သမိုင္းတေလွ်ာက္ အခ်မ္းသာဆံုးပုဂိၢဳဟ္ (၁၀)ဦး

သမိုင္းတေလွ်ာက္ အခ်မ္းသာဆံုးပုဂိၢဳဟ္ (၁၀)ဦး

သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုဟ် (၁၀)ဦး

ယေန႔ေခတ္ ကမာၻမွာအခ်မ္းသာဆံုးလို႔ ေျပာလိုက္ရင္ Bill Gates နဲ႔ Warren Buffets တို႔ကိုပဲ ေျပးျမင္မိမွာပါ။ ဟုတ္ပါတယ္။ အခုလက္ရွိအခ်ိန္မွာ သူတို႔ထက္ ခ်မ္းသာတဲ့သူ မရွိဘူးဆိုေပမယ့္ အတိတ္သမိုင္းေၾကာင္းတစ္ေလွ်ာက္ကို ျပန္ၾကည့္ၿပီး ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ သူတို႔က အခ်မ္းသာဆံုးစာရင္း ထိပ္ဆံုးမွာ ရပ္တည္ႏိုင္မွာ မဟုတ္ပါဘူး။

ေခတ္သစ္ ေခတ္ေဟာင္း သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ခ်မ္းသာၾကြယ္၀သူေတြက မေရမတြက္ႏိုင္ေလာက္ေအာင္ကို ရွိခဲ့ပါတယ္။ လူေတြက ေျမာက္မ်ားစြာေသာ စည္းစိမ္ဥစၥာေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ တည္ေဆာက္ခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ေတြက ေသြးေခ်ာင္းစီးတိုက္ပြဲေတြကတဆင့္၊ တစ္ခ်ိဳ႕ေတြကေတာ့ သရဖူေဆာင္းၿပီးေတာ့ တစ္မ်ိဳး၊ ေခၽြတာစုေဆာင္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ ႀကီးမားလွတဲ့ စီးပြားေရးလုပ္ငန္းႀကီးေတြ တည္ေထာင္ၿပီးေတာ့ပဲျဖစ္ျဖစ္ ဥစၥာဓနေတြကို ရယူပိုင္ဆိုင္ခဲ့ၾကပါတယ္။ အခုေခတ္ကာလမွာ ကမာၻ႔အခ်မ္းသာဆံုးဆိုတဲ့ ပုဂိၢဳဟ္အမ်ားစုက ေတာင္လိုပံုေနတဲ့ ေငြေၾကးဥစၥာေတြကို စီးပြားေရးလုပ္ငန္းေတြကတဆင့္ရွာေဖြတည္ေဆာက္ခဲ့ၾကေပမယ့္ သမိုင္းေၾကာင္းထဲမွာေတာ့ အၾကမ္းဖက္မႈေတြ ပိုမ်ားခဲ့ပါတယ္။

ဒီေတာ့ အခုအခ်ိန္အထိ အခ်မ္းသာဆံုးျဖစ္ခဲ့ဖူးတဲ့ ပုဂိၢဳဟ္က ဘယ္သူျဖစ္မလဲ? Alexendar the Great Genghis Khan King Solomon တို႔လို သမိုင္း၀င္ခ်မ္းသာၾကြယ္၀တဲ့ ပုဂိၢဳဟ္ေတြျဖစ္ေပမယ့္ ပိုင္ဆိုင္မႈကို စာရင္းေကာက္ဖို႔ မလြယ္ေတာ့သူေတြကို ဖယ္ၿပီး ၾကည့္မယ္ဆိုရင္ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အခ်မ္းသာဆံုးပုဂၢိဳဟ္ (၁၀)ေယာက္ရွိပါတယ္။

၁၀။ Cornelius Vanderbilt (ကန္ေဒၚလာ ၁၈၅ ဘီလီယံ)

