သူမ ဘယ်လိုဆုံးဖြတ်မှာလဲ ?
သင္ခ်စ္ရတဲ့ မိန္းကေလးတစ္ေယာက္က သင့္ကို ျငငး္ပယ္လိုက္မွာလား၊ ခ်စ္သူအျဖစ္နဲ႔ လက္ခံမွာလား၊ ၿပီးေတာ့ လက္ထပ္ၿပီး ဘ၀တစ္ခုလံုးလက္တြဲသြားမွာလားဆိုတာကုိ သိခ်င္ပါသလား။ ဒီလိုကိစၥနဲ႔ ပတ္သက္ၿပီး မိန္းကေလးတစ္ေယာက္က စိတ္ထဲမွာ ဆံုးျဖတ္ခ်က္ေတြအမ်ားႀကီးခ်မွတ္ေလ့ရွိပါတယ္။ သူတို႔က အခ်ိန္ယူၿပီး ဆံုးျဖတ္တတ္ၾကသလို သင္နဲ႔ပတ္သက္ၿပီး ခံစားခ်က္ေတြကအစ အရာအားလံုးကို အေသးစိတ္အထိ ေစာင့္ၾကည့္ ေလ့လာသံုးသပ္တတ္ၾကပါတယ္။
ျငင္းပယ္ခံရႏုိင္သည့္ အခ်က္မ်ား
ဒီလိုအျဖစ္မ်ိဳးက လက္ခံႏိုင္ဖို႔ ခက္ပါတယ္။ ဒါေပမယ့္ မိန္းကေလးေတြက သူတို႔အတြက္ အဆင္မေျပဘူးထင္ရင္ ျငင္းပယ္လိုက္ဖို႔ ဆံုးျဖတ္တတ္ၾကပါတယ္။ သင္ျငင္းပယ္ခံရႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ –
၁။ သူမကို မဆြဲေဆာင္ႏိုင္လို႔ျဖစ္ပါတယ္။ မိန္းကေလးတိုင္းမွာ သူတို႔ႀကိဳက္တဲ့ ေယာကၤ်ားေလးပံုစံေတြ ရွိတတ္ပါတယ္။ သင္က ပံုစံမ၀င္ဘူးဆိုရင္ေတာ့ ၿငင္းပယ္ခံရမ်ာ က်ိန္းေသးပါတယ္။ ဆြဲေဆာင္မႈရွိဖို႔က အေရးႀကီးပါတယ္။ သင့္အေနနဲ႔ မင္းသား႐ႈံးေအာင္ ေခ်ာလွေနဖို႔မလုိပါဘူး။ သူမစိတ္ကို လႊမ္းမိုးႏိုင္စြမ္းရွိရင္ လုံေလာက္ပါၿပီ။
၂။ ရင္ခုန္စိတ္လႈပ္ရွားစရာမရွိလို႔ပါ။ သူမအတြက္ စိတ္လႈပ္ရွားစရာမရွိပဲ ပ်င္းစရာေကာင္းေနမယ္။ စႏိုးစေနာင့္ျဖစ္ေနမယ္ဆိုရင္လည္း ျငင္းပယ္တတ္ၾကပါတယ္။
၃။ သင့္ရဲ႕အလုပ္အကိုင္ကို မႀကိဳက္လို႔ ဒါမွမဟုတ္ အလုပ္မရွိလို႔ပါ။ ယေန႔ေခတ္မိန္းကေလးေတြက သူတို႔ရဲ႕ ဘ၀ေနထိုင္မႈပံုစံကို ပံ့ပိုးျဖည့္ဆည္းေပးႏိုင္တဲ့သူမ်ိဳးကို အလိုရွိၾကတာျဖစ္ပါတယ္။ သူတို႔ အသံုးစရိတ္ကို ကာမိေအာင္ေတာင္မွ ၀င္ေငြမရွိတဲ့သူမ်ိဳးဆိုရင္ စိတ္မ၀င္စားတတ္ၾကပါဘူး။
၄။ သင့္မွာ သူတို႔မႀကိဳက္တဲ့အခ်က္ေတြရွိေနလို႔ပါ။ ေဆးလိပ္ေသာက္တတ္တာ၊ အရက္ေသာက္တာ၊ မူးယစ္ေဆးသံုးတာ၊ ေလာင္းကစားလုပ္တတ္တာ ဒီလိုအက်င့္ေတြကို မိန္းကေလးေတြက သေဘာမက်တတ္ပါဘူး။ ဒါေပမယ့္ ဒီအခ်က္ေတြကို ျပင္ႏိုင္မယ္ဆိုရင္ေတာ့ နီးစပ္ႏိုင္ေခ်ရွိပါေသးတယ္။
