ဘယ္သူနဲ႕မဆိုုဆက္ဆံေရးေခ်ာေမြ႕ေစဖုုိ႕

ဘယ္သူနဲ႕မဆိုုဆက္ဆံေရးေခ်ာေမြ႕ေစဖုုိ႕

လူေတြနဲ႔ အလြယ္တကူေပါင္းသင္းဆက္ဆံႏိုင္စြမ္းဟာ ပင္ကိုယ္ဗီဇတစ္ခုသာျဖစ္တယ္လို႔ လူအမ်ားစုက ယူဆလက္ခံထားတတ္ၾကပါတယ္။ ဒီအခ်က္က နားလည္မႈလြဲမွားေနတာျဖစ္ပါတယ္။ တကယ္ေတာ့ သင္ထိန္းခ်ဳပ္သင္ယူႏိုင္တဲ့ အရည္အေသြးတစ္ခုျဖစ္ၿပီး သိမွတ္ခံစားမႈဆိုင္ရာဉာဏ္ရည္ (EQ)နဲ႔ ဆိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ဘယ္သူနဲ႔မဆို ခ်က္ခ်င္း အဆင္ေျပလြယ္ကူေခ်ာေမြ႕တဲ့ ဆက္ဆံေရးတစ္ခု တည္ေဆာက္ႏိုင္ဖို႔အတြက္ လိုက္နာသင့္တဲ့အခ်က္ေလးေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ကနဦးအျမင္မွာ အထင္ႀကီးစရာျဖစ္ေအာင္ေနပါ။

ေလ့လာဆန္းစစ္မႈေတြအရ လူေတြက တစ္စုံတစ္ေယာက္ကို ေတြ႕ေတြ႕ခ်င္း()စကၠန္႔အတြင္းမွာ အကဲျဖတ္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ၿပီးရင္ေတာ့ က်န္တဲ့အခ်ိန္တစ္ေလွ်ာက္လံုးကို အတြင္းစိတ္က လက္ခံထားတာေပၚမွာလိုက္ၿပီး ဆက္ဆံတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဒီအခ်က္က အေရးႀကီးပါတယ္။ သင့္ရဲ႕ ခႏၶာေဗဒဘာသာစကားကို ေကာင္းေကာင္းအသံုးခ်တတ္ဖို႔ လိုပါတယ္။ လက္အေနအထား၊ မ်က္ႏွာအမူအယာ၊ အသံေနအသံထား စတာေတြ အားလံုးက လူေတြကို ဆြဲေဆာင္ႏိုင္ရမွာ ျဖစ္ပါတယ္။ စိတ္အားထက္သန္တက္ၾကြတဲ့ အသံ၊ မ်က္လံုးခ်င္း ဆံုေတြ႕မႈ၊ ခႏၶာကိုယ္ကို မသိမသာ႐ုိ႕ထားတာ စတာေတြ အားလံုက EQ ေကာင္းသူေတြက တဖက္သူကိုဆြဲေဆာင္ဖို႔ သံုးတတ္တဲ့ ခႏၶာေဗဒလကၡဏာေတြ ျဖစ္ပါတယ္။ သင္ဘာအေၾကာင္းေျပာလိုက္တယ္ဆိုတာထက္ ဘယ္လိုေျပာလဲဆိုတာက ပိုအေရးႀကီးပါတယ္။



အေပၚယံထက္ပိုၿပီး ေလးေလးနက္နက္ ဆက္ဆံပါ။

လူအမ်ားစုက ပထမဆံုးအႀကိမ္ဆံုေတြ႕တဲ့အခါတိုင္းမွာ အထာေလးေတြနဲ႔ အေပၚယံသက္သက္ပဲ ဆက္ဆံတတ္ၾကပါတယ္။ ကိုယ့္ကိုယ္ကို အေကာင္းဆံုးပံုေဖာ္ၾကၿပီး ေျပာလို႔ေကာင္းတဲ့အေၾကာင္းအရာေလးေတြပဲ ေရြးေျပာတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတြနဲ႔ အမွန္တကယ္ ရင္းႏွီးကၽြမ္း၀င္တဲ့အထိ ဆက္ဆံခ်င္တယ္ဆိုရင္ေတာ့ သင့္အေၾကာင္းကို မ်ားမ်ားဖြင့္ျပဖို႔ လိုအပ္ပါတယ္။ အရမ္းႀကီး ပုဂိၢဳဟ္ေရးဆန္တာေတြ ေျပာဖို႔မလိုပါဘူး။ သင္ဘာကို စိတ္အားထက္သန္တယ္ဆိုတာကို သူတို႔သိသြားဖို႔ အေရးႀကီးပါတယ္။ ၿပီးရင္ ေမးခြန္းေကာင္းေတြ ေမးတတ္ပါေစ။ ကိုယ့္အေၾကာင္းေျပာၿပီးတာနဲ႔ မင္းကေရာ ဘယ္လိုလဲဆိုတာမ်ိဳး ေမးရမ်ာျဖစ္ပါတယ္။


