ေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္ေတြရဲ႕ လ်ိႈ့ဝွက္ခ်က္ ၅ ခု

ေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္ေတြရဲ႕ လ်ိႈ့ဝွက္ခ်က္ ခု

ကြၽန္ေတာ္က အသက္ ၁၇ ပါ။ ကြၽန္ေတာ့္ အထက္တန္းေက်ာင္း ပညာေရး အၾကံေပးေ႐ွ႕မွာ ထိုင္ေနပါတယ္။ သူက ကြၽန္ေတာ့္ဘဝနဲ႔ ပါတ္သတ္ၿပီး ဘယ္လို ဆက္လုပ္ခ်င္လဲ ေမးေနပါတယ္။ ကြၽန္ေတာ္ ဘာမွ မသိပါဘူး။

မင္းဘာကို စိတ္ထဲက ႏွစ္ႏွစ္ကာကာ စိတ္ဝင္စားလဲသူမေမးပါတယ္။ အခန္းကေတာ့ တိတ္ဆိတ္လ်က္ပါပဲ။ ေျပာခ်င္တာကေတာ့ ဂိမ္းေဆာ့ခ်င္တာေပါ့။ ဒါေပမယ့္ အဲ့ဒါက လုပ္ငန္းတစ္ခု ျဖစ္ႏိုင္မျဖစ္ႏိုင္ မသိပါဘူး။ သူမကေျပာပါတယ္။အေရးႀကီးဆံုးကေတာ့ မင္းႏွလံုးသားအတိုင္း လုပ္သြားဖို႔ပဲ

အဲဒါကို ထပ္ခါထပ္ခါ ၾကားရလြန္းေနပါၿပီ။ မိဘေတြ၊ ဆရာေတြ၊ ဂိုက္ေတြ၊ အားလံုးက အဲလို ေျပာခဲ့ၾကတာပါ။ မင္း ႀကိဳက္ႏွစ္သက္တဲ့ အရာကို လုပ္ပါ။

ဒါေပမယ့္ အဲ့ဒါက မလြယ္ကူပါဘူး။ လုပ္ငန္း႐ွင္ေလာင္းေတြအတြက္ အႀကီးမားဆံုး အခက္အခဲကေတာ့ ဘာကို စိတ္ဝင္စားမွန္း မသိတာပါပဲ။ စိတ္ဝင္စားတာကို သိရင္လဲ ဘဝအခက္အခဲၾကားမွာ ရည္မွန္းခ်က္ ေပ်ာက္မသြားဖို႔ ဘာဆက္လုပ္ရမွန္း မသိတာပါပဲ။

. သင့္ရည္မွန္းခ်က္ေတြ သင့္ဆီလာပါေစ

တခ်ိဳ႕လူေတြဟာ သူတို႔လုပ္ခ်င္တဲ့အရာကို ငယ္ငယ္ကတည္းက စိတ္ဝင္တစား လုပ္ခဲ့တာပါ။ ဒါေပမယ့္ စီးပြားေရးလုပ္ငန္း႐ွင္ေလာင္း အမ်ားအျပား ကေတာ့ ေနရာမ်ိဳးစံုမွာ စိတ္ဝင္စားတတ္ၾကပါတယ္။ Steve Jobs က Apple မေထာင္ခင္ အိႏၵိယမွာ စိတ္ပညာေလ့လာရင္း ဆာဒူးဝတ္ခဲ့ဖူးပါတယ္။

ကြၽန္ေတယ္ဆို ေကာလိပ္မွာ စီးပြားေရးပညာ သင္ခဲ့ပါတယ္။ ၿပီးေတာ့ ၿမိဳ႕ျပန္ၿပီး ပီဇာဆိုင္ ဖြင့္ခဲ့ပါတယ္။ ကြၽန္ေတာ္ စိတ္ဝင္စားတာ ပီဇာ မဟုတ္ပဲ Marketing ျဖစ္ေၾကာင္း ႏွစ္အေတာ္ၾကာမွ သိခဲ့တာပါ။ အဲဒါေၾကာင့္ သင္လဲ ရည္မွန္းခ်က္ မသိေသးရင္ ေအးေအးေဆးေဆး ဘဝအေတြ႕အၾကံဳ ယူလိုက္ပါဦး။

