လက္မထပ္ခင္ ေမးၾကည့္သင့္တဲ့ ေမးခြန္း(၁၅)ခု

လက္မထပ္ခင္ ေမးၾကည့္သင့္တဲ့ ေမးခြန္း(၁၅)ခု

လက်မထပ်ခင် မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု

အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ ေဆးမင္ရည္စုပ္ထိုးဆိုတာက ျပဳလုပ္ၿပီးရင္ ျပန္ျပင္ဖို႔ ခက္ခဲတဲ့ အေရးကိစၥေတြျဖစ္ပါတယ္။ ဒီထဲကမွ အိမ္ေထာင္ျပဳျခင္းဟာ သင့္ဘ၀အတြက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ပါတယ္။ အျခားလူတစ္ေယာက္နဲ႔ သင့္ရဲ႕ဘ၀တစ္ခုလံုးကို အတူကုန္ဆံုးဖုိ႔၊ အရာရာအားလံုးကို ေ၀မွ်ခံစားဖို႔၊ ေပးဆပ္တတ္ဖို႔ ဆံုးျဖတ္ရတဲ့ အခ်ိန္ျဖစ္ပါတယ္။ ဒီလိုဆံုးျဖတ္ရတာက စိုးရိမ္စရာျဖစ္သလို စိတ္လႈပ္ရွားစရာလည္းေကာင္းပါတယ္။ ဒါ့ေၾကာင့္ ဆံုးျဖတ္ခ်က္ေတြ မွန္ကန္ေစဖို႔အတြက္

သင့္ရဲ႕ဘ၀လက္တြဲေဖာ္ျဖစ္ဖို႔ရည္မွန္းထားသူကို ဒီေမးခြန္းေတြ ေမးၾကည့္ဖို႔ လိုပါလိမ့္မယ္။

၁။ အိမ္ေထာင္ျပဳၿပီး ကေလးယူဖို႔ အစီအစဥ္ရွိမရွိ

ဒီေမးခြန္းက အေရးႀကီးပါတယ္။ အိမ္ေထာင္တစ္ခုမွာ ကေလးရွိျခင္း၊ မရွိျခင္းက အေျပာင္းအလဲေတြ အမ်ားရွိျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ကေလးယူဖို႔ အစီအစဥ္နဲ႔ပတ္သက္ၿပီး ဘယ္အခ်ိန္ယူမယ္၊ ဘယ္ႏွစ္ေယာက္ယူမယ္ စသျဖင့္ ႀကိဳတင္ေဆြးေႏြးထားသင့္ပါတယ္။

၂။ တစ္ဦးရဲ႕ ေငြေၾကးဆိုင္ရာ အယူအဆေတြ၊ ရည္မွန္းခ်က္ေတြ တစ္ဦးက ေသခ်ာသိၿပီလား။ ေငြကို ဘယ္လို သံုးမယ္ ဘယ္လိုစုမယ္ဆိုတဲ့ စိတ္ကူးေတြ တူညီမႈရွိရဲ႕လား။

ေငြေရးေၾကးေရးကိစၥနဲ႔ပတ္သက္လာရင္ အရမ္းခ်စ္ပါတယ္ဆိုတဲ့ စံုတြဲေတြမွာေတာင္ အခ်စ္ေလ်ာ့သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ေက်နပ္မႈရွိတဲ့ ေငြေၾကးစီမံခန္႔ခြဲမႈတစ္ခု ရွိထားဖို႔ လိုပါတယ္။ လက္မထပ္ခင္ကတည္းက ေရွ႕ေလွ်ာက္ေငြေၾကးကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုကိုင္တြယ္မလဲဆိုတာကို ေမးျမန္းေဆြးေႏြးထားပါ။