ေလ့လာသင္ယူပါ။

ေက်ာင္းသားတစ္ေယာက္ သခ်ၤာပုစာၦတစ္ခုကို နားမလည္ရင္ သူငယ္ခ်င္းျဖစ္သူကို ရွင္းျပဖို႔ အကူအညီေတာင္းၿပီး တြက္ခ်က္သလိုမ်ိဳးပါပဲ။ လူမႈဆက္ဆံေရးမွာလည္း သင္ဆက္သြယ္ခ်င္တဲ့ လူဆီကေန သင္ယူတတ္ဖို႔ လိုပါတယ္။ လူတတ္ႀကီးလုပ္မေနပဲ မသိေသးတာကို ေလ့လာသင္ယူမယ္ဆိုရင္ ႏွစ္ဦးသားဆက္ဆံေရးပိုမို ခိုင္ျမဲမွာျဖစ္ပါတယ္။


ေနာင္တရသြားေအာင္ မလုပ္ပါနဲ႔။

အခုမွစတင္ေတြ႕ရွိသူက ပြင့္ပြင့္လင္းလင္းဆက္ဆံေနတယ္ဆိုရင္ သူတို႔ကို ေနာင္တရစိတ္ပ်က္သြားေအာင္ မလုပ္ပါနဲ႔။ သူတို႔ေျပာတဲ့အေၾကာင္းအရာကို ေ၀ဖန္ခ်ိဳးႏွိမ္တာ၊ ပ်က္ရယ္ျပဳတာေတြက တဖက္သားကို စိတ္ပ်က္သြားေစႏိုင္ပါတယ္။ သူတို႔ဘ၀ကို ဘယ္လိုခ်ဥ္းကပ္လဲဆိုတာကို အာ႐ုံစိုက္ပါ။ သူတို႔ရဲ႕ အယူအဆေတြ၊ ယုံၾကည္ခ်က္ေတြကို သေဘာမတူရင္လည္း ေစာဒကမတက္ပါနဲ႔။


ေကာင္းတဲ့အခ်က္ေတြကို ရွာၾကည့္ပါ။

ကၽြန္ေတာ္တို႔ လူသာေတြက တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ရွာဖို႔ပဲ အားသန္ၾကပါတယ္။ ဒီလူတစ္ေယာက္ကို အေကာင္းျမင္ဖို႔ထက္ မေကာင္းျမင္ဖို႔ကို ပိုအာ႐ုံစိုက္တတ္ၾကပါတယ္။ ဒီလို အဆိုးျမင္စိတ္ေတြကိုေဖ်ာက္ၿပီး ေကာင္းတဲ့အခ်က္ေတြကို ရွာၾကည့္ပါ။


ျပံဳးပါ။

လူေတြက တစ္ဖက္သူရဲ႕ ပံုစံကိုလိုက္ၿပီး မသိလိုက္မသိဘာသာ တုံ႔ျပန္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ လူေတြက သင့္ကို သေဘာက်ေနေစရင္ သူတို႔ကို ျပံဳးျပပါ။


နာမည္ရင္းကို ေခၚသံုးပါ။

နာမည္ဆိုတာက သင့္ကို အသိအမွတ္ျပဳေပးတဲ့စကားလံုး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိတ္သစ္ေဆြသစ္ေတြနဲ႔ ေတြ႕တဲ့အခါ နာမည္ေမးဖို႔ မေၾကာက္ပါနဲ႔။ ေနာက္တစ္ႀကိမ္ ျမင္တာနဲ႔ နာမည္ေတြမွတ္မိေနေအာင္ မွတ္ထားပါ။



ပလက္တီနမ္စည္းမ်ဥ္းကို လိုက္နာပါ။

ေရႊစည္းမ်ဥ္းရွိသလို တျခားစည္းမ်ဥ္းေတြလည္း ရွိပါတယ္။ ပလက္တီနမ္စည္းမ်ဥ္းကေတာ့ သင့္ကို လူအမ်ားက ဆက္ဆံေစခ်င္တဲ့ပံုစံအတိုင္း အျခားသူေတြကို ဆက္ဆံဖို႔ပဲျဖစ္ပါတယ္။ ၿပီးေတာ့ တစ္ဖက္သားေျပာခ်င္တဲ့အေၾကာင္းအရာအတြက္ လမ္းဖြင့္ေပးထားၿပီး စိတ္၀င္တစားနားေထာင္တတ္ဖို႔လည္း လိုပါတယ္။

