အျပာကားစြဲလမ္းမႈျပႆနာ အေျဖရွာ

အျပာကားစြဲလမ္းမႈျပႆနာ အေျဖရွာ

အပြာကားစွဲလမ်းမှုပြဿနာ အဖြေရှာ

အင္တာနက္မေပၚမွီေခတ္ကာလက အျပာဇာတ္လမ္းေတြဟာ တစ္သက္တာလူပ်ိဳႀကီးေတြနဲ႔ အထီးက်န္အမ်ိဳးသားေတြအတြက္ပဲ စိတ္ေျဖစရာတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခုေခတ္လို World Wide Web ထြန္းကားလာၿပီး သတင္းအခ်က္အလက္နဲ႔ ေဖ်ာ္ေျဖေရးေတြ လက္တကမ္းရယူေနႏိုင္ခ်ိန္မွာ လိင္အသားေပးအျပာဇာတ္လမ္းေတြရဲ႕ ကိစၥကလည္း ပိုမိုက်ယ္ျပန္႔လာေနပါၿပီ။

အျပာကားစြဲလမ္းျခင္း

အျပာကားေတြကို မၾကည့္ရမေနႏိုင္ေအာင္ စြဲလမ္းတဲ့အေျခအေနကို ေလာင္းကစားစြဲတာ၊ အရက္စြဲတာတို႔လို စိတ္အေျခအေနမူမမွန္မႈတစ္ခုအျဖစ္နဲ႔ သတ္မွတ္ထားျခင္းမရွိေသးေပမယ့္ အေရးတႀကီးေဆြးေႏြးရမယ့္ အေျခအေနေတာ့ ျဖစ္ေနပါၿပီ။ အမ်ိဳးသားတစ္ေယာက္အေနနဲ႔ အျပာဇာတ္လမ္းေတြကို တရားလြန္စြဲလမ္းမႈ လြန္ကဲေနမႈရွိမရွိကို သိႏိုင္ဖို႔ဆံုးျဖတ္ရမွာက အျခားစြဲလမ္းမႈေတြနဲ႔တူညီပါတယ္။ အျပာဇာတ္လမ္းေတြ ၾကည့္တာ၊ ဖတ္တာ၊ စဥ္းစားတာေတြကို သင့္ရဲ႕အလုပ္အကိုင္၊ လူမႈဆက္ဆံေရးနဲ႔ မိသားစုဘ၀အတြက္ အေႏွာက္အယွက္ျဖစ္လာၿပီဆိုရင္ ျပႆနာရွိေနပါၿပီ။ တခ်ိဳ႕ေသာ အျပာကားစြဲလမ္းသူေတြဟာ အျပာကားၾကည့္ၿပီးလႈံ႕ေဆာ္မႈမရွိရင္ ခ်စ္တင္းေႏွာဖို႔ေတာင္မွ အခက္အခဲရွိေနတတ္ပါတယ္။ ဒီအေျခအေနကေတာ့ ေတာ္ေတာ္ဆိုးရြားေနၿပီလို႔ ဆိုႏိုင္ပါတယ္။ တခ်ိဳ႕လူေတြဟာ အျပာကားေတြကို စိတ္အားထက္သန္စြာနဲ႔ ရွာေဖြၾကပါတယ္။ ဒီလိုျဖစ္ရတာဟာ ခဏတာစိတ္သာယာဖို႔မဟုတ္ပဲ စိတၱဇတစ္ခုလို႔ အစြဲတစ္ခုျဖစ္ေနလို႔ပဲ ျဖစ္ပါတယ္။

ေဘးထြက္ဆိုးက်ိဳးမ်ား

ေလ့လာမႈေတြအရ ေတြ႕ရွိထားတဲ့ ဆိုးက်ိဳးေတြကေတာ့ အျပာကားစြဲလမ္းသူေတြရဲ႕ ထက္၀က္ေလာက္က သူတို႔ရဲ႕လိင္ဆက္ဆံဖက္ေတြနဲ႔ ခ်စ္တင္းေႏွာမယ္ဆိုရင္ေတာင္ လိင္တံေထာင္မတ္ျခင္းမရွိျဖစ္ေနတတ္တယ္လို႔ ဆိုပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ အျပာကားၾကည့္ေနခ်ိန္မွာ စိတ္ထၾကြေနေပမယ့္ တကယ္လက္ေတြ႕လုပ္မယ္ဆိုရင္ စိတ္မပါတာမ်ိဳးျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ အျပာကားစြဲလမ္းမႈဟာ လက္ေတြ႕ဘ၀အိမ္ေထာင္ေရးကို ထိခိုက္ေစႏိုင္ပါတယ္။

