လုပ္ငန္းတည္ေထာင္ရာမွာ လက္မတြဲသင့္တဲ့ လူ(၁၀)မ်ိဳး

လုပ္ငန္းတည္ေထာင္ရာမွာ လက္မတြဲသင့္တဲ့ လူ(၁၀)မ်ိဳး

လုပ်ငန်းတည်ထောင်ရာမှာ လက်မတွဲသင့်တဲ့ လူ(၁၀)မျိုး

ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္ခ်င္တယ္ဆိုရင္ ဘယ္သူေတြနဲ႔ လက္တြဲလုပ္ေဆာင္မွာလဲဆိုတာကို အေသအခ်ာစဥ္းစားသံုးသပ္ဖို႔ လိုပါတယ္။ သင့္ရဲ႕ပတ္၀န္းက်င္ကို ၀င္ေရာက္လာသူေတြက သင့္ဘ၀ေျပာင္းလဲတိုးတက္မႈအတြက္ အေရးႀကီးပါတယ္။ ဘယ္သူေတြကို ေရွာင္ၿပီး ဘယ္သူေတြကို လက္တြဲမလဲဆိုတာကို ဆံုးျဖတ္ရတာကေတာ့ လြယ္ကူတဲ့ကိစၥတစ္ခုမဟုတ္ပါဘူး။ ဒါေပမယ့္ နည္းနည္းေလာက္ေလ့လာလိုက္႐ုံနဲ႔ သင့္လုပ္ငန္းနဲ႔ သင့္ရဲ႕ဘ၀အတြက္ အက်ိဳးမျဖစ္ထြန္းေစႏိုင္သူေတြကို ေရွာင္ႏိုင္သြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းတစ္ခုစတင္တည္ေထာင္ေတာ့မယ္ဆိုရင္ ၀န္ထမ္းထဲ မွာပဲျဖစ္ျဖစ္ ေဖာက္သည္ရွာရာမွာပဲျဖစ္ျဖစ္ ေရွာင္ရွားသင့္တဲ့ လူ(၁၀)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မာယာရွင္

မာယာရွင္ေတြက တကယ္ကို အံ့ၾသေလာက္စရာ စြဲမက္စရာေကာင္းတဲ့ အရည္အခ်င္းရွိသူေတြ ျဖစ္ပါတယ္။ သူတို႔က သင့္လုပ္ငန္းထဲ၀င္ေရာက္လာၿပီဆိုတာနဲ႔ သင့္ရဲ႕ အာ႐ုံစူးစိုက္မႈကို ပ်က္ယြင္းေစၿပီး အားထုတ္မႈနဲ႔ ရည္မွန္းခ်က္ေတြ လမ္းေၾကာင္းလြဲေအာင္ လုပ္ေဆာင္ကာ အေႏွာက္အယွက္ေပးေတာ့မွာျဖစ္ပါတယ္။ ဒီလို မာယာရွင္ေတြေၾကာင့္ တစ္ခ်ိဳ႕ေတြက သူတို႔လုပ္ငန္းကို ေအာက္ေစ်းနဲ႔ေရာင္းထုတ္လိုက္ၾကရသလို တစ္ခ်ိဳ႕ေတြကလည္း လုပ္ငန္းဆံုး႐ႈံးတဲ့အထိ ျဖစ္သြားတတ္ၾကပါတယ္။ ဒီလိုအျဖစ္မခံပါနဲ႔။ ဘယ္ေလာက္ပဲ အရည္အခ်င္းရွိသူျဖစ္ပါေစ သင့္လုပ္ငန္းရဲ႕ဦးတည္ခ်က္နဲ႔ ရည္မွန္းခ်က္ေတြကို ေမ့မသြားေစပါနဲ႔။