၅။ မိန္းကေလးစိတ္ေၾကာင့္ပါ။ ဒီအခ်က္က ရွင္းျပဖို႔ခက္ပါတယ္။ သင့္ရဲ႕နာမည္အစ စာလံုးကို မႀကိဳက္တာက စၿပီး ဘယ္သန္ျဖစ္ေနလို႔ဆိုတာအထိ အေၾကာင္းျပခ်က္အမ်ိဳးမိ်ဳးနဲ႔ ျငင္းတတ္ၾကတာမ်ိဳးပါ။
ခ်စ္သူအျဖစ္လက္ခံႏိုင္သည့္ အခ်က္မ်ား
ခ်စ္သူျဖစ္ၿပီဆိုရင္ ေစ့စပ္ေၾကာင္းလမ္းတာေတြ၊ ထိမ္းျမားလက္ထပ္တာေတြအထိ ဆက္သြားႏိုင္ပါတယ္။ ဒါေပမယ့္ အေပ်ာ္မေစာပါနဲ႔ဦး။ ခ်စ္သူအျဖစ္တြဲေနက်ခ်ိန္မွာ လက္ထပ္ဖို႔အထိ ေတြးထားခ်င္မွ ေတြးထားမွာပါ။ သူတို႔က သင့္ကိုေလ့လာသံုးသပ္ဦးမွာျဖစ္ပါတယ္။ သင့္ကို ခ်စ္သူအျဖစ္လက္ခံႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ –
၁။ သင္ကဆြဲေဆာင္မႈရွိလို႔ပါ။ သူမသေဘာက်တဲ့ အမ်ိဳးသားပံုစံမ်ိဳးျဖစ္ၿပီး သူမကို ရယ္ေမာေပ်ာ္ရႊင္ေစႏိုင္သူ ျဖစ္ရင္ ခ်စ္သူအျဖစ္လက္တြဲဖို႔ တ၀က္ေလာက္ေသခ်ာေနပါၿပီ။ သူမကို ခ်စ္ခင္ၾကင္နာၿပီး စိတ္ခ်မ္းသာေစႏိုင္ေၾကာင္း ျပႏိုင္ရင္ေတာ့ သူမလက္ကို ကိုင္ရဖို႔ ေသခ်ာပါၿပီ။
၂။ အိပ္ရာထဲမွာ ေတာ္လို႔ပါ။ ဒီအခ်က္က ျမန္မာယဥ္ေက်းမႈနဲ႔ မကိုက္ညီပါဘူး။ အေနာက္ႏိုင္ငံေတြမွာ အတူေနျဖစ္ၿပီးမွ ခ်စ္သူအျဖစ္ ေရွ႕ဆက္လက္တြဲတာမ်ိဳးေတြကို ဆိုလိုပါတယ္။ အိပ္ရာထဲကကိစၥမွာ သင္တို႔ႏွစ္ဦးစလံုးက ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ခံစားမႈပိုင္းမွာပါ အခ်င္းခ်င္းေက်နပ္မႈ ရွိမရွိနဲ႔ဆိုင္ပါတယ္။
၃။ သူနဲ႔အတူရွိခ်ိန္ေတြက ေပ်ာ္ဖို႔ေကာင္းလို႔ပါ။ ႏွစ္ဦးသား အတူရွိေနခ်ိန္မွာ အခ်ိန္ကုန္လို႔ ကုန္သြားမွန္းမသိ ေပ်ာ္ေနရတာမ်ိဳးေၾကာင့္ ျဖစ္ပါတယ္။
၄။ သင္ကလိုက္ေလ်ာညီေထြေနတတ္လို႔ပါ။ ႏွစ္ဦးသား ဘ၀ကို အျပန္အလွန္ေလးစားမႈရွိၿပီး အဆင္မေျပႏိုင္တာေတြ မေတာင္းဆိုတတ္တာမ်ိဳးေတြေၾကာင့္ပါ။ သင္ကိုယ္တိုင္လည္း အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာခြဲျခားထားတတ္ၿပီး သူမစိတ္တိုင္းက် လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနေပးႏိုင္လို႔ ျဖစ္ပါတယ္။
၅။ သူမကိုေလးစားသမႈရွိလို႔ပါ။ ခ်စ္သူအျဖစ္လက္တြဲဖို႔ စဥ္းစားေနခ်ိန္မွာကတည္းက သူမကို တျခားသူငယ္ခ်င္းေတြလို ဆက္ဆံလို႔မျဖစ္ပါဘူး။ အေလးထားၿပီး ဦးစားေပးဆက္ဆံတာမ်ိဳးေတြကို မိန္းကေလးေတြက လိုခ်င္ၾကတာျဖစ္ပါတယ္။
