သင့္အတၱက သင့္ေအာင္ျမင္ႏိုင္စြမ္းကို ကန္႔သတ္ေနပါသလား
သင့်အတ္တက သင့်အောင်မြင်နိုင်စွမ်းကို ကန့်သတ်နေပါသလား
ေအာင္ျမင္ဖို႔ ရည္မွန္းခ်က္ ျပင္းျပတာဟာ ေအာင္ျမင္ျခင္း ေဖာ္ျမဴလာေတြထဲမွာ အေရးအပါဆံုးပါ။ သင့္ရဲ႕ အႀကီးဆံုးပန္းတိုင္ေရာက္ဖို႔ တစ္ခုထဲေသာ နည္းလမ္းကေတာ့ သင့္မွာ႐ွိတဲ့ စိတ္ခြန္အား လူခြန္အား အားလံုးကို သံုးၿပီး ႀကိဳးစားဖို႔ပါပဲ။ ဒါေပမယ့္ သင့္စိတ္နဲ႔ကိုယ္ကို အဲဒိပန္းတိုင္ေပၚ ရင္းႏွီးျမႇဳပ္ႏွံလိုက္ရင္ သင့္ အတၱက ေအာင္ျမင္မႈအေပၚ ဖံုးသြားတာမ်ိဳး ျဖစ္လြယ္ၿပီး သင့္စိတ္က်န္းမာေရးကို ထိခိုက္ေစပါတယ္။
အတၱႀကီးတာဟာ ေမ်ွာ္မွန္းခ်က္ေကာင္းေကာင္း ပါရင္ မေကာင္းတဲ့အရာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သင့္ရည္မွန္းခ်က္ေတြက ျပင္ပကမၻာေၾကာင့္ပဲ ေမြးဖြားလာတာျဖစ္ရပါမယ္။ အဲဒိ ျပင္ပ လွံု႔ေဆာ္မႈေတြဟာ ကြၽန္ေတာ္တို႔ က်႐ွံုးရင္ စိတ္ျပန္တက္ဖို႔ အခ်ိန္ပိုယရတဲ့ အေၾကာင္းပါပဲ။ သူမ်ားေတြထက္ ဘယ္ေလာက္ ေရာက္ၿပီလဲ ဆိုတဲ့အခ်က္နဲ႔ သင့္ကိုယ္သင္ အရည္အခ်င္း ကန္႔သတ္ရင္ သင္ ဘယ္ေတာ့မွာ မလံူျခံဳမႈ အရိပ္ေအာက္ကေန မလြတ္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သင့္ထက္ေတာ္တဲ့ ခ်မ္းသာတဲ့ အျမင့္ေရာက္တဲ့ လူတစ္ေယာက္ကေတာ့ ႐ွိေနဦးမွာ ေသခ်ာလို႔ပါပဲ။
ၿပီးခဲ့တဲ့ ၂၀၀၄ ေဆာင္းတြင္းတုန္းက စာအုပ္တစ္အုပ္ထဲမွာ ဖတ္ခဲ့ရပါတယ္။ ေအာင္ျမင္ဖို႔ အတၱကို စြန္႔လႊတ္ရမယ္လို႔ ဆိုပါတယ္။ စစျခင္းေတာ့ စာေရးသူဟာ အ႐ူးထင္တာေပါ့။ ဒီ အတၱကပဲ ကြၽန္ေတာ္တို႔ကို လက္႐ွိေနရာထိ ေရာက္ေအာင္ တြန္းပို႔ေပးခဲ့တာေလ။ ဒီဟာက ေဖာင္ေဒး႐ွင္းပဲ။ ဘာလို႔ စြန္႔လႊတ္ရမွာလဲ။
ဒါေပမယ့္ အခ်ိန္ၾကာလာ၊ အေတြ႕အၾကံဳေတြရလာေတာ့ ကြၽန္ေတာ့္ရဲ႕ ေအာင္ျမင္လိုတဲ့ အတၱဟာ ေအာင္ျမင္ႏိုင္စြမ္းအားကို တကယ္ ထိခိုက္ေနလားဆိုတာ ဆန္းစစ္မိလာပါတယ္။ ဘဝရဲ႕ အႏိုင္ေတြ၊ အ႐ွံုးေတြကို ျပန္စဥ္းစားၾကည့္ေတာ့ အဲဒိ တြန္းအားေပးတဲ့ အတၱဟာ ကြၽန္ေတာ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ေနပါတယ္။ ကြၽန္ေတာ္ဂ႐ုစုိက္တာက တျခားသူေတြကို ေက်ာ္နင္းၿပီး ေငြ႐ွာကာ ခ်မ္းသာတဲ့ အဆင့္ တစ္ဆင့္ကို ေရာက္ဖို႔ပါပဲ။