Cronelius Vanderbilt ကေတာ့ အေမရိကန္သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အထင္ရွားဆံုးအမည္နာမတစ္ခု ျဖစ္ပါတယ္။ သူဟာ ၁၈၀၀ ျပည့္ႏွစ္မ်ားမွာ ႏိုင္ငံတ၀ွမ္း မီးရထားလမ္းေဖာက္လုပ္ေရးလုပ္ငန္း၊ သေဘၤာလုပ္ငန္းေတြနဲ႔ ၾကြယ္၀ခ်မ္းသာလာသူျဖစ္ပါတယ္။

၉။ Henry Ford (ကန္ေဒၚလာ ၁၉၉ ဘီလီယံ)

အေမရိကန္ျပည္ေထာင္စု စီးပြားေရးလုပ္ငန္းသမိုင္းေၾကာင္းမွာ အေရးပါအရာေရာက္တဲ့ ပုဂိၢဳဟ္ေတြထဲက တစ္ဦးကေတာ့ Henry Ford ပဲျဖစ္ပါတယ္။ Henry Ford ကေတာ့ Ford Motor ကုမၸဏီကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ေမာ္ေတာ္ကားေတြကို အေျမာက္အမ်ားထုတ္လုပ္ခဲ့သူ ျဖစ္ပါတယ္။ သယ္ယူပို႔ေဆာင္ေရး ေခတ္ေျပာင္းေတာ္လွန္ေရးမွာ စက္မႈစီးပြားေရးေလာကရဲ႕ ဥေသွ်ာင္တစ္ဦးျဖစ္ခဲ့ပါတယ္။

၈။ Muammar Gaddafi (ကန္ေဒၚလာ ၂၀၀ ဘီလီယံ)

Muammar Gaddafi ကိုေတာ့ စာဖတ္သူအမ်ားစုအမ်ားစု ရင္းႏွီးၿပီးသားျဖစ္မွာပါ။ မၾကာေသးခင္ႏွစ္ပိုင္းအတြင္းက ေျမာက္အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့ လစ္ဗ်ားႏိုင္ငံရဲ႕ အာဏာရွင္တစ္ဦးျဖစ္ခဲ့ၿပီး ျဖဳတ္ခ်ခံခဲ့ရသူျဖစ္ပါတယ္။ Gaddafi ဟာ လစ္ဗ်ားႏိုင္ငံကို သူအုပ္ခ်ဳပ္ခဲ့တဲ့ (၄၂)ႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ (၂၀၀)ဘီလီယံေလာက္ကို ထိန္းသိမ္းပိုင္ဆိုင္ထားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီလိုအာဏာရွင္တစ္ေယာက္ျဖစ္တဲ့ Gaddafi ဟာ ၂၀၁၁ ခုႏွစ္အတြင္း လစ္ဗ်ားျပည္တြင္းစစ္မွာ ေတာ္လွန္ေရးသမားေတြရဲ႕ သတ္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္။

၇။ William the Conqueror (ကန္ေဒၚလာ ၂၂၉ ဘီလီယံ)

William the Conqueror ရဲ႕ ပိုင္ဆိုင္မႈကို အေမရိကန္ေဒၚလာ (၂၀၉)ဘီလီယံကေန (၂၉၉)ဘီလီယံေလာက္ အထိရွိႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။ William ဟာ အဂၤလန္ႏိုင္ငံရဲ႕ ဘုရင္တစ္ပါးျဖစ္ၿပီး ၁၀၆၆ ခုႏွစ္ကေန ၁၀၈၇ ခုႏွစ္အထိ စိုးစံအုပ္ခ်ဳပ္ခဲ့ပါတယ္။

၆။ Jakob Fugger (ကန္ေဒၚလာ ၂၂၁ ဘီလီယံ)

