လူႀကီးလူေကာင္း ဆန္လြန္းသူေတြ ဘာေၾကာင့္ အခ်စ္ေရးကံေခတတ္တာလဲ

လူႀကီးလူေကာင္း ဆန္လြန္းသူေတြ ဘာေၾကာင့္ အခ်စ္ေရးကံေခတတ္တာလဲ

လူကြီးလူကောင်း ဆန်လွန်းသူတွေ ဘာကြောင့် အချစ်ရေးကံခေတတ်တာလဲ

ငါသာ ေယာက္်ားေကာင္းတစ္ေယာက္လို ျပဳမူေနထိုင္ရင္ ေကာင္မေလးေတြ အထင္ႀကီးမွာပဲ။ ေယာက္်ားေကာင္း ပီသရင္ ရည္းစားတစ္ေယာက္ေတာ့ ရမွာပဲဆိုတာကို ေယာက္်ားေတာ္ေတာ္မ်ားမ်ား စဥ္းစားဖူးၾကပါတယ္။ တကယ္ေတာ့ အဲဒီလို ျပဳဳမူၾကသူေတြဟာ ေရ႐ွည္တည္တံ့တဲ့ ခ်စ္ဇာတ္လမ္း တစ္ခု မပိုင္ဆိုင္ႏိုင္ပါဘူး။ ရည္းစား ရခဲ့ရင္လဲ အခ်ိန္ခဏေလးပဲ တည္တံ့ၿပီး အႏွစ္မပါတဲ့ ခ်စ္သူဘဝတစ္ခုကိုပဲ ရမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ သင္ဟာ သင့္္ကိုယ္သင္ လက္မခံႏိုင္လို႔ ေယာက္်ားေကာင္းတစ္ေယာက္လို အတင္းႀကီး ျပဳမူေနတာျဖစ္ေနလို႔ပါ။ ေကာင္းမြန္တဲ့ အျပဳအမူဆိုတာ လူခ်စ္လူခင္မ်ားေစၿပီး ေန႔စဥ္ဘဝကို အဆင္ေျပေျပ ျဖစ္ေစပါတယ္။

ဒါေပမယ့္ အတင္းႀကီး ေကာင္းမြန္တဲ့ အျပဳအမူေတြကိုပဲ ျပဳမူတာေတြက သင့္ရဲ႕ မေကာင္းတဲ့ အပိုင္းေတြကို သင့္ဘာသာ ဖံုးကြယ္ထားတာပါပဲ။ အဲဒါဟာ ခ်စ္သူေတြအတြက္ဆိုရင္ေတာ့ သင့္ရဲ႕ အတြင္းစိတ္ကို ႐ွင္း႐ွင္းလင္းလင္း သိႏိုင္ဖို႔နဲ႔ သင့္အ႐ွိကို အ႐ွိအတိုင္း ခ်စ္ႏိုင္ဖို႔ မျဖစ္ႏိုင္ေအာင္ တားဆီးလိုက္တာပါပဲ။

ကြၽန္ေတာ္တို႔ အားလံုးဟာ အတြင္းထဲ တစ္ေနရာရာမွာေတာ့ ထိခိုက္ေနသူေတြပါပဲ။ ကြၽန္ေတာ္တို႔ဟာ အဲဒီ အားနည္းခ်က္ေတြကို ကိုယ့္ရဲ႕ အစိတ္အပိုင္းတစ္ခုလို႔ လက္မခံပဲ အခါခါ ပယ္ခ်ေနၾကပါတယ္။ အတင္းႀကီး ေယာက္်ားေကာင္းတစ္ေယာက္လို ျပဳမူတာေတြကလဲ ပါယ္ခ်နည္း တစ္မ်ိဳးပါပဲ။ ေဒါသထြက္တတ္သူတစ္ေယာက္ဟာ ေဒါသမထြက္ေအာင္ အတင္း ထိန္းၿပီး ငါ ေဒါသ မထြက္ပါဘူး ဆိုၿပီး ေျပာသလိုေပါ့။

