လူေတာ္လူေကာင္းဆိုတာ

လူေတာ္လူေကာင္းဆိုတာ

လူတော်လူကောင်းဆိုတာ

ဘ၀က လူေတြကို ေန႔စဥ္နဲ႔အမွ် စမ္းသပ္ေနပါတယ္။ ဘာေၾကာင့္လဲမသိေပမယ့္ လူတိုင္းက စမ္းသပ္မႈအမ်ိဳးမ်ိဳးကို ခံေနၾကရတာကေတာ့ ေသခ်ာပါတယ္။

ဘ၀ကို သခ်ာၤဘာသာရပ္နဲ႔ တင္စားမယ္ဆိုရင္ တစ္ခ်ိဳ႕ေတြက Calculus နဲ႔အခက္ေတြေနၾကသလို တစ္ခ်ိဳ႕ေတြက အေျခခံသခ်ာၤပုစာၦနဲ႔တင္ ဒုကၡေရာက္ေနၾကပါတယ္။ ဒီလိုပါပဲ၊ ကၽြန္ေတာ္တို႔အားလံုးက ေပးခ်က္ေတြနဲ႔ပဲ တိုင္ပတ္ေနၾကရပါတယ္။ ေပးခ်က္ေတြအားလံုးက ၾကံဳရာက်ပန္းျဖစ္ေနတတ္ပါတယ္။ မ်ိဳး႐ိုး၊ ေနရာေဒသ၊ ေငြေရးေၾကးေရးအေျခအေန စတာေတြအားလံုးက ကံတရားရဲ႕အဆံုးအျဖတ္ပါပဲ။

ဒါေပမယ့္ ဘ၀အေျခအေနေတြက ဘယ္လိုပဲျဖစ္ေနပါေစ၊ သားေကာင္အျဖစ္က်႐ႈံးမလား၊ ရွင္သန္သူအျဖစ္ ေအာင္ႏိုင္မလားဆိုတာကို ကၽြန္ေတာ္တို႔ကိုယ္တုိင္ပဲ ဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ခ်ိဳသည္ျဖစ္ေစ၊ ခါးသည္ျဖစ္ေစ ဘယ္လိုဘ၀မ်ိဳးကိုမဆို ကၽြန္ေတာ္တို႔မွာ အျပည့္အ၀ ထိန္းခ်ဳပ္ႏုိင္စြမ္းရွိပါတယ္။ ၿပီးေတာ့ ရွင္သန္ေအာင္ႏိုင္ဖို႔ ေရြးခ်ယ္ခဲ့သူေတြက အသန္မာဆံုးျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ သိထားတဲ့ လူေတာ္ေတြဆိုတာက က်႐ႈံးမႈ၊ ဒုကၡ၊ ႐ုန္းကန္မႈ၊ ဆံုး႐ႈံးမႈနဲ႔ အျမင့္ကိုတက္လွမ္းဖို႔ လမ္းကို သိသူေတြပဲျဖစ္ပါတ္။ သူတို႔ေတြရဲ႕ဘ၀မွာ စာနာေထာက္ထားမႈ၊ ႏူးညံ့သိမ္ေမြ႕မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြ ျပည့္ႏွက္ေနပါတယ္။ လူေကာင္းေတြက ေမြးကတည္းက ေကာင္းေကာင္းေမြးလာခဲ့တာမဟုတ္ပဲ ေကာင္းေအာင္ လုပ္ယူခဲ့ၾကတာျဖစ္ပါတယ္။ လူေတာ္လူေကာင္းေတြက အေမွာင္ထုကို ျဖတ္သန္းလာခဲ့ရသူေတြ ျဖစ္တာေၾကာင့္ ကမာၻေလာကႀကီးအတြက္ အလင္းေဆာင္သူေတြ ျဖစ္လာတတ္ပါတယ္။

