သင့္ မ်က္လံုးေတြကို လ်ွပ္စစ္ပစၥည္းဒဏ္မွ ကာကြယ္ဖို႔ အၾကံဉာဏ္ ေလးခု
သင့် မျက်လုံးတွေကို လျှပ်စစ်ပစ္စည်းဒဏ်မှ ကာကွယ်ဖို့ အကြံဉာဏ် လေးခု
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ကြၽန္ေတာ္ အေအးမိၿပီး အိပ္ရာထဲ ရက္ေတာ္ေတာ္ၾကာ လဲေနခဲ့ဖူးပါတယ္။ အဖ်ားက ျပင္းလြန္စေတာ့ ကြၽန္ေတာ့္အျမင္အာရံုကိုပါ ထိခိုက္သြားခဲ့ၿပီး လက္တကမ္းစာထက္ ပိုနီးတဲ့ ပစၥည္းဟူသမ်ွ မႈန္ဝါးဝါး ျဖစ္ေနပါတယ္။
ေနျပန္ေကာင္းလာေတာ့ အျမင္အာရံုျပန္ရလာေပမယ့္ အနီးမႈန္ျဖစ္ေနခဲ့ပါတယ္။ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ေတာ့ ကြၽန္ေတာ့္ အနီးမႈန္ဟာ ကြၽန္ေတာ့္ အသက္ (၄၀) ေက်ာ္သြားတာေၾကာင့္ ေၾကာင့္ ျဖစ္ၿပီး အီလက္ထေရာနစ္ပစၥည္းေတြ သံုးစြဲမႈက အျမင္အာရံု ပ်က္စီးတဲ့ အ႐ွိန္ကို ျမႇင့္တင္လိုက္သလို ျဖစ္သြားတာလို႔ ဆိုပါတယ္။
ကြၽန္ေတာ္တို႔ဟာ မ်က္လံုးကို ေနေရာင္ထဲထြက္ရင္ ခရမ္းလြန္ေရာင္ခ်ည္ဒဏ္မွ ကာကြယ္ဖို႔ က်င့္သားရေနၾကေပမယ့္ ဒစ္ဂ်စ္တယ္ကိရိယာေတြက ထုတ္လႊတ္တဲ့ အႏၱရာယ္႐ွိတဲ့ အျပာေရာင္ ေရာင္ခ်ည္ နဲ႔ စူး႐ွတဲ့ အလင္းတန္းေတြကို ကာကြယ္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အဲဒိေရာင္ခ်ည္ေတြနဲ႔ ကာလ႐ွည္ ထိေတြ႕ရျခင္းက မ်က္လံုးေတြကို ျမန္ျမန္ ရင့္ေရာ္လာေစပါတယ္။
အျပာေရာင္ ေရာင္စဥ္ဟာ ကြၽန္ေတာ္တို႔ရဲ႕ ၂၄ နာရီ သဘာဝ ေန႔စဥ္ စက္ဝန္းကို အက်ိဳးသက္ေရာက္မႈ ႐ွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အိပ္စက္မႈ စက္ဝန္း ယိုယြင္းသြားခဲ့ရင္ အိပ္ျခင္းကို ထိန္းခ်ဳပ္တဲ့ ေဟာ္မုန္း Melatonin ကို ထုတ္လႊတ္ေပးမႈကို ဖိႏွိပ္သလို ျဖစ္သြားပါတယ္။ Melatonin ထုတ္လႊတ္မႈ နည္းျခင္းဟာ ရင္သားကင္ဆာ၊ ပေရာ့စတိတ္ကင္ဆာ၊ ဆီးခ်ိဳ ႏွလံုးေရာဂါနဲ႔ အဝလြန္ျခင္းတို႔ကို ျဖစ္ပြားေစပါတယ္။
သင္တို႔ရဲ႕ အီလက္ထေရာနစ္ ပစၥည္းေတြကို အသံုးျပဳေနရင္းနဲ႔ပဲ သင့္မ်က္လံုးေတြနဲ႔ သင့္က်န္းမာေရးကို ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြ ႐ွိပါတယ္။ သင္က ကြန္ျပဴတာ၊ ဒါမွမဟုတ္ စမတ္ဖုန္းတစ္လံုးလံုးကို ပံျမႇန္အသံုးျပဳရင္ သင့္မ်က္လံုးကို ကာကြယ္ဖို႔ ေအာက္ပါအခ်က္ေလးေတြကို အသံုးခ်ၾကည့္ပါ။
၁. မ်က္လံုးေလ့က်င့္ခန္း လုပ္ပါ