. သင့္ကံၾကမၼာကို သင့္ဘာသာ စီရင္ပါ

ၿပီးေတာ့ ကြၽန္ေတာ့္ပီဇာဆိုင္ထက္ အင္တာနက္နဲ႔ အလုပ္လုပ္သူေတြက ေငြပိုရေနတာကို သတိထားမိလာပါတယ္။ အဲ့ဒါနဲ႔ ပီဇာဆိုင္ကို ေရာင္းၿပီး web design သင္ခဲ့ပါတယ္။ အဲ့ဒိခ်ိန္မွာ နည္းပညာလုပ္သား အရမ္းလိုအပ္ေနတာေၾကာင့္ အေတြ႕အၾကံဳ မ႐ွိပဲနဲ႔ေတာင္ DotCom မွာ အလုပ္ရခဲ့ပါတယ္။

ကြၽန္ေတာ္ ကံေကာင္းသြားတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ လူမွန္ေနရာမွန္ေရာက္တာဟာ ကံကိုပဲ ပံုခ်ေနလို႔ မရပါဘူး။ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္း႐ွင္ေတြရဲ႕ ဇာတ္လမ္းေတြအားလံုး ကံၾကမၼာ အလွည့္အေျပာင္းတစ္ခုနဲ႔ စပါတယ္။ အေရးႀကီးတာက ကံေကာင္းေအာင္ ေနဖို႔၊ ကိုယ့္ကံကို ကိုယ္ ဖန္တီးဖို႔ပါ။

. မီးေသ မသြားပါေစနဲ႔

၂၀၀၀ ျပည့္ႏွစ္၊ ကြၽန္ေတာ္ အလုပ္ဝင္ၿပီး လအနည္းငယ္အၾကာမွာ နည္းပညာလုပ္ငန္း ထိုးက်ခဲ့ပါတယ္။ ကုမၸဏီျပဳတ္သြားၿပီး ကြၽန္ေတာ့္ဘာသာ Web Design ဆြဲေပးတဲ့ လုပ္ငန္းေလး စခဲ့ရပါတယ္။ စားႏုိင္ေသာင္ႏိုင္ရံုပဲ ရပါတယ္။

ေျပာခ်င္တာက သင့္စိတ္ဆႏၵကို မစြန္႔လႊတ္ဖို႔ပါပဲ။ အဲဒိဘဝမွာ ကြၽန္ေတာ္ဟာ အေထက္အကူျဖစ္မယ့္ နည္းလမ္းေလးေတြကို ရ႐ွိခဲ့ပါတယ္။ အဲဒိဘဝ လုပ္ငန္းအစဟာ အျပင္က ၾကည့္ရင္ေတာ့ ဒံုးပ်ံတက္သလိုေပမယ့္ တကယ္ေတာ့ ခက္ခဲပါတယ္။ လူေတြက ညတြင္းခ်င္း ေအာင္ျမင္တယ္ ေျပာၾကေပမယ့္ ၁၂ ႏွစ္ၾကာတဲ့ ညပါ။

. ျဖစ္ခ်င္တာကို ႏွစ္ဆတိုးလုပ္ပါ

၂၀၀၈ ခုႏွစ္က် ကြၽန္ေတာ့္အသင္းဟာ Hootsuite လို႔ေခၚတဲ့ ကုမၸဏီေတြအတြက္ Social Media Account ေတြ အမ်ားႀကီးကို တစ္ေနရာထဲက ထိန္းခ်ဳပ္ႏိုင္တဲ့ App တစ္ခုကို တီထြင္ခဲ့ပါတယ္။ ပထမလအတြင္းပဲ လူ သိန္းနဲ႔ခ်ီၿပီး Sign Up လုပ္ခဲ့ၾကပါတယ္။ တျခား ပေရာဂ်က္ေတြကို ျဖဳတ္ၿပီး ကြၽန္ေတာ့္မွာ ႐ွိသမ်ွ အားလံုးကို အဲ့ဒါထဲကို ပံုေအာဖို႔ စိတ္ကူးရခဲ့ပါတယ္။

ေအာင္ျမင္တဲ့လုပ္ငန္း႐ွင္တိုင္း အခက္အခဲကို အၾကာႀကီး ေလ်ွာက္လွမ္းၿပီးေနာက္မွာ အဲ့လို အဆံုးအျဖတ္ကာလေလးကို ရတတ္ပါတယ္။ သင္ကံေကာင္းရင္ သင္ ျဖစ္ခ်င္တာကို ႏွစ္ဆျမန္ျမန္ ေရာက္ႏိုင္တဲ့ အခြင့္အေရး ရတာပါ။