အေမွာင္အတိၿပီးတဲ့ ေလာကထဲမွာ သူတို႔ေမြးလာခဲ့ရင္ေတာင္ လူေတာ္လူေကာင္းေတြက အျပဳသေဘာေဆာင္တဲ့ စိတ္ဓာတ္နဲ႔ အလင္းကိုရွာေဖြတတ္ၾကပါတယ္။ သူတို႔ေတြလည္း ကံဆိုးမိုးေမွာင္က်တာေတြနဲ႔ ၾကံဳဆံုၾကရပါတယ္။ သူတို႔ဟာ ခါးသီးတဲ့မိသားစုဘ၀၊ ဆင္းရဲႏြမ္းပါးမႈ စတဲ့ ဆိုးရြားတဲ့အေျခအေနေတြၾကားမွာ ေရာက္ေနခဲ့ဖူးပါတယ္။

ဒါေပမယ့္သူတို႔က ဒီအေျခအေနေတြအားလံုးကို ေက်ာ္ျဖတ္ေအာင္ျမင္ႏိုင္ခဲ့သူေတြျဖစ္ပါတယ္။ သူတို႔က အားနည္းခ်က္ေတြကို ေဘးခ်ိတ္ထားၿပီး အျခားလူေတြနဲ႔အတူ ရင္ေဘာင္တန္းႏိုင္ေအာင္ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။

လူေတာ္လူေကာင္းေတြက နာက်ဥ္မႈေတြကို အဆိုးရြားဆံုးအထိ ခံစားဖူးၾကတာေၾကာင့္ အခက္ခဲဆံုးဆိုတာေတြကို သေဘာက်ေလ့ရွိပါတယ္။ ဒီလိုဘာေၾကာင့္ျဖစ္ရတာပါလဲ။ ဥပမာေျပာရရင္ အသဲကြဲဖူးတဲ့ လူတစ္ေယာက္က အစိတ္အပိုင္းေတြကို ဘယ္လိုျပန္တြဲကပ္ရမလဲဆိုတာ သိသြားသလိုပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ လူေတာ္လူေကာင္းေတြဟာ အခက္အခဲေတြကို အခြင့္အလမ္းလို႔ ျမင္တတ္ၾကပါတယ္။ သူတို႔ကို ဆြဲခ်ေနတဲ့အရာေတြကို ခုတံုးလုပ္ၿပီး ေအာင္ျမင္မႈကို ရယူဖို႔ သိထားၾကပါတယ္။

ေနာက္တစ္ခ်က္က လူေကာင္းေတြက သူတို႔က နာက်ဥ္ခံစားရသလိုမ်ိဳး အျခားသူေတြကို မခံစားေစခ်င္တတ္ၾကပါဘူး။ ရက္စက္မႈကို ကိုယ္တိုင္ခံစားဖူးတဲ့သူေတြက ၾကင္နာမႈအစစ္အမွန္ကို သိထားသလိုပါပဲ။ အျခားသူေတြကို ႏွိမ္ခ်ဆက္ဆံမယ့္အစား လူေတာ္လူေကာင္းေတြက စကားလံုးေတြနဲ႔ အားေပးစကားေျပာတတ္ပါတယ္။ သူတို႔က အျခားသူေတြကို နာက်င္မႈအစား ယုံၾကည္မႈကို တည္ေဆာက္ေပးတတ္ၾကပါတယ္။

လူေကာင္းေတြက အျခားသူေတြ အဆင္ေျပဖို႔အတြက္ ကူညီေပးတတ္ၾကပါတယ္။ သူတို႔ေတြက ခက္ခဲတဲ့အေျခအေနေတြနဲ႔ ရင္ဆိုင္တတ္ၾကပါတယ္။ သူတို႔ကို လဲျပိဳသြားေစရင္လည္း ျပန္ထၿပီး ေရွ႕ဆက္ဖို႔ပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ သူတို႔အေနနဲ႔ ဘယ္လိုျဖစ္ျဖစ္ ေရွ႕ဆက္ႏိုင္တဲ့အတြက္ အျခားသူေတြကို ေရွ႕တန္းတင္ဖို႔ ဘာျဖစ္ျဖစ္လုပ္ေပးဖို႔ ႀကိဳးစားတတ္ၾကပါတယ္။

