အဆိုးျမင္သမားေတြနဲ႔ ဆက္ဆံတတ္ဖို႔ နည္းလမ္း(၇)ခု

အဆိုးျမင္သမားေတြနဲ႔ ဆက္ဆံတတ္ဖို႔ နည္းလမ္း()ခု

အဆိုးျမင္သမား အသိမိတ္ေဆြေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကၽြန္ေတာ္တို႔အားလံုး ၾကံဳေတြ႕ဖူးၾကပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး အျမဲတမ္းညည္းတြားေျပာဆိုေနေပမယ့္ ေျပလည္ေစမယ့္ ေျဖရွင္းခ်က္မရွာႏိုင္သူမ်ိဳးနဲ႔ အလုပ္အတူလုပ္ဖူးမွာပါ။ ဒီလို အဆိုးျမင္သမားေတြက လူတိုင္းကို စိတ္ပ်က္ေစပါတယ္။ သူတို႔သြားေလရာမွာ အဖ်က္စြမ္းအားေတြ၊ စိတ္ပ်က္စရာေတြ ျဖစ္လာတတ္ပါတယ္။ သင့္အေနနဲ႔ ဂ႐ုမစိုက္ဘူးဆိုရင္ သူတို႔အ႐ႈပ္ေတြထဲမွာ သင္လည္းပဲ ပါ၀င္ပတ္သက္သြားၿပီး သင့္ရဲ႕အာ႐ုံစူးစိုက္မႈနဲ႔ ရည္မွန္းခ်က္ေတြ ေပ်ာက္ဆံုးသြားႏိုင္ပါတယ္။ ဒါ့ေၾကာင္ အဆိုးျမင္သမားေတြနဲ႔ ဆက္ဆံရတဲ့အခါမွာ အသံုးျပဳရမယ့္ နည္းလမ္း()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အကန္႔အသတ္နဲ႔ ေပါင္းပါ။

အဆိုးျမင္သမားတစ္ေယာက္ေျပာသမွ်ကို ထိုင္နားေထာင္ေနရတာကို စိတ္ဖိစိးမႈအျဖစ္မခံပါနဲ႔။ သူတို႔ရဲ႕ မေကာင္းျမင္တဲ့စြမ္းအားက သင့္ရဲ႕ဘ၀ကိုပါ သက္ေရာက္ၿပီး စိတ္ေနစိတ္ထားကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္သမားေတြနဲ႔ ေပါင္းသင္းဆက္ဆံရတဲ့အခါမွာ အကန္႔အသတ္ေတြထားရွိၿပီး တတ္ႏိုင္သမွ် ခပ္ကင္းကင္းေနပါ။ မျဖစ္မေနေျပာဆိုဆက္ဆံရမယ္ဆိုရင္လည္း လိုရင္းတိုရွင္းပဲေျပာဆိုပါ။ သူတို႔ရဲ႕ မေကာင္းတဲ့အက်င့္စ႐ိုက္ကို မထိန္းခ်ဳပ္ႏိုင္ေပမယ့္ သူတို႔နဲ႔ ဆက္ဆံပံုနည္းလမ္းကိုေတာ့ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

                     >>>>> ေယာကၤ်ားနဲ႔ မိန္းမၾကားထဲက စဥ္းစားေတြးေခၚပံု ကြဲျပားျခားနားမႈ    <<<<<

၂။ ညည္းညဴတတ္သူေတြကို ေရွာင္ပါ။

ဘယ္ကိစၥမဆို ညည္းညဴေနတတ္သူေတြက သင့္ဘ၀အတြက္ ေကာင္းက်ိဳးမရွိပါဘူး။ သူတို႔က ျပႆနာကိုပဲ ၾကည့္ေနတတ္ၿပီး အေျဖမရွာႏိုင္သူေတြ ျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကူးေတြကို ႐ိုက္ခ်ိဳးၿပီး သူတို႔လို သိမ္ငယ္စိတ္ ၀င္လာေအာင္ သိမ္းသြင္းပါလိမ့္မယ္။ ဒီလိုလူမ်ိဳး မိတ္ေဆြအေပါင္းအသင္း၊ မိသားစု၀င္နဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြထဲမွာ ရွိခဲ့မယ္ဆိုရင္ တတ္ႏိုင္သမွ် မပတ္သက္မိပါေစနဲ႔။ မျဖစ္မေနလိုအပ္မွသာ ဆက္ဆံပါ။