၂။ ဆိတ္

ဆိတ္လို႔အမည္တပ္ခံရသူေတြကေတာ့ အေတာ္အတန္ၾသဇာေညာင္းသူေတြျဖစ္ၿပီး စကားႀကီးစကားက်ယ္ေတြ ေျပာတတ္သူေတြျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြဆီမွာလည္း အားသာခ်က္ေတြ အမ်ားႀကီးရွိတတ္ပါတယ္။ ျပႆနာက သူတို႔ရဲ႕အားသာခ်က္ေတြကို တလြဲအသံုးခ်တတ္တာပဲျဖစ္ပါတယ္။ ဆိတ္ေတြက မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ျဖစ္သြားေအာင္ လႈံ႕ေဆာ္ေပးတတ္ၾကပါတယ္။ သင့္အေနနဲ႔ တစ္ေယာက္ေယာက္ အနားမွာရွိေနတိုင္းမွာ လုပ္ငန္းနဲ႔ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္အမွားေတြခ်မွတ္မိေနၿပီဆိုရင္ သူက ဆိတ္ပါပဲ။ သူကို သင့္အနားမွာ ဆက္ထားလို႔မျဖစ္ဘူးဆိုတာ သေဘာေပါက္ဖို႔ လိုပါတယ္။

၃။ ဆင္

ဆင္ေတြက ဘယ္ေတာ့မွ မေမ့ေလ်ာ့တတ္ပါဘူး။ သင့္လုပ္ငန္းထဲမွာ အတိတ္ကအမွားေတြက မေမ့ပစ္လိုက္ႏိုင္ပဲ တိုက္ဆိုင္မႈရွိတိုင္း အစဆြဲထုတ္တတ္သူမ်ိဳးကို ဆင္လို႔ သတ္မွတ္ပါတယ္။ သူတို႔ေတြက သင္ဘယ္လို ျဖစ္ခဲ့တယ္၊ ဘယ္ႏွစ္ႀကိမ္ေလာက္ အ႐ႈပ္အရွင္းေတြ ရင္ဆိုင္ခဲ့ရတယ္ဆိုတာကို အျမဲတမ္းအစေဖာ္ေပးေနသူေတြျဖစ္ပါတယ္။ လူတိုင္းမွာ အ႐ႈံးဆိုတာရွိပါတယ္။ စြန္႔ဦးလုပ္ငန္းရွင္ေတြမွာ ပိုမ်ားပါတယ္။ က်႐ႈံးခဲ့တယ္ဆိုရင္ အ႐ံႈးကေနသင္ခန္းစာယူၿပီး လမ္းေၾကာင္းမွန္ေပၚတက္ၿပီး ေရွ႕ဆက္ရမွာျဖစ္ပါတယ္။ ဒါကို ဆင္ေတြေၾကာင့္ အတိတ္မွာ နစ္ေမ်ာေနလို႔ မျဖစ္ပါဘူး။

၄။ ဦးထုပ္

ဦးထုပ္ေတြကေတာ့ ဘယ္ေနရာမွာမဆို ထိပ္ဆံုကေနခ်င္ေပမယ့္ ထိပ္ဆံုးေနရာရဖို႔ ဘာမွမလုပ္ခ်င္တဲ့သူေတြ ျဖစ္ပါတယ္။ သူကိုယ္တိုင္က ဘာမွမလုပ္ခ်င္ေပမယ့္ သူတို႔နားမွာ ယွဥ္လာသူတိုင္းကို တြန္းခ်ဖို႔ ဘာမဆိုလုပ္ရဲသူေတြျဖစ္ပါတယ္။ ဦးထုပ္ေတြက အလကားလူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုလူမ်ိဳးေတြကို သင့္လုပ္ငန္းအတြင္းမွာ ပါ၀င္ပတ္သက္မႈမရွိပါေစနဲ႔။

၅။ တစ္ကိုယ္ေကာင္းသမား

တစ္ကိုယ္ေကာင္းသမားေတြက အရည္အခ်င္းရွိသူေတြျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔က ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တတ္သူေတြျဖစ္ပါတယ္။ အဖြဲ႕အစည္းလိုက္လုပ္ေဆာင္ရတဲ့ ေနရာမ်ိဳးမွာ အသံုး၀င္မွာ မဟုတ္ပါဘူး။