သင့္ရဲ႕ Screen ကိုအျမဲ ၾကည့္မေနပါနဲ႔။ မိနစ္ ၂၀ ကို တစ္ခါေလာက္ အနားယူၿပီး မ်က္လံုးေလ့က်င့္ခန္း လုပ္ပါ။ မ်က္လံုးေတြကို လႈပ္႐ွားပါ။ အေဝးကို ၾကည့္ပါ။ မ်က္လံုးေတြကို မွိတ္ၿပီး ႏွိပ္နယ္ေပးပါ။ အဲဒိေလ့က်င့္ခန္းေတြကို တစ္ေခါက္ကို ငါးႀကိမ္မွ ဆယ္ႀကိမ္အထိ လိုအပ္သလို လုပ္ေပးပါ။
၂. လမ္းေလ်ွာက္ထြက္ပါ
အျပင္ထြက္ၿပီး သဘာဝအလင္းေရာင္နဲ႔ ထိေတြ႕လိုက္ရတာဟာ သင့္ကို သဘာဝေန႔စဥ္စက္ဝန္းနဲ႔ ျပန္လည္ဆက္သြယ္ ေပးႏိုင္ၿပီး ညဘက္ ေစာေစာ အိပ္ေပ်ာ္ကာ မနက္ႏိုးတာနဲ႔ လန္းဆန္းတက္ႂကြေစႏိုင္ပါတယ္။ လမ္းေလ်ွာက္ထြက္ျခင္းက သင့္ကို သဘာဝတရားနဲ႔ ထိေတြ႕ခြင့္ေပးၿပီး တီထြင္ဉာဏ္ကိုပါ တိုးပြားေစပါတယ္။
၃. သင့္မ်က္လံံုးနဲ႔ ပါတ္ဝန္းက်င္ကို အဆင္ေျပေအာင္ ခ်ိန္ညႇိပါ
သင့္ ဒီဂ်စ္တယ္ ကိရိယာေလးထဲက Setting ေတြကို သြားၾကည့္ပါ။ Font ႀကီးႀကီး သံုးပါ။ သင့္ Screen ရဲ႕ Contrast ကို တင္ၿပီး Brightness ကို တိုးျမႇင့္ကာ သင္နဲ႔ သင့္မ်က္လံုးေတြ အဆင္ေျပႏိုင္တဲ့ အေနအထားထိ ခ်ိန္ညႇိထားပါ။ သင့္ Screen ကို အျမဲ သန္႔႐ွင္းေတာက္ေျပာင္ေနပါေစ။ Screen ကိုသင္မ်က္လံုးကေန အကြာအေဝး မ်ိဳးစံုမွာ ထားၾကည့္ျခင္းျဖင့္ မ်က္လံုးကို အကြာအေဝးမ်ိဳးစံု လိုက္ပါၾကည့္ေစႏိုင္ပါတယ္။ သင္က Android User ဆိုရင္ အျပာေရာင္ ေရာင္စဥ္တန္းေတြကို ကန္႔သတ္ဖို႔ Twilight ဆိုတဲ့ App ကို Playstore မွာ ႐ွာသံုးၾကည့္ပါ။
၄. သင့္မ်က္လံုးေတြ အတြက္ ရင္းႏီွးျမႇဳပ္ႏွံပါ
လူေတြဟာ ေငြ သိန္းေပါင္းမ်ားစြာကို ေသာက္ေသာက္စားစားနဲ႔ သံုးျဖဳန္းပစ္ၾကၿပီး ခႏၶာကိုယ္ရဲ႕ အဖိုးတန္အစိတ္အပိုင္းတစ္ခု ျဖစ္တဲ့ မ်က္လံုးအတြက္က် တြန္႔တိုေနတတ္ပါတယ္။ ေနကာမ်က္မွန္ ေကာင္းေကာင္း ႐ွာဝယ္ၾကည့္ပါ။ Gauss Eyewear ဟာ အျပာေရာင္ ေရာင္စဥ္တန္းေတြကို ပိတ္ဆို႔တားဆီးတဲ့ မ်က္မွန္တစ္မ်ိဳး ထုတ္လုပ္ဖို႔ ႐ွိပါတယ္။ ဖုန္းေတြမွာလဲ အျပာေရာင္ ကာကြယ္ေပးတဲ့ Screen Guard ေတြ ႐ွိပါတယ္။ ႐ွာေဖြ သံုးစြဲၾကည့္ပါ။
ကြၽန္ေတာ္တို႔ စမတ္ဖုန္းေတြ၊ Tablet ေတြကို စတင္သံုးစြဲလာတတ္တာ ဆယ္စုႏွစ္ မေက်ာ္ေသးပါဘူး။ အဲဒါေၾကာင့္ ဒီကိရိယာေတြဟာ ေရ႐ွည္မွာ အျမင္အာရံုကို ဘယ္လိုထိခိုက္ေစမလဲဆိုတာ ေျပာလို႔မရေသးပါဘူး။ ေလာကႀကီးဟာ သာယာလွပပါတယ္။ သင့္ရဲ႕ ကိရိယာကို အျမဲ ငံု႔ၾကည့္ေနၿပီး ေလာကႀကီးကို ေမာ့ၾကည့္ဖို႔ သတိမရခဲ့ရင္ သင့္အျမင္အာရံုပါ ေပ်ာက္ကြယ္သြားမယ္ ဆိုတာေတာ့ သတိရပါ။