၃။ ခ်စ္ခင္ၾကင္နာမႈျခင္း ထပ္တူက်ရဲ႕လား။ ကိုယ္ခ်စ္သေလာက္ ျပန္ခ်စ္ႏိုင္လား။

ေရရွည္လက္တြဲသြားဖို႔အတြက္ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ခ်စ္ခင္ၾကင္နာမႈရွိေနဖို႔ လိုပါတယ္။ ႏွစ္ဦးသား အၾကားမွာ ခ်င္ခင္ၾကင္နာမႈမရွိေတာ့တာကို ခံစားေနရၿပီဆိုရင္ေတာ့ ေသခ်ာေဆြးေႏြးဖို႔ လိုအပ္ေနပါၿပီ။

၄။ ေအးအတူ ပူအမွ် ျဖစ္ႏိုင္ရဲ႕လား

လူႏွစ္ေယာက္လက္ထပ္လိုက္ၿပီဆိုတာနဲ႔ ႏွစ္ေယာက္တစ္ဘ၀ ျဖစ္သြားပါၿပီ။ ဘ၀တစ္ေလွ်ာက္မွာ ဆံုးျဖတ္စရာကိစၥေတြ၊ အျဖစ္အပ်က္ေတြ မ်ိဳးစံုၾကံဳေတြ႕ရမွာျဖစ္ၿပီး တစ္ဦးနဲ႔တစ္ဦး သေဘာထားခ်င္း မွ်တဖို႔ လိုအပ္ပါတယ္။ အျပန္အလွန္ သေဘာတူညီမႈရွိမွသာ ေရရွည္လက္တြဲႏိုင္မွာျဖစ္ပါတယ္။

၅။ သူ႔ဘက္ ကိုယ့္ဘက္ မိတ္ေဆြအေပါင္းအသင္းေတြကို လက္ခံႏိုင္ၿပီလား

လက္ထပ္ၿပီးတဲ့ေနာက္ပိုင္းမွာလည္း ႏွစ္ဦးစလံုးမွာ မိတ္ေဆြအေပါင္းအသင္းေတြ ရွိေနဦးမွာျဖစ္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းဆိုတာ ဘ၀ရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တဲ့အတြက္ လစ္လ်ဴ႐ႈထားလို႔ မျဖစ္ပါဘူး။ သူ႔ဘက္ ကိုယ့္ဘက္ မိတ္ေဆြသူငယ္ခ်င္းေတြကို အျပန္အလွန္ေလးစားမႈရွိဖို႔ လိုပါတယ္။ မဟုတ္ရင္ေတာ့ ျပႆနာေတြက ေစာင့္ႀကိဳေနမွာ ေသခ်ာပါတယ္။ လူႏွစ္ေယာက္ ဘယ္ေလာက္ပဲ ခ်စ္ၾကတယ္ဆိုပါေစ၊ ကိုယ္ပိုင္အခ်ိန္ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို အျပန္အလွန္ေလးစားတတ္ရမွာ ျဖစ္ပါတယ္။

၆။ ႏွစ္ဖက္မိသားစုေတြကို အျပန္အလွန္ေလးစားလက္ခံႏိုင္ၿပီလား

ဒါအခ်က္က သိပ္ေတာင္စဥ္းစားေနစရာမလိုပါဘူး။ ႏွစ္ဖက္မိသားစုရဲ႕လက္ခံႏိုင္မႈနဲ႔ ခ်စ္ခင္မႈက အိမ္ေထာင္တစ္ခု ခိုင္ျမဲဖို႔အတြက္ အေရးႀကီးပါတယ္။ အကယ္၍ တဖက္မိသားစုနဲ႔ပတ္သက္ၿပီး ျပႆနာတစ္ခုခု ရွိေနတယ္ဆိုရင္လည္း ေျဖရွင္းၿပီး လက္ခံေပးႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။

၇။ ကိုယ့္မိသားစုနဲ႔ပတ္သက္ၿပီး တဖက္သူ ၿငိဳျငင္စရာေတြက ဘာေတြလဲ

နံပါတ္()ေမးခြန္းရဲ႕ အဆက္ျဖစ္ပါတယ္။ ကိုယ့္ရည္မွန္းထားသူက ကိုယ့္မိသားစုကို ၿငိဳျငင္ရတဲ့အခ်က္ေတြ သိဖို႔ျဖစ္ပါတယ္။ သူမႀကိဳက္တာေတြ သိလာၿပီဆိုရင္ ျပႆနာကို ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။ လူတိုင္းရဲ႕ မိသားစုမွာ မိသားစု၀င္မဟုတ္သူတစ္ေယာက္ လက္မခံႏိုင္တဲ့ အခ်က္ေတြရွိတတ္ပါတယ္။ ဒါကို ႀကိဳးစားညွိႏႈိင္းရမွာျဖစ္ပါတယ္။