၃။ အဆိုးျမင္စိတ္မ်ားသည့္ ၀န္ထမ္းမ်ားကို ရွင္းထုတ္ပါ။

သင့္လုပ္ငန္းရဲ႕အေနအထားက သင့္အမွတ္တံဆိပ္အတြက္ အေရးႀကီးပါတယ္။ မေကာင္းတဲ့ညဥ္ရွိတဲ့ ၀န္ထမ္းတစ္ေယာက္က လုပ္ငန္းခြင္တစ္ခုလံုးကို ဆိုးက်ိဳးသက္ေရာက္ေစႏုိင္ပါတယ္။ ငါးခံုးမတစ္ေကာင္ ေၾကာင့္ တစ္ေလွလံုးပုပ္ဆိုသလိုမ်ိဳး အရင္က အျပဳသေဘာေဆာင္တဲ့ စိတ္ထားရွိတဲ့ ၀န္ထမ္းေတြမွာ မေက်နပ္ခ်က္ေတြ ရွိလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္သမားေတြကို ျမန္ျမန္ရွင္းထုတ္ႏိုင္မွ ဒီအေျခအေနကို ကိုင္တြယ္ႏိုင္မွာ ျဖစ္ပါတယ္။ ေတြ႕ဆံုမႈတစ္ခုလုပ္ပါ။ သင့္ရဲ႕စိုးရိမ္မႈကို ေျပာျပၿပီး ေျပာင္းလဲဖို႔ အခြင့္အေရးေပးပါ။ ဒီလိုမွ ေျပာင္းလဲမလာဘူးဆိုရင္ေတာ့ အလုပ္ထုတ္ဖို႔ လိုပါၿပီ။

 ၄။ လိုအပ္လာမွ ထိပ္တိုက္ရင္ဆိုင္ပါ။

သင့္ကို မခံခ်ိမခံသာျဖစ္ေအာင္ အဆိုးျမင္သမားေတြနဲ႔ အခ်ိန္တိုင္းရင္ဆိုင္ေျဖရွင္းစရာ မလိုပါဘူး။ ဒီလို အျမဲတမ္းထိပ္တိုက္ရင္ဆိုင္ေနမယ္ဆိုရင္ သင္ကိုယ္တိုင္ကလည္း အျငင္းသန္သူတစ္ေယာက္ျဖစ္လာႏိုင္သလို မေကာင္းတဲ့စ႐ိုက္ေတြ ကူးစက္သြားပါလိမ့္မယ္။ သူတို႔နဲ႔ ၿပိဳင္ျငင္းေနမယ့္အစား လ်စ္လ်ဴ႐ႈထားလိုက္ပါ။ သင့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၿပီး အေျခအေနတင္းမာမလာေအာင္ ထိန္းခ်ဳပ္ပါ။ မလိုအပ္ပဲ ျပႆနာအျဖစ္မခံပါနဲ႔။

၅။ အေျခအေနကို အလြန္အက်ဴး မသံုးသပ္ပါနဲ႔။

အဆိုးျမင္သမားေတြက ယုတိၱမရွိတာမ်ိဳးကို ျပဳမႈလုပ္ေဆာင္တတ္ပါတယ္။ သူတို႔ရဲ႕လုပ္ရပ္ေတြကို လုိက္ေတြးေနမယ္ဆိုရင္ တန္ဖိုးရွိတဲ့ သင့္ရဲ႕အခ်ိန္နဲ႔ခြန္အားေတြ အလဟႆျဖစ္႐ုံပဲ ရွိပါလိမ့္မယ္။ သူတို႔ လုပ္သမွ် ေျပာသမွ်ကို သိပ္မခံစားတတ္ေအာင္ ဂ႐ုစိုက္ပါ။

၆။ လိုအပ္ရင္ အကူအညီေတာင္းပါ။

အကူအညီေပးႏိုင္မယ့္ အသိမိတ္ေဆြေတြ၊ ကၽြမ္းက်င္သူေတြနဲ႔ ဆက္ဆံေရးတစ္ခု တည္ေဆာက္ပါ။ ဘယ္အခ်ိန္မွာ အကူအညီေတာင္းခံရမလဲဆိုတာကို သိဖို႔ေတာ့ လိုပါတယ္။ အဆိုးျမင္သမားေတြနဲ႔ ပတ္သက္ၿပီး ခံစားရတာေတြ လြန္က်ဴးလာၿပီဆိုရင္ အေျခအေနအရပ္ရပ္ကို တည္တည္ၿငိမ္ၿငိမ္ ရွင္းျပေပးႏိုင္မယ့္ မိတ္ေဆြတစ္ေယာက္ကို အကူအညီေတာင္းပါ။

