အများရှေ့မှာ စကားပြောနိုင်ဖို့ နည်းလမ်း(၃)ခု
လူအမ်ားေရွ႕မွာစကားေျပာျခင္းက ကၽြန္ေတာ္တို႔ဘ၀မွာ တစ္ေကြ႕မဟုတ္တစ္ေကြ႕ၾကံဳေတြ႕ရမယ့္ ကိစၥျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကိစၥကပဲ ေတာ္ေတာ္မ်ားမ်ားအတြက္ ေၾကာက္စရာအေကာင္းဆံုးကိစၥ ျဖစ္ေနတတ္ပါတယ္။ သင့္အေနနဲ႔ စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ အမ်ားေရွ႕မွာ စကားေျပာဖို႔က ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ ရင္းႏွီးျမဳပ္ႏွံသူေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ မိသားစုေတြ၊ သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ စိတ္အာ႐ုံကိုဆြဲေဆာင္ႏိုင္ဖို႔ အမ်ားေရွ႕မွာယုံၾကည္မႈရွိရွိနဲ႔ စကားေျပာႏိုင္ရမွာ ျဖစ္ပါတယ္။
အမ်ားေရွ႕စကားေျပာျခင္းက ပံုမွန္ကိစၥတစ္ခုျဖစ္ေပမယ့္လည္း လူအမ်ားစုက သူတို႔စိတ္ထဲက စိုးရိမ္စိတ္ကို ရွင္းထုတ္ႏိုင္စြမ္းမရွိၾကပါဘူး။ ဒီလိုျဖစ္ရတဲ့အဓိကအေၾကာင္းရင္းက စိုးရိမ္စိတ္ကို ေခါင္းထဲအ၀င္ခံလို႔ပဲျဖစ္ပါတယ္။ ဒီလိုစိုးရိမ္တတ္ၾကတဲ့အတြက္ သူတို႔ရဲ႕စိတ္ကူးေတြကို ထုတ္ေဖာ္ျပသဖို႔ အခြင့္အလမ္းဆံုး႐ႈံးၾကရတတ္ပါတယ္။ ဒါ့အျပင္ အမ်ားေရွ႕မွာစကားေျပာရမွာ ေၾကာက္စိတ္ေၾကာင့္ သူတို႔ရမယ့္ အခြင့္အေရးေတြ၊ အလုပ္ခြင္ထဲမွာဆိုရင္လည္း ရာထူးလစာတိုးျမင့္ခံရမႈေတြကို ေျပာရဲဆိုရဲရွိသူေတြကုိ ေပးလိုက္တတ္ၾကရပါတယ္။ ဒါ့ေၾကာင့္ သင္လည္းပဲ အခြင့္အေရးေတြ မဆံုး႐ႈံးရေစဖို႔ အမ်ားေရွ႕မွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္နဲ႔ စကားေျပာႏိုင္ဖို႔ လိုက္နာသင့္တဲ့နည္းလမ္းသံုးခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ အသက္႐ႈတာကို အာ႐ုံစိုက္ပါ။
တစ္စံုတစ္ေယာက္အသက္႐ႈႏႈန္းကို ၾကည့္ၿပီး ဘယ္ေလာက္ထိစိတ္တုန္လႈပ္ေနလဲဆိုတာကို ေျပာႏိုင္ပါတယ္။ တကယ္လို႔ အသက္ကို ခပ္ျမန္ျမန္နဲ႔ ၀၀လင္လင္မ႐ႈဘူးဆိုရင္ သင္ရဲ႕ခႏၶာကိုယ္ကလည္း ေမာဟိုက္ပင္ပန္းလာမွာျဖစ္ပါတယ္။ လူေတြက ဒုကၡနဲ႔ၾကံဳေတြ႕ရတဲ့အခါမွာ အသက္ကို ျပင္းျပင္းနဲ႔ျမန္ျမန္ ႐ႈတတ္ၾကပါတယ္။ အမ်ားေရွ႕မွာစကားေျပာဖို႔ကို ဒုကၡနဲ႔ရင္ဆိုင္ၾကံဳေတြ႕ရသလို ေတြးမိရင္ သင့္အတြက္ အေျခအေနေကာင္းမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ လူေတြေရွ႕ထြက္ၿပီး စကားမေျပာခင္မွာ ျဖည္းျဖည္းမွန္မွန္ ေျပာႏိုင္ဖို႔ ေလ့က်င့္ပါ။ အခ်ိန္(၁၀)မိနစ္ေလာက္ယူၿပီး အသက္ကို ျဖည္းျဖည္းခ်င္း တစ္၀ႀကီး႐ႈၿပီး ေလ့က်င့္ပါ။ ဒီလိုေလ့က်င့္ျခင္းအားျဖင့္ သင့္စိတ္ကို ေျပေလ်ာ့ေစၿပီး သက္ေတာင့္သက္သာရွိေစမွာ ျဖစ္တဲ့အတြက္ ေျပာမယ့္အေၾကာင္းအရာေပၚမွာ ပိုၿပီးေတာ့ အာ႐ုံစိုက္ႏိုင္မွာျဖစ္ပါတယ္။