သင့္ကိုလက္ထပ္ႏိုင္သည့္အခ်က္မ်ား
ဒီကိစၥကို လြယ္တာလည္းရွိသလို ခက္တာလည္းရွိပါတယ္။ တစ္ခ်ိဳ႕ေတြက ခ်စ္သူအျဖစ္နဲ႔ လက္ခံလိုက္ၿပီဆိုကတည္းက ဆံုးျဖတ္ၿပီးသားျဖစ္ေနတတ္ေပမယ့္ တစ္ခ်ိဳ႕ေတြကေတာ့ သူတို႔နဲ႔ တစ္သက္လံုး လက္တြဲသြားႏိုင္သူဟုတ္မဟုတ္ အခ်ိန္ယူသံုးသပ္ၾကဦးမွာျဖစ္ပါတယ္။ သင့္ကို လက္ထပ္ဖို႔ ဆံုးျဖတ္ႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ –
၁။ သူမကို ပံ့ပံုေပးႏိုင္လို႔ပါ။ ေငြေၾကးကိစၥေတြကိုခ်ည္းပဲ ဆိုလိုတာမဟုတ္ပါဘူး။ အမ်ားကလက္ခံထားတဲ့အတိုင္း ေယာကၤ်ားေလးက မိန္းကေလးကို လုိအပ္တဲ့ပံ့ပိုးမႈေတြ ေပးႏိုင္တာမ်ိဳးကို ဆိုလိုပါတယ္။
၂။ သင့္မွာ အလားအလာေကာင္းေတြရွိလို႔ပါ။ မိန္းကေလးေတြဟာ ရည္မွန္းခ်က္ရွိၿပီး ေျပာတဲ့အတိုင္း လုပ္ေဆာင္ႏိုင္ေခ်ရွိသူေတြကိုပဲ လက္ထပ္မွာျဖစ္ပါတယ္။ စိတ္ကူးယဥ္သက္သက္ပဲဆိုရင္ေတာ့ သင့္ရည္ရြယ္ခ်က္ေတြ ဘယ္ေလာက္ပဲေကာင္းေကာင္း အသိအမွတ္ျပဳမွာမဟုတ္ပါဘူး။
၃။ သူမနဲ႔ အနာဂတ္မိသားစုကို ေစာင့္ေရွာင္ႏိုင္လို႔ပါ။ သူမကို ပံ့ပိုးေပးႏိုင္႐ုံသာမက ခင္ပြန္းေကာင္း၊ ဖခင္ေကာင္းတစ္ေယာက္ ျဖစ္ႏိုင္သူကိုသာ လက္ထပ္ခ်င္ၾကတာျဖစ္ပါတယ္။ ကေလးအႏွီးလဲတတ္လား မလဲတတ္ဘူးလားဆိုတာေတြ ေမးျမန္းေနမွာမဟုတ္ေပမယ့္ သင့္မွာ မိသာစုတစ္ခုကို ေစာင့္ေရွာက္ႏိုင္တဲ့ အရည္အခ်င္းေတြ ရွိမရွိဆိုတာကိုေတာ့ ေစာင့္ၾကည့္ဆံုးျဖတ္ပါလိမ့္မယ္။
၄။ သင့္ဖက္က လုံး၀ေသခ်ာၿပီး အဆင္သင့္ျဖစ္ေနလို႔ပါ။ မိန္းကေလးေတြက သင့္ဖက္က သူမကို ဘ၀တစ္သက္တာလက္တြဲဖို႔ ေသခ်ာဆံုးျဖတ္ထားမထားကို ခံစားႏိုင္စြမ္းရွိပါတယ္။
၅။ အျပန္အလွန္ အခ်စ္ေတြ ခိုင္ျမဲေနလို႔ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္းခ်စ္မိေနၿပီဆိုရင္ေတာ့ အျခားဘာကိုမွ စဥ္းစားမေနတတ္ေတာ့ပါဘူး။ တစ္ခါတစ္ေလက်ေတာ့လည္း မိန္းကေလးေတြက အခ်စ္ကို ေရွ႕တန္းတင္ၿပီး မဆံုးျဖတ္တတ္ၾကဘူးဆိုတာကိုေတာ့ သတိျပဳပါ။
သူမ ဘယ်လိုဆုံးဖြတ်မှာလဲ ?
