ဖြားဖက္ေတာ္အရြယ္စား…..တကယ္အလုပ္ျဖစ္ရဲ႕လား ?

ဖြားဖက္ေတာ္အရြယ္စား…..တကယ္အလုပ္ျဖစ္ရဲ႕လား ?

တကယ်အလုပ်ဖြစ်ရဲ့လား ?

သင့္ရဲ႕ဖြားဖက္ေတာ္အရြယ္အစားႀကီးမားဖြံ႕ၿဖိဳးလာေစမယ့္ နည္းလမ္းေတြကို အင္တာနက္ေပၚမွာ ရွာၾကည့္ဖူးပါသလား ? ဒီကိစၥကလည္း အင္တာနက္ေပၚမွာ ေရပန္းစားတဲ့ေခါင္းစဥ္တစ္ခုျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ ဖြားဖက္ေတာ္ႀကီးမားဖြံ႕ၿဖိဳးလာဖို႔နဲ႕ပတ္သက္ၿပီး ေသာက္ေဆး၊လိမ္းေဆးေတြနဲ႔ ပန္႔ေတြ၊ ကိရိယာေတြအေၾကာင္း တင္ထားတဲ့ပို႔စ္ေပါင္း သန္းေက်ာ္ေလာက္အထိ ေတြ႕ရႏိုင္ပါတယ္။

ဒါဆိုရင္ ဒီနည္းလမ္းေတြက တကယ္ပဲအလုပ္ျဖစ္သလားဆိုေတာ့ အေျဖက ႐ုိးရွင္းပါတယ္။

အလုပ္မျဖစ္ပါဘူး။ ဒီေန႔ဒီအခ်ိန္ထိ အမ်ိဳးသားလိင္တံရဲ႕အရြယ္အစားကို ႀကီးမားလာေအာင္ပဲျဖစ္ျဖစ္၊ ရွည္ထြက္လာေအာင္ပဲျဖစ္ျဖစ္ လုပ္ေပးႏိုင္တဲ့ ေဆး၀ါးေတြ၊ လိမ္းေဆးေတြနဲ႔ ပစၥည္းကိရိယာေတြ ဘာဆိုဘာမွ မရွိေသးပါဘူး။

ဘာေၾကာင့္ မျဖစ္ႏိုင္တာလဲဆိုတာကို သိဖို႔အတြက္ကေတာ့ လိင္တံေထာင္မတ္ခ်ိန္မွာျဖစ္ပ်က္တဲ့ ျဖစ္စဥ္ကို သိထားဖို႔လိုပါတယ္။ အမ်ိဳးသားေတြရဲ႕ လိင္တံမွာ ေရျမဳပ္သ႑ာန္တစ္႐ႈးေတြနဲ႔ဖြဲ႕စည္းထားၿပီး စိတ္ထၾကြလာခ်ိန္ ေသြးေတြစီး၀င္လာမွ ေတာင့္တင္းေထာင္မတ္လာတာျဖစ္ပါတယ္။ လိင္တံအစိတ္အပိုင္းကို ဆီးခုံ႐ုိးမွာ ဆက္သြယ္ထားတာျဖစ္တဲ့အတြက္ အေနအထားျပဳျပင္ဖို႔က မလြယ္သလို လူပ်ိဳေဖာ္၀င္ကာစအခ်ိန္မွ ရရွိတဲ့အရွည္ဟာ အမ်ိဳးသားတစ္ေယာက္အတြက္ အရွည္ဆံုးအေနအထားပဲျဖစ္ပါတယ္။

>>>အိမ္ေထာင္ဖက္ကို စိတ္ပိုုၾကြလာေအာင္ဘယ္လိုဆြဲေဆာင္မလဲ<<<

အမ်ိဳးသားအမ်ားစုက ပံုမွန္လိင္တံအရြယ္အစားက ဘယ္ေလာက္ရွိလဲဆိုတာကို ေသခ်ာမသိၾကပါဘူး။ ပါတနာရဲ႕ အေျပာစကား၊ အျပာကားေတြထဲက ဇာတ္ေဆာင္ေတြရဲ႕အရြယ္အစားကို ၾကည့္ၿပီး ကိုယ့္ပစၥည္းကို ေသးငယ္တယ္လို႔ ထင္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ သာမန္လိင္တံတစ္ခုရဲ႕ အရြယ္အစားက (.)လက္မျဖစ္ပါတယ္။