တကယ္ သိထားဖို႔က သင့္ကို တစ္သက္လံုး လက္တြဲဖို႔ ရည္ရြယ္တဲ့ အမ်ိဳးသမီးဟာ သင့္အေၾကာင္းကို ေသေသခ်ာခ်ာ သိခ်င္ပါတယ္။ အေကာင္းေရာ အဆိုးေရာေပါ့။ အဲဒါေၾကာင့္ သင္ ႀကိဳက္ေနတဲ့ ေကာင္မေလးကို အရမ္း လူႀကီးလူေကာင္းတစ္ေယာက္လို ျပဳမူၿပီး သြားေရာရင္ မေအာင္ျမင္ႏိုင္ပါဘူး။ လူမႈေရးမွာပဲ ေအာင္ျမင္ပါလိမ့္မယ္။ အခ်စ္ေရးဟာ လူႀကီးလူေကာင္း တစ္ေယာက္ ျဖစ္ရမယ့္ေနရာထက္ ကိုယ့္ အ႐ွိကို အ႐ွိအတိုင္း ခ်ျပရမယ့္ ေနရာလို႔ေျပာရင္ ပိုမွန္ပါမယ္။

တခ်ိဳ႕ မိန္းမေတြကေတာ့ သင့္ကို အျမဲ လူႀကီးလူေကာင္း ဆန္ေနေစခ်င္ပါတယ္။ ပထမ ဒိတ္ကစၿပီး တစ္သက္လံုး လူႀကီးလူေကာင္း တစ္ေယာက္လို သူမကို ဆက္ဆံေစခ်င္ပါတယ္။ အဲဒီလို ရည္းစားမ်ိဳးဟာ ရင္းရင္းႏွီးႏွီး မ႐ွိသလို ခံစားရၿပီး ဘဝရဲ႕ ေပ်ာ္စရာ လိင္ကိစၥ အထူးအဆန္း ပံုစံေလးေတြကိုေတာင္မရႏိုင္ပါဘူး။

ေယာက္်ားေကာင္းတစ္ေယာက္လို အတင္း ျပဳမူေနသူေတြဟာ သူတိူ႔ မေက်နပ္တာေတြကို အတြင္းက်ိတ္ၿပီး ခံစားေနရပါတယ္။ ပြင့္ထြက္လာတဲ့ ေန႔က်ေတာ့ ေကာင္မေလးကို အျပစ္ပံုခ်ေတာ့တယ္။ သူမေၾကာင့္ သူခံစားရတာ ဆိုၿပီးေပါ့။ အဲဒီလို ေန႔အထိေရာက္သြားရင္ ႏွစ္ေယာက္ဆက္လက္တြဲလို႔ မရေတာ့ပါဘူး။

ေယာက္်ားတစ္ေယာက္မွာ လူႀကီးလူေကာင္းဆန္မႈနဲ႔ ေယာက္်ားပီသမႈဆိုၿပီး အရည္အခ်င္း ႏွစ္ရပ္႐ွိပါတယ္။ လူႀကီးလူေကာင္းဆန္တာဟာ အတင္းဟန္ေဆာင္တာ မဟုတ္ပဲ ႏွလံုးသားထဲကကို ၾကင္နာ၊ ေဖးမတတ္တာပါ။ ေယာက္်ားပီသမႈကေတာ့ သူအနား႐ွိေနရင္ မိန္းမတစ္ေယာက္ကို လံုျခံဳမႈ ခံစားရေစႏိုင္တဲ့ အစြမ္းပါ။ အဲဒိ အစြမ္း ႏွစ္ခု ညီေနရင္ ၾကင္နာတတ္ၿပီး ကိုယ့္ရည္မွန္းခ်က္ကို မဆုတ္မနစ္ လုပ္ႏိုင္တဲ့ စံျပေယာက္်ားေကာင္းေတြ ျဖစ္သြားၾကပါတယ္။

