အိမ္ေထာင္ေရးသုခကို ထိခိုက္ေစႏိုင္သည့္ ခႏၶာကိုယ္အေလးခ်ိန္
အိမ်ထောင်ရေးသုခကို ထိခိုက်စေနိုင်သည့် ခန္ဓာကိုယ်အလေးချိန်
ၿပီးျပည့္စံုတဲ့ ခ်စ္တင္းေႏွာမႈက သင့္ဘ၀ရဲ႕အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ခ်စ္သူႏွစ္ဦးအၾကား ခံစားမႈေတြကို လြတ္လပ္စြာစီးေမ်ာေစတဲ့ အခိုက္အတန္႔လို႔ ေျပာႏိုင္ပါတယ္။ ဒီလိုအေရးပါတဲ့ ခ်စ္တင္းေႏွာမႈအေပၚမွာ သင့္ရဲ႕ကိုယ္ခႏၶာအေလးခ်ိန္က အက်ိဳးသက္ေရာက္မႈရွိတယ္ဆိုတာကိုေရာ သိပါသလား။ ကိုယ္အေလးခ်ိန္ မ်ားလြန္းၿပီး အ၀လြန္ေနတာက သင့္ရဲ႕အိမ္ေထာင္ေရးသာယာမႈကို ထိခိုက္ေစႏိုင္ပါတယ္။
၁။ ခႏၶာကိုယ္အေလးခ်ိန္မ်ားလြန္းေနတာက သင့္ရဲ႕ယုံၾကည္မႈကို ေပ်ာက္ဆံုးေစပါတယ္။
မိမိကိုယ္ကိုယုံၾကည္မႈအျပည့္နဲ႔ အမ်ိဳးသား၊ အမ်ိဳးသမီးေတြေလာက္ ဆြဲေဆာင္မႈရွိၿပီးညိဳ႕ငင္အားေကာင္းတာ မရွိပါဘူး။ သင့္ရဲ႕ကိုယ္အေလးခ်ိန္က သင္မလိုခ်င္တဲ့အေနအထားျဖစ္ေနမယ္ဆုိရင္ ယံုၾကည္မႈကို ယိုယြင္းပ်က္စီးေစမွာျဖစ္ပါတယ္။ ၿပီးျပည့္စံုတဲ့ခ်စ္တင္းေႏွာမႈကို ခံစားႏိုင္ဖို႔အတြက္ သင့္ကိုယ္သင္ေရာ၊ သင့္ရဲ႕လုပ္ေဆာင္ခ်က္အေပၚမွာ ယုံၾကည္မႈအျပည့္အ၀ရွိေနဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕ခႏၶာကိုယ္ပံုရိပ္နဲ႔ ပတ္သက္ၿပီးအဆိုးျမင္စိတ္ရွိေနမယ္ဆိုရင္ ယုံၾကည္မႈျပည့္၀ေနမွာ မဟုတ္တဲ့အတြက္ အိပ္ရာထဲမွာလည္း ေယာကၤ်ားပီသစြာ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။
၂။ သင့္ရဲ႕ခြန္အားကို အလဟသျဖစ္ေစပါတယ္။
ေနထိုင္စားေသာက္ပံု၊ ဘာေတြစားလဲ၊ ေလ့က်င့္ခန္းလုပ္မလုပ္ စတဲ့အခ်က္ေတြက သင့္ရဲ႕ခြန္အားအေပၚမွာ သက္ေရာက္မႈရွိပါတယ္။ စာဖတ္သူတစ္ဦးခ်င္းစီမွာ မတူညီတဲ့ အိမ္ေထာင္ေရးသာယာမႈေတြ ရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ အားလံုးက အိမ္ေထာင္ေရးသာယာမႈအတြက္ ခြန္အားလိုအပ္တာကေတာ့ အတူတူပဲျဖစ္ပါတယ္။ အထူးသျဖင့္ အခ်ိန္ၾကာၾကာခ်စ္တင္းေႏွာခ်င္သူေတြအတြက္ျဖစ္ပါတယ္။ သင့္အေနနဲ႔ ကိုယ္အေလးခ်ိန္မ်ားလြန္းေနမယ္၊ ပံုပ်က္ပန္းပ်က္ အ၀လြန္ေနမယ္ဆိုရင္ လိုအပ္တဲ့ခြန္အားမရွိတဲ့အတြက္ စိတ္ရွိသေလာက္ အိမ္ေထာင္ေရးသုခကို ခံစားရႏိုင္မွာမဟုတ္ပါဘူ။
၃။ ေတြ႕ၾကံဳခံစားမႈကို ထိခိုက္ေစပါတယ္။
ခ်စ္တင္းေႏွာေနခ်ိန္မွာ သင့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားအတြက္ စိုးရိမ္ေနရၿပီး ယုံၾကည္မႈကင္းမဲ့ေနမယ္ဆိုရင္ ခံစားမႈအရည္အေသြးကလည္း ေကာင္းမြန္ျပည့္၀မွာမဟုတ္ပါဘူး။ ၿပီးျပည့္စံုတဲ့ခ်စ္တင္းေႏွာမႈက ၾကာခ်ိန္ ဒါမွမဟုတ္ ဘယ္လိုပံုစံနဲ႔ဆက္ဆံလဲဆိုတာေတြနဲ႔ သိပ္အမ်ားႀကီး မသက္ဆိုင္လွပါဘူး။ ဒီကိစၥမွာ ဘယ္ေလာက္အထိစိတ္ပါ၀င္စားမႈရွိလဲဆိုတာနဲ႔ သာယာေက်နပ္မႈဘယ္လိုရရွိလဲဆိုတာနဲ႔ ပိုသက္ဆိုင္ပါတယ္။ သင့္ရဲ႕ကိုယ္အေလးခ်ိန္က အိမ္ေထာင္ေရးသုခအရည္အေသြးကို က်ဆင္းေစၿပီး အျမန္ဆြဲေလးေတြနဲ႔ပဲ ၿပီးေနမွာျဖစ္ပါတယ္။