သင့္ရဲ႕လိင္တံအရြယ္အစားနဲ႔ ပတ္သက္ၿပီး စိတၱဇျဖစ္ေနရင္ ဂ႐ုစိုက္ရမယ့္အခ်က္ေတြက သင့္ပစၥည္းတ၀ိုက္မွာပဲ ရွိပါတယ္။ အျဖစ္အမ်ားဆံုးအခ်က္ကေတာ့ အဆီပိုေတြေၾကာင့္ ျဖစ္ပါတယ္။ ၀မ္းဗိုက္နဲ႔ ဆီးခံုမွာအဆီပိုေတြ စုစည္းေနတဲ့အခါမွာ လိင္တံက ေသးသြားတယ္လို႔ ထင္ရပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မယ္ဆိုရင္ လက္မအနည္းငယ္ေလာက္ရွည္ထြက္လာေစႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ အမာရြတ္တစ္႐ႈးေတြ စုပံုလာတာေၾကာင့္ လိင္တံေကာက္သြားတတ္တဲ့ Peyronie’s ေရာဂါပဲျဖစ္ပါတယ္။ သင့္ရဲ႕လိင္တံက ပံုမွန္ထက္ပိုၿပီးေကာက္လာၿပီဆိုရင္ ဆရာ၀န္ဆီသြားျပဖို႔ လိုေနပါၿပီ။ သင့္ရဲ႕ဆရာ၀န္က လိုအပ္တဲ့ေဆး၀ါးနဲ႔ ကုထံုးေတြကိုအသံုးျပဳၿပီး ပံုမွန္ျပန္ျဖစ္ေအာင္ ကုသေပးႏိုင္ပါတယ္။ လိင္ပစၥည္းအေရာင္းဆိုင္ေတြက ေတြ႕ကရာေဆး၀ါးေတြ ၀ယ္သံုးေနမွာထက္ ဆရာ၀န္မွာၾကားသမွ်ကို ေသခ်ာလိုက္နာဖို႔လိုပါတယ္။

သင့္အေနနဲ႔ လိင္တံႀကီးမားဖြံ႕ၿဖိဳးလာဖို႔ထက္ အိပ္ရာထဲမွာ စြမ္းေဆာင္ရည္ျပည့္၀ခ်င္တာဆိုရင္ေတာ့ သင့္ဖြားဖက္ေတာ္ကို ဒုကၡေပးစရာမလိုပါဘူး။ သင့္ရဲ႕ခႏၶာကိုယ္ၾကံ႕ခိုင္ေရး၊ ကိုယ္အေလးခ်ိန္နဲ႔ ႏွလံုးက်န္းမာေရးေကာင္းမြန္ေနမယ္ဆိုရင္ အထူးေကာင္းမြန္တဲ့ လိင္မႈဘ၀ကို ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္သြားတိုင္းကိုယ္ပါေစႏိုင္ဖို႔အတြက္ လုိက္နာရမယ့္အခ်က္ေတြကေတာ့

တစ္ရက္ကို မိနစ္(၃၀) ဒါမွမဟုတ္ တစ္ပတ္ကို မိနစ္(၁၅၀)ခန္႔ ခႏၶာကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ လုပ္ေဆာင္ပါ။

အ၀လြန္ေနသူ၊ ကိုယ္အေလးခ်ိန္မ်ားေနသူျဖစ္ခဲ့မယ္ဆိုရင္ ကိုယ္အေလးခ်ိန္ရဲ႕ ()ရာခိုင္ႏႈန္းကေန (၁၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ပါ။

အသီးအႏွံေတြ၊ ဟင္းသီးဟင္းရြက္ေတြ ပိုစားပါ။ အနီေရာင္အသားေတြနဲ႔ ျပဳျပင္ထားတဲ့အသားေတြကို ေလွ်ာ့စားပါ။ ျပည့္၀ဆီေတြကို ေရွာင္ၿပီး က်န္းမာေရးနဲ႔ညီညြတ္တဲ့ဆီကို စားပါ။ သၾကားနဲ႔ အခ်ိဳဓာတ္မ်ားတဲ့ ေသာက္စရာေတြကို ေရွာင္ပါ။