၈။ အိမ္ေထာင္ေရးအတြက္ အားလံုးကို ေပးဆပ္စြန္႔လႊတ္ႏိုင္ၿပီလား

ခ်စ္သူရည္းစားဘ၀မွာေတာင္ အျပန္အလွန္အေလွ်ာ့ေပးညွိႏႈိင္းရတာေတြ၊ ေပးဆပ္ရတာေတြရွိတာေၾကာင့္ အိမ္ေထာင္တစ္ခု တည္ေထာင္မယ္ဆိုရင္ ဒီအခ်က္က ပိုအေရးႀကီးလာၿပီျဖစ္ပါတယ္။ အိမ္ေထာင္ေရး ခိုင္ျမဲဖို႔အတြက္ ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ အျပန္အလွန္ တတ္ႏိုင္သမွ်ေပးဆပ္စြန္႔လႊတ္ႏိုင္ဖို႔ လိုပါတယ္။

၉။ အေျခအေနေၾကာင့္ တစ္ေနရာစီခြဲေနရရင္ ေနႏိုင္မွာလား

ႀကိဳမျမင္ႏိုင္တဲ့ အေရးကိစၥေတြ အျဖစ္အပ်က္ေတြအတြက္ အျမဲတမ္းအတူရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ အလုပ္ကိစၥေၾကာင့္ပဲျဖစ္ျဖစ္ တစ္ေယာက္က အျခားတစ္ေနရာကို ခြဲေနရမယ္ဆိုရင္လည္း အျပန္အလွန္ ခြန္အားေပးၿပီး ေထာက္ပံ့ကူညီေပးႏိုင္ဖို႔လည္း လိုပါတယ္။

၁၀။ ႏွစ္ဦးသားအတြင္းေရးေတြ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္မွာလား

အိမ္ေထာင္ျပဳတဲ့အခါမွာ တစ္ဦးနဲ႔တစ္ဦး အူမေခ်းခါးမက်န္ အတြင္းသိအစင္းသိ သိထားတာ အေကာင္းဆံုးပါပဲ။ ဒီလို အတြင္းေရးေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပႏိုင္ဖို႔လည္း လိုပါတယ္။ ဒါ့ေၾကာင့္ ရွက္ေၾကာက္ သို၀ွက္မထားပဲ အခ်င္းခ်င္းအပြင့္လင္းဆံုး ေဆြးေႏြးပါ။

၁၁။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ အကုန္သိၿပီလား

လက္မထပ္ခင္မွာ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္က မေကာင္းတာေတြေရာ ေကာင္းတာေတြပါ အားလံုးသိၿပီးသားျဖစ္သင့္ပါတယ္။ ေနာက္မွသိလာရမယ္ဆိုရင္ အယုံၾကည္ရဆံုးသူက လိမ္တာခံရသလို ခံစားရႏိုင္ပါတယ္။ အားလံုးမွာ မေကာင္းတဲ့အခ်က္ေတြ၊ အေတြ႕အၾကံဳေတြရွိပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာဆိုတိုင္ပင္ပါ။

ေနာက္ထပ္ ေမးခြန္းေလးခုကေတာ့

၁၂။ အသက္ေတြႀကီးလာခ်ိန္အထိ အတူရွိေနဖို႔ စိတ္ကူးထားလား

၁၃။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဘက္မွာရွိတာအားလံုးကို ေပးဆပ္ဖို႔အဆင့္သင့္ျဖစ္ၿပီလား