အဲဒါကို သိသြားၿပီးေတာ့ ဘဝထဲက အတၱကို ျပန္ထုတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ၿပိဳင္ဘက္ စီးပြာစေရးသမားေတြကို အၾကံဉာဏ္ေတြ ေပးတာမ်ိဳး၊ ကြၽန္ေတာ္ ခ်မ္းသာလာရတဲ့ လ်ိႈ့ဝွက္ခ်က္ေတြကို ေျပာျပတာမ်ိဳးေပါ့။ အဲဒိလို စီးပြား႐ွာတာဟာ ကြၽန္ေတာ့္ကို တျခားသူေတြကို မထိခိုက္ေစပဲ တျခားသူေတြဘက္ကေနၿပီး ၾကည့္တတ္လာေစခဲ့ပါတယ္။ ျပင္ပလူေတြ သတ္မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြအတိုင္း လုပ္မယ့္အစား ကိုယံဘာသာ လိုခ်င္တာ လုပ္တတ္လာေစပါတယ္။ စီးပြားေရးလဲ ပိုေအာင္ျမင္လာပါတယ္။
တစ္ခါတစ္ေလမွာ လူေတြဟာ သူတို႔မလိုခ်င္တဲ့ ဘဝထဲကို ပါတ္ဝန္းက်င္ ဖိအားေပးမႈေၾကာင့္ ေရာက္ေနတတ္ပါတယ္။ မိဘေတြ၊ မိသားစုဝင္ေတြ စိတ္ေက်နပ္ေအာင္ ေဆးေက်ာင္းတက္ရသူေတြ၊ ဆရာဝန္လုပ္ရသူေတြမ်ိဳးပါ။
တကယ္ေတာ့ ကြၽန္ေတာ္တို႔မွာ အားလံုးအလိုကုိ လိုက္လုပ္ႏိုင္ေအာင္ အခ်ိန္ လံုလံုေလာက္ေလာက္ မ႐ွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဆႏၵေတြကို တျခားသူေတြရဲ႕ ဆႏၵနဲ႔ မဖံုးလႊမ္းသြားပါေစနဲ႔။ သင္ႀကိဳက္တဲ့ အလုပ္ကို သင္ စိတ္ပါဝင္စားစြာ ႀကိဳးစားလုပ္ရင္ ေအာင္ျမင္မွာပါ။
ကြၽန္ေတာ္တို႔ေတြ စီးပြားေရးေလာကမွာ ၿပိဳင္ဖက္ကို အလဲထိုးခ်င္တာ သဘာဝပါ။ ယွဥ္ၿပိဳင္ျခင္းဟာလဲ ပိုၿပီးစိတ္တက္ႂကြေအာင္ လုပ္ေပးႏုိင္ပါတယ္။ ဒါေပမယ့္ သင့္ကိုယ္သင္ အႏိုင္ဆိုတာ ဘာလဲ။ တျခားသူေတြကို အလဲထိုးမွ ရမွာလား၊ အလုပ္အေတြ႕အၾကံဳလား၊ ေငြေၾကးလားဆိုတာ ျပန္စဥ္းစားၾကည့္ပါ။
တျခားသူေတြက သင့္ကို လမ္းျပႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္အားတက္ႂကြေအာင္ကေတာ့ သင္တစ္ေယာက္ပဲ လုပ္ေပးႏုိင္မွာပါ။ အလုပ္တစ္ခုမွာ ေခါင္းေဆာင္ေနရာ ရထားရင္ ငယ္သားေတြကို စိတ္အားတက္ႂကြေနေစဖို႔ အေရးႀကီးပါတယ္။
အဲလိုျဖစ္ဖို႔ အသင္းသားအားလံုး စိတ္အားတက္ႂကြေနရမွာပါ။ အားလံုးဟာ လုပ္ရမယ့္အလုပ္ တာဝန္ေတြကို သိထားဖို႔ လိုပါတယ္။ တစ္ေယာက္ထဲကခြၽန္ၿပီး အားလံုးလုပ္ေနရတာမ်ိဳး မ႐ွိရင္ တစ္သင္းလံုး အေကာင္းဆံုး လုပ္လာႏိုင္မွာပါ။