သမိုင္းေၾကာင္းတစ္ေလွ်ာက္ ကမာၻအခ်မ္းသာဆံုးပုဂိၢဳဟ္ေတြထဲမွာ Jakob Fugger ကလည္း တစ္ဦးအပါအ၀င္ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကုန္သြယ္ေရးနဲ႔ ဘဏ္လုပ္ငန္းေတြကေန ေဒၚလာ (၂၂၁)ဘီလီယံကို ပိုင္ဆိုင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ Fugger ဟာ ၁၄၅၉ ခုႏွစ္မွာ ဂ်ာမနီႏိုင္ငံ ေအာ့စ္ဘက္ဂ္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ၁၅၂၅ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။ Fugger ရဲ႕ ခ်မ္းသာၾကြယ္၀မႈဟာ အီတလီႏိုင္ငံအတြင္း အထည္အလိပ္ကုန္သြယ္မႈနဲ႔ ဟန္ေဂရီနဲ႔ ဘိုဟီးမီးယားႏိုင္ငံတို႔က ေရႊတြင္း ေငြတြင္းေတြေၾကာင့္ ရရွိလာခဲ့တာျဖစ္ပါတယ္။

၅။ Mir Osman Ali Khan (ကန္ေဒၚလာ ၂၃၀ ဘီလီယံ)

Mir Osman Ali Khan အေၾကာင္းကိုေတာ့ ၾကားဖူးၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူကလည္း ကမာၻ႔အခ်မ္းသာဆံုးစာရင္းမွာ ပါသင့္သူတစ္ေယာက္ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ ဟိုက္ဒရာဘတ္ျပည္နယ္ရဲ႕ အုပ္ခ်ဳပ္သူတစ္ေယာက္အေနနဲ႔ သူ႔ရဲ႕ပိုင္ဆိုင္မႈက ေဒၚလာ(၂၃၀)ဘီလီယံအထိ ရွိခဲ့ပါတယ္။ ၁၉၁၁ ခုႏွစ္မွာ သူ႔ရဲ႕ဖခင္ျဖစ္သူကြယ္လြန္ၿပီး ျပည္နယ္အုပ္ခ်ဳပ္သူတစ္ေယာက္ျဖစ္လာခဲ့ကာ (၃၇)ႏွစ္အုပ္စိုးခဲ့ပါတယ္။ သူလက္ထက္မွာ ပညာေရး၊ လွ်ပ္စစ္ဓာတ္အားရရွိေရးနဲ႔၊ မီးရထားလမ္းကြန္ယက္က်ယ္ျပန္႔ေရးတို႔ကို လုပ္ေဆာင္ခဲ့ၿပီး ၁၉၆၇ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။

၄။ Nikolai Alexandrovich Romannov (ကန္ေဒၚလာ ၃၀၀ ဘီလီယံ)

Tsar Nicholas II လို႔ လူသိမ်ားတဲ့ Nikolai Alexandrovich Romannov ဟာ ႐ုရွားေတာ္လွန္ေရးကာလအတြင္း ႏိုင္ငံမျပိဳကြဲခင္က ေနာက္ဆံုးအင္ပါရာအရွင္သခင္ျဖစ္ခဲ့တဲ့အတြက္ ေက်ာ္ၾကားသူတစ္ဦးျဖစ္ပါတယ္။ သူရဲ႕ပိုင္ဆိုင္မႈဟာ ကန္ေဒၚလာ (၃၀၀)ဘီလီယံအထိရွိခဲ့ပါတယ္။ ႐ုရွားေတာ္လွန္ေရးအၿပီး ၁၉၁၈ ခုႏွစ္မွာ သူနဲ႔သူ႔မိသားစုတစ္ခုလံုးကို ကြပ္မ်က္ခဲ့ပါတယ္။ သူနဲ႔ပတ္သက္ၿပီး မွတ္သားစရာတစ္ခုက Nicholas II ဟာ Russan Orthodox ဘုရားေက်ာင္းက အသိအမွတ္ျပဳ သူေတာ္စင္တစ္ဦးျဖစ္ၿပီး လူသားသမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အခ်မ္းသာဆုံး သူေတာ္စင္လည္းျဖစ္ပါတယ္။

၃။ Andrew Carnegie (ကန္ေဒၚလာ ၃၁၀ ဘီလီယံ)