တစ္ေန႔ကို အရက္()ခြက္()ခြက္ထက္ ပိုမေသာက္ပါနဲ႔။

ေဆးလိပ္ျဖတ္ပါ။

ေနာက္ဆံုးအခ်က္အေနနဲ႔ သတိေပးခ်င္တာက လိင္တံႀကီးမားဖြံ႕ၿဖိဳးလာဖို႔ကိုပဲ အာ႐ုံစိုက္မေနပါနဲ႔။ အခ်ိန္တိုအတြင္း ႀကီးမားရွည္လ်ားလာေအာင္လုပ္ေပးႏိုင္တယ္ဆိုတဲ့ ေဆးခန္းေတြကိုလည္း ေ၀းေ၀းကေရွာင္ပါ။ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးမ်ားၿပီး တစ္ဘ၀လုံး လူညြန္႔တံုးသြားတဲ့အထိ ျဖစ္ႏိုင္ေၾကာင္း သတိေပးလိုက္ပါတယ္။


တကယ်အလုပ်ဖြစ်ရဲ့လား ?

သင့်ရဲ့ဖွားဖက်တော်အရွယ်အစားကြီးမားဖွံ့ဖြိုးလာစေမယ့် နည်းလမ်းတွေကို အင်တာနက်ပေါ်မှာ ရှာကြည့်ဖူးပါသလား ? ဒီကိစ္စကလည်း အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဖွားဖက်တော်ကြီးမားဖွံ့ဖြိုးလာဖို့နဲ့ပတ်သက်ပြီး သောက်ဆေး၊လိမ်းဆေးတွေနဲ့ ပန့်တွေ၊ ကိရိယာတွေအကြောင်း တင်ထားတဲ့ပို့စ်ပေါင်း ၄ သန်းကျော်လောက်အထိ တွေ့ရနိုင်ပါတယ်။

ဒါဆိုရင် ဒီနည်းလမ်းတွေက တကယ်ပဲအလုပ်ဖြစ်သလားဆိုတော့ အဖြေက ရိုးရှင်းပါတယ်။

အလုပ်မဖြစ်ပါဘူး။ ဒီနေ့ဒီအချိန်ထိ အမျိုးသားလိင်တံရဲ့အရွယ်အစားကို ကြီးမားလာအောင်ပဲဖြစ်ဖြစ်၊ ရှည်ထွက်လာအောင်ပဲဖြစ်ဖြစ် လုပ်ပေးနိုင်တဲ့ ဆေးဝါးတွေ၊ လိမ်းဆေးတွေနဲ့ ပစ္စည်းကိရိယာတွေ ဘာဆိုဘာမှ မရှိသေးပါဘူး။

ဘာကြောင့် မဖြစ်နိုင်တာလဲဆိုတာကို သိဖို့အတွက်ကတော့ လိင်တံထောင်မတ်ချိန်မှာဖြစ်ပျက်တဲ့ ဖြစ်စဉ်ကို သိထားဖို့လိုပါတယ်။ အမျိုးသားတွေရဲ့ လိင်တံမှာ ရေမြုပ်သဏ္ဍာန်တစ်ရှုးတွေနဲ့ဖွဲ့စည်းထားပြီး စိတ်ထကြွလာချိန် သွေးတွေစီးဝင်လာမှ တောင့်တင်းထောင်မတ်လာတာဖြစ်ပါတယ်။ လိင်တံအစိတ်အပိုင်းကို ဆီးခုံရိုးမှာ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အနေအထားပြုပြင်ဖို့က မလွယ်သလို လူပျိုဖော်ဝင်ကာစအချိန်မှ ရရှိတဲ့အရှည်ဟာ အမျိုးသားတစ်ယောက်အတွက် အရှည်ဆုံးအနေအထားပဲဖြစ်ပါတယ်။