၆။ သေဘာထားကြဲသူ

လုပ္ငန္းတစ္ခုကို စတင္တည္ေထာင္တဲ့အခါမွာ သူ႔ဘက္ကိုယ့္ဘက္ အျပန္အလွန္ သည္းမခံေပးႏိုင္သူေတြနဲ႔ လည္း အတူတူလုပ္ရတတ္ပါတယ္။ ဒီလိုၾကံဳလာၿပီဆိုရင္ အဓိကအေႏွာက္အယွက္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီလိုသေဘာထားခ်င္းမသင့္ျမတ္သူနဲ႔ပတ္သက္လို႔ အဓိကသိထားရမွာက သင့္ကိုယ္သင္လက္မခံႏိုင္တဲ့အခ်က္ ေတြေၾကာင့္ ဒါမွမဟုတ္ သင့္ကိုယ္သင္အဟုတ္ႀကီးထင္ေနတတ္တာေၾကာင္ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုသေဘာထားခ်င္းမတိုက္ဆိုင္တဲ့သူပါ၀င္လာတဲ့အခါမွာ သင့္ကိုယ္သင္ ေလ့လာဆန္းစစ္ဖို႔ အသံုးခ်ပါ။

၇။ ေအးရီးစ္

ေအးရီးစ္ဆိုတာ စစ္မက္နဲ႔ဆိုင္တဲ့ ဂရိနတ္ဘုရားတစ္ပါးရဲ႕အမည္ျဖစ္ပါတယ္။ ေအးရီးစ္လိုလူမ်ိဳးေတြက ပဋိပကၡေတြကို သေဘာက်ပါတယ္။ သူတို႔က ဘာမွျပန္ရစရာမရွိပဲ ဆံုး႐ႈံးမႈေတြကို ႏွစ္သက္တတ္ၾကပါတယ္။ ဒီလိုလူမ်ိဳးေတြကို အျမင္မွန္ရဖို႔ ျပင္ဆင္ေပးေနရင္ အခ်ိန္ကုန္တာပဲအဖတ္တင္ပါလိမ့္မယ္။ လစ္လ်ဴ႐ႈထားၿပီး လုပ္ငန္းကေန ထုတ္ပယ္လိုက္တာ အေကာင္းဆံုးျဖစ္ပါတယ္။

၈။ ဒိုင္အိုႏိုင္းဆပ္

ဒိုင္အိုႏိုင္းဆပ္ကေတာ့ ၀ိုင္၊ ပါတီနဲ႔ သာယာမႈဆိုင္ရာ ဂရိနတ္ဘုရားတစ္ပါးျဖစ္ပါတယ္။ ဒိုင္အိုႏိုင္းဆပ္လို လူမ်ိဳးေတြက အေပ်ာ္ရွာသူေတြျဖစ္ၿပီး လုိခ်င္တာခ်က္ခ်င္းမရရင္ စိတ္မရွည္တတ္ၾကသူေတြျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြပါ၀င္လာၿပီဆိုရင္ အေပ်ာ္အတြက္နဲ႔ အခ်ိန္အလားကားျပဳန္းတီးသြားတတ္တဲ့အတြက္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ လိုတယ္ဆိုေပမယ့္ လုပ္ငန္းတစ္ခု စတင္တည္ေထာင္ေနခ်ိန္မွာ အက်ိဳးမဲ့အခ်ိန္ကုန္ဆံုးေနတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