Andrew Carnegie ဟာ ၁၈၀၀ ျပည့္ႏွစ္လယ္ပိုင္းေလာက္မွာ သံမဏိလုပ္ငန္းကေနတဆင့္ ခ်မ္းသာၾကြယ္၀ၿပီး အာဏာႀကီးမားတဲ့ စက္မႈလုပ္ငန္းရွင္တစ္ဦးျဖစ္ပါတယ္။ စေကာ့တလန္ႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ Carnegie ဟာ ဆင္းရဲသားမိသားစု၀င္တစ္ဦးျဖစ္ခဲ့ၿပီး ၁၈၄၀ ခုႏွစ္ေႏွာင္းပိုင္းက်မွ အေမရိကန္ျပည္ေထာင္စုအတြင္း ၀င္ေရာက္ခဲ့တာျဖစ္ပါတယ္။ လုပ္ငန္းမ်ားစြာမွာ ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီးေနာက္မွာ U.S. Steel Corp ကို တည္ေထာင္ခဲ့ၿပီး ေဒၚလာ(၃၁၀)ဘီလီယံအထိ ၾကြယ္၀ခ်မ္းသာလာခဲ့တာျဖစ္ပါတယ္။ သူနဲ႔ပတ္သက္ၿပီး ထင္ရွားရတဲ့အေၾကာင္းရင္းက Carnegie ဟာ ကမာၻ႔ေရွ႕ေဆာင္ ပရဟိတသမားတစ္ေယာက္ျဖစ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

၂။ John D. Rockefeller (ကန္ေဒၚလာ ၃၄၀ ဘီလီယံ)

Rockefeller ဟာလည္ အေမရိကန္သမိုင္းေၾကာင္းမွာ နာမည္တြင္က်န္ရစ္သူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ပိုင္ဆိုင္ၾကြယ္၀မႈ ေဒၚလာ (၃၄၀)ဘီလီယံက ကမာၻမွာ ဒုတိယအမ်ားဆံုးၾကြယ္၀မႈပဲ ျဖစ္ပါတယ္။ ၁၈၃၉ ခုႏွစ္အတြင္း နယူးေယာက္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ေရနံနဲ႔ စြမ္းအင္း ေခတ္ေျပာင္းေတာ္လွန္ေရးမွာ Standard Oil ေရနံလုပ္ငန္းကေန အက်ိဳးအျမတ္ေတြ မ်ားစြာရရွိခဲ့တာျဖစ္ပါတယ္။ Rockefeller ဟာလည္ သူ႔ရဲ႕ ပရဟိတလုပ္ငန္းေတြေၾကာင့္ နာမည္ေက်ာ္ၾကားသလို University of Chicago နဲ႔ Rockefeller University တို႔ကို တည္ေတာင္ခဲ့သူလည္း ျဖစ္ပါတယ္။

၁။ Mansa Musa (ကန္ေဒၚလာ ၄၀၀ ဘီလီယံ)

မွတ္တမ္းတင္ႏိုင္သေလာက္ ကမာၻမွာ အခ်မ္းသာဆံုးပုဂိၢဳဟ္ကေတာ့ Mansa Musa ဒါမွမဟုတ္ Musa I of Mali ပဲျဖစ္ပါတယ္။ မာလီအင္ပါရာရဲ႕ အင္ပါရာအရွင္သခင္တစ္ေယာက္ျဖစ္တာနဲ႔ အညီ သူ႔ရဲ႕ပိုင္ဆိုင္မႈကလည္း ပါးစပ္အေဟာင္းသားျဖစ္သြားေလာက္ေအာင္ ကန္ေဒၚလာ (၄၀၀)ဘီလီယံအထိ ရွိခဲ့ပါတယ္။ ဒီပမာဏဟာ လက္ရွိအခ်ိန္မွာ ကမာၻအခ်မ္းသာဆံုးပုဂၢိဳဟ္ထက္ ()ဆေလာက္ပိုမ်ားေနပါတယ္။ Musa ကို ၁၂၈၀ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ၁၃၃၇ ခုႏွစ္အထိ ေနထိုင္ခဲ့ပါတယ္။ အာဖရိကတ၀ွမ္းမွာ ပညာေရးအေဆာက္အဦးေတြနဲ႔ ဗလီေတြ အမ်ားအျပားတည္ေဆာက္ခဲ့သူျဖစ္ပါတယ္။


သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုဟ် (၁၀)ဦး

ယနေ့ခေတ် ကမ္ဘာမှာအချမ်းသာဆုံးလို့ ပြောလိုက်ရင် Bill Gates နဲ့ Warren Buffets တို့ကိုပဲ ပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်။ အခုလက်ရှိအချိန်မှာ သူတို့ထက် ချမ်းသာတဲ့သူ မရှိဘူးဆိုပေမယ့် အတိတ်သမိုင်းကြောင်းတစ်လျှောက်ကို ပြန်ကြည့်ပြီး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့က အချမ်းသာဆုံးစာရင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

ခေတ်သစ် ခေတ်ဟောင်း သမိုင်းကြောင်းတစ်လျှောက်မှာ ချမ်းသာကြွယ်ဝသူတွေက မရေမတွက်နိုင်လောက်အောင်ကို ရှိခဲ့ပါတယ်။ လူတွေက မြောက်များစွာသော စည်းစိမ်ဥစ္စာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ တစ်ချို့တွေက သွေးချောင်းစီးတိုက်ပွဲတွေကတဆင့်၊ တစ်ချို့တွေကတော့ သရဖူဆောင်းပြီးတော့ တစ်မျိုး၊ ချွေတာစုဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ ကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်ပြီးတော့ပဲဖြစ်ဖြစ် ဥစ္စာဓနတွေကို ရယူပိုင်ဆိုင်ခဲ့ကြပါတယ်။ အခုခေတ်ကာလမှာ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုဟ်အများစုက တောင်လိုပုံနေတဲ့ ငွေကြေးဥစ္စာတွေကို စီးပွားရေးလုပ်ငန်းတွေကတဆင့်ရှာဖွေတည်ဆောက်ခဲ့ကြပေမယ့် သမိုင်းကြောင်းထဲမှာတော့ အကြမ်းဖက်မှုတွေ ပိုများခဲ့ပါတယ်။

ဒီတော့ အခုအချိန်အထိ အချမ်းသာဆုံးဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုဟ်က ဘယ်သူဖြစ်မလဲ? Alexendar the Great၊ Genghis Khan ၊ King Solomon တို့လို သမိုင်းဝင်ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုဟ်တွေဖြစ်ပေမယ့် ပိုင်ဆိုင်မှုကို စာရင်းကောက်ဖို့ မလွယ်တော့သူတွေကို ဖယ်ပြီး ကြည့်မယ်ဆိုရင် သမိုင်းကြောင်းတစ်လျှောက်မှာ အချမ်းသာဆုံးပုဂ္ဂိုဟ် (၁၀)ယောက်ရှိပါတယ်။

၁၀။ Cornelius Vanderbilt (ကန်ဒေါ်လာ ၁၈၅ ဘီလီယံ)
Cronelius Vanderbilt ကတော့ အမေရိကန်သမိုင်းကြောင်းတစ်လျှောက်မှာ အထင်ရှားဆုံးအမည်နာမတစ်ခု ဖြစ်ပါတယ်။ သူဟာ ၁၈၀၀ ပြည့်နှစ်များမှာ နိုင်ငံတဝှမ်း မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောလုပ်ငန်းတွေနဲ့ ကြွယ်ဝချမ်းသာလာသူဖြစ်ပါတယ်။

၉။ Henry Ford (ကန်ဒေါ်လာ ၁၉၉ ဘီလီယံ)
အမေရိကန်ပြည်ထောင်စု စီးပွားရေးလုပ်ငန်းသမိုင်းကြောင်းမှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုဟ်တွေထဲက တစ်ဦးကတော့ Henry Ford ပဲဖြစ်ပါတယ်။ Henry Ford ကတော့ Ford Motor ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်ပြီး မော်တော်ကားတွေကို အမြောက်အများထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး ခေတ်ပြောင်းတော်လှန်ရေးမှာ စက်မှုစီးပွားရေးလောကရဲ့ ဥသျှောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