၁၄။ တစ္ေယာက္နဲ႔တစ္ေယာက္ ဖူးစာဖက္ေတြအျဖစ္ ႏွလံုးသားခ်င္းထပ္တူက်သူေတြအျဖစ္ လက္ခံႏိုင္ၿပီလား

၁၅။ ကိုယ္ပိုင္အတၱေတြထဲ ႏွစ္ဦးသားဆက္ဆံေရးကို ပိုၿပီအေလးအျမတ္ထားႏိုင္ၿပီလား ဆိုတာေတြပဲျဖစ္ပါတယ္


လက်မထပ်ခင် မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုးဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ်ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘဝတစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာအားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက်

သင့်ရဲ့ဘဝလက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထားသူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါလိမ့်မယ်။

၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ
ဒီမေးခွန်းက အရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။

၂။ တစ်ဦးရဲ့ ငွေကြေးဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက သေချာသိပြီလား။ ငွေကို ဘယ်လို သုံးမယ် ဘယ်လိုစုမယ်ဆိုတဲ့ စိတ်ကူးတွေ တူညီမှုရှိရဲ့လား။
ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင် အရမ်းချစ်ပါတယ်ဆိုတဲ့ စုံတွဲတွေမှာတောင် အချစ်လျော့သွားတတ်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရှိတဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခု ရှိထားဖို့ လိုပါတယ်။ လက်မထပ်ခင်ကတည်းက ရှေ့လျှောက်ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါ။

၃။ ချစ်ခင်ကြင်နာမှုခြင်း ထပ်တူကျရဲ့လား။ ကိုယ်ချစ်သလောက် ပြန်ချစ်နိုင်လား။
ရေရှည်လက်တွဲသွားဖို့အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ခင်ကြင်နာမှုရှိနေဖို့ လိုပါတယ်။ နှစ်ဦးသား အကြားမှာ ချင်ခင်ကြင်နာမှုမရှိတော့တာကို ခံစားနေရပြီဆိုရင်တော့ သေချာဆွေးနွေးဖို့ လိုအပ်နေပါပြီ။

၄။ အေးအတူ ပူအမျှ ဖြစ်နိုင်ရဲ့လား
လူနှစ်ယောက်လက်ထပ်လိုက်ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘ၀ ဖြစ်သွားပါပြီ။ ဘဝတစ်လျှောက်မှာ ဆုံးဖြတ်စရာကိစ္စတွေ၊ အဖြစ်အပျက်တွေ မျိုးစုံကြုံတွေ့ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မျှတဖို့ လိုအပ်ပါတယ်။ အပြန်အလှန် သဘောတူညီမှုရှိမှသာ ရေရှည်လက်တွဲနိုင်မှာဖြစ်ပါတယ်။

၅။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေအပေါင်းအသင်းတွေကို လက်ခံနိုင်ပြီလား
လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလည်း နှစ်ဦးစလုံးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ရှိနေဦးမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် လစ်လျူရှုထားလို့ မဖြစ်ပါဘူး။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေသူငယ်ချင်းတွေကို အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေက စောင့်ကြိုနေမှာ သေချာပါတယ်။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုပါစေ၊ ကိုယ်ပိုင်အချိန် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြန်အလှန်လေးစားတတ်ရမှာ ဖြစ်ပါတယ်။

၆။ နှစ်ဖက်မိသားစုတွေကို အပြန်အလှန်လေးစားလက်ခံနိုင်ပြီလား
ဒါအချက်က သိပ်တောင်စဉ်းစားနေစရာမလိုပါဘူး။ နှစ်ဖက်မိသားစုရဲ့လက်ခံနိုင်မှုနဲ့ ချစ်ခင်မှုက အိမ်ထောင်တစ်ခု ခိုင်မြဲဖို့အတွက် အရေးကြီးပါတယ်။ အကယ်၍ တဖက်မိသားစုနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင်လည်း ဖြေရှင်းပြီး လက်ခံပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

