စီးကရက္ေသာက္ျခင္းနဲ႔ ကင္ဆာ

စီးကရက္ေသာက္ျခင္းနဲ႔ ကင္ဆာ

စီးကရက်သောက်ခြင်းနဲ့ ကင်ဆာ

စီးကရက္ဟာ ကင္ဆာ ေရာဂါ အမ်ိဳးအစားတစ္ဒါဇင္ေလာက္ရဲ႕ ျဖစ္ပြားေနသူေတြရဲ႕ ထက္ဝက္နဲ႔ ဆက္စပ္ေနပါတယ္။ စီးကရက္ေသာက္ျခင္းေၾကာင့္ အဆုတ္ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အသံအိုးကင္ဆာ၊ နဲ႔ လည္ေခ်ာင္းက်ဴမာေတြေၾကာင့္ အဓိကေသဆံုးရေပမယ့္ အစာေရမ်ိဳႁပြန္နဲ႔ ဆီးအိမ္ ထိခိုက္ျခင္းဟာလဲ ေဆးလိပ္ေတြနဲ႔ ဆက္စပ္ေနတယ္လို႔ ေတြ႕႐ွိထားပါတယ္။

၂၀၁၁ မွာ အေမရိကန္မွာ ကင္ဆာေၾကာင့္ ေသဆံုးသူ ၃၄၅၉၆၂ ထဲမွာဆိုရင္ ၁၆၇၈၀၅ ဟာ စီးကရက္ေသာက္ျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ အဆုတ္ လည္ေခ်ာင္းနဲ႔ အာခံတြင္းကင္ဆာေၾကာင့္ ေသဆံုးရသူ ၈၀ ရာႏႈန္း ျဖစ္တဲ့ ၁၂၅၇၉၉ ဟာ စီးကရက္နဲ႔ ဆက္စပ္ေနၿပီး အစာေရၿမိဳကင္ဆာရဲ႕ ၅၀ ရာႏႈန္းနဲ႔ ဆီးအိပ္ေရာဂါရဲ႕ ၄၅ရာႏႈန္းတို႔ဟာလဲ စီးကရက္နဲ႔ ဆက္စပ္ေနတာ ေတြ႕ရမွာပါ။

ထပ္ၿပီးေတာ့ စီးကရက္ဟာ ေက်ာက္ကပ္ကင္ဆာရဲ႕ ၁၇ ရာႏႈန္း၊ အစာအိမ္ကင္ဆာရဲ႕ ၂၀ ရာႏႈန္း၊ တင္ပါးဆံုကင္ဆာရဲ႕ ၂၂ ရာႏႈန္းနဲ႔ အသည္းနဲ႔ သည္းေျခႁပြန္ကင္ဆာရဲ႕ ၂၄ ရာႏႈန္းနဲ႔ ဆက္စပ္ေနတာကို ေတြ႕႐ွိရပါတယ္။

အခု အင္တာဗ်ဴး စစ္ေဆးခံရတဲ့ လူနာေတြဟာ ပညာတတ္ၾကၿပီး US မွာ ျဖစ္သင့္တဲ့ လူဦးေရထက္ ေလ်ာ့နည္းေနပါတယ္။ ဒါေပမယ့္ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ ႐ႈ႐ိႈက္မိျခင္းေၾကာင့္ ကင္ဆာျဖစ္ရတဲ့ လူဦးေရဟာ ရာႏႈန္း ႐ွိပါေသးတယ္။ ေဆးျပင္းလိပ္ေတြ၊ ေဆးတံေတြ၊ တမာဂူေတြနဲ႔ ေဆးရြက္ႀကီးဒီတိုင္း စားသံုးမႈေတြကို ထည့့္မတြက္ရေသးပါဘူး။