အမျိုးသားအများစုက ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်ရှိလဲဆိုတာကို သေချာမသိကြပါဘူး။ ပါတနာရဲ့ အပြောစကား၊ အပြာကားတွေထဲက ဇာတ်ဆောင်တွေရဲ့အရွယ်အစားကို ကြည့်ပြီး ကိုယ့်ပစ္စည်းကို သေးငယ်တယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ သာမန်လိင်တံတစ်ခုရဲ့ အရွယ်အစားက (၅.၆)လက်မဖြစ်ပါတယ်။

သင့်ရဲ့လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ္တဇဖြစ်နေရင် ဂရုစိုက်ရမယ့်အချက်တွေက သင့်ပစ္စည်းတဝိုက်မှာပဲ ရှိပါတယ်။ အဖြစ်အများဆုံးအချက်ကတော့ အဆီပိုတွေကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်နဲ့ ဆီးခုံမှာအဆီပိုတွေ စုစည်းနေတဲ့အခါမှာ လိင်တံက သေးသွားတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင် လက်မအနည်းငယ်လောက်ရှည်ထွက်လာစေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အမာရွတ်တစ်ရှုးတွေ စုပုံလာတာကြောင့် လိင်တံကောက်သွားတတ်တဲ့ Peyronie’s ရောဂါပဲဖြစ်ပါတယ်။ သင့်ရဲ့လိင်တံက ပုံမှန်ထက်ပိုပြီးကောက်လာပြီဆိုရင် ဆရာဝန်ဆီသွားပြဖို့ လိုနေပါပြီ။ သင့်ရဲ့ဆရာဝန်က လိုအပ်တဲ့ဆေးဝါးနဲ့ ကုထုံးတွေကိုအသုံးပြုပြီး ပုံမှန်ပြန်ဖြစ်အောင် ကုသပေးနိုင်ပါတယ်။ လိင်ပစ္စည်းအရောင်းဆိုင်တွေက တွေ့ကရာဆေးဝါးတွေ ဝယ်သုံးနေမှာထက် ဆရာဝန်မှာကြားသမျှကို သေချာလိုက်နာဖို့လိုပါတယ်။

သင့်အနေနဲ့ လိင်တံကြီးမားဖွံ့ဖြိုးလာဖို့ထက် အိပ်ရာထဲမှာ စွမ်းဆောင်ရည်ပြည့်ဝချင်တာဆိုရင်တော့ သင့်ဖွားဖက်တော်ကို ဒုက္ခပေးစရာမလိုပါဘူး။ သင့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်ရေး၊ ကိုယ်အလေးချိန်နဲ့ နှလုံးကျန်းမာရေးကောင်းမွန်နေမယ်ဆိုရင် အထူးကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်သွားတိုင်းကိုယ်ပါစေနိုင်ဖို့အတွက် လိုက်နာရမယ့်အချက်တွေကတော့ –

– တစ်ရက်ကို မိနစ်(၃၀) ဒါမှမဟုတ် တစ်ပတ်ကို မိနစ်(၁၅၀)ခန့် ခန္ဓာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။

– အဝလွန်နေသူ၊ ကိုယ်အလေးချိန်များနေသူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်အလေးချိန်ရဲ့ (၅)ရာခိုင်နှုန်းကနေ (၁၀)ရာခိုင်နှုန်းအထိ လျှော့ချပါ။

– အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့အသားတွေကို လျှော့စားပါ။ ပြည့်ဝဆီတွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို စားပါ။ သကြားနဲ့ အချိုဓာတ်များတဲ့ သောက်စရာတွေကို ရှောင်ပါ။

– တစ်နေ့ကို အရက်(၁)ခွက်(၂)ခွက်ထက် ပိုမသောက်ပါနဲ့။

– ဆေးလိပ်ဖြတ်ပါ။

နောက်ဆုံးအချက်အနေနဲ့ သတိပေးချင်တာက လိင်တံကြီးမားဖွံ့ဖြိုးလာဖို့ကိုပဲ အာရုံစိုက်မနေပါနဲ့။ အချိန်တိုအတွင်း ကြီးမားရှည်လျားလာအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးခန်းတွေကိုလည်း ဝေးဝေးကရှောင်ပါ။ ကောင်းကျိုးထက် ဆိုးကျိုးများပြီး တစ်ဘဝလုံး လူညွန့်တုံးသွားတဲ့အထိ ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

Related Posts

%%footer%%