ခ်မ္းသာေစေသာ ေငြသံုးနည္း(၃)ခ်က္
ချမ်းသာစေသော ငွေသုံးနည်း(၃)ချက်
ဘာလို႕ အလုပ္ပဲ အျမဲလုပ္ေနရျပီး ကံတရားကမ်က္ႏွာသာမေပးေသးတာလဲ။“ခ်မ္းသာဖို႕ အလုပ္လုပ္ေနတာကြ။ရွာသမ်ွပိုက္ဆံက ဘာလို႕ခဏနဲ႕ကုန္သြားရတာလဲ“လို႕ေရာ ေတြးဖူးပါသလား။ေတြးဖူးတဲ့သူေတြအတြက္ ခ်မ္းသာဖို႔ ေငြကို အက်ိဳးရွိစြာ အသံုးျပဳနည္းေလးေဝမ်ွပါရေစ။
70/30စည္းမ်ဥ္းလို႕ေခၚပါတယ္။
အလုပ္အတြက္ လိုအပ္တဲ့အခြန္အခေတြ ကုန္က်စရိတ္ေတြအတြက္ သံုးျပီးက်န္တဲ့ေငြ(အျမတ္ေငြ)ရဲ႕ 70%နဲ႕ ကိုယ့္အတြက္ လိုအပ္တဲ့ အသံုးအေဆာင္ေတြ ဇိမ္ခံပစၥည္းေတြကို သံုးစြဲပါ။ဒါဆိုက်န္တဲ့30%ကို ဘာလုပ္မလဲလို႕ ျပန္ေမးပါလိမ့္မယ္။ေအာက္ေဖာ္ျပပါနည္းလမ္းေတြနဲ႕ သံုးစြဲပါလို႕ ေျဖပါရေစ။
၁။လွဴဒါန္းပါ။
မသံုးရမယ့္ ေငြ30%ထဲက သံုးပံုတစ္ပံုကို လွဴဒါန္းလိုက္ပါ။လွဴဒါန္းတယ္ဆိုတာက အကူအညီလိုေနတဲ့သူေတြကို အကူအညီေပးလိုက္တာပါ။ဝင္ေငြရဲ႕10%ေလာက္ကေတာ့ လွဴဒါန္းသင့္တယ္လို႕ ထင္မိပါတယ္။ဝင္ေငြနည္းေနခ်ိန္ကတည္းက လွဴဒါန္းတဲ့အက်င့္ကို လုပ္ထားသင့္ပါတယ္။ေငြမ်ားမွ 10%ကို လွဴမယ္ဆိုရင္ လက္တြန္႕သြားမွာ အေသအခ်ာျဖစ္ေနတာမို႕လို႕ပါ။
၂။ရင္းႏွီးျမွဳပ္ႏွံပါ။
ေနာက္ထပ္၃ပံုတစ္ပံုကိုေတာ့ ခ်မ္းသာဖို႕ လုပ္ငန္းတစ္ခုအေနနဲ႕ စတင္လိုက္ပါ။အခ်ိန္ပိုင္းအေနနဲ႕ပဲျဖစ္ျဖစ္ေပါ့
အဲ့ဒီေငြနဲ႕ လုပ္ငန္းစဖို႕ လိုအပ္တာေတြဝယ္ပါ။တပ္ဆင္ပါ။ေရာင္းခ်လိုက္ပါ။ဘယ္လိုလုပ္ငန္းေတြ လုပ္ရမလဲဆိုတဲ့ ေမးခြန္းျပန္ေမးလာရင္ေတာ့ စိတ္ကူးေတြကို ျဖန္႕က်က္လိုက္ပါလို႕ပဲ ေျဖခ်င္ပါတယ္။ကိုယ္အလုပ္မွာ က်ြမ္းက်င္ခဲ့တဲ့ပညာရပ္တစ္ခုခုျဖစ္ျဖစ္ ဝါသနာပါတဲ့အရာတစ္ခုခုကေနျဖစ္ျဖစ္ကေန ကိုယ့္အတြက္ အျမတ္အစြန္းရနိုင္မယ့္ လုပ္ငန္းတစ္ခုအျဖစ္ ေျပာင္းလဲလိုက္ပါ။ဥပမာအေနနဲ႕ လက္ကားဝယ္ထားတဲ့ပစၥည္းတစ္ခုကို လက္လီျပန္ေရာင္းသလိုေပါ့။ေတြးၾကည့္လိုက္ပါ။စမ္းျပီးလုပ္ၾကည့္လိုက္ပါ။အခြင့္အေရးဆိုတဲ့ မီးေတာက္ေလးက ႏႈိးဖို႕ သင့္မွာ ဘယ္ေလာက္ေတာင္ ပါရမီရွိေနလဲဆိုတာ ဘယ္သူကမွ ေျပာျပနိုင္တာမွမဟုတ္တာ။