သင်ချစ်ရတဲ့ မိန်းကလေးတစ်ယောက်က သင့်ကို ငြင်းပယ်လိုက်မှာလား၊ ချစ်သူအဖြစ်နဲ့ လက်ခံမှာလား၊ ပြီးတော့ လက်ထပ်ပြီး ဘဝတစ်ခုလုံးလက်တွဲသွားမှာလားဆိုတာကို သိချင်ပါသလား။ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး မိန်းကလေးတစ်ယောက်က စိတ်ထဲမှာ ဆုံးဖြတ်ချက်တွေအများကြီးချမှတ်လေ့ရှိပါတယ်။ သူတို့က အချိန်ယူပြီး ဆုံးဖြတ်တတ်ကြသလို သင်နဲ့ပတ်သက်ပြီး ခံစားချက်တွေကအစ အရာအားလုံးကို အသေးစိတ်အထိ စောင့်ကြည့် လေ့လာသုံးသပ်တတ်ကြပါတယ်။
ငြင်းပယ်ခံရနိုင်သည့် အချက်များ
ဒီလိုအဖြစ်မျိုးက လက်ခံနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက သူတို့အတွက် အဆင်မပြေဘူးထင်ရင် ငြင်းပယ်လိုက်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ သင်ငြင်းပယ်ခံရနိုင်တဲ့ အကြောင်းရင်းတွေကတော့ –
၁။ သူမကို မဆွဲဆောင်နိုင်လို့ဖြစ်ပါတယ်။ မိန်းကလေးတိုင်းမှာ သူတို့ကြိုက်တဲ့ ယောင်္ကျားလေးပုံစံတွေ ရှိတတ်ပါတယ်။ သင်က ပုံစံမဝင်ဘူးဆိုရင်တော့ ငြင်းပယ်ခံရမျာ ကျိန်းသေးပါတယ်။ ဆွဲဆောင်မှုရှိဖို့က အရေးကြီးပါတယ်။ သင့်အနေနဲ့ မင်းသားရှုံးအောင် ချောလှနေဖို့မလိုပါဘူး။ သူမစိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိရင် လုံလောက်ပါပြီ။
၂။ ရင်ခုန်စိတ်လှုပ်ရှားစရာမရှိလို့ပါ။ သူမအတွက် စိတ်လှုပ်ရှားစရာမရှိပဲ ပျင်းစရာကောင်းနေမယ်။ စနိုးစနောင့်ဖြစ်နေမယ်ဆိုရင်လည်း ငြင်းပယ်တတ်ကြပါတယ်။
၃။ သင့်ရဲ့အလုပ်အကိုင်ကို မကြိုက်လို့ ဒါမှမဟုတ် အလုပ်မရှိလို့ပါ။ ယနေ့ခေတ်မိန်းကလေးတွေက သူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးကို အလိုရှိကြတာဖြစ်ပါတယ်။ သူတို့ အသုံးစရိတ်ကို ကာမိအောင်တောင်မှ ဝင်ငွေမရှိတဲ့သူမျိုးဆိုရင် စိတ်မဝင်စားတတ်ကြပါဘူး။
၄။ သင့်မှာ သူတို့မကြိုက်တဲ့အချက်တွေရှိနေလို့ပါ။ ဆေးလိပ်သောက်တတ်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ လောင်းကစားလုပ်တတ်တာ ဒီလိုအကျင့်တွေကို မိန်းကလေးတွေက သဘောမကျတတ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကို ပြင်နိုင်မယ်ဆိုရင်တော့ နီးစပ်နိုင်ချေရှိပါသေးတယ်။