ဒါေပမယ့္ နည္းနည္းေတာ့ စြန္႔စားရတတ္ပါတယ္။ ကိုယ္ လုပ္ခ်င္တာ လုပ္ရတဲ့သူေတြအတြက္ မစြန္႔စားလို႔ မရပါဘူး။ ဒါေၾကာင့္ လုပ္ငန္း႐ွင္ေလာင္းေတြအတြက္ စြန္႔စားတတ္ဖို႔ အရမ္းလိုအပ္တာပါ။

. လုပ္ခ်င္တာနဲ႔ လုပ္သင့္တာ ၾကားကေနရာ

ဒီေန႔မွာ ကြၽန္ေတာ့္ရဲ႕ အဲ့ဒိ App ဟာ ထိပ္တန္း ကုမၸဏီ ၁၀၀ အပါအဝင္ လူ ၁၁ သန္းက သံုးေနပါၿပီ။ ကြၽန္ေတာ့္ငယ္ဘဝ ကြၽန္ျပဴတာဂိမ္းေတြကို ႏွစ္သက္တဲ့ ရည္မွန္းခ်က္က ထင္မွတ္မထားတဲ့ နည္းလမ္းနဲ႔ ျပန္လည္လာတာပါ။

ေျပာရရင္ ငယ္ငယ္ေလးထဲက ကြန္ပ်ဴတာလုပ္ငန္း႐ွင္ ျဖစ္ခ်င္ခဲ့ရင္ ကြၽန္ေတာ္ဒီေနရာကို ေရာက္ေနမွာ မဟုတ္ပါဘူး။ ေကာလိပ္မွာ ကြန္ျပဴတာသိပၸံသင္မယ္။ အလုပ္ေကာင္းေကာင္းရမယ္။ ဒါေပမယ့္ အဲ့လိုျဖစ္မသြားတာပဲ ေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ္က လုပ္ခ်င္တာနဲ႔ လုပ္သင့္တာၾကားက ေနရာကို ေရာက္သြားတာပါ။ ကိုယ္လုပ္ခ်င္တာရယ္၊ ေငြရဖို႔ရယ္ ေရာစပ္ေနတဲ့ ဝကၤပါထဲမွာ ကြၽန္ေတာ့္လို စီးပြားေရးလုပ္ငန္း႐ွင္ေလာင္းေတြ ဝဲလည္ေနဆဲပါ။

သင္လုပ္ခ်င္တာ လုပ္ပါလို႔ေျပာတာေလာက္ေတာ့ ၾကားရ မေကာင္းပါဘူး။ ဒါေပမယ့္ အဲ့ဒိေနရာေတြက လုပ္ငန္း႐ွင္ေလာင္းေတြကို အၾကံေပးခ်င္ပါတယ္။ လုပ္ခ်င္တာ အျမဲမလုပ္ႏိုင္ေပမယ့္ ဘယ္ေတာ့မွ လုပ္ခ်င္တာကို မစြန္႔လႊတ္လုိက္ပါနဲ႔။ ျဖစ္ခ်င္တာနဲ႔ ျဖစ္သင့္တာ ထိစပ္တဲ့ေနရာမွာ အႀကီးမားဆံုး အရာေတြ ျဖစ္လာမွာပါ။


အောင်မြင်တဲ့ လုပ်ငန်းရှင်တွေရဲ့ လျိႈ့ဝှက်ချက် ၅ ခု

ကျွန်တော်က အသက် ၁၇ ပါ။ ကျွန်တော့် အထက်တန်းကျောင်း ပညာရေး အကြံပေးရှေ့မှာ ထိုင်နေပါတယ်။ သူက ကျွန်တော့်ဘဝနဲ့ ပါတ်သတ်ပြီး ဘယ်လို ဆက်လုပ်ချင်လဲ မေးနေပါတယ်။ ကျွန်တော် ဘာမှ မသိပါဘူး။

“မင်းဘာကို စိတ်ထဲက နှစ်နှစ်ကာကာ စိတ်ဝင်စားလဲ” သူမမေးပါတယ်။ အခန်းကတော့ တိတ်ဆိတ်လျက်ပါပဲ။ ပြောချင်တာကတော့ ဂိမ်းဆော့ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒါက လုပ်ငန်းတစ်ခု ဖြစ်နိုင်မဖြစ်နိုင် မသိပါဘူး။ သူမကပြောပါတယ်။ ” အရေးကြီးဆုံးကတော့ မင်းနှလုံးသားအတိုင်း လုပ်သွားဖို့ပဲ”

အဲဒါကို ထပ်ခါထပ်ခါ ကြားရလွန်းနေပါပြီ။ မိဘတွေ၊ ဆရာတွေ၊ ဂိုက်တွေ၊ အားလုံးက အဲလို ပြောခဲ့ကြတာပါ။ မင်း ကြိုက်နှစ်သက်တဲ့ အရာကို လုပ်ပါ။