၂။ လိုအပ္တာထက္ သံုးဆပိုၿပီးေလ့က်င့္ပါ။
လူအမ်ားေရွ႕မွာ မေျပာခင္မွာ မွန္ေရွ႕မွာအထပ္ထပ္အခါခါေလ့က်င့္ပါ။ ဒီလိုေလ့က်င့္ျခင္းအားျဖင့္ တကယ္မေျပာရခင္ကတည္းက သင့္ရဲ႕စိတ္ဓာတ္နဲ႔ ယုံၾကည္မႈကို အားေကာင္းခိုင္မာေစမွာ ျဖစ္ပါတယ္။ အမ်ားေရွ႕စကားေျပာရမွာ စိုးရိမ္စိတ္မေပ်ာက္မခ်င္း အႀကိမ္ႀကိမ္ေလ့က်င့္ပါ။ တျဖည္းျဖည္းနဲ႔ စိတ္တုန္လႈပ္မႈကို ထိန္းခ်ဳပ္လာႏိုင္ပါလိမ့္မယ္။
၃။ အေျခအေနကို ႀကိဳတင္ျမင္ေယာင္ထားပါ။
တကယ္ေျပာတဲ့အခ်ိန္မွာ သင္ေျပာတာကို နားေထာင္မယ့္သူေတြကို စိတ္ကူးနဲ႔ပံုေဖာ္ၿပီးေတာ့ မွန္ေရွ႕မွာ အေျပာေလ့က်င့္ပါ။ ေျပာရမယ့္ေနရာအခမ္းအနားပံုစံကို သိထားမယ္ဆိုရင္ ကိုယ့္ကိုယ္ကို စင္ေပၚေရာက္ေနၿပီး တကယ္ေျပာေနရသလို စိတ္ကူးထားၿပီး ေလ့က်င့္ပါ။ ဒီလိုနည္းလမ္းနဲ႔ ေလ့က်င့္ထားမယ္ဆိုရင္ အမ်ားေရွ႕မွာ ေျပာရတဲ့အခါမွာ စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ အေကာင္းဆံုးေျပာႏိုင္မွာ ေသခ်ာပါတယ္။
အများရှေ့မှာ စကားပြောနိုင်ဖို့ နည်းလမ်း(၃)ခု
လူအများရှေ့မှာစကားပြောခြင်းက ကျွန်တော်တို့ဘဝမှာ တစ်ကွေ့မဟုတ်တစ်ကွေ့ကြုံတွေ့ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကပဲ တော်တော်များများအတွက် ကြောက်စရာအကောင်းဆုံးကိစ္စ ဖြစ်နေတတ်ပါတယ်။ သင့်အနေနဲ့ စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အများရှေ့မှာ စကားပြောဖို့က ရှောင်လွှဲလို့မရနိုင်ပါဘူး။ ရင်းနှီးမြုပ်နှံသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ စိတ်အာရုံကိုဆွဲဆောင်နိုင်ဖို့ အများရှေ့မှာယုံကြည်မှုရှိရှိနဲ့ စကားပြောနိုင်ရမှာ ဖြစ်ပါတယ်။
အများရှေ့စကားပြောခြင်းက ပုံမှန်ကိစ္စတစ်ခုဖြစ်ပေမယ့်လည်း လူအများစုက သူတို့စိတ်ထဲက စိုးရိမ်စိတ်ကို ရှင်းထုတ်နိုင်စွမ်းမရှိကြပါဘူး။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းက စိုးရိမ်စိတ်ကို ခေါင်းထဲအဝင်ခံလို့ပဲဖြစ်ပါတယ်။ ဒီလိုစိုးရိမ်တတ်ကြတဲ့အတွက် သူတို့ရဲ့စိတ်ကူးတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အလမ်းဆုံးရှုံးကြရတတ်ပါတယ်။ ဒါ့အပြင် အများရှေ့မှာစကားပြောရမှာ ကြောက်စိတ်ကြောင့် သူတို့ရမယ့် အခွင့်အရေးတွေ၊ အလုပ်ခွင်ထဲမှာဆိုရင်လည်း ရာထူးလစာတိုးမြင့်ခံရမှုတွေကို ပြောရဲဆိုရဲရှိသူတွေကို ပေးလိုက်တတ်ကြရပါတယ်။ ဒါ့ကြောင့် သင်လည်းပဲ အခွင့်အရေးတွေ မဆုံးရှုံးရစေဖို့ အများရှေ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စကားပြောနိုင်ဖို့ လိုက်နာသင့်တဲ့နည်းလမ်းသုံးခုကို ဖော်ပြလိုက်ပါတယ်။