၅။ မိန်းကလေးစိတ်ကြောင့်ပါ။ ဒီအချက်က ရှင်းပြဖို့ခက်ပါတယ်။ သင့်ရဲ့နာမည်အစ စာလုံးကို မကြိုက်တာက စပြီး ဘယ်သန်ဖြစ်နေလို့ဆိုတာအထိ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းတတ်ကြတာမျိုးပါ။
ချစ်သူအဖြစ်လက်ခံနိုင်သည့် အချက်များ
ချစ်သူဖြစ်ပြီဆိုရင် စေ့စပ်ကြောင်းလမ်းတာတွေ၊ ထိမ်းမြားလက်ထပ်တာတွေအထိ ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် အပျော်မစောပါနဲ့ဦး။ ချစ်သူအဖြစ်တွဲနေကျချိန်မှာ လက်ထပ်ဖို့အထိ တွေးထားချင်မှ တွေးထားမှာပါ။ သူတို့က သင့်ကိုလေ့လာသုံးသပ်ဦးမှာဖြစ်ပါတယ်။ သင့်ကို ချစ်သူအဖြစ်လက်ခံနိုင်တဲ့ အကြောင်းရင်းတွေကတော့ –
၁။ သင်ကဆွဲဆောင်မှုရှိလို့ပါ။ သူမသဘောကျတဲ့ အမျိုးသားပုံစံမျိုးဖြစ်ပြီး သူမကို ရယ်မောပျော်ရွှင်စေနိုင်သူ ဖြစ်ရင် ချစ်သူအဖြစ်လက်တွဲဖို့ တဝက်လောက်သေချာနေပါပြီ။ သူမကို ချစ်ခင်ကြင်နာပြီး စိတ်ချမ်းသာစေနိုင်ကြောင်း ပြနိုင်ရင်တော့ သူမလက်ကို ကိုင်ရဖို့ သေချာပါပြီ။
၂။ အိပ်ရာထဲမှာ တော်လို့ပါ။ ဒီအချက်က မြန်မာယဉ်ကျေးမှုနဲ့ မကိုက်ညီပါဘူး။ အနောက်နိုင်ငံတွေမှာ အတူနေဖြစ်ပြီးမှ ချစ်သူအဖြစ် ရှေ့ဆက်လက်တွဲတာမျိုးတွေကို ဆိုလိုပါတယ်။ အိပ်ရာထဲကကိစ္စမှာ သင်တို့နှစ်ဦးစလုံးက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ခံစားမှုပိုင်းမှာပါ အချင်းချင်းကျေနပ်မှု ရှိမရှိနဲ့ဆိုင်ပါတယ်။
၃။ သူနဲ့အတူရှိချိန်တွေက ပျော်ဖို့ကောင်းလို့ပါ။ နှစ်ဦးသား အတူရှိနေချိန်မှာ အချိန်ကုန်လို့ ကုန်သွားမှန်းမသိ ပျော်နေရတာမျိုးကြောင့် ဖြစ်ပါတယ်။
၄။ သင်ကလိုက်လျောညီထွေနေတတ်လို့ပါ။ နှစ်ဦးသား ဘဝကို အပြန်အလှန်လေးစားမှုရှိပြီး အဆင်မပြေနိုင်တာတွေ မတောင်းဆိုတတ်တာမျိုးတွေကြောင့်ပါ။ သင်ကိုယ်တိုင်လည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲခြားထားတတ်ပြီး သူမစိတ်တိုင်းကျ လိုက်လျောညီထွေဖြစ်အောင် နေပေးနိုင်လို့ ဖြစ်ပါတယ်။
၅။ သူမကိုလေးစားသမှုရှိလို့ပါ။ ချစ်သူအဖြစ်လက်တွဲဖို့ စဉ်းစားနေချိန်မှာကတည်းက သူမကို တခြားသူငယ်ချင်းတွေလို ဆက်ဆံလို့မဖြစ်ပါဘူး။ အလေးထားပြီး ဦးစားပေးဆက်ဆံတာမျိုးတွေကို မိန်းကလေးတွေက လိုချင်ကြတာဖြစ်ပါတယ်။