ဒါပေမယ့် အဲ့ဒါက မလွယ်ကူပါဘူး။ လုပ်ငန်းရှင်လောင်းတွေအတွက် အကြီးမားဆုံး အခက်အခဲကတော့ ဘာကို စိတ်ဝင်စားမှန်း မသိတာပါပဲ။ စိတ်ဝင်စားတာကို သိရင်လဲ ဘဝအခက်အခဲကြားမှာ ရည်မှန်းချက် ပျောက်မသွားဖို့ ဘာဆက်လုပ်ရမှန်း မသိတာပါပဲ။

၁. သင့်ရည်မှန်းချက်တွေ သင့်ဆီလာပါစေ

တချို့လူတွေဟာ သူတို့လုပ်ချင်တဲ့အရာကို ငယ်ငယ်ကတည်းက စိတ်ဝင်တစား လုပ်ခဲ့တာပါ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းရှင်လောင်း အများအပြား ကတော့ နေရာမျိုးစုံမှာ စိတ်ဝင်စားတတ်ကြပါတယ်။ Steve Jobs က Apple မထောင်ခင် အိန္ဒိယမှာ စိတ်ပညာလေ့လာရင်း ဆာဒူးဝတ်ခဲ့ဖူးပါတယ်။

ကျွန်တေယ်ဆို ကောလိပ်မှာ စီးပွားရေးပညာ သင်ခဲ့ပါတယ်။ ပြီးတော့ မြို့ပြန်ပြီး ပီဇာဆိုင် ဖွင့်ခဲ့ပါတယ်။ ကျွန်တော် စိတ်ဝင်စားတာ ပီဇာ မဟုတ်ပဲ Marketing ဖြစ်ကြောင်း နှစ်အတော်ကြာမှ သိခဲ့တာပါ။ အဲဒါကြောင့် သင်လဲ ရည်မှန်းချက် မသိသေးရင် အေးအေးဆေးဆေး ဘဝအတွေ့အကြုံ ယူလိုက်ပါဦး။

၂. သင့်ကံကြမ္မာကို သင့်ဘာသာ စီရင်ပါ

ပြီးတော့ ကျွန်တော့်ပီဇာဆိုင်ထက် အင်တာနက်နဲ့ အလုပ်လုပ်သူတွေက ငွေပိုရနေတာကို သတိထားမိလာပါတယ်။ အဲ့ဒါနဲ့ ပီဇာဆိုင်ကို ရောင်းပြီး web design သင်ခဲ့ပါတယ်။ အဲ့ဒိချိန်မှာ နည်းပညာလုပ်သား အရမ်းလိုအပ်နေတာကြောင့် အတွေ့အကြုံ မရှိပဲနဲ့တောင် DotCom မှာ အလုပ်ရခဲ့ပါတယ်။
ကျွန်တော် ကံကောင်းသွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် လူမှန်နေရာမှန်ရောက်တာဟာ ကံကိုပဲ ပုံချနေလို့ မရပါဘူး။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဇာတ်လမ်းတွေအားလုံး ကံကြမ္မာ အလှည့်အပြောင်းတစ်ခုနဲ့ စပါတယ်။ အရေးကြီးတာက ကံကောင်းအောင် နေဖို့၊ ကိုယ့်ကံကို ကိုယ် ဖန်တီးဖို့ပါ။

၃. မီးသေ မသွားပါစေနဲ့

၂၀၀၀ ပြည့်နှစ်၊ ကျွန်တော် အလုပ်ဝင်ပြီး လအနည်းငယ်အကြာမှာ နည်းပညာလုပ်ငန်း ထိုးကျခဲ့ပါတယ်။ ကုမ္ပဏီပြုတ်သွားပြီး ကျွန်တော့်ဘာသာ Web Design ဆွဲပေးတဲ့ လုပ်ငန်းလေး စခဲ့ရပါတယ်။ စားနိုင်သောင်နိုင်ရုံပဲ ရပါတယ်။

ပြောချင်တာက သင့်စိတ်ဆန္ဒကို မစွန့်လွှတ်ဖို့ပါပဲ။ အဲဒိဘဝမှာ ကျွန်တော်ဟာ အထေက်အကူဖြစ်မယ့် နည်းလမ်းလေးတွေကို ရရှိခဲ့ပါတယ်။ အဲဒိဘဝ လုပ်ငန်းအစဟာ အပြင်က ကြည့်ရင်တော့ ဒုံးပျံတက်သလိုပေမယ့် တကယ်တော့ ခက်ခဲပါတယ်။ လူတွေက ညတွင်းချင်း အောင်မြင်တယ် ပြောကြပေမယ့် ၁၂ နှစ်ကြာတဲ့ ညပါ။