၉။ ေၾကာင္နက္

လုပ္ငန္းအတြင္းကို ၀င္လာၿပီး ဒုကၡေပးတတ္သူမ်ိဳးကို ေၾကာင္နက္ေတြအျဖစ္ သတ္မွတ္ပါတယ္။ သူတို႔က ကံဆိုးမေတြျဖစ္ၿပီး သြားေလရာကို မိုးလိုက္ရြာေနတတ္ပါတယ္။ ေၾကာင္နက္ေတြက မေကာင္းျမင္တတ္တဲ့ ကံဆိုးသူေတြျဖစ္ၿပီး အျမဲတမ္းလည္း စိတ္ဓာတ္က်ေနတတ္ပါတယ္။ သူတို႔အတြက္ သြားမခံစားေပးမိပါေစနဲ႔။ သူတို႔ကိုလည္း လုပ္ငန္းထဲပါ၀င္ပတ္သက္မႈ မရွိပါေစနဲ႔။

၁၀။ ေၾကာင္ပါး

ေၾကာင္ပါးေတြကေတာ့ သင့္လုပ္ငန္းထဲကို ေငြလုံးေငြရင္းနဲ႔ ၀င္လာၿပီး အားလံုးကို ဖန္တီးေပးႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔က နာမည္ရလုပ္ငန္းႀကီးေတြက ရင္းႏွီးျမဳပ္ႏွံသူေတြျဖစ္တယ္ဆိုရင္ေတာင္မွ သူတို႔ရဲ႕မက္လံုးမွာ ေမ်ာမသြားမိပါေစနဲ႔။ သူတို႔က သင့္လုပ္ငန္းကို ထိန္းခ်ဳပ္ၿပီး သူတို႔အတြက္ ေငြရွာခ်င္ၾကတယ္ဆိုတာကို နားလည္ဖို႔လိုပါတယ္။


လုပ်ငန်းတည်ထောင်ရာမှာ လက်မတွဲသင့်တဲ့ လူ(၁၀)မျိုး

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် ဘယ်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှာလဲဆိုတာကို အသေအချာစဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်ကို ဝင်ရောက်လာသူတွေက သင့်ဘ၀ပြောင်းလဲတိုးတက်မှုအတွက် အရေးကြီးပါတယ်။ ဘယ်သူတွေကို ရှောင်ပြီး ဘယ်သူတွေကို လက်တွဲမလဲဆိုတာကို ဆုံးဖြတ်ရတာကတော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်းလောက်လေ့လာလိုက်ရုံနဲ့ သင့်လုပ်ငန်းနဲ့ သင့်ရဲ့ဘဝအတွက် အကျိုးမဖြစ်ထွန်းစေနိုင်သူတွေကို ရှောင်နိုင်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုစတင်တည်ထောင်တော့မယ်ဆိုရင် ဝန်ထမ်းထဲ မှာပဲဖြစ်ဖြစ် ဖောက်သည်ရှာရာမှာပဲဖြစ်ဖြစ် ရှောင်ရှားသင့်တဲ့ လူ(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မာယာရှင်
မာယာရှင်တွေက တကယ်ကို အံ့ဩလောက်စရာ စွဲမက်စရာကောင်းတဲ့ အရည်အချင်းရှိသူတွေ ဖြစ်ပါတယ်။ သူတို့က သင့်လုပ်ငန်းထဲဝင်ရောက်လာပြီဆိုတာနဲ့ သင့်ရဲ့ အာရုံစူးစိုက်မှုကို ပျက်ယွင်းစေပြီး အားထုတ်မှုနဲ့ ရည်မှန်းချက်တွေ လမ်းကြောင်းလွဲအောင် လုပ်ဆောင်ကာ အနှောက်အယှက်ပေးတော့မှာဖြစ်ပါတယ်။ ဒီလို မာယာရှင်တွေကြောင့် တစ်ချို့တွေက သူတို့လုပ်ငန်းကို အောက်ဈေးနဲ့ရောင်းထုတ်လိုက်ကြရသလို တစ်ချို့တွေကလည်း လုပ်ငန်းဆုံးရှုံးတဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုအဖြစ်မခံပါနဲ့။ ဘယ်လောက်ပဲ အရည်အချင်းရှိသူဖြစ်ပါစေ သင့်လုပ်ငန်းရဲ့ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေကို မေ့မသွားစေပါနဲ့။