၈။ Muammar Gaddafi (ကန်ဒေါ်လာ ၂၀၀ ဘီလီယံ)
Muammar Gaddafi ကိုတော့ စာဖတ်သူအများစုအများစု ရင်းနှီးပြီးသားဖြစ်မှာပါ။ မကြာသေးခင်နှစ်ပိုင်းအတွင်းက မြောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ လစ်ဗျားနိုင်ငံရဲ့ အာဏာရှင်တစ်ဦးဖြစ်ခဲ့ပြီး ဖြုတ်ချခံခဲ့ရသူဖြစ်ပါတယ်။ Gaddafi ဟာ လစ်ဗျားနိုင်ငံကို သူအုပ်ချုပ်ခဲ့တဲ့ (၄၂)နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ (၂၀၀)ဘီလီယံလောက်ကို ထိန်းသိမ်းပိုင်ဆိုင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအာဏာရှင်တစ်ယောက်ဖြစ်တဲ့ Gaddafi ဟာ ၂၀၁၁ ခုနှစ်အတွင်း လစ်ဗျားပြည်တွင်းစစ်မှာ တော်လှန်ရေးသမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

၇။ William the Conqueror (ကန်ဒေါ်လာ ၂၂၉ ဘီလီယံ)
William the Conqueror ရဲ့ ပိုင်ဆိုင်မှုကို အမေရိကန်ဒေါ်လာ (၂၀၉)ဘီလီယံကနေ (၂၉၉)ဘီလီယံလောက် အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ William ဟာ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ၁၀၆၆ ခုနှစ်ကနေ ၁၀၈၇ ခုနှစ်အထိ စိုးစံအုပ်ချုပ်ခဲ့ပါတယ်။

၆။ Jakob Fugger (ကန်ဒေါ်လာ ၂၂၁ ဘီလီယံ)
သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုဟ်တွေထဲမှာ Jakob Fugger ကလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေကနေ ဒေါ်လာ (၂၂၁)ဘီလီယံကို ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ Fugger ဟာ ၁၄၅၉ ခုနှစ်မှာ ဂျာမနီနိုင်ငံ အော့စ်ဘက်ဂ်မြို့မှာ မွေးဖွားခဲ့ပြီး ၁၅၂၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Fugger ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အီတလီနိုင်ငံအတွင်း အထည်အလိပ်ကုန်သွယ်မှုနဲ့ ဟန်ဂေရီနဲ့ ဘိုဟီးမီးယားနိုင်ငံတို့က ရွှေတွင်း ငွေတွင်းတွေကြောင့် ရရှိလာခဲ့တာဖြစ်ပါတယ်။

၅။ Mir Osman Ali Khan (ကန်ဒေါ်လာ ၂၃၀ ဘီလီယံ)
Mir Osman Ali Khan အကြောင်းကိုတော့ ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကလည်း ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါသင့်သူတစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ပြည်နယ်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ(၂၃၀)ဘီလီယံအထိ ရှိခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ သူ့ရဲ့ဖခင်ဖြစ်သူကွယ်လွန်ပြီး ပြည်နယ်အုပ်ချုပ်သူတစ်ယောက်ဖြစ်လာခဲ့ကာ (၃၇)နှစ်အုပ်စိုးခဲ့ပါတယ်။ သူလက်ထက်မှာ ပညာရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့၊ မီးရထားလမ်းကွန်ယက်ကျယ်ပြန့်ရေးတို့ကို လုပ်ဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