သင့်ကိုလက်ထပ်နိုင်သည့်အချက်များ
ဒီကိစ္စကို လွယ်တာလည်းရှိသလို ခက်တာလည်းရှိပါတယ်။ တစ်ချို့တွေက ချစ်သူအဖြစ်နဲ့ လက်ခံလိုက်ပြီဆိုကတည်းက ဆုံးဖြတ်ပြီးသားဖြစ်နေတတ်ပေမယ့် တစ်ချို့တွေကတော့ သူတို့နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်သူဟုတ်မဟုတ် အချိန်ယူသုံးသပ်ကြဦးမှာဖြစ်ပါတယ်။ သင့်ကို လက်ထပ်ဖို့ ဆုံးဖြတ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ –
၁။ သူမကို ပံ့ပုံပေးနိုင်လို့ပါ။ ငွေကြေးကိစ္စတွေကိုချည်းပဲ ဆိုလိုတာမဟုတ်ပါဘူး။ အများကလက်ခံထားတဲ့အတိုင်း ယောင်္ကျားလေးက မိန်းကလေးကို လိုအပ်တဲ့ပံ့ပိုးမှုတွေ ပေးနိုင်တာမျိုးကို ဆိုလိုပါတယ်။
၂။ သင့်မှာ အလားအလာကောင်းတွေရှိလို့ပါ။ မိန်းကလေးတွေဟာ ရည်မှန်းချက်ရှိပြီး ပြောတဲ့အတိုင်း လုပ်ဆောင်နိုင်ချေရှိသူတွေကိုပဲ လက်ထပ်မှာဖြစ်ပါတယ်။ စိတ်ကူးယဉ်သက်သက်ပဲဆိုရင်တော့ သင့်ရည်ရွယ်ချက်တွေ ဘယ်လောက်ပဲကောင်းကောင်း အသိအမှတ်ပြုမှာမဟုတ်ပါဘူး။
၃။ သူမနဲ့ အနာဂတ်မိသားစုကို စောင့်ရှောင်နိုင်လို့ပါ။ သူမကို ပံ့ပိုးပေးနိုင်ရုံသာမက ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက် ဖြစ်နိုင်သူကိုသာ လက်ထပ်ချင်ကြတာဖြစ်ပါတယ်။ ကလေးအနှီးလဲတတ်လား မလဲတတ်ဘူးလားဆိုတာတွေ မေးမြန်းနေမှာမဟုတ်ပေမယ့် သင့်မှာ မိသာစုတစ်ခုကို စောင့်ရှောက်နိုင်တဲ့ အရည်အချင်းတွေ ရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ဆုံးဖြတ်ပါလိမ့်မယ်။
၄။ သင့်ဖက်က လုံး၀သေချာပြီး အဆင်သင့်ဖြစ်နေလို့ပါ။ မိန်းကလေးတွေက သင့်ဖက်က သူမကို ဘဝတစ်သက်တာလက်တွဲဖို့ သေချာဆုံးဖြတ်ထားမထားကို ခံစားနိုင်စွမ်းရှိပါတယ်။
၅။ အပြန်အလှန် အချစ်တွေ ခိုင်မြဲနေလို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်မိနေပြီဆိုရင်တော့ အခြားဘာကိုမှ စဉ်းစားမနေတတ်တော့ပါဘူး။ တစ်ခါတစ်လေကျတော့လည်း မိန်းကလေးတွေက အချစ်ကို ရှေ့တန်းတင်ပြီး မဆုံးဖြတ်တတ်ကြဘူးဆိုတာကိုတော့ သတိပြုပါ။