၂။ ဆိတ်
ဆိတ်လို့အမည်တပ်ခံရသူတွေကတော့ အတော်အတန်ဩဇာညောင်းသူတွေဖြစ်ပြီး စကားကြီးစကားကျယ်တွေ ပြောတတ်သူတွေဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဆီမှာလည်း အားသာချက်တွေ အများကြီးရှိတတ်ပါတယ်။ ပြဿနာက သူတို့ရဲ့အားသာချက်တွေကို တလွဲအသုံးချတတ်တာပဲဖြစ်ပါတယ်။ ဆိတ်တွေက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချဖြစ်သွားအောင် လှုံ့ဆော်ပေးတတ်ကြပါတယ်။ သင့်အနေနဲ့ တစ်ယောက်ယောက် အနားမှာရှိနေတိုင်းမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အမှားတွေချမှတ်မိနေပြီဆိုရင် သူက ဆိတ်ပါပဲ။ သူကို သင့်အနားမှာ ဆက်ထားလို့မဖြစ်ဘူးဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

၃။ ဆင်
ဆင်တွေက ဘယ်တော့မှ မမေ့လျော့တတ်ပါဘူး။ သင့်လုပ်ငန်းထဲမှာ အတိတ်ကအမှားတွေက မမေ့ပစ်လိုက်နိုင်ပဲ တိုက်ဆိုင်မှုရှိတိုင်း အစဆွဲထုတ်တတ်သူမျိုးကို ဆင်လို့ သတ်မှတ်ပါတယ်။ သူတို့တွေက သင်ဘယ်လို ဖြစ်ခဲ့တယ်၊ ဘယ်နှစ်ကြိမ်လောက် အရှုပ်အရှင်းတွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို အမြဲတမ်းအစဖော်ပေးနေသူတွေဖြစ်ပါတယ်။ လူတိုင်းမှာ အရှုံးဆိုတာရှိပါတယ်။ စွန့်ဦးလုပ်ငန်းရှင်တွေမှာ ပိုများပါတယ်။ ကျရှုံးခဲ့တယ်ဆိုရင် အရှုံးကနေသင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တက်ပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်။ ဒါကို ဆင်တွေကြောင့် အတိတ်မှာ နစ်မျောနေလို့ မဖြစ်ပါဘူး။

၄။ ဦးထုပ်
ဦးထုပ်တွေကတော့ ဘယ်နေရာမှာမဆို ထိပ်ဆုံကနေချင်ပေမယ့် ထိပ်ဆုံးနေရာရဖို့ ဘာမှမလုပ်ချင်တဲ့သူတွေ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဘာမှမလုပ်ချင်ပေမယ့် သူတို့နားမှာ ယှဉ်လာသူတိုင်းကို တွန်းချဖို့ ဘာမဆိုလုပ်ရဲသူတွေဖြစ်ပါတယ်။ ဦးထုပ်တွေက အလကားလူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုလူမျိုးတွေကို သင့်လုပ်ငန်းအတွင်းမှာ ပါဝင်ပတ်သက်မှုမရှိပါစေနဲ့။

၅။ တစ်ကိုယ်ကောင်းသမား
တစ်ကိုယ်ကောင်းသမားတွေက အရည်အချင်းရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်သူတွေဖြစ်ပါတယ်။ အဖွဲ့အစည်းလိုက်လုပ်ဆောင်ရတဲ့ နေရာမျိုးမှာ အသုံးဝင်မှာ မဟုတ်ပါဘူး။