၃။စုပါ။
ေနာက္ဆံုး၃ပံု၁ပံုကိုေတာ့ စုေဆာင္းထားဖို႕သံုးလိုက္ပါ။ခ်မ္းသာဖို႕ လုပ္ေဆာင္ေနတဲ့ နည္းလမ္းေတြထဲမွာ ဒါက စိတ္လႈပ္ရွားစရာအေကာင္းဆံုးအပိုင္း ျဖစ္ပါလိမ့္မယ္။ဘာလို႕လဲဆိုေတာ့ ကိုယ္အလုပ္မလုပ္နိုင္ေတာ့တဲ့အခ်ိန္မွာ မပူမပင္ေနနိင္တဲ့အထိ စိတ္ခ်မ္းသာေနေစမွာမို႕လို႕ပါ။လူဆင္းရဲဆိုတာနဲ႕ လူခ်မ္းသာဆိုတာ ကြာျခားခ်က္ရွိပါတယ္။လူဆင္းရဲက ရွာလို႕ရတာကို သံုးျပီး ပိုတာကို စုတယ္။လူခ်မ္းသာကေတာ့ ရွာလို႔ရတာကို စုျပီး ပိုတာကို သံုးတယ္။
အဲ့ဒီေတာ့ လွဴဒါန္းတာရယ္ ရင္းႏွီးျမွဳပ္ႏွံတာရယ္ စုေဆာင္းတာရယ္ဆိုတဲ့အခ်က္ေတြကို မေမ့ပါနဲ႕။အျမဲက်င့္သံုးလိုက္ပါ။တစ္ေန႕ခ်င္း တစ္လခ်င္းမွာ အမ်ားၾကီးမသိသာေပမယ့္ ႏွစ္အနည္းငယ္အတြင္း လူခ်မ္းသာတစ္ေယာက္အျဖစ္ေနနိုင္ဖို႕ ဒီအခ်က္ေတြက ကူညီေပးသြားမွာပါ။
ချမ်းသာစေသော ငွေသုံးနည်း(၃)ချက်
ဘာလို့ အလုပ်ပဲ အမြဲလုပ်နေရပြီး ကံတရားကမျက်နှာသာမပေးသေးတာလဲ။”ချမ်းသာဖို့ အလုပ်လုပ်နေတာကွ။ရှာသမျှပိုက်ဆံက ဘာလို့ခဏနဲ့ကုန်သွားရတာလဲ”လို့ရော တွေးဖူးပါသလား။တွေးဖူးတဲ့သူတွေအတွက် ချမ်းသာဖို့ ငွေကို အကျိုးရှိစွာ အသုံးပြုနည်းလေးဝေမျှပါရစေ။
70/30စည်းမျဉ်းလို့ခေါ်ပါတယ်။
အလုပ်အတွက် လိုအပ်တဲ့အခွန်အခတွေ ကုန်ကျစရိတ်တွေအတွက် သုံးပြီးကျန်တဲ့ငွေ(အမြတ်ငွေ)ရဲ့ 70%နဲ့ ကိုယ့်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ဇိမ်ခံပစ္စည်းတွေကို သုံးစွဲပါ။ဒါဆိုကျန်တဲ့30%ကို ဘာလုပ်မလဲလို့ ပြန်မေးပါလိမ့်မယ်။အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ သုံးစွဲပါလို့ ဖြေပါရစေ။
၁။လှူဒါန်းပါ။
မသုံးရမယ့် ငွေ30%ထဲက သုံးပုံတစ်ပုံကို လှူဒါန်းလိုက်ပါ။လှူဒါန်းတယ်ဆိုတာက အကူအညီလိုနေတဲ့သူတွေကို အကူအညီပေးလိုက်တာပါ။ဝင်ငွေရဲ့10%လောက်ကတော့ လှူဒါန်းသင့်တယ်လို့ ထင်မိပါတယ်။ဝင်ငွေနည်းနေချိန်ကတည်းက လှူဒါန်းတဲ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ငွေများမှ 10%ကို လှူမယ်ဆိုရင် လက်တွန့်သွားမှာ အသေအချာဖြစ်နေတာမို့လို့ပါ။