သင့် မျက်လုံးတွေကို လျှပ်စစ်ပစ္စည်းဒဏ်မှ ကာကွယ်ဖို့ အကြံဉာဏ် လေးခု
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော် အအေးမိပြီး အိပ်ရာထဲ ရက်တော်တော်ကြာ လဲနေခဲ့ဖူးပါတယ်။ အဖျားက ပြင်းလွန်စတော့ ကျွန်တော့်အမြင်အာရုံကိုပါ ထိခိုက်သွားခဲ့ပြီး လက်တကမ်းစာထက် ပိုနီးတဲ့ ပစ္စည်းဟူသမျှ မှုန်ဝါးဝါး ဖြစ်နေပါတယ်။
နေပြန်ကောင်းလာတော့ အမြင်အာရုံပြန်ရလာပေမယ့် အနီးမှုန်ဖြစ်နေခဲ့ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တော့ ကျွန်တော့် အနီးမှုန်ဟာ ကျွန်တော့် အသက် (၄၀) ကျော်သွားတာကြောင့် ကြောင့် ဖြစ်ပြီး အီလက်ထရောနစ်ပစ္စည်းတွေ သုံးစွဲမှုက အမြင်အာရုံ ပျက်စီးတဲ့ အရှိန်ကို မြှင့်တင်လိုက်သလို ဖြစ်သွားတာလို့ ဆိုပါတယ်။
ကျွန်တော်တို့ဟာ မျက်လုံးကို နေရောင်ထဲထွက်ရင် ခရမ်းလွန်ရောင်ချည်ဒဏ်မှ ကာကွယ်ဖို့ ကျင့်သားရနေကြပေမယ့် ဒစ်ဂျစ်တယ်ကိရိယာတွေက ထုတ်လွှတ်တဲ့ အန္တရာယ်ရှိတဲ့ အပြာရောင် ရောင်ချည် နဲ့ စူးရှတဲ့ အလင်းတန်းတွေကို ကာကွယ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ အဲဒိရောင်ချည်တွေနဲ့ ကာလရှည် ထိတွေ့ရခြင်းက မျက်လုံးတွေကို မြန်မြန် ရင့်ရော်လာစေပါတယ်။
အပြာရောင် ရောင်စဉ်ဟာ ကျွန်တော်တို့ရဲ့ ၂၄ နာရီ သဘာဝ နေ့စဉ် စက်ဝန်းကို အကျိုးသက်ရောက်မှု ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်စက်မှု စက်ဝန်း ယိုယွင်းသွားခဲ့ရင် အိပ်ခြင်းကို ထိန်းချုပ်တဲ့ ဟော်မုန်း Melatonin ကို ထုတ်လွှတ်ပေးမှုကို ဖိနှိပ်သလို ဖြစ်သွားပါတယ်။ Melatonin ထုတ်လွှတ်မှု နည်းခြင်းဟာ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ ဆီးချို နှလုံးရောဂါနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။
သင်တို့ရဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အသုံးပြုနေရင်းနဲ့ပဲ သင့်မျက်လုံးတွေနဲ့ သင့်ကျန်းမာရေးကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ သင်က ကွန်ပြူတာ၊ ဒါမှမဟုတ် စမတ်ဖုန်းတစ်လုံးလုံးကို ပံမြှန်အသုံးပြုရင် သင့်မျက်လုံးကို ကာကွယ်ဖို့ အောက်ပါအချက်လေးတွေကို အသုံးချကြည့်ပါ။
၁. မျက်လုံးလေ့ကျင့်ခန်း လုပ်ပါ