၁။ အသက်ရှုတာကို အာရုံစိုက်ပါ။
တစ်စုံတစ်ယောက်အသက်ရှုနှုန်းကို ကြည့်ပြီး ဘယ်လောက်ထိစိတ်တုန်လှုပ်နေလဲဆိုတာကို ပြောနိုင်ပါတယ်။ တကယ်လို့ အသက်ကို ခပ်မြန်မြန်နဲ့ ၀ဝလင်လင်မရှုဘူးဆိုရင် သင်ရဲ့ခန္ဓာကိုယ်ကလည်း မောဟိုက်ပင်ပန်းလာမှာဖြစ်ပါတယ်။ လူတွေက ဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမှာ အသက်ကို ပြင်းပြင်းနဲ့မြန်မြန် ရှုတတ်ကြပါတယ်။ အများရှေ့မှာစကားပြောဖို့ကို ဒုက္ခနဲ့ရင်ဆိုင်ကြုံတွေ့ရသလို တွေးမိရင် သင့်အတွက် အခြေအနေကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတွေရှေ့ထွက်ပြီး စကားမပြောခင်မှာ ဖြည်းဖြည်းမှန်မှန် ပြောနိုင်ဖို့ လေ့ကျင့်ပါ။ အချိန်(၁၀)မိနစ်လောက်ယူပြီး အသက်ကို ဖြည်းဖြည်းချင်း တစ်၀ကြီးရှုပြီး လေ့ကျင့်ပါ။ ဒီလိုလေ့ကျင့်ခြင်းအားဖြင့် သင့်စိတ်ကို ပြေလျော့စေပြီး သက်တောင့်သက်သာရှိစေမှာ ဖြစ်တဲ့အတွက် ပြောမယ့်အကြောင်းအရာပေါ်မှာ ပိုပြီးတော့ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
၂။ လိုအပ်တာထက် သုံးဆပိုပြီးလေ့ကျင့်ပါ။
လူအများရှေ့မှာ မပြောခင်မှာ မှန်ရှေ့မှာအထပ်ထပ်အခါခါလေ့ကျင့်ပါ။ ဒီလိုလေ့ကျင့်ခြင်းအားဖြင့် တကယ်မပြောရခင်ကတည်းက သင့်ရဲ့စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အားကောင်းခိုင်မာစေမှာ ဖြစ်ပါတယ်။ အများရှေ့စကားပြောရမှာ စိုးရိမ်စိတ်မပျောက်မချင်း အကြိမ်ကြိမ်လေ့ကျင့်ပါ။ တဖြည်းဖြည်းနဲ့ စိတ်တုန်လှုပ်မှုကို ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။
၃။ အခြေအနေကို ကြိုတင်မြင်ယောင်ထားပါ။
တကယ်ပြောတဲ့အချိန်မှာ သင်ပြောတာကို နားထောင်မယ့်သူတွေကို စိတ်ကူးနဲ့ပုံဖော်ပြီးတော့ မှန်ရှေ့မှာ အပြောလေ့ကျင့်ပါ။ ပြောရမယ့်နေရာအခမ်းအနားပုံစံကို သိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို စင်ပေါ်ရောက်နေပြီး တကယ်ပြောနေရသလို စိတ်ကူးထားပြီး လေ့ကျင့်ပါ။ ဒီလိုနည်းလမ်းနဲ့ လေ့ကျင့်ထားမယ်ဆိုရင် အများရှေ့မှာ ပြောရတဲ့အခါမှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးပြောနိုင်မှာ သေချာပါတယ်။