အဲဒီလို ေယာက္်ားေတြဟာ အတင္းလုပ္ယူထားတဲ့ ေယာက္်ားေကာင္းေတြထက္ ပိုၿပီး ျမင့္ျမတ္ပါတယ္။ မိန္းမေတြဟာ လူႀကီး လူေကာင္းေတြကို သေဘာက်တတ္ေပမယ့္ ကိုယ့္ဘာသာ နားလည္ၿပီး အ႐ွိကို အ႐ွိအတိုင္း လက္ခံကာ ဘဝကို ရင္ဆိုင္ႏိုင္တဲ့ ေယာက္်ားပီသသူေတြကို သေဘာ အက်ဆံုးပါ။ သင္ အဲဒီလို ေယာက္်ားမ်ိဳးျဖစ္ရင္ေတာ့ သင္ရည္မွန္းထားတဲ့ ေကာင္မေလးကို ရပါၿပီ။ သူမက ဘယ္ေတာ့မွ ခြဲသြားမွာလဲ မဟုတ္ေတာ့ပါဘူး။


လူကြီးလူကောင်း ဆန်လွန်းသူတွေ ဘာကြောင့် အချစ်ရေးကံခေတတ်တာလဲ

“ငါသာ ယောက်ျားကောင်းတစ်ယောက်လို ပြုမူနေထိုင်ရင် ကောင်မလေးတွေ အထင်ကြီးမှာပဲ။ ယောက်ျားကောင်း ပီသရင် ရည်းစားတစ်ယောက်တော့ ရမှာပဲ” ဆိုတာကို ယောက်ျားတော်တော်များများ စဉ်းစားဖူးကြပါတယ်။ တကယ်တော့ အဲဒီလို ပြုမူကြသူတွေဟာ ရေရှည်တည်တံ့တဲ့ ချစ်ဇာတ်လမ်း တစ်ခု မပိုင်ဆိုင်နိုင်ပါဘူး။ ရည်းစား ရခဲ့ရင်လဲ အချိန်ခဏလေးပဲ တည်တံ့ပြီး အနှစ်မပါတဲ့ ချစ်သူဘဝတစ်ခုကိုပဲ ရမှာပါ။

ဘာကြောင့်လဲဆိုတော့ သင်ဟာ သင့်ကိုယ်သင် လက်မခံနိုင်လို့ ယောက်ျားကောင်းတစ်ယောက်လို အတင်းကြီး ပြုမူနေတာဖြစ်နေလို့ပါ။ ကောင်းမွန်တဲ့ အပြုအမူဆိုတာ လူချစ်လူခင်များစေပြီး နေ့စဉ်ဘဝကို အဆင်ပြေပြေ ဖြစ်စေပါတယ်။

ဒါပေမယ့် အတင်းကြီး ကောင်းမွန်တဲ့ အပြုအမူတွေကိုပဲ ပြုမူတာတွေက သင့်ရဲ့ မကောင်းတဲ့ အပိုင်းတွေကို သင့်ဘာသာ ဖုံးကွယ်ထားတာပါပဲ။ အဲဒါဟာ ချစ်သူတွေအတွက်ဆိုရင်တော့ သင့်ရဲ့ အတွင်းစိတ်ကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့နဲ့ သင့်အရှိကို အရှိအတိုင်း ချစ်နိုင်ဖို့ မဖြစ်နိုင်အောင် တားဆီးလိုက်တာပါပဲ။

ကျွန်တော်တို့ အားလုံးဟာ အတွင်းထဲ တစ်နေရာရာမှာတော့ ထိခိုက်နေသူတွေပါပဲ။ ကျွန်တော်တို့ဟာ အဲဒီ အားနည်းချက်တွေကို ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ လက်မခံပဲ အခါခါ ပယ်ချနေကြပါတယ်။ အတင်းကြီး ယောက်ျားကောင်းတစ်ယောက်လို ပြုမူတာတွေကလဲ ပါယ်ချနည်း တစ်မျိုးပါပဲ။ ဒေါသထွက်တတ်သူတစ်ယောက်ဟာ ဒေါသမထွက်အောင် အတင်း ထိန်းပြီး ငါ ဒေါသ မထွက်ပါဘူး ဆိုပြီး ပြောသလိုပေါ့။