                           >>>>> Gentleman တစ္ေယာက္ရဲ႕ အရည္အေသြးမ်ား <<<<<

၇။ အေကာင္းျမင္စိတ္ေမြးျမဴပါ။

တစ္စံုတစ္ေယာက္ရဲ႕ အဆိုးျမင္အယူအဆေတြေၾကာင့္ ကိုယ့္ကိုယ္ကိုအျမင္မမွားေစဖို႔အတြက္ သင့္ရဲ႕ေပ်ာ္ရႊင္မႈနဲ႔ အဆင္ေျပမႈက အေရးႀကီးပါတယ္။ အေကာင္းျမင္စိတ္ေတြကို ေမြးျမဴထားၿပီး ဘ၀မွာ အဆိုးျမင္သမားေတြနဲ႔ ပတ္သက္မိခ်ိန္ နည္းႏိုင္သမွ်နည္းေအာင္ စီမံပါ။ သင့္မွာ အေကာင္းျမင္စိတ္မ်ားေနမယ္ဆိုရင္ အဆိုးျမင္သမားေတြက သူ႔အလိုလိုေ၀းရာကို ေရွာင္ဖယ္သြားၾကမွာျဖစ္ပါတယ္။


အဆိုးမြင်သမားတွေနဲ့ ဆက်ဆံတတ်ဖို့ နည်းလမ်း(၇)ခု

အဆိုးမြင်သမား အသိမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ဖူးကြပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်းညည်းတွားပြောဆိုနေပေမယ့် ပြေလည်စေမယ့် ဖြေရှင်းချက်မရှာနိုင်သူမျိုးနဲ့ အလုပ်အတူလုပ်ဖူးမှာပါ။ ဒီလို အဆိုးမြင်သမားတွေက လူတိုင်းကို စိတ်ပျက်စေပါတယ်။ သူတို့သွားလေရာမှာ အဖျက်စွမ်းအားတွေ၊ စိတ်ပျက်စရာတွေ ဖြစ်လာတတ်ပါတယ်။ သင့်အနေနဲ့ ဂရုမစိုက်ဘူးဆိုရင် သူတို့အရှုပ်တွေထဲမှာ သင်လည်းပဲ ပါဝင်ပတ်သက်သွားပြီး သင့်ရဲ့အာရုံစူးစိုက်မှုနဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါ့ကြောင် အဆိုးမြင်သမားတွေနဲ့ ဆက်ဆံရတဲ့အခါမှာ အသုံးပြုရမယ့် နည်းလမ်း(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အကန့်အသတ်နဲ့ ပေါင်းပါ။
အဆိုးမြင်သမားတစ်ယောက်ပြောသမျှကို ထိုင်နားထောင်နေရတာကို စိတ်ဖိစိးမှုအဖြစ်မခံပါနဲ့။ သူတို့ရဲ့ မကောင်းမြင်တဲ့စွမ်းအားက သင့်ရဲ့ဘဝကိုပါ သက်ရောက်ပြီး စိတ်နေစိတ်ထားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်သမားတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ အကန့်အသတ်တွေထားရှိပြီး တတ်နိုင်သမျှ ခပ်ကင်းကင်းနေပါ။ မဖြစ်မနေပြောဆိုဆက်ဆံရမယ်ဆိုရင်လည်း လိုရင်းတိုရှင်းပဲပြောဆိုပါ။ သူတို့ရဲ့ မကောင်းတဲ့အကျင့်စရိုက်ကို မထိန်းချုပ်နိုင်ပေမယ့် သူတို့နဲ့ ဆက်ဆံပုံနည်းလမ်းကိုတော့ ထိန်းချုပ်နိုင်ပါတယ်။

၂။ ညည်းညူတတ်သူတွေကို ရှောင်ပါ။
ဘယ်ကိစ္စမဆို ညည်းညူနေတတ်သူတွေက သင့်ဘဝအတွက် ကောင်းကျိုးမရှိပါဘူး။ သူတို့က ပြဿနာကိုပဲ ကြည့်နေတတ်ပြီး အဖြေမရှာနိုင်သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးတွေကို ရိုက်ချိုးပြီး သူတို့လို သိမ်ငယ်စိတ် ဝင်လာအောင် သိမ်းသွင်းပါလိမ့်မယ်။ ဒီလိုလူမျိုး မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ရှိခဲ့မယ်ဆိုရင် တတ်နိုင်သမျှ မပတ်သက်မိပါစေနဲ့။ မဖြစ်မနေလိုအပ်မှသာ ဆက်ဆံပါ။

