အိပ္မက္ေတြ တကယ္ျဖစ္လာေစဖို႔

အိပ်မက်တွေ တကယ်ဖြစ်လာစေဖို့

ကမာၻႀကီးက စိတ္ကူးယဥ္သူေတြနဲ႔ ျပည့္ေနပါတယ္။ ဒါေပမယ့္ စိတ္ကူးအိပ္မက္ေန႐ုံမဟုတ္ပဲ တကယ္လက္ေတြ႕ဆံုးျဖတ္လုပ္ကုိင္သူေတြကို ကမာၻႀကီးက ပိုလိုအပ္ေနပါတယ္။ ႀကီးက်ယ္ခမ္းနားတဲ့ အိပ္မက္ေတြေနာက္မွာ ခိုင္မာတဲ့ ယုံၾကည္စိတ္နဲ႔ အျပင္းအထန္ႀကိဳးစားအားထုတ္မႈေတြ ရွိရမွာျဖစ္ပါတယ္။

လူတိုင္းေလာက္နီးပါးမွာ အံ့မခန္းႀကီးက်ယ္ခမ္းနားတဲ့ စိတ္ကူးအိပ္မက္ေတြရွိေပမယ့္ ဘာေၾကာင့္ လူနည္းစုကပဲ တကယ္လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္တာလဲဆိုတာကို သိပါသလား။ အရင္းအျမစ္ေတြ အကန္႔အသတ္နဲ႔ပဲ ရွိတဲ့သူ၊ ပညာေရးနဲ႔ အေျခခံပါရမီနည္းပါးသူေတြအတြက္ ကမာၻႀကီးကို ဘယ္လိုေျပာင္းလဲပစ္ႏိုင္မွာပါလဲ။

အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္သူနဲ႔ ရင္ထဲမွာသိမ္းထားရင္း ေသဆံုးသြားသူေတြၾကားမွာ ကြဲျပားျခားနားမႈ အမ်ားႀကီးမရွိလွပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔အားလံုးမွာ ထူးျခားခ်က္ေတြ ရွိေနလို႔ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုး တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီတိုင္းမွာ အတုမရွိတဲ့ ပင္ကိုယ္အရည္အေသြးေတြ၊ စြမ္းေဆာင္ရည္ေတြနဲ႔ ဗီဇစြမ္းအားေတြ ရွိၾကပါတယ္။ ဒါေပမယ့္တစ္ေယာက္နဲ႔တစ္ေယာက္ အဓိကကြဲျပားျခားနားသြားေစတဲ့အခ်က္ကေတာ့ ဘာပဲျဖစ္ျဖစ္ ျဖစ္ေအာင္လုပ္မယ္လို႔ ဆံုးျဖတ္ႏိုင္စြမ္းပဲျဖစ္ပါတယ္။

ေ၀ခြဲမရျဖစ္မေနပါနဲ႔။ က်႐ႈံးသြားမွာနဲ႔ အျခားသူေတြ ဘယ္လိုထင္သြားမလဲဆိုတာကို စိုးရိမ္စိတ္ေတြက လုပ္သင့္တာကို မလုပ္ျဖစ္ေအာင္ ဟန္႔တားထားႏိုင္ၿပီး သင့္အိပ္မက္ေတြကို လက္ေတြ႕အေကာင္အထည္ မေဖာ္ႏိုင္ေအာင္ လုပ္ႏိုင္ပါတယ္။ ဒီလိုစိုးရိမ္စိတ္ေတြက သင့္ရဲ႕အဖိုးတန္စိတ္ကူးအိပ္မက္ေတြကို ေသသည္အထိ ေဖာ္ထုတ္ခြင့္မရေအာင္ ျဖစ္သြားေစႏိုင္ပါတယ္။ စိတ္ကူးအိပ္မက္ကို အေကာင္အထည္ေဖာ္ပါ။

ျဖစ္ေအာက္လုပ္မယ္လို႔ ဆံုးျဖတ္ၿပီးရင္လည္း စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ ေနာက္တြန္႔မသြားပါနဲ႔။ စိတ္ကူးအိပ္မက္ ႀကီးေလေလ၊ စိန္ေခၚမႈက ျပင္းထန္ေလေလပဲျဖစ္ပါတယ္။ ဘယ္အရာမွ ၿပီးျပည့္စံုတာ မရွိပါဘူး။ ျပင္ပအေျခအေနေတြေၾကာင့္ စိတ္ဓာတ္မယိုင္သြားပါေစနဲ႔။