သင့်ရဲ့ Screen ကိုအမြဲ ကြည့်မနေပါနဲ့။ မိနစ် ၂၀ ကို တစ်ခါလောက် အနားယူပြီး မျက်လုံးလေ့ကျင့်ခန်း လုပ်ပါ။ မျက်လုံးတွေကို လှုပ်ရှားပါ။ အဝေးကို ကြည့်ပါ။ မျက်လုံးတွေကို မှိတ်ပြီး နှိပ်နယ်ပေးပါ။ အဲဒိလေ့ကျင့်ခန်းတွေကို တစ်ခေါက်ကို ငါးကြိမ်မှ ဆယ်ကြိမ်အထိ လိုအပ်သလို လုပ်ပေးပါ။
၂. လမ်းလျှောက်ထွက်ပါ
အပြင်ထွက်ပြီး သဘာဝအလင်းရောင်နဲ့ ထိတွေ့လိုက်ရတာဟာ သင့်ကို သဘာဝနေ့စဉ်စက်ဝန်းနဲ့ ပြန်လည်ဆက်သွယ် ပေးနိုင်ပြီး ညဘက် စောစော အိပ်ပျော်ကာ မနက်နိုးတာနဲ့ လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ လမ်းလျှောက်ထွက်ခြင်းက သင့်ကို သဘာဝတရားနဲ့ ထိတွေ့ခွင့်ပေးပြီး တီထွင်ဉာဏ်ကိုပါ တိုးပွားစေပါတယ်။
၃. သင့်မျက်လုံးနဲ့ ပါတ်ဝန်းကျင်ကို အဆင်ပြေအောင် ချိန်ညှိပါ
သင့် ဒီဂျစ်တယ် ကိရိယာလေးထဲက Setting တွေကို သွားကြည့်ပါ။ Font ကြီးကြီး သုံးပါ။ သင့် Screen ရဲ့ Contrast ကို တင်ပြီး Brightness ကို တိုးမြှင့်ကာ သင်နဲ့ သင့်မျက်လုံးတွေ အဆင်ပြေနိုင်တဲ့ အနေအထားထိ ချိန်ညှိထားပါ။ သင့် Screen ကို အမြဲ သန့်ရှင်းတောက်ပြောင်နေပါစေ။ Screen ကိုသင်မျက်လုံးကနေ အကွာအဝေး မျိုးစုံမှာ ထားကြည့်ခြင်းဖြင့် မျက်လုံးကို အကွာအဝေးမျိုးစုံ လိုက်ပါကြည့်စေနိုင်ပါတယ်။ သင်က Android User ဆိုရင် အပြာရောင် ရောင်စဉ်တန်းတွေကို ကန့်သတ်ဖို့ Twilight ဆိုတဲ့ App ကို Playstore မှာ ရှာသုံးကြည့်ပါ။
၄. သင့်မျက်လုံးတွေ အတွက် ရင်းနှီးမြှုပ်နှံပါ
လူတွေဟာ ငွေ သိန်းပေါင်းများစွာကို သောက်သောက်စားစားနဲ့ သုံးဖြုန်းပစ်ကြပြီး ခန္ဓာကိုယ်ရဲ့ အဖိုးတန်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ မျက်လုံးအတွက်ကျ တွန့်တိုနေတတ်ပါတယ်။ နေကာမျက်မှန် ကောင်းကောင်း ရှာဝယ်ကြည့်ပါ။ Gauss Eyewear ဟာ အပြာရောင် ရောင်စဉ်တန်းတွေကို ပိတ်ဆို့တားဆီးတဲ့ မျက်မှန်တစ်မျိုး ထုတ်လုပ်ဖို့ ရှိပါတယ်။ ဖုန်းတွေမှာလဲ အပြာရောင် ကာကွယ်ပေးတဲ့ Screen Guard တွေ ရှိပါတယ်။ ရှာဖွေ သုံးစွဲကြည့်ပါ။
ကျွန်တော်တို့ စမတ်ဖုန်းတွေ၊ Tablet တွေကို စတင်သုံးစွဲလာတတ်တာ ဆယ်စုနှစ် မကျော်သေးပါဘူး။ အဲဒါကြောင့် ဒီကိရိယာတွေဟာ ရေရှည်မှာ အမြင်အာရုံကို ဘယ်လိုထိခိုက်စေမလဲဆိုတာ ပြောလို့မရသေးပါဘူး။ လောကကြီးဟာ သာယာလှပပါတယ်။ သင့်ရဲ့ ကိရိယာကို အမြဲ ငုံ့ကြည့်နေပြီး လောကကြီးကို မော့ကြည့်ဖို့ သတိမရခဲ့ရင် သင့်အမြင်အာရုံပါ ပျောက်ကွယ်သွားမယ် ဆိုတာတော့ သတိရပါ။