မၿပိဳင္ဆိုင္ပါနဲ႔။

ကၽြန္ေတာ္တို႔အမ်ားစုက လူသစ္တစ္ေယာက္နဲ႔ ေတြ႕ဆံုရၿပီဆိုရင္ မသိမသာ ႏႈိင္းယွဥ္ၿပီး သူ႔ထက္သာေၾကာင္း ၿပိဳင္ဆိုင္ခ်င္တတ္ၾကပါတယ္။ ဒီလိုစိတ္ထဲက ႀကိတ္ၿပီးၿပိဳင္ဆိုင္တာမ်ိဳးက လူေတြနဲ႔ဆက္ဆံေရးတည္ေဆာက္ရာမွာ အဟန္႔အတားျဖစ္ေစပါတယ္။ တဖက္သူအေၾကာင္းကို ေလ့လာၿပီး အဆင္ေျပတဲ့ဆက္ဆံေရးတည္ေဆာက္ႏိုင္ရမယ့္အစား ကိုယ္ရည္ေသြးျပဖို႔ပဲ အာ႐ုံစိုက္ေနမိတာေၾကာင့္ ျဖစ္ပါတယ္။


အတြင္းစိတ္ရဲ႕လႈံ႕ေဆာ္မႈကို ေမ့ထားပါ။

လူေတြနဲ႔ ဆက္သြယ္ေျပာဆိုရာမွာ ကၽြန္ေတာ္တို႔အတြက္ အဓိကအေရးအႀကီးဆံုးအဟန္႔အတားကေတာ့ နားမေထာင္တတ္ျခင္းပဲျဖစ္ပါတယ္။ တဖက္သူရဲ႕ေျပာစကားကို ေသခ်ာနားေထာင္ရမယ့္အစား ကၽြန္ေတာ္တို႔ ေနာက္ထပ္ ဘာေျပာရမလဲဆိုတာနဲ႔ သူေျပာတဲ့စကားက ကၽြန္ေတာ္တို႔ကို ထိခိုက္ေစသလားဆိုတာကိုပဲ ေတြးေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အတြင္းစိတ္ရဲ႕လႈံ႕ေဆာ္မႈေတြကို ခဏလစ္လ်ဴ႐ႈထားၿပီး လူေတြနဲ႔ဆက္ဆံႏိုင္ေအာင္ ႀကိဳးစားပါ။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြကို ေနာက္တစ္ႀကိမ္ လူသစ္ေတြနဲ႔ေတြ႕ဆံုတဲ့အခါမွာ အသံုးခ်ၾကည့္မယ္ဆိုရင္ တကယ္ကိုထူးျခားေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခု တည္ေဆာက္ႏိုင္မွာ ေသခ်ာပါတယ္။


ဘယ်သူနဲ့မဆိုဆက်ဆံရေးချောမွေ့စေဖို့

လူတွေနဲ့ အလွယ်တကူပေါင်းသင်းဆက်ဆံနိုင်စွမ်းဟာ ပင်ကိုယ်ဗီဇတစ်ခုသာဖြစ်တယ်လို့ လူအများစုက ယူဆလက်ခံထားတတ်ကြပါတယ်။ ဒီအချက်က နားလည်မှုလွဲမှားနေတာဖြစ်ပါတယ်။ တကယ်တော့ သင်ထိန်းချုပ်သင်ယူနိုင်တဲ့ အရည်အသွေးတစ်ခုဖြစ်ပြီး သိမှတ်ခံစားမှုဆိုင်ရာဉာဏ်ရည် (EQ)နဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်သူနဲ့မဆို ချက်ချင်း အဆင်ပြေလွယ်ကူချောမွေ့တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် လိုက်နာသင့်တဲ့အချက်လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ကနဦးအမြင်မှာ အထင်ကြီးစရာဖြစ်အောင်နေပါ။
လေ့လာဆန်းစစ်မှုတွေအရ လူတွေက တစ်စုံတစ်ယောက်ကို တွေ့တွေ့ချင်း(၇)စက္ကန့်အတွင်းမှာ အကဲဖြတ်တတ်ကြတယ်လို့ ဆိုပါတယ်။ ပြီးရင်တော့ ကျန်တဲ့အချိန်တစ်လျှောက်လုံးကို အတွင်းစိတ်က လက်ခံထားတာပေါ်မှာလိုက်ပြီး ဆက်ဆံတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီအချက်က အရေးကြီးပါတယ်။ သင့်ရဲ့ ခန္ဓာဗေဒဘာသာစကားကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။ လက်အနေအထား၊ မျက်နှာအမူအယာ၊ အသံနေအသံထား စတာတွေ အားလုံးက လူတွေကို ဆွဲဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ စိတ်အားထက်သန်တက်ကြွတဲ့ အသံ၊ မျက်လုံးချင်း ဆုံတွေ့မှု၊ ခန္ဓာကိုယ်ကို မသိမသာရို့ထားတာ စတာတွေ အားလုံက EQ ကောင်းသူတွေက တဖက်သူကိုဆွဲဆောင်ဖို့ သုံးတတ်တဲ့ ခန္ဓာဗေဒလက္ခဏာတွေ ဖြစ်ပါတယ်။ သင်ဘာအကြောင်းပြောလိုဆိုတာထက် ဘယ်လိုပြောလဲဆိုတာက ပိုအရေးကြီးပါတယ်။