ဘာလိုအေၾကာင္းပဲရွိရွိ ျဖစ္ေအာင္လုပ္ဖို႔ ဆံုးျဖတ္ထားပါ။ သင့္ရဲ႕စိတ္ကူးအိပ္မက္ တကယ္ျဖစ္လာဖို႔အတြက္ ေသြးေရာ ေခၽြးေရာသာမက မ်က္ရည္ေတြပါ ရင္းႏွီးရႏိုင္ေခ်ရွိပါတယ္။ ေအာင္ႏိုင္ဖို႔ ရပ္တည္ေနတယ္လို႔ သင့္ကိုယ္သင္ ထပ္ကာတလဲလဲ သတိေပးပါ။ ဘာအေၾကာင္းပဲရွိရွိ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ေစဖို႔ ကိုယ့္ကိုယ္ကို အားေပးပါ။ ဒီလိုစိတ္ဓာတ္မ်ိဳးရွိမွသာ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြက လက္ေတြ႕ဘ၀မွာ အေကာင္အထည္ေပၚလာမွာ ျဖစ္ပါတယ္။

ကဲ ဘာအေၾကာင္းပဲရွိရွိ လုပ္ဖို႔ အဆင္သင့္ျဖစ္ပါၿပီလား ????


အိပ်မက်တွေ တကယ်ဖြစ်လာစေဖို့

ကမ္ဘာကြီးက စိတ်ကူးယဉ်သူတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် စိတ်ကူးအိပ်မက်နေရုံမဟုတ်ပဲ တကယ်လက်တွေ့ဆုံးဖြတ်လုပ်ကိုင်သူတွေကို ကမ္ဘာကြီးက ပိုလိုအပ်နေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေနောက်မှာ ခိုင်မာတဲ့ ယုံကြည်စိတ်နဲ့ အပြင်းအထန်ကြိုးစားအားထုတ်မှုတွေ ရှိရမှာဖြစ်ပါတယ်။

လူတိုင်းလောက်နီးပါးမှာ အံ့မခန်းကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးအိပ်မက်တွေရှိပေမယ့် ဘာကြောင့် လူနည်းစုကပဲ တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်တာလဲဆိုတာကို သိပါသလား။ အရင်းအမြစ်တွေ အကန့်အသတ်နဲ့ပဲ ရှိတဲ့သူ၊ ပညာရေးနဲ့ အခြေခံပါရမီနည်းပါးသူတွေအတွက် ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲပစ်နိုင်မှာပါလဲ။

အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သူနဲ့ ရင်ထဲမှာသိမ်းထားရင်း သေဆုံးသွားသူတွေကြားမှာ ကွဲပြားခြားနားမှု အများကြီးမရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးမှာ ထူးခြားချက်တွေ ရှိနေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းမှာ အတုမရှိတဲ့ ပင်ကိုယ်အရည်အသွေးတွေ၊ စွမ်းဆောင်ရည်တွေနဲ့ ဗီဇစွမ်းအားတွေ ရှိကြပါတယ်။ ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက် အဓိကကွဲပြားခြားနားသွားစေတဲ့အချက်ကတော့ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်နိုင်စွမ်းပဲဖြစ်ပါတယ်။

ဝေခွဲမရဖြစ်မနေပါနဲ့။ ကျရှုံးသွားမှာနဲ့ အခြားသူတွေ ဘယ်လိုထင်သွားမလဲဆိုတာကို စိုးရိမ်စိတ်တွေက လုပ်သင့်တာကို မလုပ်ဖြစ်အောင် ဟန့်တားထားနိုင်ပြီး သင့်အိပ်မက်တွေကို လက်တွေ့အကောင်အထည် မဖော်နိုင်အောင် လုပ်နိုင်ပါတယ်။ ဒီလိုစိုးရိမ်စိတ်တွေက သင့်ရဲ့အဖိုးတန်စိတ်ကူးအိပ်မက်တွေကို သေသည်အထိ ဖော်ထုတ်ခွင့်မရအောင် ဖြစ်သွားစေနိုင်ပါတယ်။ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ။

ဖြစ်အောက်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် နောက်တွန့်မသွားပါနဲ့။ စိတ်ကူးအိပ်မက် ကြီးလေလေ၊ စိန်ခေါ်မှုက ပြင်းထန်လေလေပဲဖြစ်ပါတယ်။ ဘယ်အရာမှ ပြီးပြည့်စုံတာ မရှိပါဘူး။ ပြင်ပအခြေအနေတွေကြောင့် စိတ်ဓာတ်မယိုင်သွားပါစေနဲ့။

ဘာလိုအကြောင်းပဲရှိရှိ ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပါ။ သင့်ရဲ့စိတ်ကူးအိပ်မက် တကယ်ဖြစ်လာဖို့အတွက် သွေးရော ချွေးရောသာမက မျက်ရည်တွေပါ ရင်းနှီးရနိုင်ချေရှိပါတယ်။ အောင်နိုင်ဖို့ ရပ်တည်နေတယ်လို့ သင့်ကိုယ်သင် ထပ်ကာတလဲလဲ သတိပေးပါ။ ဘာအကြောင်းပဲရှိရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့ ကိုယ့်ကိုယ်ကို အားပေးပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိမှသာ သင့်ရဲ့စိတ်ကူးအိပ်မက်တွေက လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

ကဲ ဘာအကြောင်းပဲရှိရှိ လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီလား ????

Related Posts

%%footer%%