အလြယ္တကူရရွိႏိုင္မႈ

အခုေခတ္မွာ အျပာရုပ္ရွင္ေတြ၊ စာအုပ္ေတြက လက္တကမ္းထက္ေတာင္မွ ပိုၿပီးနီးနီးကပ္ကပ္ရွိေနပါတယ္။ အရင္ကလို အျပာ႐ုပ္ရွင္ေတြေရာင္းတဲ့ဆိုင္ထဲကို မရဲတရဲသြားစရာမလိုေတာ့သလို ႏွစ္သက္ရာအမ်ိဳးအစားကို စိတ္ႀကိဳက္ေရြးခ်ယ္ရယူႏိုင္တဲ့ အခြင့္အေရးရွိေနၿပီျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းခံက အင္တာနက္ေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။ ေလ့လာမႈစစ္တမ္းေတြအရ အသက္(၁၀)ႏွစ္ကေန (၁၇)ႏွစ္အတြင္း အင္တာနက္သံုးစြဲသူ လူငယ္ေတြရဲ႕ (၄၂)ရာခိုင္ႏႈန္းဟာ လိင္အသားေပးအျပာအေၾကာင္းအရာေတြနဲ႔ ပတ္သက္မႈရွိေနတယ္လို႔ ဆိုပါတယ္။

စိတ္၀င္စားမႈျမင့္တက္လာျခင္း

အရက္စြဲေနသူေတြက တျဖည္းျဖည္းနဲ႔ အရက္ပမာဏမ်ားမ်ားကို ပိုေသာက္လာသလိုပါပဲ။ အျပာကားစြဲလမ္းသူေတြဟာလည္း ပိုၿပီးအစြန္းေရာက္၊ သာမန္မဟုတ္တဲ့ လိင္ဆက္ဆံမႈပံုစံေတြကို ပိုေတာင့္တလာၾကပါတယ္။ ဒီလို စိတ္ကူးယဥ္ဆန္တဲ့အေၾကာင္းအရာေတြကို ပိုမိုစြဲလမ္းလာတာက တကယ့္လက္ေတြ႕ဘ၀ အိမ္ေထာင္ေရးနဲ႔ လိင္မႈေရးရာမွာ ထိခိုက္ေစႏိုင္တယ္လို႔ ကၽြမ္းက်င္ပညာရွင္ေတြက ဆိုထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တကယ္လက္ေတြ႕ဘ၀မွာ အျပာ႐ုပ္ရွင္ေတြထဲကလို ျဖစ္လာမွာ မဟုတ္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ကုထံုး

ဒီလို အျပာကားစြဲလမ္းမႈကို ေပ်ာက္ကင္းေစဖို႔အေကာင္းဆံုးနည္းလမ္းကေတာ့ ကုသႏိုင္မယ့္ ကၽြမ္းက်င္ပညာရွင္နဲ႔ သြားေရာက္ေတြ႕ဆံုေဆြးေႏြးၾကည့္ဖို႔ပဲျဖစ္ပါတယ္။ လိင္စြဲလမ္းျခင္းနဲ႔ အျပာကားစြဲလမ္းျခင္းတို႔ကို စိတ္ေရာဂါတစ္ခုအေနနဲ႔ သတ္မွတ္ထားျခင္းမရွိေပမယ့္ လူတစ္ေယာက္ရဲ႕ လိင္မႈေရးရာနဲ႔ လူမႈေရးကို ထိခိုက္ေစႏိုင္တာေၾကာင့္ ဂ႐ုစိုက္ဖို႔လိုပါတယ္။ စိတ္ပညာရွင္ေတြ၊ စိတ္ေရာဂါကုဆရာ၀န္ေတြက ဒီလိုစြဲလမ္းမႈေတြကို သက္သာသြားေအာင္ ေဆြးေႏြးကုသေပးႏိုင္ပါတယ္။


အပြာကားစွဲလမ်းမှုပြဿနာ အဖြေရှာ

အင်တာနက်မပေါ်မှီခေတ်ကာလက အပြာဇာတ်လမ်းတွေဟာ တစ်သက်တာလူပျိုကြီးတွေနဲ့ အထီးကျန်အမျိုးသားတွေအတွက်ပဲ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုခေတ်လို World Wide Web ထွန်းကားလာပြီး သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးတွေ လက်တကမ်းရယူနေနိုင်ချိန်မှာ လိင်အသားပေးအပြာဇာတ်လမ်းတွေရဲ့ ကိစ္စကလည်း ပိုမိုကျယ်ပြန့်လာနေပါပြီ။