၂။ရင်းနှီးမြှုပ်နှံပါ။
နောက်ထပ်၃ပုံတစ်ပုံကိုတော့ ချမ်းသာဖို့ လုပ်ငန်းတစ်ခုအနေနဲ့ စတင်လိုက်ပါ။အချိန်ပိုင်းအနေနဲ့ပဲဖြစ်ဖြစ်ပေါ့
အဲ့ဒီငွေနဲ့ လုပ်ငန်းစဖို့ လိုအပ်တာတွေဝယ်ပါ။တပ်ဆင်ပါ။ရောင်းချလိုက်ပါ။ဘယ်လိုလုပ်ငန်းတွေ လုပ်ရမလဲဆိုတဲ့ မေးခွန်းပြန်မေးလာရင်တော့ စိတ်ကူးတွေကို ဖြန့်ကျက်လိုက်ပါလို့ပဲ ဖြေချင်ပါတယ်။ကိုယ်အလုပ်မှာ ကျွမ်းကျင်ခဲ့တဲ့ပညာရပ်တစ်ခုခုဖြစ်ဖြစ် ဝါသနာပါတဲ့အရာတစ်ခုခုကနေဖြစ်ဖြစ်ကနေ ကိုယ့်အတွက် အမြတ်အစွန်းရနိုင်မယ့် လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ဥပမာအနေနဲ့ လက်ကားဝယ်ထားတဲ့ပစ္စည်းတစ်ခုကို လက်လီပြန်ရောင်းသလိုပေါ့။တွေးကြည့်လိုက်ပါ။စမ်းပြီးလုပ်ကြည့်လိုက်ပါ။အခွင့်အရေးဆိုတဲ့ မီးတောက်လေးက နှိုးဖို့ သင့်မှာ ဘယ်လောက်တောင် ပါရမီရှိနေလဲဆိုတာ ဘယ်သူကမှ ပြောပြနိုင်တာမှမဟုတ်တာ။
၃။စုပါ။
နောက်ဆုံး၃ပုံ၁ပုံကိုတော့ စုဆောင်းထားဖို့သုံးလိုက်ပါ။ချမ်းသာဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေထဲမှာ ဒါက စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ကိုယ်အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ မပူမပင်နေနိင်တဲ့အထိ စိတ်ချမ်းသာနေစေမှာမို့လို့ပါ။လူဆင်းရဲဆိုတာနဲ့ လူချမ်းသာဆိုတာ ကွာခြားချက်ရှိပါတယ်။လူဆင်းရဲက ရှာလို့ရတာကို သုံးပြီး ပိုတာကို စုတယ်။လူချမ်းသာကတော့ ရှာလို့ရတာကို စုပြီး ပိုတာကို သုံးတယ်။
အဲ့ဒီတော့ လှူဒါန်းတာရယ် ရင်းနှီးမြှုပ်နှံတာရယ် စုဆောင်းတာရယ်ဆိုတဲ့အချက်တွေကို မမေ့ပါနဲ့။အမြဲကျင့်သုံးလိုက်ပါ။တစ်နေ့ချင်း တစ်လချင်းမှာ အများကြီးမသိသာပေမယ့် နှစ်အနည်းငယ်အတွင်း လူချမ်းသာတစ်ယောက်အဖြစ်နေနိုင်ဖို့ ဒီအချက်တွေက ကူညီပေးသွားမှာပါ။