၄။ သင့္ရဲ႕အေတြးကို နာက်င္ေစပါတယ္။
သင့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ပတ္သက္ၿပီး ခ်စ္သူမိန္းကေလးက ဘယ္လိုေတြးေနမလဲဆိုတာကို စိုးရိမ္ေနရရင္ ဒါမွမဟုတ္ ကိုယ္တိုင္ပဲစိတ္မလံုသလိုခံစားေနရရင္ အဆင္ေျပမွာမဟုတ္ပါဘူး။ ခ်စ္တင္းေႏွာေနခ်ိန္မွာ သင့္ရဲ႕အေတြးေတြက အတူရွိေနသူနဲ႔ ခံစားမႈ၊ သာယာမႈအေပၚမွာ အာ႐ုံစိုက္ထားရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အ၀လြန္ေနတာက ၿပီးျပည့္စံုတဲ့အိမ္ေထာင္ေရးသုခကို ခံစားဖို႔ အေတြးေတြကို ပိတ္ပင္တားစီးထားႏိုင္ပါတယ္။
၅။ အမိုက္စား အိမ္ေထာင္ေရးသုခကို ရရွိေစႏိုင္ပါတယ္။
တကယ္လို႔မ်ား က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ေတြကို စားသံုးမယ္၊ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းပံုမွန္လုပ္မယ္ဆိုရင္ ကိုယ္ခႏၶာအခ်ိဳးအစား ေျပျပစ္ေကာင္းမြန္ေနမွာျဖစ္ပါတယ္။ သင့္အေနနဲ႔ အိပ္ခန္းထဲကို ယုံၾကည္မႈအျပည့္နဲ႔ ၀င္သြားၿပီး စိတ္သြားတိုင္းကိုယ္ပါ သာယာေက်နပ္မႈကို အျပည့္အ၀ခံစားႏိုင္မွာ ျဖစ္ပါတယ္။
အိမ်ထောင်ရေးသုခကို ထိခိုက်စေနိုင်သည့် ခန္ဓာကိုယ်အလေးချိန်
ပြီးပြည့်စုံတဲ့ ချစ်တင်းနှောမှုက သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးအကြား ခံစားမှုတွေကို လွတ်လပ်စွာစီးမျောစေတဲ့ အခိုက်အတန့်လို့ ပြောနိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ ချစ်တင်းနှောမှုအပေါ်မှာ သင့်ရဲ့ကိုယ်ခန္ဓာအလေးချိန်က အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုရော သိပါသလား။ ကိုယ်အလေးချိန် များလွန်းပြီး အဝလွန်နေတာက သင့်ရဲ့အိမ်ထောင်ရေးသာယာမှုကို ထိခိုက်စေနိုင်ပါတယ်။
၁။ ခန္ဓာကိုယ်အလေးချိန်များလွန်းနေတာက သင့်ရဲ့ယုံကြည်မှုကို ပျောက်ဆုံးစေပါတယ်။
မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အမျိုးသား၊ အမျိုးသမီးတွေလောက် ဆွဲဆောင်မှုရှိပြီးညို့ငင်အားကောင်းတာ မရှိပါဘူး။ သင့်ရဲ့ကိုယ်အလေးချိန်က သင်မလိုချင်တဲ့အနေအထားဖြစ်နေမယ်ဆိုရင် ယုံကြည်မှုကို ယိုယွင်းပျက်စီးစေမှာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ချစ်တင်းနှောမှုကို ခံစားနိုင်ဖို့အတွက် သင့်ကိုယ်သင်ရော၊ သင့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိနေဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ပုံရိပ်နဲ့ ပတ်သက်ပြီးအဆိုးမြင်စိတ်ရှိနေမယ်ဆိုရင် ယုံကြည်မှုပြည့်၀နေမှာ မဟုတ်တဲ့အတွက် အိပ်ရာထဲမှာလည်း ယောင်္ကျားပီသစွာ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