ဘ၀ၿပိဳင္ပြဲမွာ လူတိုင္းက ကိုယ့္ကိုယ္ကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ ဒါေပမယ့္ နာက်ဥ္ခံစားဖူးတဲ့ သူေတြကေတာ့ အလားတူ႐ုန္းကန္မႈမ်ိဳးကို ျဖတ္သန္းရမယ့္ အျခားသူေတြအတြက္ကိုပဲ ၾကည့္ေပးတတ္ၾကပါတယ္။ သူတို႔က မိတ္ေဆြေတြကို အားေပးကူညီၿပီး သူတို႔နဲ႔အတူ လိုက္ေျပးႏိုင္ေအာင္ လႈံ႔ေဆာ္ေပးႏိုင္သူေတြ ျဖစ္ပါတယ္။


လူတော်လူကောင်းဆိုတာ

ဘဝက လူတွေကို နေ့စဉ်နဲ့အမျှ စမ်းသပ်နေပါတယ်။ ဘာကြောင့်လဲမသိပေမယ့် လူတိုင်းက စမ်းသပ်မှုအမျိုးမျိုးကို ခံနေကြရတာကတော့ သေချာပါတယ်။

ဘဝကို သချာၤဘာသာရပ်နဲ့ တင်စားမယ်ဆိုရင် တစ်ချို့တွေက Calculus နဲ့အခက်တွေနေကြသလို တစ်ချို့တွေက အခြေခံသချာၤပုစ္ဆာနဲ့တင် ဒုက္ခရောက်နေကြပါတယ်။ ဒီလိုပါပဲ၊ ကျွန်တော်တို့အားလုံးက ပေးချက်တွေနဲ့ပဲ တိုင်ပတ်နေကြရပါတယ်။ ပေးချက်တွေအားလုံးက ကြုံရာကျပန်းဖြစ်နေတတ်ပါတယ်။ မျိုးရိုး၊ နေရာဒေသ၊ ငွေရေးကြေးရေးအခြေအနေ စတာတွေအားလုံးက ကံတရားရဲ့အဆုံးအဖြတ်ပါပဲ။

ဒါပေမယ့် ဘဝအခြေအနေတွေက ဘယ်လိုပဲဖြစ်နေပါစေ၊ သားကောင်အဖြစ်ကျရှုံးမလား၊ ရှင်သန်သူအဖြစ် အောင်နိုင်မလားဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ချိုသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ ဘယ်လိုဘဝမျိုးကိုမဆို ကျွန်တော်တို့မှာ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ ရှင်သန်အောင်နိုင်ဖို့ ရွေးချယ်ခဲ့သူတွေက အသန်မာဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့ သိထားတဲ့ လူတော်တွေဆိုတာက ကျရှုံးမှု၊ ဒုက္ခ၊ ရုန်းကန်မှု၊ ဆုံးရှုံးမှုနဲ့ အမြင့်ကိုတက်လှမ်းဖို့ လမ်းကို သိသူတွေပဲဖြစ်ပါတ်။ သူတို့တွေရဲ့ဘဝမှာ စာနာထောက်ထားမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေပါတယ်။ လူကောင်းတွေက မွေးကတည်းက ကောင်းကောင်းမွေးလာခဲ့တာမဟုတ်ပဲ ကောင်းအောင် လုပ်ယူခဲ့ကြတာဖြစ်ပါတယ်။ လူတော်လူကောင်းတွေက အမှောင်ထုကို ဖြတ်သန်းလာခဲ့ရသူတွေ ဖြစ်တာကြောင့် ကမ္ဘာလောကကြီးအတွက် အလင်းဆောင်သူတွေ ဖြစ်လာတတ်ပါတယ်။