၃။ အဆိုးမြင်စိတ်များသည့် ဝန်ထမ်းများကို ရှင်းထုတ်ပါ။
သင့်လုပ်ငန်းရဲ့အနေအထားက သင့်အမှတ်တံဆိပ်အတွက် အရေးကြီးပါတယ်။ မကောင်းတဲ့ညဉ်ရှိတဲ့ ဝန်ထမ်းတစ်ယောက်က လုပ်ငန်းခွင်တစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ငါးခုံးမတစ်ကောင် ကြောင့် တစ်လှေလုံးပုပ်ဆိုသလိုမျိုး အရင်က အပြုသဘောဆောင်တဲ့ စိတ်ထားရှိတဲ့ ဝန်ထမ်းတွေမှာ မကျေနပ်ချက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်သမားတွေကို မြန်မြန်ရှင်းထုတ်နိုင်မှ ဒီအခြေအနေကို ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ တွေ့ဆုံမှုတစ်ခုလုပ်ပါ။ သင့်ရဲ့စိုးရိမ်မှုကို ပြောပြပြီး ပြောင်းလဲဖို့ အခွင့်အရေးပေးပါ။ ဒီလိုမှ ပြောင်းလဲမလာဘူးဆိုရင်တော့ အလုပ်ထုတ်ဖို့ လိုပါပြီ။

၄။ လိုအပ်လာမှ ထိပ်တိုက်ရင်ဆိုင်ပါ။
သင့်ကို မခံချိမခံသာဖြစ်အောင် အဆိုးမြင်သမားတွေနဲ့ အချိန်တိုင်းရင်ဆိုင်ဖြေရှင်းစရာ မလိုပါဘူး။ ဒီလို အမြဲတမ်းထိပ်တိုက်ရင်ဆိုင်နေမယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အငြင်းသန်သူတစ်ယောက်ဖြစ်လာနိုင်သလို မကောင်းတဲ့စရိုက်တွေ ကူးစက်သွားပါလိမ့်မယ်။ သူတို့နဲ့ ပြိုင်ငြင်းနေမယ့်အစား လျစ်လျူရှုထားလိုက်ပါ။ သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး အခြေအနေတင်းမာမလာအောင် ထိန်းချုပ်ပါ။ မလိုအပ်ပဲ ပြဿနာအဖြစ်မခံပါနဲ့။

၅။ အခြေအနေကို အလွန်အကျူး မသုံးသပ်ပါနဲ့။
အဆိုးမြင်သမားတွေက ယုတ္တိမရှိတာမျိုးကို ပြုမှုလုပ်ဆောင်တတ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေကို လိုက်တွေးနေမယ်ဆိုရင် တန်ဖိုးရှိတဲ့ သင့်ရဲ့အချိန်နဲ့ခွန်အားတွေ အလဟဿဖြစ်ရုံပဲ ရှိပါလိမ့်မယ်။ သူတို့ လုပ်သမျှ ပြောသမျှကို သိပ်မခံစားတတ်အောင် ဂရုစိုက်ပါ။

၆။ လိုအပ်ရင် အကူအညီတောင်းပါ။
အကူအညီပေးနိုင်မယ့် အသိမိတ်ဆွေတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ။ ဘယ်အချိန်မှာ အကူအညီတောင်းခံရမလဲဆိုတာကို သိဖို့တော့ လိုပါတယ်။ အဆိုးမြင်သမားတွေနဲ့ ပတ်သက်ပြီး ခံစားရတာတွေ လွန်ကျူးလာပြီဆိုရင် အခြေအနေအရပ်ရပ်ကို တည်တည်ငြိမ်ငြိမ် ရှင်းပြပေးနိုင်မယ့် မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပါ။

၇။ အကောင်းမြင်စိတ်မွေးမြူပါ။
တစ်စုံတစ်ယောက်ရဲ့ အဆိုးမြင်အယူအဆတွေကြောင့် ကိုယ့်ကိုယ်ကိုအမြင်မမှားစေဖို့အတွက် သင့်ရဲ့ပျော်ရွှင်မှုနဲ့ အဆင်ပြေမှုက အရေးကြီးပါတယ်။ အကောင်းမြင်စိတ်တွေကို မွေးမြူထားပြီး ဘဝမှာ အဆိုးမြင်သမားတွေနဲ့ ပတ်သက်မိချိန် နည်းနိုင်သမျှနည်းအောင် စီမံပါ။ သင့်မှာ အကောင်းမြင်စိတ်များနေမယ်ဆိုရင် အဆိုးမြင်သမားတွေက သူ့အလိုလိုဝေးရာကို ရှောင်ဖယ်သွားကြမှာဖြစ်ပါတယ်။

Related Posts

%%footer%%