အပြာကားစွဲလမ်းခြင်း
အပြာကားတွေကို မကြည့်ရမနေနိုင်အောင် စွဲလမ်းတဲ့အခြေအနေကို လောင်းကစားစွဲတာ၊ အရက်စွဲတာတို့လို စိတ်အခြေအနေမူမမှန်မှုတစ်ခုအဖြစ်နဲ့ သတ်မှတ်ထားခြင်းမရှိသေးပေမယ့် အရေးတကြီးဆွေးနွေးရမယ့် အခြေအနေတော့ ဖြစ်နေပါပြီ။ အမျိုးသားတစ်ယောက်အနေနဲ့ အပြာဇာတ်လမ်းတွေကို တရားလွန်စွဲလမ်းမှု လွန်ကဲနေမှုရှိမရှိကို သိနိုင်ဖို့ဆုံးဖြတ်ရမှာက အခြားစွဲလမ်းမှုတွေနဲ့တူညီပါတယ်။ အပြာဇာတ်လမ်းတွေ ကြည့်တာ၊ ဖတ်တာ၊ စဉ်းစားတာတွေကို သင့်ရဲ့အလုပ်အကိုင်၊ လူမှုဆက်ဆံရေးနဲ့ မိသားစုဘဝအတွက် အနှောက်အယှက်ဖြစ်လာပြီဆိုရင် ပြဿနာရှိနေပါပြီ။ တချို့သော အပြာကားစွဲလမ်းသူတွေဟာ အပြာကားကြည့်ပြီးလှုံ့ဆော်မှုမရှိရင် ချစ်တင်းနှောဖို့တောင်မှ အခက်အခဲရှိနေတတ်ပါတယ်။ ဒီအခြေအနေကတော့ တော်တော်ဆိုးရွားနေပြီလို့ ဆိုနိုင်ပါတယ်။ တချို့လူတွေဟာ အပြာကားတွေကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ခဏတာစိတ်သာယာဖို့မဟုတ်ပဲ စိတ္တဇတစ်ခုလို့ အစွဲတစ်ခုဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ
လေ့လာမှုတွေအရ တွေ့ရှိထားတဲ့ ဆိုးကျိုးတွေကတော့ အပြာကားစွဲလမ်းသူတွေရဲ့ ထက်ဝက်လောက်က သူတို့ရဲ့လိင်ဆက်ဆံဖက်တွေနဲ့ ချစ်တင်းနှောမယ်ဆိုရင်တောင် လိင်တံထောင်မတ်ခြင်းမရှိဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ တစ်ချို့တွေကတော့ အပြာကားကြည့်နေချိန်မှာ စိတ်ထကြွနေပေမယ့် တကယ်လက်တွေ့လုပ်မယ်ဆိုရင် စိတ်မပါတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အပြာကားစွဲလမ်းမှုဟာ လက်တွေ့ဘဝအိမ်ထောင်ရေးကို ထိခိုက်စေနိုင်ပါတယ်။

အလွယ်တကူရရှိနိုင်မှု
အခုခေတ်မှာ အပြာရုပ်ရှင်တွေ၊ စာအုပ်တွေက လက်တကမ်းထက်တောင်မှ ပိုပြီးနီးနီးကပ်ကပ်ရှိနေပါတယ်။ အရင်ကလို အပြာရုပ်ရှင်တွေရောင်းတဲ့ဆိုင်ထဲကို မရဲတရဲသွားစရာမလိုတော့သလို နှစ်သက်ရာအမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ရယူနိုင်တဲ့ အခွင့်အရေးရှိနေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းခံက အင်တာနက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ အသက်(၁၀)နှစ်ကနေ (၁၇)နှစ်အတွင်း အင်တာနက်သုံးစွဲသူ လူငယ်တွေရဲ့ (၄၂)ရာခိုင်နှုန်းဟာ လိင်အသားပေးအပြာအကြောင်းအရာတွေနဲ့ ပတ်သက်မှုရှိနေတယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားမှုမြင့်တက်လာခြင်း
အရက်စွဲနေသူတွေက တဖြည်းဖြည်းနဲ့ အရက်ပမာဏများများကို ပိုသောက်လာသလိုပါပဲ။ အပြာကားစွဲလမ်းသူတွေဟာလည်း ပိုပြီးအစွန်းရောက်၊ သာမန်မဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံတွေကို ပိုတောင့်တလာကြပါတယ်။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့အကြောင်းအရာတွေကို ပိုမိုစွဲလမ်းလာတာက တကယ့်လက်တွေ့ဘ၀ အိမ်ထောင်ရေးနဲ့ လိင်မှုရေးရာမှာ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လက်တွေ့ဘဝမှာ အပြာရုပ်ရှင်တွေထဲကလို ဖြစ်လာမှာ မဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကုထုံး
ဒီလို အပြာကားစွဲလမ်းမှုကို ပျောက်ကင်းစေဖို့အကောင်းဆုံးနည်းလမ်းကတော့ ကုသနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးကြည့်ဖို့ပဲဖြစ်ပါတယ်။ လိင်စွဲလမ်းခြင်းနဲ့ အပြာကားစွဲလမ်းခြင်းတို့ကို စိတ်ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ထားခြင်းမရှိပေမယ့် လူတစ်ယောက်ရဲ့ လိင်မှုရေးရာနဲ့ လူမှုရေးကို ထိခိုက်စေနိုင်တာကြောင့် ဂရုစိုက်ဖို့လိုပါတယ်။ စိတ်ပညာရှင်တွေ၊ စိတ်ရောဂါကုဆရာဝန်တွေက ဒီလိုစွဲလမ်းမှုတွေကို သက်သာသွားအောင် ဆွေးနွေးကုသပေးနိုင်ပါတယ်။

Related Posts

%%footer%%