၄. ဖြစ်ချင်တာကို နှစ်ဆတိုးလုပ်ပါ

၂၀၀၈ ခုနှစ်ကျ ကျွန်တော့်အသင်းဟာ Hootsuite လို့ခေါ်တဲ့ ကုမ္ပဏီတွေအတွက် Social Media Account တွေ အများကြီးကို တစ်နေရာထဲက ထိန်းချုပ်နိုင်တဲ့ App တစ်ခုကို တီထွင်ခဲ့ပါတယ်။ ပထမလအတွင်းပဲ လူ သိန်းနဲ့ချီပြီး Sign Up လုပ်ခဲ့ကြပါတယ်။ တခြား ပရောဂျက်တွေကို ဖြုတ်ပြီး ကျွန်တော့်မှာ ရှိသမျှ အားလုံးကို အဲ့ဒါထဲကို ပုံအောဖို့ စိတ်ကူးရခဲ့ပါတယ်။

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်း အခက်အခဲကို အကြာကြီး လျှောက်လှမ်းပြီးနောက်မှာ အဲ့လို အဆုံးအဖြတ်ကာလလေးကို ရတတ်ပါတယ်။ သင်ကံကောင်းရင် သင် ဖြစ်ချင်တာကို နှစ်ဆမြန်မြန် ရောက်နိုင်တဲ့ အခွင့်အရေး ရတာပါ။

ဒါပေမယ့် နည်းနည်းတော့ စွန့်စားရတတ်ပါတယ်။ ကိုယ် လုပ်ချင်တာ လုပ်ရတဲ့သူတွေအတွက် မစွန့်စားလို့ မရပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်လောင်းတွေအတွက် စွန့်စားတတ်ဖို့ အရမ်းလိုအပ်တာပါ။

၅. လုပ်ချင်တာနဲ့ လုပ်သင့်တာ ကြားကနေရာ

ဒီနေ့မှာ ကျွန်တော့်ရဲ့ အဲ့ဒိ App ဟာ ထိပ်တန်း ကုမ္ပဏီ ၁၀၀ အပါအဝင် လူ ၁၁ သန်းက သုံးနေပါပြီ။ ကျွန်တော့်ငယ်ဘဝ ကျွန်ပြူတာဂိမ်းတွေကို နှစ်သက်တဲ့ ရည်မှန်းချက်က ထင်မှတ်မထားတဲ့ နည်းလမ်းနဲ့ ပြန်လည်လာတာပါ။

ပြောရရင် ငယ်ငယ်လေးထဲက ကွန်ပျူတာလုပ်ငန်းရှင် ဖြစ်ချင်ခဲ့ရင် ကျွန်တော်ဒီနေရာကို ရောက်နေမှာ မဟုတ်ပါဘူး။ ကောလိပ်မှာ ကွန်ပြူတာသိပ္ပံသင်မယ်။ အလုပ်ကောင်းကောင်းရမယ်။ ဒါပေမယ့် အဲ့လိုဖြစ်မသွားတာပဲ ကျေးဇူးတင်ပါတယ်။

ကျွန်တော်က လုပ်ချင်တာနဲ့ လုပ်သင့်တာကြားက နေရာကို ရောက်သွားတာပါ။ ကိုယ်လုပ်ချင်တာရယ်၊ ငွေရဖို့ရယ် ရောစပ်နေတဲ့ ဝင်္ကပါထဲမှာ ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင်လောင်းတွေ ဝဲလည်နေဆဲပါ။

” သင်လုပ်ချင်တာ လုပ်ပါ” လို့ပြောတာလောက်တော့ ကြားရ မကောင်းပါဘူး။ ဒါပေမယ့် အဲ့ဒိနေရာတွေက လုပ်ငန်းရှင်လောင်းတွေကို အကြံပေးချင်ပါတယ်။ လုပ်ချင်တာ အမြဲမလုပ်နိုင်ပေမယ့် ဘယ်တော့မှ လုပ်ချင်တာကို မစွန့်လွှတ်လိုက်ပါနဲ့။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထိစပ်တဲ့နေရာမှာ အကြီးမားဆုံး အရာတွေ ဖြစ်လာမှာပါ။

Related Posts

%%footer%%