သင့်အတ္တက သင့်အောင်မြင်နိုင်စွမ်းကို ကန့်သတ်နေပါသလား
အောင်မြင်ဖို့ ရည်မှန်းချက် ပြင်းပြတာဟာ အောင်မြင်ခြင်း ဖော်မြူလာတွေထဲမှာ အရေးအပါဆုံးပါ။ သင့်ရဲ့ အကြီးဆုံးပန်းတိုင်ရောက်ဖို့ တစ်ခုထဲသော နည်းလမ်းကတော့ သင့်မှာရှိတဲ့ စိတ်ခွန်အား လူခွန်အား အားလုံးကို သုံးပြီး ကြိုးစားဖို့ပါပဲ။ ဒါပေမယ့် သင့်စိတ်နဲ့ကိုယ်ကို အဲဒိပန်းတိုင်ပေါ် ရင်းနှီးမြှုပ်နှံလိုက်ရင် သင့် အတ္တက အောင်မြင်မှုအပေါ် ဖုံးသွားတာမျိုး ဖြစ်လွယ်ပြီး သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အတ္တကြီးတာဟာ မျှော်မှန်းချက်ကောင်းကောင်း ပါရင် မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရည်မှန်းချက်တွေက ပြင်ပကမ္ဘာကြောင့်ပဲ မွေးဖွားလာတာဖြစ်ရပါမယ်။ အဲဒိ ပြင်ပ လှုံ့ဆော်မှုတွေဟာ ကျွန်တော်တို့ ကျရှုံးရင် စိတ်ပြန်တက်ဖို့ အချိန်ပိုယရတဲ့ အကြောင်းပါပဲ။ သူများတွေထက် ဘယ်လောက် ရောက်ပြီလဲ ဆိုတဲ့အချက်နဲ့ သင့်ကိုယ်သင် အရည်အချင်း ကန့်သတ်ရင် သင် ဘယ်တော့မှာ မလူံခြုံမှု အရိပ်အောက်ကနေ မလွတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်ထက်တော်တဲ့ ချမ်းသာတဲ့ အမြင့်ရောက်တဲ့ လူတစ်ယောက်ကတော့ ရှိနေဦးမှာ သေချာလို့ပါပဲ။
ပြီးခဲ့တဲ့ ၂၀၀၄ ဆောင်းတွင်းတုန်းက စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။ အောင်မြင်ဖို့ အတ္တကို စွန့်လွှတ်ရမယ်လို့ ဆိုပါတယ်။ စစခြင်းတော့ စာရေးသူဟာ အရူးထင်တာပေါ့။ ဒီ အတ္တကပဲ ကျွန်တော်တို့ကို လက်ရှိနေရာထိ ရောက်အောင် တွန်းပို့ပေးခဲ့တာလေ။ ဒီဟာက ဖောင်ဒေးရှင်းပဲ။ ဘာလို့ စွန့်လွှတ်ရမှာလဲ။
ဒါပေမယ့် အချိန်ကြာလာ၊ အတွေ့အကြုံတွေရလာတော့ ကျွန်တော့်ရဲ့ အောင်မြင်လိုတဲ့ အတ္တဟာ အောင်မြင်နိုင်စွမ်းအားကို တကယ် ထိခိုက်နေလားဆိုတာ ဆန်းစစ်မိလာပါတယ်။ ဘဝရဲ့ အနိုင်တွေ၊ အရှုံးတွေကို ပြန်စဉ်းစားကြည့်တော့ အဲဒိ တွန်းအားပေးတဲ့ အတ္တဟာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နေပါတယ်။ ကျွန်တော်ဂရုစိုက်တာက တခြားသူတွေကို ကျော်နင်းပြီး ငွေရှာကာ ချမ်းသာတဲ့ အဆင့် တစ်ဆင့်ကို ရောက်ဖို့ပါပဲ။