အမှောင်အတိပြီးတဲ့ လောကထဲမှာ သူတို့မွေးလာခဲ့ရင်တောင် လူတော်လူကောင်းတွေက အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အလင်းကိုရှာဖွေတတ်ကြပါတယ်။ သူတို့တွေလည်း ကံဆိုးမိုးမှောင်ကျတာတွေနဲ့ ကြုံဆုံကြရပါတယ်။ သူတို့ဟာ ခါးသီးတဲ့မိသားစုဘ၀၊ ဆင်းရဲနွမ်းပါးမှု စတဲ့ ဆိုးရွားတဲ့အခြေအနေတွေကြားမှာ ရောက်နေခဲ့ဖူးပါတယ်။
ဒါပေမယ့်သူတို့က ဒီအခြေအနေတွေအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ သူတို့က အားနည်းချက်တွေကို ဘေးချိတ်ထားပြီး အခြားလူတွေနဲ့အတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

လူတော်လူကောင်းတွေက နာကျဉ်မှုတွေကို အဆိုးရွားဆုံးအထိ ခံစားဖူးကြတာကြောင့် အခက်ခဲဆုံးဆိုတာတွေကို သဘောကျလေ့ရှိပါတယ်။ ဒီလိုဘာကြောင့်ဖြစ်ရတာပါလဲ။ ဥပမာပြောရရင် အသဲကွဲဖူးတဲ့ လူတစ်ယောက်က အစိတ်အပိုင်းတွေကို ဘယ်လိုပြန်တွဲကပ်ရမလဲဆိုတာ သိသွားသလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူတော်လူကောင်းတွေဟာ အခက်အခဲတွေကို အခွင့်အလမ်းလို့ မြင်တတ်ကြပါတယ်။ သူတို့ကို ဆွဲချနေတဲ့အရာတွေကို ခုတုံးလုပ်ပြီး အောင်မြင်မှုကို ရယူဖို့ သိထားကြပါတယ်။

နောက်တစ်ချက်က လူကောင်းတွေက သူတို့က နာကျဉ်ခံစားရသလိုမျိုး အခြားသူတွေကို မခံစားစေချင်တတ်ကြပါဘူး။ ရက်စက်မှုကို ကိုယ်တိုင်ခံစားဖူးတဲ့သူတွေက ကြင်နာမှုအစစ်အမှန်ကို သိထားသလိုပါပဲ။ အခြားသူတွေကို နှိမ်ချဆက်ဆံမယ့်အစား လူတော်လူကောင်းတွေက စကားလုံးတွေနဲ့ အားပေးစကားပြောတတ်ပါတယ်။ သူတို့က အခြားသူတွေကို နာကျင်မှုအစား ယုံကြည်မှုကို တည်ဆောက်ပေးတတ်ကြပါတယ်။

လူကောင်းတွေက အခြားသူတွေ အဆင်ပြေဖို့အတွက် ကူညီပေးတတ်ကြပါတယ်။ သူတို့တွေက ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ သူတို့ကို လဲပြိုသွားစေရင်လည်း ပြန်ထပြီး ရှေ့ဆက်ဖို့ပဲ အာရုံစိုက်တတ်ကြပါတယ်။ သူတို့အနေနဲ့ ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်နိုင်တဲ့အတွက် အခြားသူတွေကို ရှေ့တန်းတင်ဖို့ ဘာဖြစ်ဖြစ်လုပ်ပေးဖို့ ကြိုးစားတတ်ကြပါတယ်။

ဘ၀ပြိုင်ပွဲမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမယ့် နာကျဉ်ခံစားဖူးတဲ့ သူတွေကတော့ အလားတူရုန်းကန်မှုမျိုးကို ဖြတ်သန်းရမယ့် အခြားသူတွေအတွက်ကိုပဲ ကြည့်ပေးတတ်ကြပါတယ်။ သူတို့က မိတ်ဆွေတွေကို အားပေးကူညီပြီး သူတို့နဲ့အတူ လိုက်ပြေးနိုင်အောင် လှုံ့ဆော်ပေးနိုင်သူတွေ ဖြစ်ပါတယ်။

Related Posts

%%footer%%