္မွန္းလုပ္ေဆာင္ရမွာက အခ်ိန္သံုးနာရီအတြင္းမွာ မိန္းကေလးအေယာက္(၁၀၀)နဲ႔ စကားေျပာျဖစ္ဖို႔ပဲျဖစ္ပါတယ္။
စလုပ္ၿပီဆိုရင္ အျငင္းပယ္ခံရဖို႔က ေသခ်ာပါတယ္။ ဘယ္လိုလူလဲဆိုၿပီး လစ္လ်ဴ႐ႈခံလိုက္ရဖို႔လည္း မ်ားပါတယ္။ ဒါေပမယ့္ လူအမ်ားၾကားမွာ မိန္းကေလးေတြနဲ႔ စကားေျပာဖို႔ေၾကာက္စိတ္ေတာ့ ေတာ္ေတာ္ႀကီးကို နည္းသြားမွာ ျဖစ္ပါတယ္။
၃။ လိုက္နာသင့္တဲ့အခ်က္ေတြ
သူစိမ္းမိန္းကေလးတစ္ေယာက္ကို ခ်ဥ္းကပ္ဖို႔ တကယ္ကို မ၀ံ့မရဲျဖစ္ေနတယ္ဆိုရင္ အခ်ိန္ေမးတာတို႔၊ လမ္းေမးတာတို႔လို လြယ္ကူ႐ုိးရွင္းတာေလးေတြနဲ႔ စလို႔ရပါတယ္။ ဒီလိုေမးလို႔ မိန္းကေလးက စေျဖၿပီဆိုတာနဲ႔ တကယ္တမ္းေတာ့ ငါ သိပါတယ္။ တမင္ မင္းနဲ႔စကားေျပာခ်င္လို႔ပါ လို႔ ေျပာလိုက္ပါ။ မိန္းကေလးအမ်ားစုက ဒီလိုေျပာတာကို ဟာသလို႔ ထင္တတ္ၾကပါတယ္။ ေနာက္တစ္ခ်က္က သင္သေဘာက်တဲ့ မိန္းကေလးတစ္ေယာက္ေတြ႕ရင္ ဘာကိုမွအမ်ားႀကီးစဥ္းစားမေနပဲ စကားစေျပာလိုက္ပါ။ သင့္ရဲ႕ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေပၚမွာ မူတည္ၿပီး ရလဒ္က ကြဲျပားပါလိမ့္မယ္။
လူအများကြားမှာ သူစိမ်းမိန်းကလေးတစ်ယောက်ကို စကားစပြောနိုင်ဖို့
သင်နဲ့လိုက်ဖက်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာမတွေ့လို့ ခက်နေပါသလား။ ဒီလိုမိန်းကလေးတစ်ယောက်ကို တွေ့ရှိဆုံစည်းနိုင်ဖို့ ကြိုတင်မစီစဉ်ထားပဲ မိန်းကလေးတစ်ယောကို စကားစပြောတတ်ဖို့က ပထမအဆင့်ဖြစ်ပါတယ်။ အစပိုင်းမှာတော့ လူကြားသူကြားမှာ မိန်းကလေးတစ်ယောကို စကားသွားပြောဖို့ဆိုတာ တကယ်ကို တုန်လှုပ်ခြောက်ခြားစရာပါပဲ။ ဟုတ်ပါတယ်။ မိတ်ဆက်ပေးသူမရှိပဲ သူစိမ်းမိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ရတာဟာ ယောင်္ကျားလေးအများစုအတွက် ခြောက်ခြားစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင်လည်း သင့်ရဲ့အချစ်ရေးက သာယာသွားမှာ သေချာပါတယ်။ ဒီအတွက် မိန်းကလေးတစ်ယောက်ကို အလွယ်တကူ ချဉ်းကပ်နိုင်ဖို့ နည်းလမ်း(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စပြီး စကားပြောရမှာကို မလုပ်ချင်ရင်လည်း လုပ်ရမှာပါပဲ။
ယောင်္ကျားလေးအများစုက မသိကျွမ်းသေးတဲ့မိန်းကလေးတစ်ယောက်နားကို သွားဖို့နဲ့ စကားစပြောဖို့ကို ကြောက်တတ်ကြပါတယ်။ တကယ်ကို ထူးဆန်းပါတယ်။ တချို့တွေဆိုရင် သူစိမ်းမိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ထက် M-16 သေနတ်တစ်လက်ကိုင်ပြီး အာဖဂန်စစ်ပွဲကို ပြေးဝင်သွားရဲတယ်လို့ ပြောသူတွေတောင် ရှိပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ စစ်ပွဲအတွင်းမှာ တာလီဘန်တွေကြောင့် သေဆုံးသွားရတာထက် မိန်းကလေးတစ်ယောက်က ပေါ်တင်ကြီးငြင်းပယ်တာကို ခံလိုက်ရတာက ပိုပြီးခံရခက်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သတ္တိမွေးပြီး ချဉ်းကပ်ကာ စကားစပြောကြည့်မယ်ဆိုရင်တော့ ထင်ထားသလောက်မဆိုးရွားပဲ အဆင်ပြေနိုင်ချေပိုများတယ်ဆိုတာကို သိလာပါလိမ့်မယ်။
၂။ အချိန်သုံးနာရီအတွင်းမျာ မိန်းကလေးအယောက်(၁၀၀)ကို ချဉ်းကပ်ပါ။
ဒီကိစ္စက တကယ်ကိုစိတ်ရှုပ်စရာဖြစ်မယ်ဆိုတာကို အရင်ဆုံးပြောထားချင်ပါတယ်။ ဒီကိစ္စက မိန်းကလေးတွေရဲ့ ဖုန်းနံပါတ်တွေရဖို့နဲ့ ချိန်းတွေ့ခွင့်ရဖို့ လေ့ကျင့်ခန်းတစ်ခုမဟုတ်ပါဘူး။ လူမှုရေးလွတ်လပ်မှုရဖို့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ပြောချင်တာက မိန်းကလေးတွေ တတ်နိုင်သမျှများများနဲ့ စကားလိုက်ပြောကြည့်တာက သင့်စိတ်ထဲက မလုံခြုံမှုနဲ့ အူကြောင်ကြောင်ဖြစ်မှာကို ကြောက်တဲ့စိတ်တွေ ပျောက်သွားဖို့ ဖြစ်ပါတယ်။ ငြင်းပယ်ခံရမှာကို မစိုးရိမ်ပဲနဲ့ ရဲရဲတင်းတင်းဆက်ဆံရေးတာက ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် အဆင့်သုံးဆင့်ရှိပါတယ်။
(က) Shopping mall ဒါမှမဟုတ် ပွဲတော်တစ်ခုလိုမျိုး လူစည်ကားတဲ့နေရာတစ်ခုကိုသွားပါ။
(ခ) အကောင်းဆုံးရလဒ်ရရှိဖို့အတွက် သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားပြီး အလောင်းအစားလုပ်ပါ။
(ဂ) ရည်မှန်းလုပ်ဆောင်ရမှာက အချိန်သုံးနာရီအတွင်းမှာ မိန်းကလေးအယောက်(၁၀၀)နဲ့ စကားပြောဖြစ်ဖို့ပဲဖြစ်ပါတယ်။
စလုပ်ပြီဆိုရင် အငြင်းပယ်ခံရဖို့က သေချာပါတယ်။ ဘယ်လိုလူလဲဆိုပြီး လစ်လျူရှုခံလိုက်ရဖို့လည်း များပါတယ်။ ဒါပေမယ့် လူအများကြားမှာ မိန်းကလေးတွေနဲ့ စကားပြောဖို့ကြောက်စိတ်တော့ တော်တော်ကြီးကို နည်းသွားမှာ ဖြစ်ပါတယ်။
၃။ လိုက်နာသင့်တဲ့အချက်တွေ
သူစိမ်းမိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ တကယ်ကို မဝံ့မရဲဖြစ်နေတယ်ဆိုရင် အချိန်မေးတာတို့၊ လမ်းမေးတာတို့လို လွယ်ကူရိုးရှင်းတာလေးတွေနဲ့ စလို့ရပါတယ်။ ဒီလိုမေးလို့ မိန်းကလေးက စဖြေပြီဆိုတာနဲ့ တကယ်တမ်းတော့ ငါ သိပါတယ်။ တမင် မင်းနဲ့စကားပြောချင်လို့ပါ လို့ ပြောလိုက်ပါ။ မိန်းကလေးအများစုက ဒီလိုပြောတာကို ဟာသလို့ ထင်တတ်ကြပါတယ်။ နောက်တစ်ချက်က သင်သဘောကျတဲ့ မိန်းကလေးတစ်ယောက်တွေ့ရင် ဘာကိုမှအများကြီးစဉ်းစားမနေပဲ စကားစပြောလိုက်ပါ။ သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေါ်မှာ မူတည်ပြီး ရလဒ်က ကွဲပြားပါလိမ့်မယ်။