၄။ Nikolai Alexandrovich Romannov (ကန်ဒေါ်လာ ၃၀၀ ဘီလီယံ)
Tsar Nicholas II လို့ လူသိများတဲ့ Nikolai Alexandrovich Romannov ဟာ ရုရှားတော်လှန်ရေးကာလအတွင်း နိုင်ငံမပြိုကွဲခင်က နောက်ဆုံးအင်ပါရာအရှင်သခင်ဖြစ်ခဲ့တဲ့အတွက် ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ပိုင်ဆိုင်မှုဟာ ကန်ဒေါ်လာ (၃၀၀)ဘီလီယံအထိရှိခဲ့ပါတယ်။ ရုရှားတော်လှန်ရေးအပြီး ၁၉၁၈ ခုနှစ်မှာ သူနဲ့သူ့မိသားစုတစ်ခုလုံးကို ကွပ်မျက်ခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး မှတ်သားစရာတစ်ခုက Nicholas II ဟာ Russan Orthodox ဘုရားကျောင်းက အသိအမှတ်ပြု သူတော်စင်တစ်ဦးဖြစ်ပြီး လူသားသမိုင်းကြောင်းတစ်လျှောက်မှာ အချမ်းသာဆုံး သူတော်စင်လည်းဖြစ်ပါတယ်။

၃။ Andrew Carnegie (ကန်ဒေါ်လာ ၃၁၀ ဘီလီယံ)
Andrew Carnegie ဟာ ၁၈၀၀ ပြည့်နှစ်လယ်ပိုင်းလောက်မှာ သံမဏိလုပ်ငန်းကနေတဆင့် ချမ်းသာကြွယ်၀ပြီး အာဏာကြီးမားတဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ စကော့တလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ Carnegie ဟာ ဆင်းရဲသားမိသားစုဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၈၄၀ ခုနှစ်နှောင်းပိုင်းကျမှ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းများစွာမှာ ရင်းနှီးမြုပ်နှံခဲ့ပြီးနောက်မှာ U.S. Steel Corp ကို တည်ထောင်ခဲ့ပြီး ဒေါ်လာ(၃၁၀)ဘီလီယံအထိ ကြွယ်ဝချမ်းသာလာခဲ့တာဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး ထင်ရှားရတဲ့အကြောင်းရင်းက Carnegie ဟာ ကမ္ဘာ့ရှေ့ဆောင် ပရဟိတသမားတစ်ယောက်ဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

၂။ John D. Rockefeller (ကန်ဒေါ်လာ ၃၄၀ ဘီလီယံ)
Rockefeller ဟာလည် အမေရိကန်သမိုင်းကြောင်းမှာ နာမည်တွင်ကျန်ရစ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်ကြွယ်ဝမှု ဒေါ်လာ (၃၄၀)ဘီလီယံက ကမ္ဘာမှာ ဒုတိယအများဆုံးကြွယ်ဝမှုပဲ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ်အတွင်း နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး ရေနံနဲ့ စွမ်းအင်း ခေတ်ပြောင်းတော်လှန်ရေးမှာ Standard Oil ရေနံလုပ်ငန်းကနေ အကျိုးအမြတ်တွေ များစွာရရှိခဲ့တာဖြစ်ပါတယ်။ Rockefeller ဟာလည် သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကြောင့် နာမည်ကျော်ကြားသလို University of Chicago နဲ့ Rockefeller University တို့ကို တည်တောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁။ Mansa Musa (ကန်ဒေါ်လာ ၄၀၀ ဘီလီယံ)
မှတ်တမ်းတင်နိုင်သလောက် ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုဟ်ကတော့ Mansa Musa ဒါမှမဟုတ် Musa I of Mali ပဲဖြစ်ပါတယ်။ မာလီအင်ပါရာရဲ့ အင်ပါရာအရှင်သခင်တစ်ယောက်ဖြစ်တာနဲ့ အညီ သူ့ရဲ့ပိုင်ဆိုင်မှုကလည်း ပါးစပ်အဟောင်းသားဖြစ်သွားလောက်အောင် ကန်ဒေါ်လာ (၄၀၀)ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ လက်ရှိအချိန်မှာ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုဟ်ထက် (၄)ဆလောက်ပိုများနေပါတယ်။ Musa ကို ၁၂၈၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၃၃၇ ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။ အာဖရိကတဝှမ်းမှာ ပညာရေးအဆောက်အဦးတွေနဲ့ ဗလီတွေ အများအပြားတည်ဆောက်ခဲ့သူဖြစ်ပါတယ်။

Related Posts

%%footer%%