တကယ် သိထားဖို့က သင့်ကို တစ်သက်လုံး လက်တွဲဖို့ ရည်ရွယ်တဲ့ အမျိုးသမီးဟာ သင့်အကြောင်းကို သေသေချာချာ သိချင်ပါတယ်။ အကောင်းရော အဆိုးရောပေါ့။ အဲဒါကြောင့် သင် ကြိုက်နေတဲ့ ကောင်မလေးကို အရမ်း လူကြီးလူကောင်းတစ်ယောက်လို ပြုမူပြီး သွားရောရင် မအောင်မြင်နိုင်ပါဘူး။ လူမှုရေးမှာပဲ အောင်မြင်ပါလိမ့်မယ်။ အချစ်ရေးဟာ လူကြီးလူကောင်း တစ်ယောက် ဖြစ်ရမယ့်နေရာထက် ကိုယ့် အရှိကို အရှိအတိုင်း ချပြရမယ့် နေရာလို့ပြောရင် ပိုမှန်ပါမယ်။

တချို့ မိန်းမတွေကတော့ သင့်ကို အမြဲ လူကြီးလူကောင်း ဆန်နေစေချင်ပါတယ်။ ပထမ ဒိတ်ကစပြီး တစ်သက်လုံး လူကြီးလူကောင်း တစ်ယောက်လို သူမကို ဆက်ဆံစေချင်ပါတယ်။ အဲဒီလို ရည်းစားမျိုးဟာ ရင်းရင်းနှီးနှီး မရှိသလို ခံစားရပြီး ဘဝရဲ့ ပျော်စရာ လိင်ကိစ္စ အထူးအဆန်း ပုံစံလေးတွေကိုတောင်မရနိုင်ပါဘူး။

ယောက်ျားကောင်းတစ်ယောက်လို အတင်း ပြုမူနေသူတွေဟာ သူတိူ့ မကျေနပ်တာတွေကို အတွင်းကျိတ်ပြီး ခံစားနေရပါတယ်။ ပွင့်ထွက်လာတဲ့ နေ့ကျတော့ ကောင်မလေးကို အပြစ်ပုံချတော့တယ်။ သူမကြောင့် သူခံစားရတာ ဆိုပြီးပေါ့။ အဲဒီလို နေ့အထိရောက်သွားရင် နှစ်ယောက်ဆက်လက်တွဲလို့ မရတော့ပါဘူး။

ယောက်ျားတစ်ယောက်မှာ လူကြီးလူကောင်းဆန်မှုနဲ့ ယောက်ျားပီသမှုဆိုပြီး အရည်အချင်း နှစ်ရပ်ရှိပါတယ်။ လူကြီးလူကောင်းဆန်တာဟာ အတင်းဟန်ဆောင်တာ မဟုတ်ပဲ နှလုံးသားထဲကကို ကြင်နာ၊ ဖေးမတတ်တာပါ။ ယောက်ျားပီသမှုကတော့ သူအနားရှိနေရင် မိန်းမတစ်ယောက်ကို လုံခြုံမှု ခံစားရစေနိုင်တဲ့ အစွမ်းပါ။ အဲဒိ အစွမ်း နှစ်ခု ညီနေရင် ကြင်နာတတ်ပြီး ကိုယ့်ရည်မှန်းချက်ကို မဆုတ်မနစ် လုပ်နိုင်တဲ့ စံပြယောက်ျားကောင်းတွေ ဖြစ်သွားကြပါတယ်။

အဲဒီလို ယောက်ျားတွေဟာ အတင်းလုပ်ယူထားတဲ့ ယောက်ျားကောင်းတွေထက် ပိုပြီး မြင့်မြတ်ပါတယ်။ မိန်းမတွေဟာ လူကြီး လူကောင်းတွေကို သဘောကျတတ်ပေမယ့် ကိုယ့်ဘာသာ နားလည်ပြီး အရှိကို အရှိအတိုင်း လက်ခံကာ ဘဝကို ရင်ဆိုင်နိုင်တဲ့ ယောက်ျားပီသသူတွေကို သဘော အကျဆုံးပါ။ သင် အဲဒီလို ယောက်ျားမျိုးဖြစ်ရင်တော့ သင်ရည်မှန်းထားတဲ့ ကောင်မလေးကို ရပါပြီ။ သူမက ဘယ်တော့မှ ခွဲသွားမှာလဲ မဟုတ်တော့ပါဘူး။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%