၇။ ကိုယ့်မိသားစုနဲ့ပတ်သက်ပြီး တဖက်သူ ငြိုငြင်စရာတွေက ဘာတွေလဲ
နံပါတ်(၆)မေးခွန်းရဲ့ အဆက်ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းထားသူက ကိုယ့်မိသားစုကို ငြိုငြင်ရတဲ့အချက်တွေ သိဖို့ဖြစ်ပါတယ်။ သူမကြိုက်တာတွေ သိလာပြီဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ လူတိုင်းရဲ့ မိသားစုမှာ မိသားစုဝင်မဟုတ်သူတစ်ယောက် လက်မခံနိုင်တဲ့ အချက်တွေရှိတတ်ပါတယ်။ ဒါကို ကြိုးစားညှိနှိုင်းရမှာဖြစ်ပါတယ်။

၈။ အိမ်ထောင်ရေးအတွက် အားလုံးကို ပေးဆပ်စွန့်လွှတ်နိုင်ပြီလား
ချစ်သူရည်းစားဘဝမှာတောင် အပြန်အလှန်အလျှော့ပေးညှိနှိုင်းရတာတွေ၊ ပေးဆပ်ရတာတွေရှိတာကြောင့် အိမ်ထောင်တစ်ခု တည်ထောင်မယ်ဆိုရင် ဒီအချက်က ပိုအရေးကြီးလာပြီဖြစ်ပါတယ်။ အိမ်ထောင်ရေး ခိုင်မြဲဖို့အတွက် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အပြန်အလှန် တတ်နိုင်သမျှပေးဆပ်စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။

၉။ အခြေအနေကြောင့် တစ်နေရာစီခွဲနေရရင် နေနိုင်မှာလား
ကြိုမမြင်နိုင်တဲ့ အရေးကိစ္စတွေ အဖြစ်အပျက်တွေအတွက် အမြဲတမ်းအတူရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်က အခြားတစ်နေရာကို ခွဲနေရမယ်ဆိုရင်လည်း အပြန်အလှန် ခွန်အားပေးပြီး ထောက်ပံ့ကူညီပေးနိုင်ဖို့လည်း လိုပါတယ်။

၁၀။ နှစ်ဦးသားအတွင်းရေးတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာလား
အိမ်ထောင်ပြုတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အူမချေးခါးမကျန် အတွင်းသိအစင်းသိ သိထားတာ အကောင်းဆုံးပါပဲ။ ဒီလို အတွင်းရေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ရှက်ကြောက် သိုဝှက်မထားပဲ အချင်းချင်းအပွင့်လင်းဆုံး ဆွေးနွေးပါ။

၁၁။ တစ်ယောက်အကြောင်းတစ်ယောက် အကုန်သိပြီလား
လက်မထပ်ခင်မှာ တစ်ယောက်အကြောင်းကို တစ်ယောက်က မကောင်းတာတွေရော ကောင်းတာတွေပါ အားလုံးသိပြီးသားဖြစ်သင့်ပါတယ်။ နောက်မှသိလာရမယ်ဆိုရင် အယုံကြည်ရဆုံးသူက လိမ်တာခံရသလို ခံစားရနိုင်ပါတယ်။ အားလုံးမှာ မကောင်းတဲ့အချက်တွေ၊ အတွေ့အကြုံတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပါ။

နောက်ထပ် မေးခွန်းလေးခုကတော့ –

၁၂။ အသက်တွေကြီးလာချိန်အထိ အတူရှိနေဖို့ စိတ်ကူးထားလား
၁၃။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်မှာရှိတာအားလုံးကို ပေးဆပ်ဖို့အဆင့်သင့်ဖြစ်ပြီလား
၁၄။ တစ်ယောက်နဲ့တစ်ယောက် ဖူးစာဖက်တွေအဖြစ် နှလုံးသားချင်းထပ်တူကျသူတွေအဖြစ် လက်ခံနိုင်ပြီလား
၁၅။ ကိုယ်ပိုင်အတ္တတွေထဲ နှစ်ဦးသားဆက်ဆံရေးကို ပိုပြီအလေးအမြတ်ထားနိုင်ပြီလား ဆိုတာတွေပဲဖြစ်ပါတယ်။

Related Posts

%%footer%%