အဲဒါကို သိသွားပြီးတော့ ဘဝထဲက အတ္တကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက် စီးပွာစရေးသမားတွေကို အကြံဉာဏ်တွေ ပေးတာမျိုး၊ ကျွန်တော် ချမ်းသာလာရတဲ့ လျိႈ့ဝှက်ချက်တွေကို ပြောပြတာမျိုးပေါ့။ အဲဒိလို စီးပွားရှာတာဟာ ကျွန်တော့်ကို တခြားသူတွေကို မထိခိုက်စေပဲ တခြားသူတွေဘက်ကနေပြီး ကြည့်တတ်လာစေခဲ့ပါတယ်။ ပြင်ပလူတွေ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း လုပ်မယ့်အစား ကိုယံဘာသာ လိုချင်တာ လုပ်တတ်လာစေပါတယ်။ စီးပွားရေးလဲ ပိုအောင်မြင်လာပါတယ်။
တစ်ခါတစ်လေမှာ လူတွေဟာ သူတို့မလိုချင်တဲ့ ဘဝထဲကို ပါတ်ဝန်းကျင် ဖိအားပေးမှုကြောင့် ရောက်နေတတ်ပါတယ်။ မိဘတွေ၊ မိသားစုဝင်တွေ စိတ်ကျေနပ်အောင် ဆေးကျောင်းတက်ရသူတွေ၊ ဆရာဝန်လုပ်ရသူတွေမျိုးပါ။
တကယ်တော့ ကျွန်တော်တို့မှာ အားလုံးအလိုကို လိုက်လုပ်နိုင်အောင် အချိန် လုံလုံလောက်လောက် မရှိပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒတွေကို တခြားသူတွေရဲ့ ဆန္ဒနဲ့ မဖုံးလွှမ်းသွားပါစေနဲ့။ သင်ကြိုက်တဲ့ အလုပ်ကို သင် စိတ်ပါဝင်စားစွာ ကြိုးစားလုပ်ရင် အောင်မြင်မှာပါ။
ကျွန်တော်တို့တွေ စီးပွားရေးလောကမှာ ပြိုင်ဖက်ကို အလဲထိုးချင်တာ သဘာဝပါ။ ယှဉ်ပြိုင်ခြင်းဟာလဲ ပိုပြီးစိတ်တက်ကြွအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင် အနိုင်ဆိုတာ ဘာလဲ။ တခြားသူတွေကို အလဲထိုးမှ ရမှာလား၊ အလုပ်အတွေ့အကြုံလား၊ ငွေကြေးလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။
တခြားသူတွေက သင့်ကို လမ်းပြနိုင်ပါတယ်။ ဒါပေမယ့် စိတ်အားတက်ကြွအောင်ကတော့ သင်တစ်ယောက်ပဲ လုပ်ပေးနိုင်မှာပါ။ အလုပ်တစ်ခုမှာ ခေါင်းဆောင်နေရာ ရထားရင် ငယ်သားတွေကို စိတ်အားတက်ကြွနေစေဖို့ အရေးကြီးပါတယ်။
အဲလိုဖြစ်ဖို့ အသင်းသားအားလုံး စိတ်အားတက်ကြွနေရမှာပါ။ အားလုံးဟာ လုပ်ရမယ့်အလုပ် တာဝန်တွေကို သိထားဖို့ လိုပါတယ်။ တစ်ယောက်ထဲကချွန်ပြီး အားလုံးလုပ်နေရတာမျိုး မရှိရင် တစ်သင်းလုံး အကောင်းဆုံး လုပ်လာနိုင်မှာပါ။