အပေါ်ယံထက်ပိုပြီး လေးလေးနက်နက် ဆက်ဆံပါ။
လူအများစုက ပထမဆုံးအကြိမ်ဆုံတွေ့တဲ့အခါတိုင်းမှာ အထာလေးတွေနဲ့ အပေါ်ယံသက်သက်ပဲ ဆက်ဆံတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံးပုံဖော်ကြပြီး ပြောလို့ကောင်းတဲ့အကြောင်းအရာလေးတွေပဲ ရွေးပြောတတ်ကြပါတယ်။ ဒါပေမယ့် လူတွေနဲ့ အမှန်တကယ် ရင်းနှီးကျွမ်းဝင်တဲ့အထိ ဆက်ဆံချင်တယ်ဆိုရင်တော့ သင့်အကြောင်းကို များများဖွင့်ပြဖို့ လိုအပ်ပါတယ်။ အရမ်းကြီး ပုဂ္ဂိုဟ်ရေးဆန်တာတွေ ပြောဖို့မလိုပါဘူး။ သင်ဘာကို စိတ်အားထက်သန်တယ်ဆိုတာကို သူတို့သိသွားဖို့ အရေးကြီးပါတယ်။ ပြီးရင် မေးခွန်းကောင်းတွေ မေးတတ်ပါစေ။ ကိုယ့်အကြောင်းပြောပြီးတာနဲ့ မင်းကရော ဘယ်လိုလဲဆိုတာမျိုး မေးရမျာဖြစ်ပါတယ်။

လေ့လာသင်ယူပါ။
ကျောင်းသားတစ်ယောက် သင်္ချာပုစ္ဆာတစ်ခုကို နားမလည်ရင် သူငယ်ချင်းဖြစ်သူကို ရှင်းပြဖို့ အကူအညီတောင်းပြီး တွက်ချက်သလိုမျိုးပါပဲ။ လူမှုဆက်ဆံရေးမှာလည်း သင်ဆက်သွယ်ချင်တဲ့ လူဆီကနေ သင်ယူတတ်ဖို့ လိုပါတယ်။ လူတတ်ကြီးလုပ်မနေပဲ မသိသေးတာကို လေ့လာသင်ယူမယ်ဆိုရင် နှစ်ဦးသားဆက်ဆံရေးပိုမို ခိုင်မြဲမှာဖြစ်ပါတယ်။

နောင်တရသွားအောင် မလုပ်ပါနဲ့။
အခုမှစတင်တွေ့ရှိသူက ပွင့်ပွင့်လင်းလင်းဆက်ဆံနေတယ်ဆိုရင် သူတို့ကို နောင်တရစိတ်ပျက်သွားအောင် မလုပ်ပါနဲ့။ သူတို့ပြောတဲ့အကြောင်းအရာကို ဝေဖန်ချိုးနှိမ်တာ၊ ပျက်ရယ်ပြုတာတွေက တဖက်သားကို စိတ်ပျက်သွားစေနိုင်ပါတယ်။ သူတို့ဘဝကို ဘယ်လိုချဉ်းကပ်လဲဆိုတာကို အာရုံစိုက်ပါ။ သူတို့ရဲ့ အယူအဆတွေ၊ ယုံကြည်ချက်တွေကို သဘောမတူရင်လည်း စောဒကမတက်ပါနဲ့။