၂။ သင့်ရဲ့ခွန်အားကို အလဟသဖြစ်စေပါတယ်။
နေထိုင်စားသောက်ပုံ၊ ဘာတွေစားလဲ၊ လေ့ကျင့်ခန်းလုပ်မလုပ် စတဲ့အချက်တွေက သင့်ရဲ့ခွန်အားအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စာဖတ်သူတစ်ဦးချင်းစီမှာ မတူညီတဲ့ အိမ်ထောင်ရေးသာယာမှုတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် အားလုံးက အိမ်ထောင်ရေးသာယာမှုအတွက် ခွန်အားလိုအပ်တာကတော့ အတူတူပဲဖြစ်ပါတယ်။ အထူးသဖြင့် အချိန်ကြာကြာချစ်တင်းနှောချင်သူတွေအတွက်ဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်များလွန်းနေမယ်၊ ပုံပျက်ပန်းပျက် အဝလွန်နေမယ်ဆိုရင် လိုအပ်တဲ့ခွန်အားမရှိတဲ့အတွက် စိတ်ရှိသလောက် အိမ်ထောင်ရေးသုခကို ခံစားရနိုင်မှာမဟုတ်ပါဘူ။
၃။ တွေ့ကြုံခံစားမှုကို ထိခိုက်စေပါတယ်။
ချစ်တင်းနှောနေချိန်မှာ သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားအတွက် စိုးရိမ်နေရပြီး ယုံကြည်မှုကင်းမဲ့နေမယ်ဆိုရင် ခံစားမှုအရည်အသွေးကလည်း ကောင်းမွန်ပြည့်ဝမှာမဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ချစ်တင်းနှောမှုက ကြာချိန် ဒါမှမဟုတ် ဘယ်လိုပုံစံနဲ့ဆက်ဆံလဲဆိုတာတွေနဲ့ သိပ်အများကြီး မသက်ဆိုင်လှပါဘူး။ ဒီကိစ္စမှာ ဘယ်လောက်အထိစိတ်ပါဝင်စားမှုရှိလဲဆိုတာနဲ့ သာယာကျေနပ်မှုဘယ်လိုရရှိလဲဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ သင့်ရဲ့ကိုယ်အလေးချိန်က အိမ်ထောင်ရေးသုခအရည်အသွေးကို ကျဆင်းစေပြီး အမြန်ဆွဲလေးတွေနဲ့ပဲ ပြီးနေမှာဖြစ်ပါတယ်။
၄။ သင့်ရဲ့အတွေးကို နာကျင်စေပါတယ်။
သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး ချစ်သူမိန်းကလေးက ဘယ်လိုတွေးနေမလဲဆိုတာကို စိုးရိမ်နေရရင် ဒါမှမဟုတ် ကိုယ်တိုင်ပဲစိတ်မလုံသလိုခံစားနေရရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ချစ်တင်းနှောနေချိန်မှာ သင့်ရဲ့အတွေးတွေက အတူရှိနေသူနဲ့ ခံစားမှု၊ သာယာမှုအပေါ်မှာ အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဝလွန်နေတာက ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးသုခကို ခံစားဖို့ အတွေးတွေကို ပိတ်ပင်တားစီးထားနိုင်ပါတယ်။
၅။ အမိုက်စား အိမ်ထောင်ရေးသုခကို ရရှိစေနိုင်ပါတယ်။
တကယ်လို့များ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးမယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်ကောင်းမွန်နေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အိပ်ခန်းထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်သွားပြီး စိတ်သွားတိုင်းကိုယ်ပါ သာယာကျေနပ်မှုကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။