စီးကရက္ေသာက္မႈဟာ ေလ်ာ့က်လာေပမယ့္ တျခား အစားထိုး ေဆးရြက္ႀကီးပစၥည္း သံုးစြဲမႈဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ျမင့္တက္လာေနပါတယ္။ စီးကရက္မဟုတ္တဲ့ အျခား ေဆးရြက္ႀကီးပစၥည္းေတြကို စီးကရက္ အသြင္ေျပာင္းလိုက္ရင္ ၂၀၀၀ ျပည့္ႏွစ္မွာ စီးကရက္ အလိပ္ ၁၅. ဘီလီယံ ပမာဏကေန ၂၀၁၁ မွာ ၃၃. ဘီလီယံ ပမာဏထိ တိုးတက္လာပါတယ္။ လူငယ္ေတြ ၾကားထဲမွာ E-cigarette ေတြ ေခတ္စားလာတာကိုလဲ ထည့္တြက္ရဦးမွာပါ။

တျခားေဆးရြက္ႀကီး ပစၥည္းေတြသံုးလို႔ စီးကရက္ကို ျဖတ္ႏိုင္လားဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။ တျခားေဆးရြက္ႀကီးပစၥည္းေတြက စီးကရက္ထက္ အဆုတ္ကင္ဆာျဖစ္မႈႏႈန္း ထက္ဝက္ေလာက္ေတာ့ နည္းပါတယ္။ ဒါေပမယ့္ ေသႏႈန္း အျမင့္ဆံုးျဖစ္တဲ့ အဆုတ္ကင္ဆာေၾကာင့္ ေသဆံုးမႈ အားလံုးလိုလိုဟာ ေဆးလိပ္ေၾကာင့္ ျဖစ္ပါတယ္။

ေဆးလိပ္ျဖတ္ဖို႔ကလဲ မလြယ္လွပါဘူး။ ေဆးလိပ္ျဖတ္သူေတြမွာ လူမႈေရးနဲ႔ ပါတ္ဝန္းက်င္က ေဆးလိပ္ျပန္ေသာက္ခ်င္ေအာင္ တြန္းအားေပးေနပါတယ္။ အနားမွာ ေစာင့္ေ႐ွာက္သူတစ္ေယာက္ ထားၿပီး လိုအပ္တဲ့ အကူအညီေတြ ေပး၊ လိုအပ္တဲ့ ေဆးေတြတိုက္၊ စိတ္ဓာတ္မက်ေအာင္ တိုက္တြန္းစကား ေျပာေပးေနမွသာ တကယ္ ေဆးလိပ္ျဖတ္ဖို႔ဆိုတာ ျဖစ္ႏိုင္တာပါ။


စီးကရက်သောက်ခြင်းနဲ့ ကင်ဆာ

စီးကရက်ဟာ ကင်ဆာ ရောဂါ အမျိုးအစားတစ်ဒါဇင်လောက်ရဲ့ ဖြစ်ပွားနေသူတွေရဲ့ ထက်ဝက်နဲ့ ဆက်စပ်နေပါတယ်။ စီးကရက်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ နဲ့ လည်ချောင်းကျူမာတွေကြောင့် အဓိကသေဆုံးရပေမယ့် အစာရေမျိုပြွန်နဲ့ ဆီးအိမ် ထိခိုက်ခြင်းဟာလဲ ဆေးလိပ်တွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိထားပါတယ်။

၂၀၁၁ မှာ အမေရိကန်မှာ ကင်ဆာကြောင့် သေဆုံးသူ ၃၄၅၉၆၂ ထဲမှာဆိုရင် ၁၆၇၈၀၅ ဟာ စီးကရက်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဆုတ် လည်ချောင်းနဲ့ အာခံတွင်းကင်ဆာကြောင့် သေဆုံးရသူ ၈၀ ရာနှုန်း ဖြစ်တဲ့ ၁၂၅၇၉၉ ဟာ စီးကရက်နဲ့ ဆက်စပ်နေပြီး အစာရေမြိုကင်ဆာရဲ့ ၅၀ ရာနှုန်းနဲ့ ဆီးအိပ်ရောဂါရဲ့ ၄၅ရာနှုန်းတို့ဟာလဲ စီးကရက်နဲ့ ဆက်စပ်နေတာ တွေ့ရမှာပါ။