ကောင်းတဲ့အချက်တွေကို ရှာကြည့်ပါ။
ကျွန်တော်တို့ လူသာတွေက တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာဖို့ပဲ အားသန်ကြပါတယ်။ ဒီလူတစ်ယောက်ကို အကောင်းမြင်ဖို့ထက် မကောင်းမြင်ဖို့ကို ပိုအာရုံစိုက်တတ်ကြပါတယ်။ ဒီလို အဆိုးမြင်စိတ်တွေကိုဖျောက်ပြီး ကောင်းတဲ့အချက်တွေကို ရှာကြည့်ပါ။

ပြုံးပါ။
လူတွေက တစ်ဖက်သူရဲ့ ပုံစံကိုလိုက်ပြီး မသိလိုက်မသိဘာသာ တုံ့ပြန်တတ်ကြပါတယ်။ ဒါ့ကြောင့် လူတွေက သင့်ကို သဘောကျနေစေရင် သူတို့ကို ပြုံးပြပါ။

နာမည်ရင်းကို ခေါ်သုံးပါ။
နာမည်ဆိုတာက သင့်ကို အသိအမှတ်ပြုပေးတဲ့စကားလုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်သစ်ဆွေသစ်တွေနဲ့ တွေ့တဲ့အခါ နာမည်မေးဖို့ မကြောက်ပါနဲ့။ နောက်တစ်ကြိမ် မြင်တာနဲ့ နာမည်တွေမှတ်မိနေအောင် မှတ်ထားပါ။

ပလက်တီနမ်းစည်းမျဉ်းကို လိုက်နာပါ။
ရွှေစည်းမျဉ်းရှိသလို တခြားစည်းမျဉ်းတွေလည်း ရှိပါတယ်။ ပလက်တီနမ်စည်းမျဉ်းကတော့ သင့်ကို လူအများက ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း အခြားသူတွေကို ဆက်ဆံဖို့ပဲဖြစ်ပါတယ်။ ပြီးတော့ တစ်ဖက်သားပြောချင်တဲ့အကြောင်းအရာအတွက် လမ်းဖွင့်ပေးထားပြီး စိတ်ဝင်တစားနားထောင်တတ်ဖို့လည်း လိုပါတယ်။

မပြိုင်ဆိုင်ပါနဲ့။
ကျွန်တော်တို့အများစုက လူသစ်တစ်ယောက်နဲ့ တွေ့ဆုံရပြီဆိုရင် မသိမသာ နှိုင်းယှဉ်ပြီး သူ့ထက်သာကြောင်း ပြိုင်ဆိုင်ချင်တတ်ကြပါတယ်။ ဒီလိုစိတ်ထဲက ကြိတ်ပြီးပြိုင်ဆိုင်တာမျိုးက လူတွေနဲ့ဆက်ဆံရေးတည်ဆောက်ရာမှာ အဟန့်အတားဖြစ်စေပါတယ်။ တဖက်သူအကြောင်းကို လေ့လာပြီး အဆင်ပြေတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ရမယ့်အစား ကိုယ်ရည်သွေးပြဖို့ပဲ အာရုံစိုက်နေမိတာကြောင့် ဖြစ်ပါတယ်။

အတွင်းစိတ်ရဲ့လှုံ့ဆော်မှုကို မေ့ထားပါ။
လူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ ကျွန်တော်တို့အတ်ွ့ အဓိကအရေးအကြီးဆုံးအဟန့်အတားကတော့ နားမထောင်တတ်ခြင်းပဲဖြစ်ပါတယ်။ တဖက်သူရဲ့ပြောစကားကို သေချာနားထောင်ရမယ့်အစား ကျွန်တော်တို့ နောက်ထပ် ဘာပြောရမလဲဆိုတာနဲ့ သူပြောတဲ့စကားက ကျွန်တော်တို့ကို ထိခိုက်စေသလားဆိုတာကိုပဲ တွေးနေတတ်ကြပါတယ်။ ဒါ့ကြောင့် အတွင်းစိတ်ရဲ့လှုံ့ဆော်မှုတွေကို ခဏလစ်လျူရှုထားပြီး လူတွေနဲ့ဆက်ဆံနိုင်အောင် ကြိုးစားပါ။

အခုဖော်ပြခဲ့တဲ့အချက်တွေကို နောက်တစ်ကြိမ် လူသစ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ အသုံးချကြည့်မယ်ဆိုရင် တကယ်ကိုထူးခြားကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မှာ သေချာပါတယ်။

Related Posts

%%footer%%