ယောက်ျားတွေ ခြေထောက်အလှပြုပြင်မှု ခံယူသင့်တဲ့ အကြောင်းငါးချက်
ယောက်ျားတွေ ခြေထောက်အလှပြုပြင်မှု ခံယူသင့်တဲ့ အကြောင်းငါးချက်
ယောက်ျားတွေ ခြေသည်းအလှပြုပြင်မှု ခံယူသင့်တဲ့ အကြောင်းငါးချက်
. ခြေနံ့ ပျောက်စေပါတယ်
. ကြည့်ကောင်းစေပါတယ်
ယောက်ျားတွေ ခြေသည်းအလှပြုပြင်မှု ခံယူသင့်တဲ့ အကြောင်းငါးချက်
သင် ခုံအကြီးကြီးပေါ်မှာ ထိုင်နေရပြီး သင့်ခြေထောက်ကို ဇလုံ ကြီးကြီးထဲက ရေနွေးနွေးထဲမှာ မြှုပ်ထားရပါတယ်။ ခြေသည်းအလှပြင်ဖို့ သင်လုပ်ပေးရမှာကတော့ ဒါပါပဲ။ ယောက်ျားတွေ ခြေသည်းအလှပြုပြင်သင့်တဲ့ အကြောင်းရင်း ငါးချက်ကို ဖော်ပြထားပါတယ်။
၁. ခြေထောက်ကျန်းမာရေး ပိုကောင်းလာပါတယ်
ညစ်ပါတ်တဲ့ ခြေထောက်တွေဟာ ဘက်တီးရီးယားမျိုးစုံအတွက် မျိုးဖောက်ရုံကြီးပါ။ ခြေသည်းအလှ ပြုပြင်လိုက်ရင် ခြေသည်းအောက်က အညစ်အကြေးတွေကို ဖယ်ရှားပြီး ဖြစ်သွားပါတယ်။ ပြသနာဖြစ်နိုင်တဲ့ အသားမာတွေကိုလဲ ဖယ်ရှားပြီး ဖြစ်သွားပါမယ်။ ခြေစိမ်ရေထဲမှာ ဆီလေးနည်းနည်း ထည့်ခြင်းဖြင့် ဘက်တီးရီးယား အကာအကွယ်ပါ ရနိုင်ပါသေးတယ်။
၂. စိတ်ဖိစီးမှု လျော့စေပါတယ်
သင့်အလုပ်ကိစ္စက တစ်နေ့လုံးမတ်တပ်ရပ်နေစေရရင် ခြေသည်း အလှ ပြုပြင်မှု ခံယူသင့်ပါတယ်။စိတ်ဖိစီးမှုဆိုတာ စီးပွားရေးကို အနှောင့်အယှက် ဖြစ်ဆုံးဆိုတာ လူတိုင်းသိပါတယ်။ သင့်ရဲ့ အချိန် တစ်ရက်ကို တစ်နာရီပေးပြီး ခြေသည်းပြုပြင်မှု ခံယူသင့်ပါတယ်။ အဲဒါဟာ သင့်ရဲ့ စိတ်ကို ပြေလျော့စေပြီး သက်တောင့်သက်သာ ရှိစေပါတယ်။
၃. ခြေနံ့ ပျောက်စေပါတယ်
ဘယ်သူမှ ခြေထောက်နံနံကြီးကို မကြိုက်ကြပါဘူး။ ခြေသည်းပြုပြင်မှုဟာ သေနေတဲ့ အရေပြားဆဲလ်တွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို လုံးဝရှင်းထုတ်ဖို့ အကောင်းဆုံး နည်လမ်းဖြစ်ပါတယ်။ ခြေထောက်ကို ပိုပြီး ဂရုစိုက်ဖို့လိုအပ်တဲ့ မိုးရာသီမှာဆို ခြေသည်းပြင်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါသေးတယ်။ ဗက်တီးရီးယား ရှင်းလင်းဖို့ exfoliation လုပ်ဖို့လဲ လိုအပ်ပါလိမ့်မယ်။
၄. ခြေစွယ်ငုတ်ခြင်းမှ ကာကွယ်ပေးပါတယ်
ယောက်ျားတွေဟာ ခြေသည်းညှပ်ရင် သိပ် ဂရုမစိုက်တတ်ကြပါဘူး။ အဲဒါကြောင့် ခြေသည်းတွေကို အရမ်းတိုတို ညှပ်မိတာ၊ အစွန်းတွေမှာ ခြေသည်းချွန်တွေကျန်ခဲ့တာ အဖြစ်များပါတယ်။ အဲဒါတွေကို ခြေစွယ်ငုတ်ခြင်းဖြစ်ရတဲ့ လက်သည်တွေပါ။ ပညာရှင်တွေ ခြေသည်းအလှ ပြုပြင်ပေးတာဟာ သင့်ရဲ့ ခြေသည်းတွေကို အရှည် မှန်မှန်ကန်ကန် ဖြတ်တောက်ပေးပါတယ်။ ခြေသည်းအလှပြုပြင်ရင်း ခြေထောက်ကိုပါ နှိပ်နယ်ပေးလို့ သွေးစီးဆင်းမှု ပိုကောင်းစေပြီး အနာလဲ သက်သာစေမှာပါ။
၅. ကြည့်ကောင်းစေပါတယ်
ကြည့်ကောင်းတဲ့ ယောက်ျားတွေကို မိန်းမတွေ ပိုစွဲတယ်ဆိုတဲ့ အချက်ကို လက်ခံလိုက်ပါတော့။ အရမ်း အလွန်အကျွံ ပြင်နေစရာ မလိုပေမယ့် တိတိရိရိ၊ သန့်သန့်ရှင်းရှင်း ညှပ်ထားတဲ့ ခြေသည်းတွေဟာ ဘယ်ကောင်ကိုမဆို ကြည့်ကောင်းစေမှာပါ။ သင် ခြေသည်းအလှပြင်ခံဖူးရင် ဘာကြောင့် အလှပြင်ဖို့ လိုသလဲဆိုတာ သိသွားပါလိမ့်မယ်။
သင် မုတ်ဆိတ်ရိတ်ပါတယ်။ ရေချိုးပါတယ်။ ဆံပင်ညှပ်ပါတယ်။ ဒါဆို ဘာလို့ သင့်ခြေထောက်ကို အလှမပြင်ပဲ နေရမှာလဲ??
Related Posts
%%footer%%