၆။ သဘောထားကွဲသူ
လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် သည်းမခံပေးနိုင်သူတွေနဲ့ လည်း အတူတူလုပ်ရတတ်ပါတယ်။ ဒီလိုကြုံလာပြီဆိုရင် အဓိကအနှောက်အယှက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုသဘောထားချင်းမသင့်မြတ်သူနဲ့ပတ်သက်လို့ အဓိကသိထားရမှာက သင့်ကိုယ်သင်လက်မခံနိုင်တဲ့အချက် တွေကြောင့် ဒါမှမဟုတ် သင့်ကိုယ်သင်အဟုတ်ကြီးထင်နေတတ်တာကြောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုသဘောထားချင်းမတိုက်ဆိုင်တဲ့သူပါဝင်လာတဲ့အခါမှာ သင့်ကိုယ်သင် လေ့လာဆန်းစစ်ဖို့ အသုံးချပါ။

၇။ အေးရီးစ်
အေးရီးစ်ဆိုတာ စစ်မက်နဲ့ဆိုင်တဲ့ ဂရိနတ်ဘုရားတစ်ပါးရဲ့အမည်ဖြစ်ပါတယ်။ အေးရီးစ်လိုလူမျိုးတွေက ပဋိပက္ခတွေကို သဘောကျပါတယ်။ သူတို့က ဘာမှပြန်ရစရာမရှိပဲ ဆုံးရှုံးမှုတွေကို နှစ်သက်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေကို အမြင်မှန်ရဖို့ ပြင်ဆင်ပေးနေရင် အချိန်ကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ လစ်လျူရှုထားပြီး လုပ်ငန်းကနေ ထုတ်ပယ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

၈။ ဒိုင်အိုနိုင်းဆပ်
ဒိုင်အိုနိုင်းဆပ်ကတော့ ဝိုင်၊ ပါတီနဲ့ သာယာမှုဆိုင်ရာ ဂရိနတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ ဒိုင်အိုနိုင်းဆပ်လို လူမျိုးတွေက အပျော်ရှာသူတွေဖြစ်ပြီး လိုချင်တာချက်ချင်းမရရင် စိတ်မရှည်တတ်ကြသူတွေဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေပါဝင်လာပြီဆိုရင် အပျော်အတွက်နဲ့ အချိန်အလားကားပြုန်းတီးသွားတတ်တဲ့အတွက် ဂရုစိုက်ဖို့ လိုပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်နေတတ်ဖို့ လိုတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခု စတင်တည်ထောင်နေချိန်မှာ အကျိုးမဲ့အချိန်ကုန်ဆုံးနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

၉။ ကြောင်နက်
လုပ်ငန်းအတွင်းကို ဝင်လာပြီး ဒုက္ခပေးတတ်သူမျိုးကို ကြောင်နက်တွေအဖြစ် သတ်မှတ်ပါတယ်။ သူတို့က ကံဆိုးမတွေဖြစ်ပြီး သွားလေရာကို မိုးလိုက်ရွာနေတတ်ပါတယ်။ ကြောင်နက်တွေက မကောင်းမြင်တတ်တဲ့ ကံဆိုးသူတွေဖြစ်ပြီး အမြဲတမ်းလည်း စိတ်ဓာတ်ကျနေတတ်ပါတယ်။ သူတို့အတွက် သွားမခံစားပေးမိပါစေနဲ့။ သူတို့ကိုလည်း လုပ်ငန်းထဲပါဝင်ပတ်သက်မှု မရှိပါစေနဲ့။

၁၀။ ကြောင်ပါး
ကြောင်ပါးတွေကတော့ သင့်လုပ်ငန်းထဲကို ငွေလုံးငွေရင်းနဲ့ ဝင်လာပြီး အားလုံးကို ဖန်တီးပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က နာမည်ရလုပ်ငန်းကြီးတွေက ရင်းနှီးမြုပ်နှံသူတွေဖြစ်တယ်ဆိုရင်တောင်မှ သူတို့ရဲ့မက်လုံးမှာ မျောမသွားမိပါစေနဲ့။ သူတို့က သင့်လုပ်ငန်းကို ထိန်းချုပ်ပြီး သူတို့အတွက် ငွေရှာချင်ကြတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။

Related Posts

%%footer%%