ထပ်ပြီးတော့ စီးကရက်ဟာ ကျောက်ကပ်ကင်ဆာရဲ့ ၁၇ ရာနှုန်း၊ အစာအိမ်ကင်ဆာရဲ့ ၂၀ ရာနှုန်း၊ တင်ပါးဆုံကင်ဆာရဲ့ ၂၂ ရာနှုန်းနဲ့ အသည်းနဲ့ သည်းခြေပြွန်ကင်ဆာရဲ့ ၂၄ ရာနှုန်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။

အခု အင်တာဗျူး စစ်ဆေးခံရတဲ့ လူနာတွေဟာ ပညာတတ်ကြပြီး US မှာ ဖြစ်သင့်တဲ့ လူဦးရေထက် လျော့နည်းနေပါတယ်။ ဒါပေမယ့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်းကြောင့် ကင်ဆာဖြစ်ရတဲ့ လူဦးရေဟာ ၅ ရာနှုန်း ရှိပါသေးတယ်။ ဆေးပြင်းလိပ်တွေ၊ ဆေးတံတွေ၊ တမာဂူတွေနဲ့ ဆေးရွက်ကြီးဒီတိုင်း စားသုံးမှုတွေကို ထည့်မတွက်ရသေးပါဘူး။

စီးကရက်သောက်မှုဟာ လျော့ကျလာပေမယ့် တခြား အစားထိုး ဆေးရွက်ကြီးပစ္စည်း သုံးစွဲမှုဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေပါတယ်။ စီးကရက်မဟုတ်တဲ့ အခြား ဆေးရွက်ကြီးပစ္စည်းတွေကို စီးကရက် အသွင်ပြောင်းလိုက်ရင် ၂၀၀၀ ပြည့်နှစ်မှာ စီးကရက် အလိပ် ၁၅.၂ ဘီလီယံ ပမာဏကနေ ၂၀၁၁ မှာ ၃၃.၈ ဘီလီယံ ပမာဏထိ တိုးတက်လာပါတယ်။ လူငယ်တွေ ကြားထဲမှာ E-cigarette တွေ ခေတ်စားလာတာကိုလဲ ထည့်တွက်ရဦးမှာပါ။

တခြားဆေးရွက်ကြီး ပစ္စည်းတွေသုံးလို့ စီးကရက်ကို ဖြတ်နိုင်လားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တခြားဆေးရွက်ကြီးပစ္စည်းတွေက စီးကရက်ထက် အဆုတ်ကင်ဆာဖြစ်မှုနှုန်း ထက်ဝက်လောက်တော့ နည်းပါတယ်။ ဒါပေမယ့် သေနှုန်း အမြင့်ဆုံးဖြစ်တဲ့ အဆုတ်ကင်ဆာကြောင့် သေဆုံးမှု အားလုံးလိုလိုဟာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ကလဲ မလွယ်လှပါဘူး။ ဆေးလိပ်ဖြတ်သူတွေမှာ လူမှုရေးနဲ့ ပါတ်ဝန်းကျင်က ဆေးလိပ်ပြန်သောက်ချင်အောင် တွန်းအားပေးနေပါတယ်။ အနားမှာ စောင့်ရှောက်သူတစ်ယောက် ထားပြီး လိုအပ်တဲ့ အကူအညီတွေ ပေး၊ လိုအပ်တဲ့ ဆေးတွေတိုက်၊ စိတ်ဓာတ်မကျအောင် တိုက်တွန်းစကား ပြောပေးနေမှသာ တကယ် ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဖြစ်နိုင်တာပါ။

Related Posts

%%footer%%